Autoglym Amici Myanmar

Autoglym Amici Myanmar Autoglym UK Brand. Premium Car Care Products

🚗ကားဘီး သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် ကို့ရဲ့ ကားဘီး အလွိုင်းပေါ်မူတည်ပြီးအသုံးပြုမယ့် ဆေးကို ရွေးချယ်ဖို့ လိုအပ်ပါတယ်န...
26/05/2022

🚗ကားဘီး သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် ကို့ရဲ့ ကားဘီး အလွိုင်းပေါ်မူတည်ပြီး
အသုံးပြုမယ့် ဆေးကို ရွေးချယ်ဖို့ လိုအပ်ပါတယ်နော် . . .✨

✅Alloy ပြောင်လက်စေဖို့ Lacquer တင်ထားတဲ့ Alloy မျိုး
ကားနဲ့ လိုက်ဖက်တဲ့ ကာလာတင်ထားတဲ့ Alloy မျိုးတွေမှာဆိုရင်
ဈေးကွက်ထဲမှာ တွေ့ကရာ ဆေးရည်တွေကို မသုံးဘဲ
Acid မပါတဲ့ ဆေးရည်တွေကို သီးသန့် ရွေးချယ်ပေးဖို့ လိုအပ်ပါတယ် . . .✅

✨ UK ရဲ့ တိုက်ရိုက် Brand တစ်ခုဖြစ်တဲ့ Autoglym မှာဆိုရင်
ကားဘီးသန့်ရှင်းရေးလုပ်ဖို့အတွက် Wheel Cleaner အနေနဲ့ သုံးမျိုးထွက်ရှိထားပါတယ် . . .

✅ အက်စစ်ဓါတ်ပါဝင်တဲ့ Acid Wheel Cleaner
✅ အက်စစ်မပါဝင်တဲ့ Acid Free Wheel Cleaner
✅ Specialist Wheel Cleaner စတဲ့ သုံးမျိုးထဲမှ
Acid Wheel Cleaner နဲ့ Acid Free Wheel Cleaner များကို ဖြန့်ဖြူးလျက်ရှိပါတယ် . . .

👉 Acid Wheel Cleaner ရဲ့ အသုံးပြုပုံ အသေးစိတ်နဲ့ အခြားသော အချက်အလက်များကို
ဒီလင့်ခ်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် . . .
https://www.facebook.com/.../a.129104112.../352178263091236/ 👈

🌟 Acid Free Wheel Cleaner တွင် Acid ပါဝင်မှုမရှိတဲ့အတွက်
Painted or Lacquered Wheel များအတွက် ဆေးသားထိခိုက်မှုမရှိဘဲ အညစ်အကြေးများကို ပြောင်စင်စေပါသည် . . .

လွယ်ကူတဲ့ အသုံးပြုပုံလေးကို ကြည့်လိုက်ကြရအောင် .

🌟 ဆေးရည် တစ်ဆ ရေ သုံးဆရောနှော၍ Spray ဗူးဖြင့် ထည့်ကာ ဘီးအောက်ခြေမှ ဘေးတိုက်အနေအထားဖြင့် အပေါ်ဘက်သို့တိုးပြီး ဖြန်းပေးရပါမယ် . . .
🌟Reaction Time 2 မိနစ် 3 မိနစ်ခန့်ထားပါ။ ဘီးပေါ်တွင် ဆေးရည်များ မခြောက်သွေ့သွားစေရန် သတိပြုပါ ။
🌟 ပိုမိုကောင်းမွန်သော ရလဒ်အတွက် ဘီးနှင့် Alloy များကို Autoglym Wheel Brush သို့ Sponge ဖြင့် ပွတ်တိုက်ပြီး အပြီးသတ် ရေဖြင့်ဆေးကြောပါ။

🚫 သတိပြုရန် 🚫

📌 အညစ်အကြေးထူထပ်များပြားပါက ရေဖြင့်မရောနှောပဲ ဆေးရည်သီးသန့် အသုံးပြုရပါမည်။
📌 Chrome or Split Rims သို့မဟုတ် unlacquered surface များပေါ်သို့ အသုံးပြု၍ မရနိုင်ပါ။
📌 ကားစက်သတ်ပြီးခါစ အပူရှိန်ရှိနေသည့် ဘီးပေါ်သို့ အသုံးပြု၍ မရနိုင်ပါ။
✨ ဒီလိုဆိုရင်တော့ ကားဘီးလေးကို ဆေးသားထိခိုက်မှုမရှိဘဲ အသစ်အတိုင်း သန့်ရှင်းသွားစေဖို့
Autoglym ရဲ့ AcidFree Wheel Cleaner လေး သုံးလိုက်ကြရအောင် . . .☺️

🇬🇧 Car Spa တွေအတွက် professional Series - 5 လီတာ ပုံးကြီး ထွက်ရှိထားပါတယ် . . .
Product အကြောင်း သိချင်ရင်ပဲဖြစ်ဖြစ် ကား spa တွေ အတွက် လက်ကားဈေး သိချင်ရင်ပဲ ဖြစ်ဖြစ်
ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် . . .📲

🇬🇧 For Products Enquiry & Wholesale Please call
☎️ 09977933310 / 01579115
Authorized Distributed by Amici Myanmar 🇲🇲

ဒီတစ်ပတ်မှာတော့ အားလုံးပဲ အပျင်းပြေသွားရအောင်gaming section လေး ထည့်သွင်းထားပါတယ် . . .ဘယ်သူမျက်စိအလျင်ဆုံးလဲ ဆိုတာ စမ်း...
23/05/2022

ဒီတစ်ပတ်မှာတော့ အားလုံးပဲ အပျင်းပြေသွားရအောင်
gaming section လေး ထည့်သွင်းထားပါတယ် . . .

ဘယ်သူမျက်စိအလျင်ဆုံးလဲ ဆိုတာ စမ်းသပ်ပါမယ်နော်👀
ပုံထဲမှာ Autoglym DIY ဗူးလေးတွေ ဘယ်နဗူးရှိလဲဆိုတာ ရှာကြည့်ပေးသွားပါဦး . . .

20/05/2022

Tar & Adhesive အသုံးပြုပုံလေး မေးထားတဲ့ ကာကာတို့အတွက် video file လေးနဲ့ လေ့လာလို့ရပါတယ်နော် . . .

👇👇အသုံးပြုပုံလေးကို ကြည့်လိုက်ရအောင်👇

🇬🇧 ကားရဲ့ အပြင်ဘက်ဆေးသားပေါ်မှာရှိနေတဲ့ ကတ္တရာစီးကို ဖယ်ရှားဖို့အတွက် အသုံးပြုမယ်ဆိုရင် . . .
🔸ပထမဦးဆုံး ဆေးဘူးကို ကောင်းစွာလှုပ်ခါပြီး ကတ္တရာစီးများပေနေသော နေရာပေါ်သို့ trigger spray ဖြင့် ဖြန်းပါ ။
🔸 ကတ္တရာစီးများ အရည်ပျော်ကျသွားသည့်တိုင် အများဆုံး ငါးမိနစ်ခန့်အထိ ထားပြီး Autoglym Microfibre Cloth ဖြင့် အညစ်အကြေးများပြောင်စင်သွားအောင် ပွတ်တိုက်ပါ ။

🇬🇧 ကားအတွင်းဘက်မှာ အသုံးပြုမယ်ဆိုရင်

🔸 ပထမဦးဆုံး ဆေးဘူးကို ကောင်းစွာလှုပ်ခါပြီး trigger spray ဖြင့် အဝတ်စပေါ်သို့ဖြန်းပါ။
🔸 ထိုဖြန်းထားသော အဝတ်စဖြင့် စေးကပ်သော အညစ်အကြေးပေါ်သို့ ခေတ္တအုပ်ထားပါ။
🔸 ထို့နောက် အညစ်အကြေးများကို အလွယ်တကူ ခွါယူပြီး ရှင်းလင်းပါ။
🇬🇧 Car Spa တွေအတွက် professional Series - 5 လီတာ ပုံးကြီး ထွက်ရှိထားပါတယ် . . .
Product အကြောင်း သိချင်ရင်ပဲဖြစ်ဖြစ် ကား spa တွေ အတွက် လက်ကားဈေး သိချင်ရင်ပဲ ဖြစ်ဖြစ်
ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် . . .📲

For Products Enquiry & Wholesale Please call
☎️ 09977933310 / 01579115
Authorized Distributed by Amici Myanmar 🇲🇲


&AdhesiveRemover

18/05/2022

☀️☀️နေပူပူမှာ လမ်းမထက်က ကတ္တရာစီးတွေက အနဲနဲ့ အများ အရည်ပျော်နေတတ်ပါတယ် . . .

ဒါမှမဟုတ် ခင်းကာစ ကတ္တရာလမ်းမတွေဘေးက ဖြတ်သန်း မောင်းနှင်တဲ့အခါမှာ မောင်းနှင်တဲ့အရှိန်ကြောင့်
ဘီးအနားပတ်ပတ်လည်နဲ့ ကားအောက်ပိုင်းဆေးသားတွေပေါ်မှာ ကတ္တရာစီး အစက်အပြောက်တွေ ထင်ကျန်နေတတ်ပါတယ် . . .❌❌

🇬🇧 ဒါတွေကို သန့်ရှင်းရေး လုပ်မယ်လို့ စဉ်းစားနေတယ်ဆိုရင်တော့
Autoglym မှ ထုတ်လုပ်ထားတဲ့ Tar & Adhesive Remover ရှိလို့နေပါပြီ . . . 👍👍

🇬🇧 စီးကပ်တဲ့အရာတွေနဲ့ ကတ္တရာ အစက်အပြောက်များအတွက် သီးသန့် ထုတ်လုပ်ထားတာဖြစ်လို့
ကားဆေးသားများကို ထိခိုက်မှုမရှိဘဲ ဝယ်ခါစကလို သန့်ရှင်းတဲ့ အသွင်အပြင်ကို ပြန်လည်ရရှိစေနိုင်ပါတယ် . . . 👍👍

🇬🇧 ဘယ်လိုအညစ်အကြေးတွေကို သန့်စင်ဖို့အတွက် သုံးနိုင်လည်းဆိုတော့

🛢️🛢️ကတ္တရာစီး ၊ အမဲဆီ ၊ မှင်အမှတ်အသားများ ၊ ဖယောင်းနဲ့ စေးကပ်တဲ့အရာတွေကို ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ် . . .
ကားရဲ့ အပြင်ဘက်တင်မဟုတ်ဘဲ အတွင်းဘက်တွေမှာလည်း စေးကပ်တဲ့အရာတွေ (ဥပမာ ပီကေ) ကပ်ညှိနေတဲ့အခါ
အသုံးပြုနိုင်ပါသေးတယ်နော် . . .

🇬🇧 ကားတစ်စီးရဲ့ ဘယ်လို အစိတ်အပိုင်းတွေပေါ်မှာ အသုံးပြုနိုင်လဲ ??
🚘🚘ကားရဲ့ဆေးသားတွေပေါ်မှာရှိတဲ့အညစ်အကြေးတွေပေါ်ကို တိုက်ရိုက်အသုံးပြုနိုင်ပြီး
ကားအတွင်းပိုင်းမှာ အသုံးပြုထားတဲ့ leather , suede နဲ့ alcantara စတဲ့ အသားတွေပေါ်မှာတော့ အသုံးပြုလို့မရနိုင်ပါ . . .
✅လွယ်ကူတဲ့ အသုံးပြုကြောင့် Car Spa များတင်မကဘဲ မိမိကိုယ်တိုင်လည်း အိမ်မှာ အသုံးပြုနိုင်ပါတယ် . . .✅

Product အကြောင်း သိချင်ရင်ပဲဖြစ်ဖြစ် ကား spa တွေ အတွက် လက်ကားဈေး သိချင်ရင်ပဲ ဖြစ်ဖြစ်
ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် . . .📲
For Products Enquiry & Wholesale Please call
☎️ 09977933310 / 01579115
Authorized Distributed by Amici Myanmar 🇲🇲


&AdhesiveRemover

မိုးရာသီရောက်တော့မှာဆိုတော့ ကော်ဖီတစ်ခွက်နဲ့ feel ဖို့စဉ်းစားနေသူလေးတွေရှိလား ?ကော်ဖီပူပူလေးသောက်ပြီးရင်တော့ exercise လေ...
16/05/2022

မိုးရာသီရောက်တော့မှာဆိုတော့ ကော်ဖီတစ်ခွက်နဲ့ feel ဖို့စဉ်းစားနေသူလေးတွေရှိလား ?

ကော်ဖီပူပူလေးသောက်ပြီးရင်တော့ exercise လေး လုပ်လိုက်ကြရအောင် . . .

မိုးတွင်းမှာ သင့်ရဲ့ကားလေးအတွက် ပုံမှန် ပြုလုပ်ပေးရမယ့် အချက် (5) ချက်ကို ပြောပြပေးချင်ပါတယ်နော် . . .

1. ကားကို ပုံမှန် ဆေးပါ . . .

မိုးရေနဲ့ ထိတွေ့တာကြောင့် ကား ထပ်ဆေးပေးဖို့ မလိုဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ် ။ မိုးရေနဲ့ ထိတွေ့ထားတဲ့ ကားတွေကို ပြန်မဆေးဘဲ ထားမိရင် ကားဆေးသားတွေနဲ့ Chrome တွေပေါ်ကို အက်စစ်ဓါတ်တွေ တင်ကျန်နေနိုင်ပြီးဆိုးကျိုးတွေဖြစ်လာနိုင်ပါစေတယ်နော် . . . သင့်ရဲ့ကား လေးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တဲ့ အချက်ကတော့ မှန်ကန်တဲ့စောင့်ရှောက်မှုတွေနဲ့ ပုံမှန် care လုပ်ပေးဖို့ပဲ ဖြစ်ပါတယ် ။ ကားကိုမဆေးကြောမီမှာ ငှက်ချေးလိုမျိုး မာပြီးကပ်ငြိနေတဲ့ အစွန်းအထင်းတွေကို ရေများများသုံးပြီး microfibre အဝတ်စနဲ့ ပွတ်တိုက်ဆေးကြောပေးရပါမယ်။ နောက်တစ်ချက်ကတော့ နူးညံ့တဲ့ ရေမြုပ်ကိုသုံးပြီးတော့ မော်တော်ယာဉ်အပေါ်ပိုင်းကနေစလို့ အောက်ဘက်ကို ပွတ်တိုက်ဆေးကြောပေးဖို့လိုအပ်ပါတယ်။ ကားဆေးတဲ့အချိန် အသုံးပြုမယ့် product တွေကတော့ solvent free cleaning products တွေဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ တကယ်လို့ အဆင့်ဆင့်ကားဆေးဖို့ အချိန်မရှိဘူးဆိုရင်တော့ မိုးရေ ထိတွေ့ထားတဲ့ ကားကို ရေပိုက်နဲ့ ဖြန်းပြီးဆေးပေးခြင်းကလည်း မိုးရေမှာပါလာတဲ့အက်စစ်ဓါတ်ကို ပျက်ပြယ်စေနိုင်ဖို့အတော်အသင့် ကူညီပေးနိုင်ပါလိမ့်မယ်နော် . . .

2.ကားမောင်းနှင်ရာမှာ အန္တရာယ်ကင်းနိုင်ဖို့အတွက် ကားဘီးတွေကို ထိန်းသိမ်းပါ . .
မိုးရာသီကာလတွေမှာ သင့်ရဲ့ ကားဘီးတွေကလည်း ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေဖို့လိုအပ်လှပါတယ် ။ လမ်းမျက်နှာပြင်အနေအထားတွေ ၊ ကားမောင်းနှင်နေတဲ့ အရှိန်တွေ ၊ တာယာပေါ်မှာရှိတဲ့အရစ်အနေအထားတွေပေါ်မူတည်ပြီး စိုစွတ်တဲ့ လမ်းမတွေပေါ်မောင်းနှင်တဲ့အခါ လမ်းချော်တာတွေဖြစ်လေ့ရှိပါတယ်။ ဒီလိုဆိုးဝါးတဲ့အခြေအနေတွေ ဖြစ်မလာစေဖို့က သင့်တာယာအရစ်ပြုန်း / မပြုန်းကိုလည်း ပုံမှန်စစ်ဆေးပေးနေရပါမယ်။

3.လေကာမှန်မှာ Wiper ကောင်းကောင်းကို တပ်ဆင်ရပါမယ်. . .

မိုးရာသီမှာတော့ wiper လေးတွေက အလုပ်လုပ်ရဆုံးလေးတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သင့်ကားရဲ့ wiper blades တွေ washer fluid ရဲ့ အကြိမ်ရေတွေကို ပုံမှန် စစ်ဆေးပေးဖို့ လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုက မှန်နဲ့ wiper ရဲ့ ပွတ်တိုက်တဲ့အသံကိုလည်း ဂရုတစိုက် နားထောင်ပေးဖို့လိုအပ်ပါတယ်။ အသံပြောင်းလာပြီ ဒါမှမဟုတ် ပုံမှန် အသံမဟုတ်တော့ဘူးဆိုရင်တော့ အသစ်တစ်ခုလဲလှယ်ဖို့ လိုအပ်လာပြီပဲဖြစ်ပါတယ်။ မိုးရွာနေတဲ့အချိန် အန္တရာယ်ကင်းစေဖို့ Wiper ရဲ့ အစိတ်အပိုင်းအားလုံးက မြင်ကွင်းရှင်းလင်းစေရန် လုပ်ဆောင်ပေးဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ ခြောက်လအတွင်းမှာ သင့်ရဲ့ wiper လေးဟာ လေကာမှန်ပေါ် ပျှမ်းမျှအားဖြင့် 800km ခန့်ရွေ့လျားရတယ်ဆိုတာ သင်သိပါသလား ?

4. သင့်ကားရဲ့ ရှေ့မီး နောက်မီးကို စစ်ဆေးပါ . . .

မိုးရာသီမှာ သင့်ကားရဲ့ မီးပိုင်းဆိုင်ရာကလည်း အရေးကြီးတဲ့ အပိုင်းမှာ ပါဝင်ပါတယ်နော်။ ညပိုင်းတွေမှာ ဒါမှမဟုတ် နေ့ခင်းဘက်ဆိုလည်း မိုးမှောင်တဲ့ အချိန်တွေမှာ အလင်းပေးဖို့သာမက အခြားသော လမ်းပေါ်မှာ ရှိနေသူတွေက သင့်ရှိနေတဲ့ နေရာအနေအထားကို ရှင်းရှင်းလင်းလင်းညွှန်ပြဖို့အတွက်လည်း ကားမီးတွေက အရေးပါပါတယ်။ Driving safety ဖြစ်ဖို့အတွက်ဆိုရင် မှောင်နေချိန်မှာ ကားရှေ့မီး ၊ နောက်မီးတွေကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။ မီးကြီးထွန်းတဲ့ နေရာမှာလည်း ကိုယ့်မြင်ကွင်းမှာ လင်းထိန်နေသော်လည်း အခြားလူများ ၊ အခြားသော မောင်းနှင်သူများ မျက်စိ မစူးတဲ့ အမျိုးအစားဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်နော်။ စိုထိုင်းမှုများတဲ့ ရာသီတွေမှာဆိုရင် ကားအတွင်းနဲ့အပြင်ရဲ့ အပူချိန်ကွာခြားချက်ကြောင့် ကားမီးလုံးမှန်တွေမှာ မြူခိုးလိုရေငွေ့ရိုက်နေတာကို သင်တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ မီးကိုခဏဆက်ဖွင့်ထားလိုက်ပါ။ မကြာခင်မှာ ရေငွေ့ရိုက်တာတွေကင်းစင်သွားနိုင်မှာပါ။

5.မှန်ကန်တဲ့ accessories တွေသုံးခြင်းအားဖြင့် သင့်ကားကို ရာသီဥတုဒဏ်ခံနိုင်ပါစေ . . .

ကားမီးဆံတွေလဲသင့်နေပြီလို့ သင်တွေးနေပါသလား ?
အမှန်တကယ် effective ဖြစ်တဲ့ Car care product ကောင်းကောင်းသုံးချင်လို့ရှာနေပါသလား ?

Amici Myanmar ကနေ လူကြီးမင်းတို့ရဲ့ ကားနဲ့ပတ်သတ်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့
Philips Automotive Lighting
Autoglym Car Care Products များကို တင်သွင်း ဖြန့်ဖြူးထားပါတယ်။

ကဲ . . . အခုဆိုရင် မိုးရာသီမှာ ထိခိုက်လွယ်တဲ့ ကားအစိတ်အပိုင်းလေးတွေအကြောင်းကို သိသွားရုံသာမက သူတို့ကို ဘယ်လို Maintain လုပ်မလဲ ဘယ်အချက်လေးတွေကို သတိထားသင့်သလဲဆိုတာ သိသွားလောက်ပါပြီနော် ။

ဒီအချက်လေးတွေက ရေရှည်မှာ သင့်ကားအတွက် သင့်ရဲ့ အချိန်နဲ့ငွေကို ခြွေတာနိုင်ရုံသာမက သင်နဲ့အတူ လိုက်ပါစီးနင်းသူများကိုလည်း ဘေးကင်းလုံခြုံစေမှာပဲ ဖြစ်ပါတယ်။

အခုပြောပြေပေးခဲ့တာကတော့ မိုးရာသီနဲ့ ပတ်သတ်တဲ့ ကားပိုင်းဆိုင်ရာ ဗဟုသုတလေးတွေဖြစ်ပြီး အကျိုးရှိတယ်ဆိုရင် Like & Share လေး လုပ်သွားပေးပါဦးနော်။


🙏 ကဆုန်လပြည့်နေ့  🙏
14/05/2022

🙏 ကဆုန်လပြည့်နေ့ 🙏

ကိုယ့်ရဲ့ကားလေးကိုCare ဖို့ Autogylm 🇬🇧 ရဲ့𝐒𝐮𝐩𝐞𝐫 𝐑𝐞𝐬𝐢𝐧 𝐏𝐨𝐥𝐢𝐬𝐡 လေးကိုသတိရလိုက်ပါနော် 💯 % 🇬🇧🇬🇧 နေဒဏ် ၊ လေဒဏ်တွေကြား ကားဆေး...
13/05/2022

ကိုယ့်ရဲ့ကားလေးကိုCare ဖို့ Autogylm 🇬🇧 ရဲ့𝐒𝐮𝐩𝐞𝐫 𝐑𝐞𝐬𝐢𝐧 𝐏𝐨𝐥𝐢𝐬𝐡 လေးကိုသတိရလိုက်ပါနော် 💯 % 🇬🇧

🇬🇧 နေဒဏ် ၊ လေဒဏ်တွေကြား ကားဆေးသားတွေ မှိန်သွားမှာ စိုးရိမ်နေရင်ကိုယ့်ရဲ့ ကားကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ ရေဆေးတာတစ်မျိုးတည်းနဲ့တော့ ပြီးမသွားသင့်ပါဘူးနော် . .

🇬🇧 ကားရဲ့ဆေးသားတွေအတွက် ရာသီဥတုဒဏ်တွေအပြင် ဖုန်ဒဏ်တွေကနေ တိုက်ရိုက်ထိတွေ့မှုမရှိနိုင်အောင်
🇬🇧 ကားဆေးသားတွေ အရောင်ကျမသွားရလေအောင် ကားရေဆေးပြီးတိုင်းမှာ 𝐒𝐮𝐩𝐞𝐫 𝐑𝐞𝐬𝐢𝐧 𝐏𝐨𝐥𝐢𝐬𝐡 လေး သုံးထားပေးဖို့တော့ လိုမယ်နော် . . .

အသုံးပြုပုံလေးကို ကြည့်လိုက်ကြရအောင် . . .
✴ ပထမဦးဆုံးအနေနဲ့ အသုံးမပြုခင်မှာ ဗူးကို ကောင်းစွာ လှုပ်ခါပေးပါ.
✴ ကားရေဆေးပြီးပြီးချင်းအနေအထားမှာ Super Resin Polish လေးကို ထည့်ပြီး car body ပေါ်ကို စက်ဝိုင်းပုံသဏ္ဍန်အနှံ့ ပွတ်တိုက်ပေးပါ။
✴ ပြီးရင်တော့ ခြောက်သွေ့နူးညံ့တဲ့ အဝတ်စနဲ့ ပြန်ပြီးပွတ်တိုက်ပေးလိုက်ရုံပါပဲ . . .
အသုံးပြုရလွယ်ကူပြီး ကုန်ကျစရိတ်သက်သာတဲ့ Product များစွာ Autoglym မှာရှိနေတာမို့ Page လေးကို like လုပ်ထားလိုက်ပါဦးနော်

🇬🇧 For Products Enquiry & Wholesale Please call
☎️ 09977933310
Authorized Distributed by Amici Myanmar 🇲🇲




UK 🇬🇧 Professional Car Care products are now available in Myanmar 🇲🇲 💯

11/05/2022

ကိုယ့်ရဲ့ကားလေးကိုCare ဖို့ Autogylm 🇬🇧 ရဲ့𝐒𝐮𝐩𝐞𝐫 𝐑𝐞𝐬𝐢𝐧 𝐏𝐨𝐥𝐢𝐬𝐡 လေးကိုသတိရလိုက်ပါနော် 💯 % 🇬🇧

🇬🇧 For Products Enquiry & Wholesale Please call
☎️ 09977933310
Authorized Distributed by Amici Myanmar 🇲🇲




UK 🇬🇧 Professional Car Care products are now available in Myanmar 🇲🇲 💯

ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကို ဂုဏ်ပြုအပ်ပါသည်။🌷🌷🌷
08/05/2022

ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကို ဂုဏ်ပြုအပ်ပါသည်။🌷🌷🌷

🇬🇧  Car spa များအတွက် professional series လေးလာပါပြီ . . .အသစ်အသစ်တွေနဲ့ 𝐀𝐮𝐭𝐨𝐠𝐥𝐲𝐦 က ဒီတစ်ခါမှာတော့ ဆိုင်သမားတွေအတွက် 5 လ...
06/05/2022

🇬🇧 Car spa များအတွက် professional series လေးလာပါပြီ . . .

အသစ်အသစ်တွေနဲ့ 𝐀𝐮𝐭𝐨𝐠𝐥𝐲𝐦 က ဒီတစ်ခါမှာတော့ ဆိုင်သမားတွေအတွက် 5 လီတာ ပုံးကြီးများ ထပ်ရောက်ပါပြီနော် . .
🇬🇧 ဒီနေ့ မိတ်ဆက်ပေးချင်တဲ့ product လေးကတော့ 𝐄𝐱𝐩𝐫𝐞𝐬𝐬 𝐖𝐚𝐱 ပဲ ဖြစ်ပါတယ် . . .

🇬🇧 ဘယ်နေရာတွေမှာအသုံးပြုနိုင်လဲဆိုတော့

❤ ကားဆေးသား ၊ ရာဘာ ၊ ဘီး ၊ မှန် ၊ ပလတ်စတစ် ၊ ကာဗွန်ဖိုင်ဘာ စတဲ့ကားတစ်စီးလုံးရဲ့ အစိတ်အပိုင်းတွေ ပေါ်ကို အသုံးပြုနိုင်ပါတယ် . . . ❤

🇬🇧 ဘာအတွက် ကောင်းတာလဲဆိုတော့

❤ ဒီ 𝐄𝐱𝐩𝐫𝐞𝐬𝐬 𝐖𝐚𝐱 ဟာ ဖယောင်းဆီ တစ်မျိုးဖြစ်လို့ ပြင်ပ နေဒဏ် လေဒဏ်နဲ့ အညစ်အကြေးတွေ ကားပေါ်ကို ထိတွေ့ စွန်းထင်ခဲ့မယ်ဆိုရင်တောင် တိုက်ရိုက် မထိတွေ့စေရအောင် အလွှာပါး တစ်ခုအနေနဲ့ ကာကွယ်ပေးပါတယ် . . ❤

🇬🇧 ကားဆေးသားတွေပေါ်မှာ အသုံးပြုမယ်ဆိုရင် ဆေးသားများကို ပိုမိုတောက်ပြောင်စေပြီး ရေတင်တဲ့အခါမှာလည်း ဆေးသားအပေါ်ကို တိုက်ရိုက်ထိတွေ့စေမှာမဟုတ်လို့ ရေဂျိုးရေကွက်ဖြစ်ခြင်းများမှ အကောင်းဆုံး ကာကွယ်ပေးပါတယ် . . .
ကားရေဆေးပြီးတဲ့အခါတိုင်းမှာ အသုံးပြုနိုင်ပါတယ် . . .

❤ အသုံးပြုပုံလေးကို ကြည့်လိုက်ကြရအောင် . . . ❤
(၁) ပထမဆုံး ပုံမှန် ရေဆေးနေကြအတိုင်း ကားကို ဆေးပါ. . . သန့်စင်ပြီးသွားသော ကား ဘော်ဒီပေါ်သို့ (ရေမခြောက်ခင်အနေအထား) Express Wax ကို Spray ဖြင့်ဖြန်းပါ ။
(၂) Microfibre အဝတ်စဖြင့် ဆေးရည်များ ပြန့်သွားစေရန် ပထမတစ်ကြိမ် ပွတ်တိုက်ပါ .
(၃) ထို့နောက် Microfibre အဝတ်စအခြောက်ဖြင့် ဒုတိယတစ်ကြိမ် အပြီးသတ်ပွတ်တိုက်ပါ ။
အသုံးပြုရလည်း လွယ်ကူပြီး ရလဒ်ကောင်းတွေလည်း ရနိုင်တဲ့ Express Wax
လေးကို အခုပဲ သုံးလိုက်ကြစို့နော် . . .
For Products Enquiry & Wholesale Please call
☎️ 09977933310 / 01579115
Authorized Distributed by Amici Myanmar 🇲🇲




Address

No. 71, Lay Daung Kan Road, Lay Daung Kan Quarter, Thingengyun Township
Yangon
11071

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+951579115

Alerts

Be the first to know and let us send you an email when Autoglym Amici Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share