HealthCare Support - HCS Myanmar

HealthCare Support - HCS Myanmar For the health of it

အရိုး ကျန်းမာရေး အတွက် ဘာတွေ စားကြမလဲ ????အခုနောက်ပိုင်း မှာ လူအများ စု ဟာ လှုပ်ရှားမှု့ နည်းလာတာက တကြောင်း၊ အသားအသောက် ...
05/11/2021

အရိုး ကျန်းမာရေး အတွက် ဘာတွေ စားကြမလဲ ????

အခုနောက်ပိုင်း မှာ လူအများ စု ဟာ လှုပ်ရှားမှု့ နည်းလာတာက တကြောင်း၊ အသားအသောက် မမှန်တာ၊ စားရတဲ့ အစားအစာ တွေ က အတုအပ တွေ ဖြစ်နေတာက တစ်ကြောင်း စတဲ့ အကြောင်း အမျိုးမျိုးကြောင့် လူတွေ ရဲ့ကျန်းမာရေး ကို နည်းမျိုးစုံ နဲ့ ထိခိုက်နေပါတယ်။ အဲ့ဒီ အထဲ မှာ အရိုး က လည်း အစားအသောက်တွေ ကြောင့် ထိခိုက်တဲ့ ကိုယ် အင်္ဂါ အဖွဲ့ အစည်း ထဲ က တစ်ခု အပါအဝင်ဖြစ်ပါတယ်။ အခု တခေါက် ဆောင်းပါးမှာတော့ အရိုး ကျန်းမာရေး အတွက် ဘယ်လိုစားကြမလဲ ဘာတွေ ရှောင်သင့်လဲ ဆိုတာ ကို ဖော်ပြပေးသွားပါမယ်။

1. ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာ ကို စားပေးပါ။ ဥပမာ - နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဂျပန်တိုဟူး၊ ပဲပုပ်စေ့၊ ဗာဒံစေ့၊ ပန်းပွင့်စိမ်း၊ ငါးသေတ္တာ၊ စတာတွေ စားပေးဖို့လိုပါတယ်။

2. ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာ စားပေးရပါမယ်။ ဥပမာ ဆော်လမွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ ကြက်အသည်း၊ ဝက်အသည်း၊ အမဲအသည်း၊ ဗီတာမင်ဒီ ထပ်ဖြည့်ထားတဲ့ နွားနို့၊ ဗီတာမင်ဒီ ထပ်ဖြည့်ထားတဲ့ လိမ္မော်ရည်၊ ကြက်ဥ၊ ကိုလက်စထရော လျှော့ထားသော ထောပတ် စတာတွေ ငနေ ဗီတာမသ်ဒီ ရပါတယ်။ အသည်းတွေ ကတော့ ဗီတာမင်ဒီ ပါဝင်ပေမယ့် ကိုလက်စထရော များတဲ့လအတွက် အမြဲ မစားသင့်ပါဘူး။

3. ဇင့်ဓါတ် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးပါ။ ဥပမာ အနီရောင် အသား၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ စားပေးရပါမယ်။

4. အသားဓါတ် ပြည့်ဝအောင်စားပါ။ အဓိက အကျဆုံး အချက်လို့ ဆိုနိုင်ပါတယ်။ အသားဓါတ် ပြည့်ဝမှ သာ ကြွက်သားနှင့် အရိုးကို ကြံခိုင် ကျန်းမာ လာစေပါတယ်။ ဥပမာ အဖြူရောင်အသားတွေ ဖြစ်တဲ့ ကြက်သား၊ ငါး၊ အနီရောင် အသားတွေ ဖြစ်တဲ့ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ စတာတွေ အပြင် နွားနို့၊ ပဲနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ပဲအမျိုးမျိုး စားပေးရပါမယ်။ အနီရောင် အသားတွေ ကိုတော့ တစ်ပါတ် နှစ်ကြိမ်ထက် ပို မစားသင့်ပါ။

5. အပြင်းအထန် ဝိတ်လျှော့ တာ ကို ရှောင်ကြဉ် ရပါမယ်။ တနေ့လုံးနေမှ အသီးအရွက်ပဲ စားပြီး ဝိတ်လျှော့ လိုက်မယ် ဆိုရင် လိုအပ်တဲ့ အသားဓါတ် ကို မရတော့တဲ့ အတွက် အရိုးကို ထိခိုက်စေနိုင်ပြီး အရွယ်မတိုင်ခင် အရိုးပွတာ အရိုးပါးတာ တွေ ဖြစ်စေနိုင်ပါတယ်။

6. လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။ ဥပမာ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ကခြင်း၊ သင့်တော်သော အလေးတုံးမခြင်း စတာတွေ လုပ်ပေးရပါမယ်။

7. ဆေးလိပ်သောက်တာ ကို ရျှောင်ရပါမယ်။ အရိုးကျိုးစေတဲ့ risk ကို ပိုတက်စေလို့ပါ။

8. အရက်သောက်တာ ကို ရှောင်ရပါမယ်။

9. ဆားကို တစ်နေ့ လက်ဖက်စားဇွန်း တစ်ဇွန်း ထက်မပို ပါစေနှင့်။

10. ကော်ဖီ တစ်နေ့ နှစ်ခွက် မှ သုံးခွက် ထက်မပိုပါစေနှင့်။

11. BMI 18.5 အောက် မရောက်ပါစေနှင့်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

စစ်ပဲဖြစ်ဖြစ် ... မုန်တိုင်းပဲတိုက်တိုက် ... မိန်းကလေးတွေရဲ့ လှချင်စိတ်တွေကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး .... အသက်အရွယ်...
21/09/2021

စစ်ပဲဖြစ်ဖြစ် ... မုန်တိုင်းပဲတိုက်တိုက် ... မိန်းကလေးတွေရဲ့ လှချင်စိတ်တွေကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး ....

အသက်အရွယ်ရလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေ...
သေဆုံးသွားတဲ့ ဆဲလ်တွေကြောင့် နုပျိုလှပခြင်းတွေကလည်း တဖြေးဖြေးဆုံးရှုံးလာကြပါတယ်...
အဲ့ဒီလိုဆုံးရှုံးမှုတွေကို ပြန်လည်ကုသဖို့ ...

အသားအရေ၊ ဆံပင်၊ ခြေသည်းလက်သည်းလှပမှုတွေကို ပြန်လည်ရရှိစေတဲ့ ကိုလာဂျင်လို့ခေါ်တဲ့ Supplement တမျိုးကို သုံးစွဲကြပါတယ်။

လူသားတို့ သုံးစွဲနေတဲ့ ဆေးတွေ၊ ဖြည့်စွက်စာတွေက...
လှပဖို့အပြင် ဘေးထွက်ဆိုးကျိုးနည်းဖို့ကလည်း အရေးကြီးလွန်းပါတယ်...

ဘေးထွက်ဆိုးကျိုးနည်းပြီး Review ကောင်းတွေ ရရှိထားတဲ့...
ယုံကြည်စိတ်ချရတဲ့ ... Collagen တွေ အများကြီး ရှိပါတယ်...

အဲ့ဒီလိုအများကြီးထဲကမှ...
ကိုယ်နဲ့ကိုက်ညီသင့်တော်တဲ့ Collagen ကို ရွေးချယ်ပြီး သုံးစွဲသင့်ပါတယ်


#နုပျိုလှပသောနေ့ရက်များဆီသို့....

Address

Yangon
11211

Telephone

+959883693305

Website

Alerts

Be the first to know and let us send you an email when HealthCare Support - HCS Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share