Mona clothing & beauty

Mona clothing & beauty Glow skin and fashion for all

01/01/2022


30/12/2021

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုး

♥အက်စထရိုဂျင်(Estrogen)ဟော်မုန်း

အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်၊
ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊
အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။ဒီဟော်မုန်းလျော့ရင်ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာတယ်။
Soy bean အခြေခံအစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်။

♥Growth ဟော်မုန်း

သူကတော့သွေးထဲကဟော်မုန်း ၊သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊အဆီပိုတွေဟိုတစုဒီတစုနဲ့ကြည့်ရဆိုးလာမယ်။
ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊side effectများပေမယ့် သိသာတယ်၊ အခြားနည်းကလမ်းလျှောက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ။

♥DEHA

အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာသူလျော့နည်းသွားလို့ပဲ။ အာရုံကြောတွေလည်းလျော့တတ်တယ်။
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊fatty fish စားပါ၊ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပါ၊

♥Melatonine

အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်။
ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တယ်။
ငှက်ပျောသီး ခရမးချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ
အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်။ ရှောင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥Cortisol

Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်
ရေသောက်ပါ၊စိတ်အေးချမ်းအောင်တွေးပါ၊သီချင်းနားထောင်ပါ၊stress လျော့ပါ။

♥Insulin

သွေးထဲကသကြားဓာတ် ။ သူများလာရင်လည်း အရွယ်ကျမြန်တယ်။ ရေဓာတ်တွေလျော့နည်းမယ်၊ကော်လာဂျင်တွေမတင်းတော့ဘူး၊ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာမယ်။
အချိုလျော့၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပါ။

လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

ကျမတို့ဇရာကိုမလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊

post ပြန်လည်မျှဝေခြင်းပါ။

28/12/2021

တင်းတိပ်အတွက် နောက်ဆုံးပေါ်ကုထုံး
==========================

(ဒေါက်တာအေးမင်းထူး)

တင်းတိပ်ဟာ အမျိုးသမီးတွေကို ဒုက္ခပေးပါတယ်။ အမေရိကန်နိုင်ငံမှာ လူပေါင်း ငါးသန်းကနေ ခြောက်သန်းနီးပါး ခံစားနေရတယ်။ အဲဒီထဲက ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တယ်။ မျက်နှာ တင်းတိပ်ဟာ မျက်နှာပေါ် ပုံမှန်မဟုတ်တဲ့ အညိုကွက် ၊ အမည်းကွက်တွေ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ပါး၊ နှာခေါင်း၊ မေးစေ့ ၊ နဖူး၊ အပေါ်နှုတ်ခမ်း စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ဆရာဝန်တွေသာမက မိတ်ကပ်ပညာရှင် တွေကို တော်တော် ဒုက္ခပေးတဲ့ထဲမှာ တင်းတိပ်လဲ ပါတယ်။ ကုရလဲခက်၊ ပျောက်ဖို့လဲအချိန်ကြာ၊ ဒီကြားထဲ ဆောင်စရာ ရှောင်စရာတွေကလဲ ရှိသေးတယ်။

တင်းတိပ်ဟာ အီစတိုဂျင်ဟော်မုန်း နဲ့ ဆက်စပ်နေတယ်တလို့ သိထားပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် ကိုယ်ဝန်တားဆေး တွေကြောင့် ဖြစ်နိုင်တယ်။ နေလောင်တာက တင်းတိပ်ကို ဖြစ်စေတယ်။ ခရမ်းလွန် ရောင်ခြည်ကြောင့် သာမက အနီအောက် ရောင်ခြည်ကြောင့် ပါ ဖြစ်တတ်တယ်။ ခရမ်းလွန်ရောင်ခြည်ကို မျက်စနဲ့ မမြင်နိုင်ပေမယ့် အနီအောက် ရောက်ခြင်က ဖြစ်တဲ့ အပူကိုတော့ ခံစားသိရှိနိုင် ပါတယ်။ ဒါ့ကြောင့် အပူချိန် ပြင်းတာကလဲ တင်းတိပ်ကို ပိုဆိုးစေတယ်။ ဒါ့ကြောင့် Broad Spectrum နေလောင်ကာတဲ့ လိမ်းဆေးတွေက ပိုမို အသုံးဝင်လာတယ်။ နေလောင်ကာထဲမှာ UVB သာမက UVA ကိုကာကွယ်တဲ့ Super Sunscreen တွေကို ရွေးသုံးသင့်တယ်။

ပုံမှန်အားဖြင့် မနက်ပိုင်းမှာ Vitamin C Serum လိမ်းဆေးတွေ လိမ်းသင့်တယ်။ ပြီးရင် Kojic Acid နဲ့ Arbutin ပါတဲ့ Skin Lihgtener လိမ်းဆေးတွေ ဆက်သုံးပါ။ HQ နှစ်ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းကို သုံးလကနေ ၁၂လထိ သုံးနိုင်တယ်။ ဆေးသုံးပြီး မျက်နှာရဲတာ၊ ပူစပ်ပူလောင် ဖြစ်တာရှိနိုင်တယ်။ သတိပြုရမှာက ၄ ရာခိုင်နှုန်းကို ကြာရှည်သုံးရင် မျက်နှာ အရောင်မည်းသွားတာ ( Onchronosis ) ရှိနိုင်တယ်။ Hydroquinone မှာ ဘော့ဖျက်လို အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်။ အဲဒီဆေးက ဘေးထွက်ဆိုးကျိုးလဲ ရှိလို့ နားမလည်ဘဲ ရမ်းမသုံးသင့်ပါ။ အခုပြောမှာ တင်းတိပ်ကို ဘေးထွက်ဆိုးကျိုး နည်းနည်းနဲ့ ကုသနိုင်တဲ့ နည်းတွေဖြစ်တယ်။

ပထမတစ်ခုက Azelaic Acid ဖြစ်ပါတယ်။ Azelaic Acid ၂၀ ရာခိုင်နှုန်း လိမ်းဆေးက Hydroquinone ၄ ရာခိုင်နှုန်းနဲ့ အာနိသင် တူတယ်။ လေ့လာမှုတစ်ခု ကတော့ ၂ ရာခိုင်နှုန်း Hydroquinone ထက်အာနိသင် ပိုကောင်းပြီး ဘေးထွက်ဆိုးကျိုး ပိုနည်းတယ်လို့ သိရတယ်။ Azelaic Acid ၂၀ ရာခိုင်နှုန်းကို Glycolic Acid ၁၅ ရာခိုင်နှုန်းနဲ့ ပေါင်းလိမ်းတာဟာ တင်းတိပ်ပျောက်တာ ပိုမြန်စေတယ်။ တချိုက Tretinoin ၀.၀၅ ရာခိုင်နှုန်းနဲ့လဲ ရောလိမ်းတယ်။ ဆေးခန်းမှာ လက်တွေ့စမ်းသုံးကြည့်တဲ့အခါ ပျောက်ကင်းနိုင်ခြေ ပုံမှန်တက် ၃၀ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်။ Sensitive Skin မှာ အလွန် အသုံးဝင်တယ်။

နောက်တစ်ခုက Kojic Acid ဖြစ်တယ်။ ဂျပန်ဆန်အရက်မှာ ပါတဲ့ Kojic Acid ဟာ အသားဖြူတဲ့ အာနိသင်ရှိတာ သိခဲ့ပြီး ဖြစ်တယ်။ အခုက တင်းတိပ် အတွက်ပါ။ တင်းတိပ်မှာ Kojic Acid တစ်ရာခိုင်နှုန်း ကနေ ၄ ရာခိုင်နှုန်းထိ သုံးနိုင်တယ်။ Kojic Acid ၂ ရာခိုင်နှုန်းနဲ့ Hydroquinone ၂ ရာခိုင်နှုန်း လိမ်းဆေးဟာ Glycolic Acid ၁၀ ရာခိုင်နှုန်းနဲ့ Hydroquinone ၂ ရာခိုင်နှုန်း နှစ်မျိုးစပ် လိမ်းဆေးထက် အာနိသင် ပိုကောင်းတာ တွေ့ရတယ်။ ၅၂ ရာခိုင်နှုန်းထိ သက်သာစေတယ်။ Sensitive Skin မှာ တခြားဆေးတွေ မခံနိုင်ရင် Kojic Acid လိမ်းဆေးကို ထည့်သုံးရတယ်။

စတီးရွိုက်တွေကို တင်းတိပ်မှာ သုံးတယ်။ Prostaglandin နဲ့ Leucotriene တွေက Melanogenesis ကို ဖြစ်စေနိုင်တယ်။ စတီးရွိုက်က ဒီလို ဖွဲ့စည်းမှုကို တားဆီးလိုက်တယ်။ စတီးရွိုက်ရွေးတဲ့အခါ Protent or Super Potent အမျိုးအစားကို ရွေးချယ်သင့်တယ်။ ဒါပေမယ့် ဒီဆေး တစ်မျိုးတည်း လိမ်းတာက အာနိသင်ထူးခြားမှု သိပ်မရှိတာ တွေ့ရတယ်။

နောက်တစ်ခုက ၀က်ခြံမှာသုံးတဲ့ Tretinoin ဆေးတွေဖြစ်ပါတယ်။ Tretinoin လိမ်းဆေးကို UVB ကြောင့်ဖြစ်တဲ့ တင်းတိပ် ၊ အမည်းစက်မှာ သုံးနိုင်တယ်။ နေ့စဉ်သုံးရင်တောင် ၆ လကနေမှ ထူးခြားမှုကို တွေ့နိုင်တယ်။ ဘေးထွက်ဆိုးကျိုးက မျက်နှာရဲတာ၊ ပူစပ်ပူလောင် ဖြစ််တတ်တယ်။ Adapalene က Tretinoin လို အာနိသင်ရှိပြီး ကောင်းတာက ဘေးထွက်ဆိုးကျိုး ပိုနည်းတာဖြစ်တယ်။

Chemical Peel မှာသုံးလေ့ရှိတဲ့ Glycolic Acid ကိုသုံးတာပါ။ Peel လုပ်တဲ့အခါ ပြင်းအား ၅၀ ရာခိုင်နှုန်းကနေ ရ၀ ရာခိုင်နှုန်း ထိ သုံးနိုင်တယ်။ တင်းတိပ်မှာတော့ Glycolic Acid ပြင်းအား ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း လောက်ပဲ သုံးရမယ်။ ကောင်းတာက အပေါ်ယံအရေပြားကို ကွာစေပြီး တင်းတိပ်ကွက်ကို လျော့ပါး သက်သာစေတယ်။ Skin Lightening အာနိသင် ရှိတယ်။ သတိပြုရမှာက ၁၀ ရာခိုင်နှုန်း Glycolic Acid သုံးရင် Moistureizer တစ်မျိုးမျိုး ထပ်လိမ်းပေးသင့်တယ်။

Mequinol ဆိုတာ Hydroquinone ကနေ ဆင့်ကဲပြောင်းလဲလာတဲ့ ဆေးဖြစ်တယ်။ တင်းတိပ်မှာ Mequinol ၂ ရာခိုင်နှုန်း ပြင်းအားကိုသာ အသုံးပြုရတယ်။ ဆေးက ရှာရခက်တယ်။ နိုင်ငံခြားက တိုက်ရိုက် လှမ်းမှာရတယ်။ စျေးလဲ မသေးပါ။ Tretinoin ၀.၀၁ ရာခိုင်နှုန်း နဲ့ ရောသုံးရင် ၅ ယောက်မှာ ၄ ယောက်ဟာ ၃ လအကြာမှာ သက်သာလာတာ တွေ့ရတယ်။

Arbutin ကတော့ Bearberry အပင်ကရတယ်။ ဒီဓာတ်ဟာ အမည်းစက် အတွက် အလွန်ကောင်း ပါတယ်။ Hydroquinone နဲ့ အာနိသင် တူတယ်။ Deoxyarbutin ဆိုတာ နောက်ဆုံးပေါ် နည်းပညာနဲ့ ထုတ်ထားတဲ့ Arbutin ဓာတ်တစ်မျိုး ဖြစ်တယ်။ သဘာ၀ အသားဖြူဆေး တစ်မျိုးဖြစ်ပြီး တင်းတိပ် ၊ မှဲ့ခြောက် ကုသရာမှာ အသုံးဝင်တယ်။ လိမ်းဆေးတွေထဲမှာ Arbutin ကို ထည့်လေ့ ရှိတယ်။

N-acetyl-4-S-cystaeminylphenol (NCAP)ကတော့ Phenolic ခေါ်တဲ့ ဓာတ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုး က Hydroquinone လောက်မဆိုးဘဲ အမဲစက် သက်သာစေတယ်။ တင်းတိပ်လူနာ ၁၂ ယောက်ကို လေ့လာကြည့် ရာမှာ NCAP ၄ ရာခိုင်နှုန်း လိမ်းခြင်းဖြင့် ၆၆ ရာခိုင်နှုန်းက သက်သာလာပြီး NCAP ၈ ရာခိုင်နှုန်း ပေးတဲ့အခါ ရာနှုန်းပြည့် ပျောက်ကင်းတာ တွေ့ရတယ်။ နေ့စဉ် လိမ်းပေးရင် ၂ ပတ်ကျော်တာနဲ့ စတင်သိသာလာတယ်။

တင်းတိပ်တွင် ရှောင်ရမည့် အစားအစာများ
(၁) ပေါင်မုန့်၊ ဂျုံ၊ အုတ်ဂျုံ
(၂) ပြောင်း၊ အစေ့အဆန်၊ လူဆန်ပဲပင်(alfalfa)
(၃) စပျစ်သီးခြောက်
(၄) နှမ်းစေ့၊ နှမ်းကြတ်စေ့
(၅) စားတော်ပဲ၊ ပဲစိမ်း၊ ပဲသီး၊ ပဲတောင့်ရှည်
(၆) ပဲပင်ပေါက်၊ ပဲပုပ်*
(၇) ပဲနို့၊ တို့ဖူး*
(၈) အရက်၊ ဝိုင်*
(၉) ဂျင်ဆင်းအားဆေး*
(၁၀) COC ဟော်မုန်းနှစ်မျိုးပါ တားဆေး*

ဒေါက်တာ အေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)

တင်းတိပ်နှင့်ပက်သတ်သော အကြောင်းအရာများကို https://drayeminhtoo.com/category/melasma/ တွင် ရှာဖွေဖတ်ရှုနိုင်သည်။

🎄မနက်ဖြန်  #ခရစ္စမတ်နေ့နဲ့   အတွက်အထူး promotion discount လေးလာပီနော် 🎊🎉🎊🎉  နဲ့   လေး ဝယ်ယူသူတိုင်းကို  -2,500 တန် လေးတထု...
24/12/2021

🎄မနက်ဖြန် #ခရစ္စမတ်နေ့နဲ့ အတွက်အထူး promotion discount လေးလာပီနော် 🎊🎉🎊🎉

နဲ့ လေး ဝယ်ယူသူတိုင်းကို -2,500 တန် လေးတထုပ်ရယ် ခုခေတ်စားနေတဲ့ ခေါင်းစည်းကြိုးလေးတွေ လက်ဆောင်ထဲ့ပေးပါမယ်

ကာလလေးကိုလည်း 25.12.21 ကနေပီး မင်မင်မွေးနေ့ ရှိလို့  11.1.2022 ထိတောင်လုပ်ပေးထားပါတယ်ရှင့်

❤ ကဲအဆက်လိုက်သုံးသူတွေအတွက် တန်အောင်လို့
promotion လေးရှိတုံး အပြေးဝယ်ထားလိုက်တော့ 🏃





#အရေပြားဆရာဝန်များရဲ့ထောက်ခံချက်

မင်မင်တို့ ဒီဇင်ဘာလတလုံး stock တွေတမျိုးပီးတမျိုး discount တွေ ၊ promotion တွေ ချမယ်နော် ☺ဈေးချတုံးဝယ်ပါ နောက်မှလျှော့ေ...
02/12/2021

မင်မင်တို့ ဒီဇင်ဘာလတလုံး stock တွေတမျိုးပီးတမျိုး discount တွေ ၊ promotion တွေ ချမယ်နော် ☺
ဈေးချတုံးဝယ်ပါ
နောက်မှလျှော့ပေးပါဆို မင်မင်ကိုခေါ်သွားပါ 😁(အစားတော့နဲနဲပုပ်တယ်နော်) 😜

🌟 အရေပြားဆရာဝန်တွေရဲ့ထောက်ခံချက်ကို အပြည့်အဝရရှိထားတဲ့   လေးမှာ💎 Vitamin E အဓိကပါဝင်ပီး ဝက်ခြံ၊အဆီဖု၊ ဝက်ခြံအမာရွတ်နဲ့ အ...
20/11/2021

🌟 အရေပြားဆရာဝန်တွေရဲ့ထောက်ခံချက်ကို အပြည့်အဝရရှိထားတဲ့ လေးမှာ

💎 Vitamin E အဓိကပါဝင်ပီး ဝက်ခြံ၊အဆီဖု၊ ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေကို ပျောက်ကင်းစေခြင်း
💎 သာမာန် Vitamin E ထက် တဆင့်မြှင့်တင်ထားတဲ့ VitaminE Phosphate formula ကြောင့် အရေပြားထဲ့စိမ့်ဝင်လွယ်ပီးစေးကပ်ခြင်းလုံးဝမရှိပဲ အစိုဓာတ်ကိုတနေကုန်ထိန်းပေးထားနိုင်ခြင်း
💎 ဓာတ်တိုးဆန့်ကျင်ပေးလို့ အရေးကြောင်းဖြစ်ပေါ်ခြင်းကိုတားဆီး ပေးနိုင်တဲ့ အပြင် အကြောပြတ်ရာများကိုလည်းသက်သာစေပါတယ်

💁 NeutridermVitaminELotion လေးသုံးပီး #ဝက်ခြံ၊အဆီဖု၊အမာရွတ်နဲ့ အမဲစက်တွေကို Bye Bye လို့နှုတ်ဆက်လိုက်ရအောင်


23,500 ကျပ်ဖြင့် မြန်မာတပြည်လုံးသို့ ပို့ဆောင်ပေးပါတယ်

၅ ဘူးနဲ့အထက် ဝယ်ယူရင် လက်ကားဈေးသီးသန့်ရှိပါတယ်ရှင့်

☎ 09951913538 or page messenger



#အရေပြားဆရာဝန်တွေရဲ့ထောက်ခံချက်

တန်ဆောင်မုန်းလပြည့်နေ့မှာ မင်မင်တို့ - ပန်း၊ဆီမီး၊ သစ်သီးဆွမ်း၊ယာဂုဆွမ်းတို့ ကပ်လှူပီး - တန်းဆွမ်းသံဃာ အပါး(၂၀)ကိုဆွမ်းေ...
18/11/2021

တန်ဆောင်မုန်းလပြည့်နေ့မှာ မင်မင်တို့
- ပန်း၊ဆီမီး၊ သစ်သီးဆွမ်း၊ယာဂုဆွမ်းတို့ ကပ်လှူပီး
- တန်းဆွမ်းသံဃာ အပါး(၂၀)ကိုဆွမ်းလောင်းခြင်း
- ဖုန်းဘေ (20,000) ဖိုး ( မင်မင့်ကို msgr ကလာတောင်းသူတွေပေါ့နော် 😁 ) လှူဒါန်းခဲ့ခြင်းကြောင့်

မဂ်လာရှိသောတန်ဆောင်မုန်းလပြည့်နေ့မှစပီး (၇)ရက်သားသမီးများအားလုံး
🙏 စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပီး
🙏 ကြံစည်သမျှ အောင်မြင်ကာ ၊အလှူရေစက်လက်နဲ့မကွာလှူဒါန်းနိုင်ကြပါစေ
🙏 အချုပ်အနှောင်တွေက အမြန်ဆုံးကင်းလွတ်ပီး လွတ်လပ်တဲ့ဘဝတွေ အမြန်ဆုံးရကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်

ကိုယ့်အသဲတွေရေ ❤ ဆောင်းရာသီရောက်တော့မှာဆိုတော့   ကောင်းကောင်းလေး ဆောင်ထားဖို့လိုပီနော်💔 ဆောင်းတွင်းမှာ ကြုံတွေ့ရမဲ့  အသာ...
17/11/2021

ကိုယ့်အသဲတွေရေ
❤ ဆောင်းရာသီရောက်တော့မှာဆိုတော့
ကောင်းကောင်းလေး ဆောင်ထားဖို့လိုပီနော်

💔 ဆောင်းတွင်းမှာ ကြုံတွေ့ရမဲ့ အသားပတ်တာ ၊အသားအရေအက်ကွဲတာ၊ အသားခြောက်တာတွေကို ဖြေရှင်းပေးဖို့ လေးက သင့်ကို အဆင်သင့်စောင့်ကြိုနေပါတယ် ☺

💦အသားအရည်ရဲ့ လိုအပ်တဲ့အစိုဓာတ်ကိုဖြည့်တင်းပေးပီး ခြောက်သွေ့ခြင်းတွေကိုကာကွယ်ပေးတဲ့အပြင်

💦 အရေပြားနီမြန်းရောင်ရမ်းတာ၊ နေလောင်ထားတာတွေကိုလည်းသက်သာစေပါတယ်

လေးကို 23,500 ကျပ်ဖြင့် မှာယူလိုပါက page msgr or 09951913538 ကိုဆက်သွယ်လိုက်နော် 😊😊




#အရေပြားဆရာဝန်တွေရဲ့ထောက်ခံချက်

  ရဲ့   လေးကို သုံးကြည့်ပီးပီလား 😍 💢NeutridermLotionလေးက💧အရေပြားထဲကိုအလွယ်တကူစိမ့်ဝင်နိုင်ပီး 💧စေးကပ်ခြင်းမရှိလို့  မိတ...
28/10/2021

ရဲ့ လေးကို သုံးကြည့်ပီးပီလား 😍

💢NeutridermLotionလေးက
💧အရေပြားထဲကိုအလွယ်တကူစိမ့်ဝင်နိုင်ပီး
💧စေးကပ်ခြင်းမရှိလို့ မိတ်ကပ်အောက်ခံအနေနဲ့ အသံုးပြုနိုင်ခြင်း💧ရေဓာတ်ကိုလည်း တနေကုန် အပြည့်အဝပေးစွမ်းနိုင်တဲ့အပြင်
💧အသားအရေကိုကြည်လင်စေပီး အရေးအကြောင်းဖြစ်ခြင်းကိုကာကွယ်နိုင်ပါတယ်

ml 23500ks
👉10ဘူးနဲ့အထက်ယူရင်လက်ကားဈေး သီးသန့်ရှိတယ်နော်

မှာယူလိုပါက page messenger or ☎ 09951913538
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေ
🌟🌟 kpay နဲ့ ငွေချေလည်း % 🙅 လုံးဝ ပေးစရာမလိုပါဝူးနော်
မြန်မာတပြည်လုံးသို့ပို့ဆောင်ပေးပါတယ်ရှင့်


#အရေပြားဆရာဝန်တွေရဲ့ထောက်ခံချက်

Suncreamလိမ်းပါလို့မပြောတော့ဘူး 🤷‍♀️Sunscreen မလိမ်းပေးခြင်းဆိုးကျိုးများ 💢အများစုက sunscreen ကိုမလိမ်းလည်းရတယ်လို့တွေြး...
28/10/2021

Suncreamလိမ်းပါလို့မပြောတော့ဘူး 🤷‍♀️

Sunscreen မလိမ်းပေးခြင်းဆိုးကျိုးများ 💢

အများစုက sunscreen ကိုမလိမ်းလည်းရတယ်လို့တွေးကြတယ် 💭

လုံးဝမဟုတ်ပါဘူးနော် 🙅 sunscreen မလိမ်းပေးခြင်းက ဆိုးကျိုးများစွာရှိပါတယ်... male-up က မလိမ်းလည်းဘာဆိုးကျိုးသက်ရောက်မှုမှမရှိပေမဲ့ Sunscreen ဆိုတာကတော့လိမ်းကိုလိမ်းပေးကမဲ့အမျိုးပါနော် ‼

Sunscreen မလိမ်းရင် ဘာတွေဖြစ်နိုင်လဲဆိုတော့...

👉 အရွယ်မတိုင်မီ အိုမင်းရင့်ရော်သော အသားအရေကို ပိုင်ဆိုင်ရခြင်း

👉 နေလောင်ဒဏ်ခံစားရကာ အသားအရေမညီမညာဖြစ်ခြင်း

👉 skin cancer ဖြစ်လာနိုင်ခြင်း

👉 wrinkles များကိုပိုပိုဖြစ်စေခြင်း

👉 အသားအရေလောင်ခံရခြင်း

👉 immue system ပိုမိုအားနည်းလာစေခြင်း

👉 နေရောင်ခြည်က အသားအရေကိုထိုးဖောက်ကာ သွေးကြောထဲထိရောက်နိုင်တဲ့အတွက် သွေးကြောပြတ်မှုများခံစားရခြင်း

👉 spider veins များဖြစ်စေခြင်း

👉 dry skin ကိုခံစားရစေခြင်း

👉 sun spot များဖြစ်ပေါ်စေခြင်း

အစရှိတာတွေကိုခံစားရမှာဖြစ်ပါတယ် 💥 ဒါမျိုးတွေက အခုအချိန်မှာမသိသာပေမဲ့ အသက်အရွယ်ရလာတဲ့အခါ ခံစားရမဲ့ဆိုးကျိးတွေပါ

ပုံထဲမှာလည်းဖြစ်လာတတ်တာလေးတွေကိုပြထားပါတယ်...ခြိမ်းခြောက်ခြင်းမဟုတ်ဘဲ ဆရာဝန်ကြီးများပြောကြားချင်များကို ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ် 🤗

အားလုံးပဲကျန်းမာလှပသောအသားအရေကိုပိုင်ဆိုင်ရပါစေဟု ဆုမွန်ကောင်းတောင်းလျက်...💓

Credit

🙍ဝက်ခြံ၊ ဝက်ခြံအမာရွတ် ၊ အဆီဖုတွေကြောင့် စိတ်ညစ်နေလား ?🙅 ဟေး အဲ့ဒါတွေအတွက်တော့ လုံးဝမပူပါနဲ့ 🙅🙅 👉  #အရေပြားဆရာဝန်တွေရဲ့ေ...
23/10/2021

🙍ဝက်ခြံ၊ ဝက်ခြံအမာရွတ် ၊ အဆီဖုတွေကြောင့် စိတ်ညစ်နေလား ?

🙅 ဟေး အဲ့ဒါတွေအတွက်တော့ လုံးဝမပူပါနဲ့ 🙅🙅

👉 #အရေပြားဆရာဝန်တွေရဲ့ထောက်ခံချက် ကိုအပြည့်အဝ ရရှိထားတဲ့ Neutriderm Moisturising Lotion လေးရှိတယ်နော်

💦 လေးမှာ အဓိကပါဝင်ပီး

💦 အစိုဓာတ်ကို အပြည့်အဝပေးနိုင်လို့ တစ်နေကုန်လန်းဆန်းနေတဲ့ကို အသားအရေလေးကို ပိုင်ဆိုင်စေမှာပါ
💦 နေလောင်ပြီး ဖြစ်ပေါ်လာတဲ့ အသားအရေနီမြန်းခြင်း နဲ့ အမဲကွက်တွေကိုလည်းသက်သာစေပါတယ်
💦ဓာတ်တိုးဆန့်ကျင်ပေးလို့ အရေးအကြောင်းဖြစ်ပေါ်ခြင်း ကို တားဆီးပေးနိုင်တဲ့အပြင် ☺ #အကြောပြတ်ရာ တွေကိုလည်းသက်သာ စေပါတယ်နော်

ကဲ ရဲ့ လေးရှိနေပီဆိုတော့ ဘာလိုသေးလဲ 💁💁💁

🇦🇺ဩစတေးလျ နိုင်ငံထုတ် 📢📢 125ml တဘူးကို 23,500 ကျပ်ဖြင့် မှာ မှာယူနိုင်ပါပီရှင့်





Address

No. 224/A, 5 Str, 15 Ward, South Okkalapa Tsp, Ygn
Yangon
11091

Website

Alerts

Be the first to know and let us send you an email when Mona clothing & beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share