EWIS - home cooks

EWIS - home cooks EWIS: eat what i sell. This page is to entertain and sharing my daily food selections and gonna be ur fav🫵🏻

ချဉ်ပေါင်မွှေကြော်ငါးပိရည်နဲ့ငါးကြော်ကြွပ်ကြွပ်တို့စရာမပါလာတဲ့ ဇလုံထမင်းသုပ် အတု #ဇလုံထမင်းသုပ်    #ငပိရည်ကျို        #င...
24/01/2026

ချဉ်ပေါင်မွှေကြော်
ငါးပိရည်နဲ့
ငါးကြော်ကြွပ်ကြွပ်
တို့စရာမပါလာတဲ့ ဇလုံထမင်းသုပ် အတု

#ဇလုံထမင်းသုပ် #ငပိရည်ကျို #ငါးကြင်းကြော် #ချဉ်ပေါင်မွှေကြော်

ဆောင်းရာသီရဲ့အကောင်းဆုံး အလတ်ဆုံး ရာသီပေါ် အရွက်လေး “မုန်ညှင်း”အရွက် သန့်သန့်လတ်လတ်လေးတွေများ မုန်ညှင်းစောလေး လုပ်စားရင်...
14/01/2026

ဆောင်းရာသီရဲ့အကောင်းဆုံး အလတ်ဆုံး ရာသီပေါ် အရွက်လေး “မုန်ညှင်း”
အရွက် သန့်သန့်လတ်လတ်လေးတွေများ မုန်ညှင်းစောလေး လုပ်စားရင် သိပ်ကောင်း
ပဲပုတ်နံ့ သင်းသင်း ခရမ်းချဉ်သီး ရဲ့ ချိုချဉ် အရသာလေးနဲ့ ကြာကြာ ပြုတ်လေချိုလေ မုန်ညှင်းရွက်နဲ့

ပြုတ်ထားတဲ့ဝက်သားလေးပါးပါးလှီး ပြီး မှန်ညှင်းလေးနဲ့ကြော်စား
ကြက်ခြေဆစ်ရိုးကြော်ကြွပ်ကြွပ်

ကျောင်းအပြန် စျေးက ဝယ်လာတဲ့ ရေခဲသေတ္တာထဲညမထည့်ရသေးတဲ့ ငါးကြင်းလေးကို ဆား ဆနွင်းနယ်ပြီး
အပြင်ကြွပ်ကြွပ် အထဲပျော့ချိုလေးကြော်ပြီး
အရည်သောက်လေးရယ် ထမင်းကို ငါးကြော်ဆီ ဆား ဖြူးလေးရယ်နဲ့ လိုက်ဖက်ကောင်းမွန်သော

#မုန်ညှင်း #မုန်ညှင်းစော #ဆောင်းရာသီစာ

03/01/2026

ဒါမျိုးအကောင်းစားလေးစားချင်ရင် January 9 ရက်နေ့ ကနေ ၁၀ရက်နေ့ထိ ရပါမယ်နော်
ဘူးဆိုဒ် နဲ့စျေးလေးကို မနက်ဖြန် တင်ပေးပါမယ်

#ငပိရည်ကျို

ငပိထောင်း 🤤ရခိုင်ကမျှင်ငါး ငပိစစ်စစ်ကိုကြက်သွန်ဖြူ ငရုပ်သီးစိမ်းနဲ့ ပုစွန်ခြောက် 🍤အကောင်အမှုန့် စုံအောင်ထည့်ထားတဲ့ ငပိထေ...
22/12/2025

ငပိထောင်း 🤤
ရခိုင်ကမျှင်ငါး ငပိစစ်စစ်ကို
ကြက်သွန်ဖြူ ငရုပ်သီးစိမ်းနဲ့ ပုစွန်ခြောက် 🍤အကောင်အမှုန့် စုံအောင်ထည့်ထားတဲ့ ငပိထောင်း

ဒီနေ့ ၁၀ ဘူး ပိစိနဲ့ အမြည်းပေးမယ်နော်
BU မှာညနေ၄:၃၀-၅အတွင်း လာယူပါနော်
သံပုရာသီးညှစ််စားနော် ပိုကောင်း💥
အခု မရောင်းသေးဘူး နောက်လစောင့်

#ရခိုင်ငပိထောင်း #ငပိထောင်း

19/12/2025

ဘယ်နေရာရောက်ရောက် တွေ့ရင်စားလိုက်ရမှ

#ကမာ

Chives @ ကုချိုင်ရွက်တချို့ကလည်း ကုဆိုင်ရွက် လို့ ခေါ်ကြပါတယ်။ဖက်ထုပ်ဆို ကုချိုင်ရွက်နဲ့မှ ပိုမွှေး ပိုစားကောင်းတယ်ဆိုတဲ...
16/12/2025

Chives @ ကုချိုင်ရွက်
တချို့ကလည်း ကုဆိုင်ရွက် လို့ ခေါ်ကြပါတယ်။
ဖက်ထုပ်ဆို ကုချိုင်ရွက်နဲ့မှ ပိုမွှေး ပိုစားကောင်းတယ်ဆိုတဲ့ psychoနဲ့ လူတစ်ဦးပါ။
ဖက်ထုပ် အိုးကပ်ကို ဝက်သားလေးနဲ့ ကုချိုင်ရောကြိပ် တခြားအမွှေးအကြိုင် အချိုးကျထည့် ပြီး အများကြီးထုပ်ထား
ပြီးရင် ကော်မှုန့် / ဂျုံမှုန့် နာနာဖြူးပြီး သိမ်းထား။ စားချင်တဲ့အချိန်မှ ပြုတ်/ ပေါင်း/ ကြော် ကြိုက်တာလုပ်ပဲ။

အချဉ်ရဲ့ ingredients တွေကတော့

- ရှာလကာရည်
-ဆား
-သကြား
-ပဲငံပြာရည်
-ဂျင်းမျှင်
-နှမ်း

Chivesမှာ ခန္ဓာကိုဘ်အတွက် အကျိုးဖြစ်တာလည်း အများကြီးပါတယ်နော်
အမျှင်ဓါတ်ပါဝင်မှုများတယ်။ နှလုံးကျန်းမာရေးကို အထော်အကူပြုတယ်။
အရိုးအဆစ်သန်မာစေတယ်။အမြင်အာရုံကောင်းစေတယ်
Immune System-ကိုယ်ခံအားကောင်းစေတယ်။သွေးကို Detox လုပ်ပေးတယ်။

#ကုချိုင် #ကုဆိုင် #ဖက်ထုပ်

15/12/2025

potatoကို purée မကျ mashထက်ညက်အောင် ဇကာတိုက်ချပြီးမှ ထောပတ်နဲ့နယ် ပြီးမှ salt pepper ဖြူး
Medium rare steak လေးနဲ့တအားလိုက်

မုန့်ပြားသလပ် ပဲနိုင်းနိုင်းနဲ့ #မုန့်ပြားသလပ်
14/12/2025

မုန့်ပြားသလပ် ပဲနိုင်းနိုင်းနဲ့

#မုန့်ပြားသလပ်

Address

Yangon

Alerts

Be the first to know and let us send you an email when EWIS - home cooks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EWIS - home cooks:

Share