TONE TONE Online Shop

TONE TONE Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TONE TONE Online Shop, Cosmetics Store, Maharbandoola Street, Yangon.

ဗာဒံစေ့ ကပေးတဲ့ ကျန်းမာရေးငယ်ငယ်က သူငယ်ချင်းတွေစုမိတိုင်း မောင်နှမတွေစုမိတိုင်း ဗာဒံပင်တွေအောက်မှာ ဗာဒံသီးတွေကောက်လို့ တ...
15/09/2023

ဗာဒံစေ့ ကပေးတဲ့ ကျန်းမာရေး

ငယ်ငယ်က သူငယ်ချင်းတွေစုမိတိုင်း မောင်နှမတွေစုမိတိုင်း ဗာဒံပင်တွေအောက်မှာ ဗာဒံသီးတွေကောက်လို့ တူတွေ၊ အုတ်ခဲတွေသုံးလို့ ထုပြီး အရသာရှိရှိစားခဲ့ဖူးတယ်ဟုတ်။ ဆိမ့်ဆိမ့်လေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။ ဗာဒံသီးကအရည်တွေစဉ်ရင် အဝတ်အစားတွေ ပေမှာစိုးလို့ဆိုပြီး စိုးရိမ်လိုက်ရတာလည်း အမောနော်။ ကလေးတုန်းက အပျင်းလည်းပြေ စားလို့ကောင်းအထဲကအဆန်ကိုလို့ဆိုပြီး စားခဲ့တဲ့ ဗာဒံစေ့ လေးတွေက ကျန်းမာရေးအတွက်တော်တော်လေး အထောက်အကူပြုပါတယ်။

ဗာဒံစေ့
ဗာဒံစေ့က သိပ်ထွေထွေထူးထူးပြောစရာမလိုအောင် လူတိုင်းသိပြီးဖြစ်မှာပါ။ အညိုရောင်ခပ်ဖျော့ဖျော့အဆန်လေး အတွင်းမှာ အဖြူရောင်နှစ်နှစ်လေးနဲ့ ဝါးလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတာအမှန်ပါ။ နို့ထဲစိမ်စားရင်လည်း စားလို့ကောင်းပါတယ်။

ဗာဒံစေ့ ကပေးတဲ့ ကျန်းမာရေး
ဝါးလိုက်တိုင်း ကြွပ်ကြွပ်ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ ဗာဒံစေ့လေးက

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

ဗာဒံစေံမျာ အဆီပါဝင်မှုရှိပြီး ဒီအဆီက ဝမ်းဗိုက်ပိုင်းမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်ကဗာဒံစေ့မှာ linoleic အက်ဆစ် နဲ့ linolenic အက်ဆစ်တို့လိုမျိုး အကျိုးပြု fatty acid တွေပါဝင်နေတာကလည်း ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ Fatty acid က သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး ဆံသား နဲ့ အသားအရေကို ကျန်းမာစေနိုင်ပါသေးတယ်။

ကိုယ်ဝန်ဆောင်လေဒီတွေ အတွက်သင့်တော်တယ်

ဗာဒံစေ့မှာ ဖောလစ်အက်ဆစ်ပါဝင်နေတာကြောင့် ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါလိုအပ်တဲ့ ဖောလစ်အက်ဆစ်ရရှိစေပြီး ကျန်းမာစေဖို့ဆိုရင် ဗာဒံစေ့စားပေးလို့ရပါတယ်။

ဝိတ်ကျ စေနိုင်တယ်

ဗာဒံစေ့က စိတ်ကျေနပ်မှုရစေပြီး ခဏခဏစားချင်စိတ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုက အဆာခံနိုင်စေပြီး အစာခြေစနစ် နဲ့ အူမကြီးကို ကျန်းမာစေနိုင်ပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားသုံးပေးတာက ဝမ်းမှန်စေနိုင်ပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်မှာပါ။

အရိုး ကျန်းမာစေနိုင်တယ်

ဗာဒံစေ့မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ phosphorus၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ Phosphorus ကအရိုးတွေဖြစ်ပေါ်စေဖို့ နဲ့ ခန္ဓာကိုယ်က တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားသုံးပေးတာက အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

လေ့လာမှုတွေအရ ဗာဒံစေ့မှာ ဇင့် နဲ့ မဂ္ဂနိ့တို့လိုမျိုး ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ကျန်းမာချင်သူတိုင်း စားပေးသင့်ပါတယ်။

ဦးနှောက် စွမ်းဆောင်ရည်ကောင်းစေတယ်

ဗာဒံစေ့မှာ ဦးနှောက်ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗာဒံစေ့မှာ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့ အရေးပါတဲ့ L-carnitine နဲ့ riboflavin တို့လိုမျိုး အာဟာရဓာတ်တွေပါဝင်နေသလို အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ အာရုံကြောစနစ် ကျန်းမာပြီး ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ဆိုရင် ဗာဒံစေ့စားပေးလို့ရပါတယ်။
ဝမ်းမှန်စေနိုင်တယ်

ဗာဒံစေ့မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဗာဒံစေ့စားပြီပြီးချင်း ရေသောက်ချလိုက်မယ်ဆိုရင် အစာခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားမှုဖြစ်စေနိုင်မှာပါ။ ဒါကြောင့် အစာခြေစနစ်ကျန်းမာပြီး ဝမ်းမှန်စေဖို့ဆိုရင် တစ်နေ့ကို ဗာဒံစေ့ ၄ စေ့ကနေ ၅စေ့လောက်အထိ စားပေးပါ။

သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်

ဗာဒံစေ့မှာ ပိုတက်ဆီယမ်ပါဝင်မှုက သွေးပေါင်ချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ နောက်တစ်ခုက ဗာဒံစေ့မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေ ပြည့်ဝစွာပါဝင်နေတာပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင်စားသုံးမှုက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေနိုင်သလို သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေမှာပါ။

ဗာဒံစေ့က အင်ဆူလင်ထွက်ရှိမှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်တာမျိုးမဖြစ်အောင် မဖြစ်အောင် အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိနိုင်စေဖို့ စားပေးသင့်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

ဗာဒံစေ့မှာ monounsaturated fat၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ဒါတွေအပြင် ဗာဒံစေ့မှာ မဂ္ဂနီဆီယမ်ပါဝင်နေတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် E ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပါတယ်။ ဖောလစ်အက်ဆစ်ကြွယ်ဝမှုကအစာခြေစနစ်ကိုကျန်းမာစေပြီး သွေးကြောတွေထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်တယ်ဆိုရင် ဗာဒံစေ့ပုံမှန်စားပေးသင့်ပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ်

ဗာဒံစေံပုံမှန်စားသုံးပေးတာက ဝမ်းမှန်စေတာကြောင့် အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် လေဒီတော်တော်များများမှာ ခံစားရတဲ့ ရင်သားကင်ဆာမဖြစ်စေဖို့အတွက် စားသုံးလို့ရပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ ဗာဒံစေ့က ကင်ဆာရောဂါတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
Crd to မြန်မာ့ဆေး

ပုဇွန်ငရုတ်သီးစိမ်းငါးပိချက်ပါရှင်ပုဇွန်ကိုအခွံခွာထားပါငရုတ်သီးစိမ်းကြမ်းကြမ်းလှီးထားပါငါးပိရည်ကြိုထားပါကြက်သွန်ဖြူနီထော...
20/08/2023

ပုဇွန်ငရုတ်သီးစိမ်းငါးပိချက်ပါရှင်
ပုဇွန်ကိုအခွံခွာထားပါငရုတ်သီးစိမ်းကြမ်းကြမ်းလှီးထားပါ

ငါးပိရည်ကြိုထားပါကြက်သွန်ဖြူနီထောင်းထားပါဆီအိုးထဲမှာဆီအနည်းငယ်ထည့်ပါ

ဆီပူလာရင်ကြက်သွန်ဖြူနီထောင်းထားတာထည့်ပါပုဇွန်ထည့်ပါနနွင်းထည့်ပါငရုတ်သီးစိမ်းထည့်ပြီးမွှေးလာရင်ငါးပိရည်ကြိုထားတာအရည်စစ်ထည့်ပါ

အပေါ့အငန်စိတ်ကြိုက်ထည့်ပြီးနံနံပင်လေးအုပ်ပြီးရင်တော့ပုဇွန်ငါးပိချက်စပ်စပ်လေးရပါင်္ပြီရှင်🌶🌶🌶
#စားဖွယ်စုံ ချက်နည်း....
Credit : Kyi Kyi Ppk

မင်္ဂလာညချမ်းလေးပါ ချစ်သူငယ်ချင်းတို့ရေ🫰🫰🫰
14/08/2023

မင်္ဂလာညချမ်းလေးပါ ချစ်သူငယ်ချင်းတို့ရေ🫰🫰🫰

10/08/2023
💥💥  #သဘာဝသွေးကြည်သွေးသန့်ဆေးဖြစ်တဲ့ နနွင်းရဲ့ဆေးဖက်ဝင်ပုံ💥💥 #နနွင်းမှာပါဝင်တဲ့ curcumin ဓါတ်ဟာ သွေးတွင်းသကြားဓါတ်ပမာဏကို...
07/08/2023

💥💥 #သဘာဝသွေးကြည်သွေးသန့်ဆေးဖြစ်တဲ့ နနွင်းရဲ့ဆေးဖက်ဝင်ပုံ💥💥

#နနွင်းမှာပါဝင်တဲ့ curcumin ဓါတ်ဟာ သွေးတွင်းသကြားဓါတ်ပမာဏကို အလွန်အမင်းလျော့ကျဆင်းစေတာကြောင့် သွေးချိုဆီးချိုကိုကျစေနိုင်သည် ထို့ပြင် သွေးတွင်းအဆီဓာတ်လျော့ကျစေသောအာနိသင်ရှိသည်

#နနွင်းမှာ ရောင်ရမ်းခြင်းကို လျော့ပါးသက်သာစေတဲ့ curcumin ကြောင့်
အဆစ်ရောင် ရောဂါ ​သက်သာစေပြီး
နာကျင် ကိုက်ခဲ နှင့်ကြွက်သား အရိုးအဆစ် တောင့်တင်းမှုကိုပြေလျော့စေသည်

#သွေးကြောနံရံများမာကျစ်ထူထဲမှုကြောင့် သွေးကြောများတွင် သွေးကြောပိတ်ခြင်း​ဖြစ်စေသည့်
သွေးခဲမှုကိုကာကွယ်ပေးသည်

် အစာအိမ်အတွင်းနံရံမှ အစာချေအက်စစ်ထွက်မှု လျော့နည်းစေတာကြောင့် အစာအိမ်နှင့်အူသိမ်တို့၏ မျက်နှာပြင် လောင်စားမှုကိုကာကွယ်ပေးနိုင်သည်

#အသည်းမှ သည်းခြေရည်စီးဆင်းမှု များပြားစေတာကြောင့် အစားအစာ တွင်ပါဝင်သော အဆီများချေဖျက်စေနိုင်သည်

#ထိခိုက်ဒဏ်ရာအနာများအား ဆေးအုံဆေးကပ် လိမ်းပေးပါက ဘတ်တီးရီးယားပိုးဝင်ရောက်ခြင်းမှကာကွယ်ပေးပြီးအနာကျက်မြန်စေသည်

#နနွင်း သည် အရက်နှင့်အခြားသော အဆိပ်အတောက်များ ကြောင့် အသည်းပျက်စီးမှုကာကွယ်ပေးနိုင်သည်
.

#မြန်မာ ဆေးကျမ်း များအလို အရ နနွင်း သည် ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ အနည်းငယ် ရှိ၏။ ကိုယ်ရေ နွေးစေ၏။ ပူသော ဂုဏ်သတ္တိ ရှိ၏။ လေကို နိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာ မကြေရောဂါ ကို ပျောက်ကင်း စေတတ်၏။

#သွားဖုံး ရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲ ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့် ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင် နိုင် ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေး ခြင်းဖြင့် ပျောက်ကင်း စေ၏။

#နနွင်း သည် ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်၊ ဝမ်းလျှော ရောဂါ တို့ကို ပျောက်ကင်း စေ၏။

#နနွင်း ကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ ကြိမ် သောက် သော် လေထိုး လေအောင့် ရောဂါ ပျောက်၏။

#အကျိတ်နာ၊ ထိခိုက် ရှနာခြင်း၊ အတွင်းကြေ ဒဏ်ရာ ရခြင်းတို့ အတွက် နနွင်းနှင့် ထုံးကို ရောစပ် လိမ်းပေးခြင်း၊ ဒဏ်ရာ မှ သွေးထွက် လွန်ခြင်းတို့ အတွက် နနွင်းမှုန့် သိပ်ပေးခြင်း တို့ဖြင့် ပျောက်ကင်း စေနိုင်၏။

#နနွင်းကို သကြားနီ ခဲနှင့် ရောစပ်၍ ဆန်ဆေးရည် နှင့် သောက်သုံးပါက သားအိမ်တွင် ကျောက်တည်ခြင်း ပျောက်၏။

#နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည် သုံးမျိုး ရောသောက် သော် ဆီးပူ၊ ဆီးအောင့် မှစ၍ ဆီးရောဂါ အမျိုးမျိုး ပျောက်၏။

#နနွင်းဥ ကို ပါးပါးလှီး၍ နေရိပ်တွင် လှန်းပြီး ပျားရည်နှင့် တစ်ကြိမ် ၃ ပြား၊ တစ်နေ့ တစ်ကြိမ် သောက်သော် အစာအိမ် ရောဂါ ပျောက်၏။

#ကိုယ်ဝန်ဆောင် စဉ် အတွင်း ဖျားခြင်း၊ သားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ် ကျန်ခြင်း၊ သွေးမသန့် ခြင်း၊ မီးဖွားပြီး နောက် ချိနဲ့ခြင်း၊ အသား အေးခြင်း၊ သားမြတ် ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ် သွေးဖော ဖြစ်ခြင်း ၊ ယားယံ ခြင်း တို့အတွက် နနွင်းကို အမှုန့်ပြုကာ ရေနှင့်ဖျော်၍ လိမ်းပေးခြင်း၊ သောက်ပေး ခြင်း၊ မှိုင်းရှူပေးခြင်း၊ ရေနွေး နှင့် ပြုတ်၍ ရေချိုးပေး ခြင်း၊ ကြပ်ထုပ် ထိုးပေး ခြင်း တို့ဖြင့် ပျောက်ကင်းစေနိုင်၏။

#သားအိမ် မသန့် သော ရောဂါ၊ မျက်စိကိုက်၊ နှာစေး အဖျား ရောဂါတို့ အတွက်လည်း နနွင်း ကို ဆေးဖက် အဖြစ် အသုံး ပြုရ၏။

#နနွင်း ကို လက်ထုပ် ခေါက်မှုန့် နှင့် ရော၍ ရျေနှင့် ကျိုပြီး ပျားရည် သင့်ရုံ စပ်၍ သောက်ပါက သွေးအန်၊ သွေးလျှံ၊ သွေးဝမ်း ရောဂါ များ ပျောက်၏။

#နနွင်း သည် ရောဂါ အမျိုးမျိုးတို့ ကို ပယ်နိုင်၍ အသက်ရှည် စေသော ဆေးအဖြစ် ထင်ရှား၏။

#နနွင်းကို ငန်းဆေး အမျိုးမျိုး၊ မျက်စိ ဆေး အမျိုးမျိုး၊ ဒူလာ ဝမ်းရပ်ဆေး အမျိုးမျိုး၊ လိမ်းဆေး အမျိုးမျိုး၊ မှိုင်းဆေး အမျိုးမျိုး ဖော်စပ် ရာတွင် အသုံးပြု၏။

#သတိပြုရမည့်အချက်များ

#နနွင်းကို သောက်ဆေး သို့မဟုတ် အရေပြားလိမ်းဆေးအဖြစ် ၈လအထိ စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

#နနွင်းဟာ ဓမ္မတာလာခြင်းကို အားပေးပြီး သားအိမ်ကိုလှုံ့ဆော်မှုပေးတဲ့အတွက် ကိုယ်ဝန်ထိခိုက်နိုင်ချေ ရှိပါတယ်။

#သည်းခြေကျောက်တည်် သည်းခြေပြွန်ပိတ်ဆို့နေရင် နနွင်းအသုံးမပြုသင့်ပါ။

#နနွင်းဟာ သွေးခဲနှုန်းကို နှေးကွေးစေတဲ့အတွက် သွေးမတိတ်တဲ့ရောဂါ ရှိသူ
သွေးကျဲဆေး အသုံးပြု သူများ သတိပြုသုံးစွဲသင့်သည်

မင်မင့်ရဲ့ page လေးကို like လေး အသဲလေး❤️ပေးခဲ့အုံးနော်🥰🥰

သွေးလည်ပတ်အားကောင်းစေတဲ့  #ကြွက်နားရွက်မှိုသွေးကြောအတွင်းအဆီများကိုဖယ်ရှားပေးနိုင်တဲ့  #ကြွက်နားရွက်မှို💞ကြွက်နားရွက်မှိ...
05/08/2023

သွေးလည်ပတ်အားကောင်းစေတဲ့ #ကြွက်နားရွက်မှို
သွေးကြောအတွင်းအဆီများကိုဖယ်ရှားပေးနိုင်တဲ့ #ကြွက်နားရွက်မှို

💞ကြွက်နားရွက်မှိုသုပ်

#ပါဝင်ပစ္စည်း
👨‍🍳❣ကြွက်နားရွက်မှိုခြောက် ၅ကျပ်သား
👨‍🍳❣ခရမ်းချဉ်သီး ၂ လုံး
👨‍🍳❣မုံလာဥနီ
👨‍🍳❣ကြက်သွန်နီတစ်လုံး
👨‍🍳❣ပုစွန်ခြောက်ထောင်း
👨‍🍳❣မြေပဲလှော်ထောင်း
👨‍🍳❣ငရုတ်သီးလှော်မှုန့်(သို့)ငရုတ်သီးစိမ်း
👨‍🍳❣ငံပြာရည်
👨‍🍳❣ဆီချက်
👨‍🍳❣ပဲမှုန့်အကျက်
👨‍🍳❣နံနံပင်(သို့)ရှောက်ရွက်နု
👨‍🍳❣သံပုရာသီး(သို့)မန်ကျည်းမှည့်ရည်
👨‍🍳❣ဆား l ဟင်းခတ်မှုန့်..

ကုန်စုံဆိုင်တွေမှာ ကြွက်နားရွက်မှိုခြောက်ဝယ်လို့ရပါတယ်နော်...
( ၅ ကျပ်သား တစ်ထောင်ကျပ် ဝန်းကျင်... )
#၅ကျပ်သားကိုရေစိမ်လိုက်ရင်အများကြီးရပါတယ်နော်

#ပြုလုပ်နည်း

👨‍🍳❣ ကြွက်နားရွက်မှိုကို ၁၅ မိနစ်ခန့်ရေစိမ်ပါ....
ရေဆူထဲခဏပြုတ်ပါ(သို့) ရေနွေးဆူဆူဖြင့်ခဏစိမ်ပါ...

👨‍🍳❣ကြွက်နားရွက်မှို ကိုပါးပါးလှီးပါ...မုံလာဥနီ ခြစ်ပါ...ခရမ်းချဉ်သီး ပါးပါးလှီးပါ....ကြက်သွန်နီ ပါးပါး လှီးပါ...နံနံပင်(သို့)ရှောက်ရွက်နု ပါးပါးလှီးပါ....

👨‍🍳❣ ဆီချက် l ငံပြာရည် l မန်ကျည်းမှည့်ရည်(သို့)သံပုရာသီးညှစ်ထည့်ပါl ပဲမှုန့်ကျက် l
ငရုတ်သီးအလှော်မှုန့်
(သို့)ငရုတ်သီးစိမ်းlပုစွန်ခြောက် l မြေပဲလှော်ထောင်းl ဆား ဟင်းခတ်မှုန့်ထည့်ပါ...အားလုံးရောနယ်လိုက်ပါ....

အရသာရှိတဲ့ကြွက်နားရွက်မှိုသုပ်ရပါပြီနော်..

👨‍🍳❣
👨‍🍳❣

မင်္ဂလာ ညချမ်းလေးပါ ချစ်မိတ်ဆွေတို့ရေ 🙏🙏🙏
26/07/2023

မင်္ဂလာ ညချမ်းလေးပါ ချစ်မိတ်ဆွေတို့ရေ 🙏🙏🙏

ငပိရည် ထမင်းသုပ် (သို့) ညလယ်စာ- မထူးခြားပေမယ့် အရမ်းစားကောင်းတာ- အရံ၊အဆာပလာတို့ ဘာမှ မပါလဲ အရမ်းကြိုက်တာ- မြင်တာနဲ့ကို စ...
20/07/2023

ငပိရည် ထမင်းသုပ် (သို့) ညလယ်စာ

- မထူးခြားပေမယ့် အရမ်းစားကောင်းတာ
- အရံ၊အဆာပလာတို့ ဘာမှ မပါလဲ အရမ်းကြိုက်တာ
- မြင်တာနဲ့ကို စားချင်တာ
ချွင်းချက်။ ။ ငပိရည် မကြိုက်သူများ မပါပါရှင့်
ဟိုနေ့က ညီမလေးက ငပိရည်ထမင်းသုပ်လေးတင်ပါအုံးလို့
ပြောတယ်။ ငပိရည်ထမင်းသုပ်ရတာက လွယ်ပါတယ်လို့တောင် ပြောမိသေးတယ်။ ပြီးတော့မှ စားချင်စိတ်တွေ တဖွားဖွား ဖြစ်လာပြီး ငပိရည်ထကျိုမိပါရော ။ ဒါကတော့ အသံကြားတာနဲ့တင် စားချင်တာ။
ငယ်ငယ်က ညနေစာထမင်းကို ၅နာရီလောက်စောစော စားလေ့ရှိကြတော့ ညဖက် ၈ နာရီ၊ ၈ခွဲဆို လောက်ဆို ဗိုက်ဆာပါရော။ အိမ်မှာနေတဲ့ အမကြီးက အဲဒီအချိန်ဆို ငပိထမင်းသုတ်ရတာ ညတိုင်းနီးပါးပါပဲ။ ထမင်းပေါ်ကို ငပိရည်ကျဲကျဲလေးဆမ်း၊
ခရမ်းချဉ်သီးလေးတွေတုံးပြီးထည့်၊
ပုဇွန်ခြောက်မှုန့်လေးဖြူး၊
ငရုတ်သီးအလှော်မှုန့်လေးနိုင်ချင်းထည့်၊
သံပုရာရည်လေးညှစ်လို့ သေသေချာချာနယ်ပြီး
ဇလုံလေးနဲ့ထည့်ပေးရင်၊ တအိမ်လုံး တယောက်တဇွန်းစား ကုန်ပါလေရော။ နောက်ထပ်လိုက်ပွဲကလိုက်ရပြန်ပါရော။
ဟင်းချက်နည်းဆို တအိမ်ကိုတမျိုး နဲနဲချင်းဆီတော့ ကွာတတ်တာမို့ အိမ်ချက်နည်းလေး ရှယ်ပေးပါရစေနော်။
ငပိရည်ကို သေချာကျို...
အဖျော်လေးကို သေချာထောင်းလို့...
ထမင်းပေါ်မှာ ဆမ်းပြီး သေသေချာချာသုပ်တဲ့ ငပိရည်ထမင်းသုပ်ပါ။
- ငပိရည်ကျိုလေးကို နနွင်းလေးနဲ့သေချာကျို၊ ဇကာလေးနဲ့သေချာစစ်ပြီးမှ ငါးကြင်းလေးတတုံးလောက် ထည့်ပြုတ်ပါတယ်။
(ငပိရည်နဲ့ ပြုတ်ထားတဲ့ ငါးပြုတ်ကအရမ်းကောင်းတာမို့ ကြိုက်ရင် ပိုပြုတ်ပါ။ထမင်းနဲ့ ငါးပြုတ်ချည်းပဲစားလဲ ရှယ်ပါ။ )
- ကြက်သွန်ဖြူ၊နီ၊ငရုတ်သီးစိမ်းလေးကိုမွှေးပြီးနဲနဲတူးအောင် ဒယ်အိုးနဲ့လှော်ပါတယ်။ ဒီနေ့တော့ မင်းကတော် ငပိရည် အားကျလို့
ပုဇွန်လေး ၃ ကောင်တခါတည်း ထည့်လှော်ပါတယ်။
ပုဇွန်ကလွဲလို့ အားလုံးကို ရောထောင်းပါတယ်။
- ငပိရည်ထဲကို ငါးပြုတ်လေးချေထည့်၊ ကြက်သွန်ဖြူနီထောင်းရယ်၊ ငရုတ်သီးစိမ်းရယ်နဲ့ ပုဇွန်ထည့်ပြီး ဖျော်ပါတယ်။ ငရုတ်သီး အလှော်မှုန့်လေး ထပ်ထည့်ပါတယ်။ ကုလားအော်သီးရှိရင် မွှေးအောင်ထည့်လှော်ပြီး ငရုတ်သီးတောင့်လေးအတိုင်း ထည့်ပါနော်။
ငပိရည်ထမင်းသုပ်ပြီဆို -
ထမင်းပေါ်ကို ငပိရည်များများဆမ်းပါတယ်။ ဆိုင်တွေမှာရောင်းရင်
ငပိရည်သိပ်မများဘူး၊ အများစားရအောင် အနံ့ဆိုရုံ ထည့်ပေမယ့် အိမ်မှာတော့ ရွှဲရွှဲဆမ်းပါတယ်။ ခရမ်းချဉ်သီးတုံးလေးတွေထည့်တော့
အငံအရသာပြေပြီး အချဉ်ဓါတ်လေးလည်းရ၊ ဖောက်ဖောက်နဲ့ ကိုက်လို့ရပါတယ်။ အဲဒါကို ပုဇွန်ခြောက်မှုန့်နဲနဲ ထပ်ထည့်ပါမယ်။ ထမင်းထဲအရည်တွေက ပုဇွန်ခြောက်မှုန့်ထဲ ဝင်ပြီး၊ သူဆီက အချို့ဓါတ်နဲ့ ပေါင်းပြီး ထမင်းသုပ်ကို အရသာရှိစေပါတယ်နော်။ ငရုတ်သီး အလှော်မှုန့်လေးရှိရင် များများဖြူးပါ။ အရမ်းတွေတော့ စပ်ကုန်ပါပြီနော်။၊
( ဗိုက်မနာအောင် နနွင်းစစ်စစ်လေးနဲ့ ပျားရည်လေးဆောင်ထားပါ။)
နောက်ဆုံးမှ အချဉ်ကြိုက်ရင် သံပုရာသီးတစိတ်လောက်ညှစ်ပါ။ သံပုရာနံ့လေးက နောက်ဆုံးပိတ်သိမ်းပြီဆိုတော့က
စပ်ပြဲလန် ချဉ်ငန်စပ် ငပိရည်ထမင်းသုပ် အရမ်းတွေကောင်းတာမို့ အရမ်းတွေတော့ စားမိနေအုံးမှာပါ။
ငပိရည်ထမင်းက အစပ်မို့ အစပ်ဖြည်ဖို့ကို ဂေါ်ဖီပန်းပြုတ်လေး (သို့)
ဂေါ်ဖီစိမ်းပြုတ်၊ ဆလတ်ရွက်၊ ရုံးပတီသီး၊ မုန်လာဥနီလေး ကြွပ်ကြွပ်နဲ့ဆို အရမ်းလိုက်ပါပဲရှင့်။
ကြက်ဥဟတ်ဖရွိုင်လေးနဲ့လဲ လိုက်ပါတယ်နော်။ ကြက်ဥအနှစ်နဲ့ နယ်စားရင် အဆိမ့်လေး ဖြစ်ပါရောပဲနော်
အဆုံးထိဖတ်ပေးတာကျေးဇူးတင်ပါတယ်။
စားကောင်းပါစေ
ကျန်းမာချမ်းသာ အေးချမ်းပါစေ
အားလုံးပျော်ရွှင်ပါစေ...
ချစ်တဲ့
ခိုင်ဇာ


Credit ခိုင်ဇာ

အာလူးကတ်သလိတ်ကြော်နည်းလေးပါရှင်......😋😋ပါဝင်ပစ္စည်းများအာလူး            ၂၅ကျပ်သားမုန့်ကြွပ်မှုန့်       လက်ဖက်ရည် ပန်းကန...
15/07/2023

အာလူးကတ်သလိတ်ကြော်နည်းလေးပါရှင်......😋😋

ပါဝင်ပစ္စည်းများ

အာလူး ၂၅ကျပ်သား

မုန့်ကြွပ်မှုန့် လက်ဖက်ရည် ပန်းကန် တစ်လုံး

ကြိုက်နှစ်သက်ရာ အသား ၁၀သား

ကြက်သွန်နီ/ဖြူ ၊ ဆား သင့်ရုံ

ဆီ ၊ မဆလာ သင့်ရုံ

ဘဲဥအကာ သင့်ရုံ

ပြုလုပ်ပုံ

အာလူးကို ပြုတ်ပြီး ထောင်းထားပါ။ ကြိုက်နှစ်သက်ရာ အသား တစ်မျိုးမျိုးနှင့်

ကြက်သွန်ဖြူ/နီ တို့ကို စဉ်းကော၍ဆားငရုတ်ကောင်းမှုန့် ခတ်ပြီး ဆီနှင့် နည်းနည်း မွှေထားပါ။

ထောင်းပြီး အာလူးများကို အလုံးကလေးများ ပြုလုပ်ပါ။

၄င်းနောက် ဆီသတ်ထားသော အသားများ ထည့်၍ အာလူးများကို ပြန်လုံးပါ။

ပြန်လုံးပြီးသော အာလူးများအား ခေါက်ထားသော ဘဲဥ အကာရည်တွင် နှစ်ပြီး မုန့်ကြွတ်များ လူး၍ ဆီဒယ်အိုးတွင် ထည့်ကြော်ပါ။

နီရောင် သန်းလာလျှင် ချ၍ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီရှင်

အဆင်ပြေကြပါစေရှင့်
credit:all

page လေးကို like & followလေး လုပ်ပေးထားပါဦးရှင်

ပဲကြာဇံသုတ် 😋😋ပဲကြာဇံ           ၁၀ကျပ်သားအားလူး          ၃လုံး(ပြုတ်ထားပါ)ကြက်သွန်ဖြူ    ၄မွှာ(နုတ်နုတ်စင်း)ငရုတ်သီးစိမ်...
10/07/2023

ပဲကြာဇံသုတ် 😋😋

ပဲကြာဇံ ၁၀ကျပ်သား
အားလူး ၃လုံး(ပြုတ်ထားပါ)
ကြက်သွန်ဖြူ ၄မွှာ(နုတ်နုတ်စင်း)
ငရုတ်သီးစိမ်း ၅တောင့်( ။ )အစပ်ကြိုက်ပိုထည့်ပါ။
နံနံပင် ၁၅ပင်ခန့်( ။ )
ပုစွန်ခြောက် ၁၅ကောင်ခန့်(ထောင်းထားပါ)
မြေပဲ အနည်းငယ် ( ။ )
သံပုရာသီး ။
မျှင်ငပိ ။ (မီးကင်ထားပါ)
ငံပြာရည် ။

ပဲကြာဇံကိုပြုတ်ပါ။ရလျှင်ရေဆေးရေစစ်ထားပါ။ကြက်သွန်ဖြူငရုတ်သီးစိမ်း၊နံနံပင်၊ငပိ၊အားလူး၊ပုစွန်ခြောက်၊မြေပဲ၊ငရုတ်ဆီချက်(ငရုတ်ပုထောင်း(အစိမ်းမှုန့်)ကိုဆီချက်ထားပါ။)အားလုံးအဆင်သင့်ဖြစ်လျှင်ရောထည့်၍ငံပြာရည်၊မကျည်းရည်၊သံပုရာရည်ထည့်၍ရောနယ်ကာရပါပြီရှင်။အချိုမှုန့် ကြက်သားမှုန့်သုံးလျှင်ထည့်ပါ။

Crd..

Address

Maharbandoola Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959799559309

Website

Alerts

Be the first to know and let us send you an email when TONE TONE Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TONE TONE Online Shop:

Share