Dr. Ye Yint

Dr. Ye Yint Trust in God | Clinical Nutritionist
(4)

ဒေါက်တာ ရဲရင့် မှာ အာဟာရဆိုင်ရာအထူးပြုဆရာဝန်တစ်ယောက်ဖြစ်ပြီး
ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ အခြေခံ ဗဟုသုတများ မျှဝေပေးလျက် ရှိပါတယ်။

28/05/2026

#အာဟာရဖြည့်စွက်စာ #ဆီးချို #ကျောက်ကပ် #ကျန်းမာရေး

မျိုးဆက်သစ် ကလေးငယ်တွေရဲ့ အနာဂတ်ကျန်းမာဖို့က လူကြီးမိဘ ဆရာဆရာမတွေရဲ့ လက်ထဲမှာ ရှိပါတယ်။CBN Myanmar ရဲ့ အာဟာရသင်တန်းမှာ က...
23/05/2026

မျိုးဆက်သစ် ကလေးငယ်တွေရဲ့ အနာဂတ်ကျန်းမာဖို့က လူကြီးမိဘ ဆရာဆရာမတွေရဲ့ လက်ထဲမှာ ရှိပါတယ်။

CBN Myanmar ရဲ့ အာဟာရသင်တန်းမှာ ကလေးတွေ ရောဂါကင်းဝေးပြီး အာဟာရမျှတအောင် ဘယ်လိုကျွေးမလဲဆိုတာ ဆွေးနွေးဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် လူကြီးတွေအတွက် Fasting ဘာကြောင့် လုပ်ပေးသင့်လဲ ဆိုတဲ့ အကြောင်းကိုတွေကိုပါဝေမျှပေးခဲ့ပါတယ်။
Fasting ကို နည်းမှန် လမ်းမှန် စနစ်တကျ လုပ်ပါက ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိနိုင်ပါတယ်။
မှန်ကန်တဲ့ စားသောက်မှုပုံစံကနေတစ်ဆင့် ကျန်းမာတဲ့ မိသားစုဘဝတွေကို တည်ဆောက်နိုင်ကြပါစေ။
သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

Royal D ကနေ PR Gift တွေ ပို့ပေးလာတာ ကျေးဇူးတင်ပါတယ်။ချွေးထွက်များတဲ့အခါ ရေတစ်မျိုးတည်းသောက်ရင် မလုံလောက်ပါဘူး။နေပူထဲသွား...
19/05/2026

Royal D ကနေ PR Gift တွေ ပို့ပေးလာတာ ကျေးဇူးတင်ပါတယ်။

ချွေးထွက်များတဲ့အခါ ရေတစ်မျိုးတည်းသောက်ရင် မလုံလောက်ပါဘူး။
နေပူထဲသွားလို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားလုပ်လို့ပဲဖြစ်ဖြစ် ချွေးအလွန်အမင်းထွက်တဲ့အခါ ခန္ဓာကိုယ်ထဲက ရေဓာတ်တင်မကဘဲ အရေးကြီးတဲ့ သတ္တုဓာတ်တွေ ချွေးနဲ့အတူ ကုန်ဆုံးသွားတတ်ပါတယ်။

ဒါကြောင့် ချွေးထွက်များပြီး မောပန်းတဲ့အခါ ရေဓာတ်ရော သတ္တုဓာတ်ကိုပါ အမြန်ဆုံးပြန်ဖြည့်ပေးနိုင်တဲ့ ဓာတ်ဆားရည် သောက်ပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။

အားကစားလုပ်ပြီးချိန် ဒါမှမဟုတ် အပူဒဏ်ကြောင့် နုံးနေတဲ့ အခါ ချွေးထွက်များတဲ့ အခါမျိုးတွေမှာဓာတ်ဆားရည် သောက်ပေးခြင်းက ခန္ဓာကိုယ်ကို ချက်ချင်းပြန်လည်လန်းဆန်းစေပြီး အားအင်ပြည့်ဝစေပါတယ်။

အခုလိုပူပြင်းတဲ့ ရာသီမှာ ချွေးထွက်များသူတွေအနေနဲ့ ရေဓာတ်သာမက ဓာတ်ဆားဓာတ်တွေကိုပါ ပြည့်ဝအောင်
ဖြည့်ထားဖို့ အကြံပြုလိုက်ရပါတယ်။

သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

21/04/2026

အလုပ်ပင်ပန်းလို့ အချိန်မပေးနိုင်လို့ ဘာမှမလုပ်
ချင်ဘူးဆိုရင်တောင် ထမင်းစားပြီးတိုင်း ၅-၁၀ မိနစ်
လောက် လမ်းလျှောက်ပေးပါ။
ဒီအလေ့အကျင့်လေးကရေရှည်မှာ သင့်ကျန်းမာရေးကို အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။

၁ ရက် မိနစ် ၂၀ လျှောက်မယ်ဆိုရင် တစ်နှစ်အတွက် ၇,၃၀၀ မိနစ်ဖြစ်ပါတယ်။

သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါပါ ကျန်းမာကြပါစေ

Address

Yangon

Telephone

+959950791514

Website

Alerts

Be the first to know and let us send you an email when Dr. Ye Yint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr. Ye Yint:

Share