MyanCare

MyanCare MyanCare ဆိုတာ online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application
(2)

MyanCare ဆိုတာ ကျန်းမာရေး ပြဿနာအမျိုးမျိုးတို့အတွက် online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application တစ်ခုပါ။

MyanCare မှာ အထွေထွေရောဂါကုဆရာဝန်များအပြင် ဝါရင့်အထူးကုဆရာဝန်များ၊ ပါမောက္ခများနှင့်လည်း မိမိအိမ်မှာနေပြီး တိုင်ပင်ဆွေးနွေးလို့ ရနေပြီ ဖြစ်ပါတယ်။ မိမိအဆင်ပြေတဲ့ အချိန်ကို ရွေးချယ်ပြီး ဆရာဝန်များနဲ့ Video Call, Voice Call, Chatting များနဲ့ တိုင်ပင်ဆွေးနွေ

းနိုင်ပါတယ်။

ဘယ်နေရာမှာပဲ ရောက်နေသည်ဖြစ်စေ အင်တာနက်ရှိရုံနဲ့ ဘယ်လိုကျန်းမာရေးပြဿနာမျိုးကို မဆို အပြင်ထွက်စရာမလိုပဲ ဆရာဝန်များနဲ့ သက်တောင့်သက်သာ တိုင်ပင်ဆွေးနွေးမှုကို ရရှိနိုင်ပါပြီ။

တိုင်ပင်ဆွေးနွေးခများကိုလည်း Mobile Banking, Mobile Payment များနဲ့ အလွယ်တကူ ပေးချေနိုင်ပါတယ်။

English Version

MyanCare is a digital healthcare mobile application and online virtual clinic for everyone. You can consult virtually with the professional doctors and specialists from the comfort of your home through MyanCare platform. You can meet the doctor anywhere and anytime and save time, energy and transportation costs. You can choose a doctor and book an appointment at your convenience. And talk to the doctor about your health problems with video call, audio call or chatting. The doctor can provide you medical advices and give you e-prescriptions via online consultation.

ကိုယ့်ရဲ့ Clinical Experiences တွေကို အခြားဆရာဝန်တွေဆီ မျှဝေဖြစ်ရဲ့လား❓ဆရာဝန်တစ်ယောက်ရဲ့ ကျွမ်းကျင်တဲ့ကုသမှုဆိုတာ နေ့စဉ်...
10/07/2026

ကိုယ့်ရဲ့ Clinical Experiences တွေကို အခြားဆရာဝန်တွေဆီ မျှဝေဖြစ်ရဲ့လား❓

ဆရာဝန်တစ်ယောက်ရဲ့ ကျွမ်းကျင်တဲ့ကုသမှုဆိုတာ နေ့စဉ်ကုသပေးနေတဲ့ လူနာတွေ၊ ကိုယ်တိုင်ကြုံတွေ့လေ့လာခဲ့ရတဲ့ အောင်မြင်ဖြစ်ထွန်းမှုတွေကနေတဆင့် ရရှိလာခဲ့တာပဲဖြစ်ပါတယ်။

ဒီလို အဖိုးတန်လှတဲ့ လက်တွေ့ကုသမှုအတွေ့အကြုံတွေကို ကိုယ်တစ်ယောက်တည်းအတွက်ပဲ မှတ်တမ်းတင်ထားမယ့်အစား MyanCare Doctor App ကတစ်ဆင့် ဆရာဝန်အသိုင်းအဝိုင်းထဲ ပြန်လည်မျှဝေပေးလို့ ရနေပါပြီ။✨

အရင်တုန်းကအကြောင်းအမျိုးကြောင့် မျှဝေဖို့အဆင်မပြေဖြစ်ခဲ့ရင် MyanCare Doctor App ရဲ့ CME Feed မှာ လွယ်ကူလျင်မြန်စွာ မျှဝေနိုင်ပါပြီရှင်။

ကိုယ့်ရဲ့အတွေ့အကြုံတွေကို ပြန်လည်မျှဝေခြင်းက တခြားဆရာဝန်တစ်ယောက်အတွက် လူနာတစ်ယောက်ကို ကယ်တင်နိုင်မယ့် သော့ချက်ဖြစ်သွားနိုင်တာမို့….

ဆရာဝန်အချင်းချင်း ပညာချင်းဖလှယ်ရင်း ပိုမိုကောင်းမွန်တဲ့ ဆေးကုသမှုလောကကို အတူတည်ဆောက်ဖို့ ကိုယ့်ရဲ့ Clinical Experiences တွေကို MyanCare Doctor App မှာ အခုပဲ စတင်မျှဝေလိုက်ပါရှင်။💁‍♀️

လူလတ်ပိုင်း (အသက် ၁၈-၆၄ နှစ်) တစ်ယောက်ရဲ့ လုံလောက်တဲ့ အိပ်စက်ချိန်ကို ရွေးချယ်ပါ။လူတစ်ယောက်ပုံမှန်အတိုင်းရှင်သန်နေထိုင်န...
08/07/2026

လူလတ်ပိုင်း (အသက် ၁၈-၆၄ နှစ်) တစ်ယောက်ရဲ့ လုံလောက်တဲ့ အိပ်စက်ချိန်ကို ရွေးချယ်ပါ။

လူတစ်ယောက်ပုံမှန်အတိုင်းရှင်သန်နေထိုင်နိုင်ဖို့ဆိုတာ အိပ်စက်ချိန်လုံလောက်အောင်ရရှိဖို့လိုအပ်တာဖြစ်လို့ သာမန်လူလတ်ပိုင်းတစ်ယောက် ဘယ်လောက်ကြာအောင်အိပ်စက်သင့်လဲဆိုတဲ့မေးခွန်းလေးကို Comment မှာ သွားပေးပါဦးရှင်။

အဖြေမှန်ကိုတော့ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုမမျှဝေရင်း ပြောပြပေးသွားမှာဖြစ်လို့ 🩺MyanCare❤️ Page ကို Like and Follow လုပ်ထားဖို့မမေ့နဲ့ဦးနော်။

𝐖𝐞'𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠 !𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧: 𝐒𝐲𝐬𝐭𝐞𝐦 𝐀𝐧𝐚𝐥𝐲𝐬𝐭 𝐈𝐧𝐭𝐞𝐫𝐧 — 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐓𝐞𝐬𝐭𝐢𝐧𝐠 & 𝐔𝐬𝐞𝐫 𝐒𝐮𝐩𝐩𝐨𝐫𝐭Employment Type: InternshipWork Type: Onsi...
07/07/2026

𝐖𝐞'𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠 !
𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧: 𝐒𝐲𝐬𝐭𝐞𝐦 𝐀𝐧𝐚𝐥𝐲𝐬𝐭 𝐈𝐧𝐭𝐞𝐫𝐧 — 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐓𝐞𝐬𝐭𝐢𝐧𝐠 & 𝐔𝐬𝐞𝐫 𝐒𝐮𝐩𝐩𝐨𝐫𝐭

Employment Type: Internship
Work Type: Onsite
Duration: 3 months, with possible full-time employment based on performance
Salary: 250,000 MMK per month
Location: Yankin, Yangon
Contact: [email protected]

𝐉𝐨𝐛 𝐒𝐮𝐦𝐦𝐚𝐫𝐲

We are looking for System Analyst Interns to support our healthcare software products, including HMS, CMS, POS, and MyanCare platforms. The role will be trained in system analysis, QA testing, user support, and customer training.

𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬

- Learn and understand healthcare software workflows.
- Support requirement clarification and prepare simple workflow notes.
- Write and execute test cases.
- Perform functional testing, smoke testing, regression testing, and UAT support.
- Report bugs clearly with screenshots, steps, expected result, and actual result.
- Verify fixed bugs before release.
- Support user training for hospitals, clinics, pharmacies, and internal teams.
- Prepare simple user guides, FAQs, and training materials.
- Record customer feedback and classify issues as bug, user error, missing feature, configuration issue, or training issue.
- Coordinate with Product, Development, QA, BD, and Customer Support teams.

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬

- Fresh graduate or final-year student in IT, Computer Science, Business IT, Healthcare Management, or related fields.
- Interested in software products, healthcare systems, QA testing, and user support.
- Basic computer and software knowledge.
- Good communication skills.
- Detail-oriented, patient, responsible, and willing to learn.
- Basic English reading/writing is preferred.
- No prior experience required; training will be provided.

Career PathHigh-performing interns may be offered full-time roles such as Junior System Analyst, Junior QA, Product Support Analyst, or Implementation Support Executive.

Senior Professor နဲ့ Junior Doctor တို့ကြားက ပေါင်းကူးတံတား🤝ဆေးကျောင်းပြီးလို့ လက်တွေ့ ဆေးရုံလူနာ Ward ထဲ၊ OPD ထဲ စဝင်ပြ...
06/07/2026

Senior Professor နဲ့ Junior Doctor တို့ကြားက ပေါင်းကူးတံတား🤝

ဆေးကျောင်းပြီးလို့ လက်တွေ့ ဆေးရုံလူနာ Ward ထဲ၊ OPD ထဲ စဝင်ပြီဆိုရင် စာအုပ်ထဲကစာနဲ့ တကယ့်လူနာနဲ့က ကွဲပြားနေတတ်တာမျိုးကို Junior Doctors တိုင်း ကြုံဖူးကြမှာပါ။ ဒီလိုမျိုးလက်တွေ့ကုသမှုဆိုင်ရာပညာရပ်တွေက ဝါရင့်ဆရာဝန်ကြီးတွေရဲ့ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ အတွေ့အကြုံတွေထဲမှာပဲရှိတာမျိုးဖြစ်ပါတယ်။

ဒါပေမဲ့စီနီယာဆရာဝန်ကြီးတွေကလည်း လူနာကြည့်ရတာနဲ့အလုပ်များပြီး ကိုယ်တိုင်သင်ပြပေးဖို့ အချိန်မပေးနိုင်သလို ဂျူနီယာဆရာဝန်တွေကလည်း Duty တွေကိုယ်စီနဲ့ဖြစ်တာမို့ လာရောက်သင်ယူဖို့အတွက် အချိန်ပေးရခက်ခဲတတ်ကြပါတယ်။💢

ဒါကြောင့်မို့ဆရာဝန်ကြီးတွေရဲ့ လက်တွေ့ကုသမှုအတွေ့အကြုံတွေနဲ့ ဂျူနီယာတွေရဲ့ သင်ယူလေ့လာစိတ်တွေကို ချိတ်ဆက်ပေးမယ့် "ပေါင်းကူးတံတား" တစ်ခုအဖြစ်ရှိနေပေးမယ့် MyanCare Doctor App ကိုအသုံးပြုဖို့အကြံပေးချင်ပါတယ်ရှင်။

MyanCare Doctor App မှာဆိုရင်....

▪️Senior Doctors တွေရဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့၊ စိတ်ဝင်စားဖို့ကောင်းတဲ့ Case Study တွေကို စာတမ်းကြီးတွေလို ပြင်ဆင်နေစရာမလိုဘဲ အလွယ်တကူစာတိုလေးရေးပြီး မျိုးဆက်သစ်တွေအတွက် ပညာအမွေအဖြစ် ချန်ထားပေးခဲ့လို့ ရသလို၊

▪️ဂျူနီယာတို့ရဲ့ ဆေးပညာခရီးလမ်းအတွက်လည်း စာအုပ်စာပေပြင်ပက ဝါရင့်ဆရာကြီးတွေရဲ့ ဆုံးဖြတ်ချက်ချပုံနဲ့ ကုသမှုဗျူဟာတွေကို အလုပ်အားတဲ့ (၅) မိနစ်အတွင်း အိတ်ဆောင်စာကြည့်တိုက်လေးလို အလွယ်တကူ ဝင်ဖတ်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။

Professor တစ်ယောက်ရဲ့ Clinical Experience မျှဝေမှုတစ်ခုက ဂျူနီယာတစ်ယောက်အတွက်တော့ လူနာတစ်ယောက်ကို ကယ်တင်နိုင်မယ့် လမ်းပြမီးခွက်ဖြစ်သွားနိုင်တာမို့ မျိုးဆက်တစ်ခုနဲ့တစ်ခု ပညာတွေလက်ဆင့်ကမ်းရင်း ပိုမိုကောင်းမွန်တဲ့ ဆေးကုသမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်လာဖို့ 🩺MyanCare Doctor App❤️ ရဲ့ CME Feed မှာ အခုပဲအတူတူဆုံစည်းရင်း မျှဝေလေ့လာလိုက်တော့နော်။

အထူးကုဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးပြသလိုသူတိုင်း အားထားရာ MyanCare✨ကိုယ်ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ထိထိရောက်ရောက်ကုသနိုင်...
02/07/2026

အထူးကုဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးပြသလိုသူတိုင်း အားထားရာ MyanCare✨

ကိုယ်ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ထိထိရောက်ရောက်ကုသနိုင်ဖို့ အတွေ့အကြုံရှိပြီးကျွမ်းကျင်စွာဖြေရှင်းကေးနိုင်တဲ့ အထူးကုဆရာဝန်ကြီးတွေ၊ ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေနဲ့မှ တိုင်ပင်လိုရင်တော့ MyanCare ကို ယုံကြည်အားကိုးလို့ရပါပြီရှင်။

အိမ်ပြင်ထွက်စရာမလိုဘဲ အိမ်ထဲမှာတင် အင်တာနက်လိုင်းရှိရုံနဲ့ပြသနိုင်ပြီး ဘယ်အချိန်ဘယ်နေရာရောက်ရောက် ဆရာဝန်နဲ့နှစ်ကိုယ်ကြားပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်နိုင်ဦးမှာပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ကိုယ့်ရောဂါဝေဒနာကို အခုထက်ပိုထိရောက်တဲ့ ကျန်းမာရေးလမ်းညွှန်မှုတွေနဲ့ ဆွေးနွေးကုသလိုရင်တော့ အထူးကုဆရာဝန်ကြီးပေါင်းများစွာနဲ့ ဆေးခန်းပြလို့ရမယ့် 🩺MyanCare❤️ ကိုပဲ ယုံကြည်အားကိုးလိုက်ပါရှင်။

မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာ (၄)မျိုးမိုးရာသီဆိုတာ စိုထိုင်းဆမြင့်တက်လာချိန်ဖြစ်တာကြောင့် ဘက်တီးရီးယားနဲ့ မှိုတ...
30/06/2026

မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာ (၄)မျိုး

မိုးရာသီဆိုတာ စိုထိုင်းဆမြင့်တက်လာချိန်ဖြစ်တာကြောင့် ဘက်တီးရီးယားနဲ့ မှိုတွေပေါက်ဖွားဖို့ အကောင်းဆုံး အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့ဒီကာလမှာ အဖြစ်များတဲ့အရေပြားပြဿနာတွေကို ကြိုတင်သတိပြုပြီး ဂရုစိုက်နိုင်ဖို့အတွက် 🩺MyanCare❤️ မှ မျှဝေပေးလိုက်ပါတယ်ရှင်။

၁။ မှိုစွဲခြင်း
စိုစွတ်ပြီး ချွေးအောင်းခြင်း၊ မိုးရေစိုပြီး အဝတ်အစားတွေကို ချက်ချင်းမလဲဘဲ ကြာကြာဝတ်ထားခြင်းတို့ကြောင့် ဂျိုင်းကြား၊ ပေါင်ခြံနဲ့ အရေပြားအကွေးအကောက်တွေမှာ မှိုစွဲပြီး ယားယံခြင်း၊ ညှင်း၊ ပွေး၊ ဝဲတို့လို အကွက်လိုက်ဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။

၂။ ခြေဝဲစားခြင်း
မိုးရေထဲမှာလမ်းလျှောက်ရတဲ့အခါ ခြေထောက် ရေစိုညစ်ပတ်ခြင်း၊ ခြေချောင်းကြားတွေထဲ ရေအကြာကြီး အောင်းနေခြင်းကြောင့် ခြေချောင်းကြားတွေ နီရဲ၊ ယားယံပြီး အရေပြားလန်ခြင်းမျိုး ဖြစ်တတ်ပါတယ်။

၃။ ဓာတ်မတည့်ခြင်းနှင့် အင်ပျဉ်ထွက်ခြင်း
မိုးရေထဲမှာ ပါလာတဲ့ဖုန်မှုန့်တွေနဲ့ မသန့်ရှင်းတဲ့ ရေမြောင်းရေတွေနဲ့ အရေပြားနဲ့ ထိတွေ့မိတဲ့အခါ အလာ့ဂျီဖြစ်ပြီး အနီစက်တွေ ထွက်တာ၊ ယားယံတာတွေ ဖြစ်ပွားနိုင်ပါတယ်။

၄။ ဝက်ခြံပိုဆိုးလာခြင်း
လေထုထဲမှာ စိုထိုင်းဆများပြီး ဖုန်မှုန့်တွေက အရေပြားပေါ်က အဆီတွေနဲ့ ပေါင်းစပ်သွားတဲ့အခါ ချွေးပေါက်ပိတ်ဆို့ပြီး မျက်နှာနဲ့ ကျောပြင်တွေမှာ ဝက်ခြံတွေ ပိုထွက်လာတတ်ပါတယ်။

ဒီလိုမျိုးအသေးအမွှားအရေပြား ပြဿနာကနေ မလိုလားအပ်တဲ့ရောဂါပြဿနာအထိမဖြစ်ရလေအောင် ဂရုတစိုက်နေထိုင်နိုင်ဖို့ MyanCare မှ စေတနာအပြည့်နဲ့ မျှဝေပြောပြလိုက်ပါတယ်ရှင်။✨

အမျိုးသမီးတိုင်း ကိုယ့်ရဲ့ Period Date ကို ဘယ်လိုမှတ်ထားလေ့ရှိလဲ❓🗓အမျိုးသမီးတိုင်းလစဥ်ကြုံတွေ့နေရတဲ့ Period Time ကို လစဥ...
30/06/2026

အမျိုးသမီးတိုင်း ကိုယ့်ရဲ့ Period Date ကို ဘယ်လိုမှတ်ထားလေ့ရှိလဲ❓

🗓အမျိုးသမီးတိုင်းလစဥ်ကြုံတွေ့နေရတဲ့ Period Time ကို လစဥ်မှတ်ထားမှသာ ကိုယ့်ရဲ့ရက်မှန်မမှန်သိနိုင်ပြီး အမျိုးသမီးကျန်းမာရေးကိုလည်း သိနိုင်ဦးမယ့်အပြင်…..

▪️ဓမ္မတာလာရက်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း

▪️ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ ကိုယ်ခန္ဓာကို ပိုနားလည်လာခြင်း

▪️သားဥကြွေရက်ကို ခန့်မှန်းနိုင်ခြင်း

▪️ဆရာဝန်နဲ့ ပြသဖြစ်တဲ့အခါ အရင်ကထက်ပိုအဆင်ပြေခြင်းတို့လို အကျိုးကျေးဇူးတွေရရှိနိုင်တာမို့ ကိုယ့်ရဲ့ Period Time ကို မှတ်ထားဖို့ 🩺MyanCare❤️ မှ အကြံပေးပါရစေရှင်။

ပျိုမေတို့အနေနဲ့ရော ကိုယ့်ရဲ့ Period Time ကို မှတ်ထားလေ့ရှိကြလား၊ ဘယ်လိုနည်းလမ်းတွေသုံးပြီး မှတ်ထားလေ့ရှိကြလဲဆိုတာကို Comment မှာ ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။

အရေပြားပြဿနာ MyanCare မှာ ရင်ဖွင့်တိုင်ပင်ပါ။✨မိုးရာသီဆိုတာ အ‌ရေပြားပြဿနာအဖြစ်အများဆုံးရာသီဉတုဖြစ်တာမို့ အ‌ရေပြားပြဿနာကြ...
28/06/2026

အရေပြားပြဿနာ MyanCare မှာ ရင်ဖွင့်တိုင်ပင်ပါ။✨

မိုးရာသီဆိုတာ အ‌ရေပြားပြဿနာအဖြစ်အများဆုံးရာသီဉတုဖြစ်တာမို့ အ‌ရေပြားပြဿနာကြုံတွေ့ခံစားရမယ်ဆိုရင် တစ်ယောက်တည်းနီးစပ်ရာဆေးမြီးတိုနဲ့မကုသဘဲ ကျွမ်းကျင်တဲ့ဆရာဝန်တွေဆီ ရင်ဖွင့်တိုင်ပင်ကာ သေချာစွာကုသဖြေရှင်းသင့်ပါတယ်။

ဒါကြောင့်မို့ MyanCare မှာဆိုရင်

▪️မျက်နှာမှာဖြစ်တဲ့ အရေပြားပြဿနာများ၊

▪️အခြားသောကိုယ်ခန္ဓာမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေအကုန်လုံးကို

ကျွမ်းကျင်တဲ့အရေပြားအထူးကုတွေနဲ့ Online ကနေတဆင့်ဆွေးနွေးပြီး ပြသဖြေရှင်းနိုင်ပါပြီရှင်။

အရေပြားပြဿနာဆိုတာ အနာအသေးသေးလေးကစလို့ အမြစ်ပြတ်အောင် ကုသနိုင်မှသာ မလိုလားအပ်တဲ့ပြဿနာတွေ ဆက်မဖြစ်နိုင်အောင် ကာကွယ်နိုင်မှာဖြစ်လို့ 🩺MyanCare❤️ မှာ လွယ်ကူမြန်ဆန်စွာဆေးခန်းပြကြဖို့တိုက်တွန်းပါရစေရှင်။

နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ Clinical Experience တွေကို ဘယ်မှာ သိမ်းဆည်းထားမလဲ❓ဆေးကျောင်းသားဘဝကနေစပြီး ယနေ့ခေတ်အထိ W...
26/06/2026

နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ Clinical Experience တွေကို ဘယ်မှာ သိမ်းဆည်းထားမလဲ❓

ဆေးကျောင်းသားဘဝကနေစပြီး ယနေ့ခေတ်အထိ Ward ထဲမှာ၊ OPD ထဲမှာကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ လက်တွေ့ဆေးကုသမှုတွေ၊ ခက်ခဲတဲ့လူနာတွေကို အောင်အောင်မြင်မြင် Diagnostic လုပ်နိုင်ခဲ့တဲ့ အတွေ့အကြုံတွေဟာ Textbook တွေထဲမှာ ရှာမတွေ့နိုင်တော့မယ့် အင်မတန်တန်ဖိုးရှိလှတဲ့ ဆေးပညာရပ်တွေဖြစ်ပါတယ်။✨

ဒါပေမဲ့အခုလိုအဖိုးတန် Clinical Pearls တွေကို မှတ်သားခဲ့တဲ့မှတ်တမ်းတွေမရှိခဲ့ဘူးဆိုရင်၊ ခေါင်းထဲမှာပဲ အမှတ်တရအနေနဲ့ ကျန်ရစ်နေမယ်ဆိုရင်တော့ အရမ်းနှမြောဖို့ကောင်းလှပါတယ်ရှင်။

အခုလိုတန်ဖိုးရှိလှတဲ့ လက်တွေ့ကုသမှု လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ် Case အနှစ်ချုပ်တွေကို MyanCare Doctor App မှာ ‘Digital Legacy’ (ဒီဂျစ်တယ် ပညာအမွေ) တစ်ခုအနေနဲ့ ပြန်လည်မျှဝေနိုင်ပြီး အလွယ်တကူ သိမ်းဆည်းနိုင်ပါပြီ။

MyanCare Doctor App မှာ ဆိုရင် CME feed ဆိုပြီး Feature သီးသန့်ရှိနေတာဖြစ်လို့ ကိုယ့်ရဲ့အတွေအကြုံတွေကို အခြားဆရာဝန်တွေဆီ လက်ဆင့်ကမ်းပြောပြဖို့ အသင့်တော်ဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်ရှင်။

Case Study တွေကိုလေ့လာလို့လည်းရသလို၊ မျှဝေလို့ရမယ့် 🩺MyanCare Doctor App❤️ ကို အခုပဲ Register လုပ်ပြီး အသုံးပြုလိုက်တော့နော်။

MyanCare App ရဲ့ ကျန်းမာစကားဝိုင်း feature မှာ ဘာတွေမေးမြန်းနိုင်မလဲ❓MyanCare App မှာ  ပါဝင်တဲ့ ကျန်းမာရေးစကားဝိုင်း fea...
24/06/2026

MyanCare App ရဲ့ ကျန်းမာစကားဝိုင်း feature မှာ ဘာတွေမေးမြန်းနိုင်မလဲ❓

MyanCare App မှာ ပါဝင်တဲ့ ကျန်းမာရေးစကားဝိုင်း feature မှာဆိုရင် မိမိသိလိုတဲ့ ကျန်းမာရေးကိစ္စတွေ၊ ကျန်းမာရေးအခက်အခဲတွေ၊ ကျန်းမာရေးလမ်းညွှန်တွေကို မေးမြန်းနိုင်ပါတယ်။

ဒါတင်မကသေးဘဲ MyanCare မှာ ပြသချင်တဲ့ ဆရာဝန်ကြီးတွေကို ပြသဖူးခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံတွေကိုလည်း မေးမြန်းနိုင်ဦးမှာဖြစ်ပါတယ်။

ဘယ်လိုကျန်းမာရေးကိစ္စကိုမဆို Privacy လုံခြုံပြီး Policy ကန့်သတ်ထားခြင်းမရှိတာဖြစ်လို့ စိတ်ချယုံကြည်စွာနဲ့ မေးမြန်းနိုင်ပါတယ်ရှင်။✨

ဒီတော့ကိုယ့်ရဲ့ကျန်းမာရေးကိစ္စတွေကို ဆေးရုံ၊ ဆေးခန်းမပြခင်မှာ ရင်ဖ္ငင့်တိုင်ပင်ချင်ရင် 🩺MyanCare App❤️ ထဲက ကျန်းမာရေးစကားဝိုင်း Feature ကို သတိရလိုက်တော့နော်။

Address

No-60, G-1, New Parami Road, Mayangone
Yangon
11081

Opening Hours

Monday 08:00 - 00:00
Tuesday 08:00 - 00:00
Wednesday 08:00 - 00:00
Thursday 08:00 - 00:00
Friday 08:00 - 00:00
Saturday 08:00 - 00:00
Sunday 08:00 - 00:00

Telephone

+959774778000

Alerts

Be the first to know and let us send you an email when MyanCare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MyanCare:

Shortcuts

Share