07/10/2025
သီတင်းကျွတ်လပြည့်လဲနီးလာပီဆိုတော့ မြတ်စွာဘုရားနဲ့တကွကိုယ့်ယုံကြည်ရာ ကံစပ်ရာ ဘုရားတွေကိုစနစ်တကျ ပူဇော်ချင်လို့ဘဲဖြစ်ဖြစ်
နေ့စဥ်ကြုံတွေ့နေရတဲ့အခက်ခဲတွေကနေကင်းဝေးဖို့နဲ့ပျော်ရွှင်မှုချမ်းသာသုခတွေကောင်းမွန်တဲ့ကျန်းမာရေးစတဲ့ကောင်းချီးမင်္ဂလာတွေ ရရှိစေဖို့
အသုံးပြုရတဲ့ ဆီမီးထွန်း ဆီတွေအကြောင်းပြောပြပေးသွားပါမယ်
ဝေဒအယူအရ "ပဥ္စဒီပ" တဲ့ ဆီမီး၅မျိုးကိုပြောတာဖြစ်တယ်
၁. ဆီဦးထောပတ်
၂.နှမ်းဆီ
၃.အုန်းဆီ
၄.မုန်ညှင်းဆီ
၅.ကြက်ဆူဆီ
စတဲ့ဆီ၅မျိုးကိုတမျိုးစီဖြစ်စေ ဟင်ဒူရိုးရာဓေလ ့အတိုင်း ၅မျိုးလုံးအချိုးကျရောစပ်ပီးဖြစ်စေ သုံးကြတယ်
ထောပတ်ဆီကတော့အများသိကြတဲ့အတိုင်း မြင့်မြတ်တဲ့ဓာတ်တွေနတ်ဘုရားတွေရဲ့ကောင်းချီးကိုရစေတယ် အထူးသဖြင့် လက္ချမီဒေဝီ ကုဝေရနတ်မင်းတို့ကို ပူဇော်ရမှာသုံးတယ်
ပူဇော်ထားရင် စီးပွားဥစ္စာကြွယ်ဝမှုနဲ့ပျော်ရွှင်မှု ဓာတ်မြတ်ဓာတ်ကောင်းတွေ ရရှိစေတယ်
နှမ်းဆီကတော့ အနှောင့်ယှက်အတိုက်ခိုက်တွေ ဓာတ်ညံ့တွေဖယ်ရှားရာမှာသုံးတယ်
စနေဂြိုဟ်ယတြာတွေနဲ့ သျှီဗားဘုရား ပီရူးမားလ်ဗိဿနိုးဘုရားရှင်တင်မက ဟာနုမာန်ကိုပူဇော်ရာမှာလဲသုံးတယ်
အုန်းဆီကတော့ ပျော်ရွှင်မှုချမ်းသာသုခနဲ့သားဆုတောင်းတာ ကလေးတွေအတွက်ဆုတောင်းတာတွေအတွက်သုံးရပါသတဲ့
Lord Ganesh မဟာပိန္နဲ အရှင်ကိုပူဇော်ရတဲ့အဓိက ဆီဖြစ်တယ်
မုန်ညှင်းဆီ ကလဲ မဟာကာလီ နဲ့စနေဂြိုဟ်မင်း
ကိုပူဇော်ရာမှာသုံးတယ်
ကြက်ဆူဆီကိုတော့ အောင်မြင်မှုနဲ့နာမည်ကောင်းရရှိစေဖို့သုံးပါသတဲ့
ပဥ္စဒီပထဲမပါတဲ့ နေကြာဆီနဲ့တမာဆီ ပရုတ်ပင်ဆီ
ပန်းတွေစိမ်ထားတဲ့ဆီ စတဲ့ တန္တရပညာရပ်လာ ဆိုင်ရာကိစ္စနဲ့ကျင့်စဥ်ေတွအလိုက်
ဓာတ်သဘာဝနဲ့ဂြိုဟ်နက္ခတ်ေတွအလိုက်
သီးသန့်သုံးရသောဆီများရှိပါသေးတယ်
Adminကတော့ ထောပတ်နဲ့နှမ်းဆီ ကိုသာအဓိကသုံးပါတယ်
ကိုယ့်ပညာခွင်ရဲ့နဂါးနီဆီ၁၃ပါးကတော့ ကိုယ့်ဆိုင်ရာသီးသန့်ပေါ့
အထက်ပါဆီတွေရှာရမလွယ်ရင် စားဆီထဲကသုံးနိုင်ပါတယ် ဘုရားတွေပူဇော်ဖို့ သီးသန့်ဖယ်ထားဖို့တော့လိုပါမယ် ချက်နေတဲ့ထဲကယူသုံးတာတော့ အရိုသေမဲ့ရာကျပါတယ်
အကျိုးကျေးဇူးတွေသိထားတော့ ထိရောက်အောင်အသုံးချနိုင်တာပေါ့