11/03/2026
💉2026 ခုနှစ်အတွက် #ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးချင်သူများ ဟံသာအထွေထွေ ရောဂါကုဆေးခန်းတွင် ကြိုတင်စာရင်း ပေးနိုင်ပါပီရှင် 💯💯💯
Thai FDA ရရှိပီးသောဆေးဖြစ်ပီး Cold Chain စိတ်ချရပါသည်။
🏥 ဆေးခန်းလိပ်စာ
အမှတ်(၇၂၆/က) , သလ္လာဝတီ (၂) လမ်း ,၁၀ တောင် ,သာကေတ။
📲 Phone - 09791049974 သို့ ဆက်သွယ်၍ စာရင်းပေးနိုင်ပါသည်။
📕 ဘယ်သူတွေ တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါ
သလဲ။
✅ အသက် ၆၅ နှစ်အထက် လူကြီးများ
✅ အသက် ၆ လ မှ ၅ နှစ် အရွယ် ကလေးငယ်များ
✅ ကျောင်းနေစအရွယ် ကလေးငယ်များ
✅ G6PD ရောဂါအခံရှိသော ကလေးငယ်များ
✅ ကိုယ်ခံအားနည်း ရောဂါဝေဒနာ ရှိသူများ
✅ ကင်ဆာ ဝေဒနာရှင်များ
✅ သွေးတိုး ၊ နှလုံး ၊ ဆီးချို ၊ ကျောက်ကပ် စသော နာတာရှည် ရောဂါဝေဒနာရှင်များ
✅ အဆုတ်ရောဂါ ဝေဒနာရှင်များ
✅ ဆေးလိပ်သောက်သုံးသူများ
✅ လူအများနှင့် ထိတွေ့၍ လုပ်ငန်းခွင် ဝင်ရသောသူများ
✅ ကျန်းမာရေးဝန်ထမ်းများ
ဦးစားပေးအနေဖြင့် ထိုးနှံသင့်ပါတယ်။
📕 ကလေးတွေကို တုပ်ကွေးကာကွယ်ဆေး ထိုးနှံတဲ့အခါ ဘာတွေ လိုက်နာရမလဲ။
💉 အသက် ၆ လ မှ ၁၇ နှစ်အထိ ကလေးများ တုပ်ကွေးကာကွယ်ဆေး 0.5 ml ပါဝင်သော အရန်သင့်ထိုးဆေး ၁ လုံး ထိုးနှံ၍ ရပါသည်။
💉 ယခုမှ တုပ်ကွေးကာကွယ်ဆေး ပထမဆုံးစထိုးမည့် အသက် ၉ နှစ်အောက် ကလေး ဖြစ်ပါက ပထမဆေးထိုးနှံပြီး နောက်ထပ် ၄ ပတ် အကြာတွင် နောက်ထပ် ဆေး ၁ လုံး ထပ်မံထိုးနှံရန် လိုအပ်ပါသည်။
💉 အသက် ၆ လ အောက် ကလေးငယ်များကို ထိုးနှံ၍ မရပါ။
📕 တုပ်ကွေးကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ ထိုးလို့ ရပါသလား။
💉 ကိုယ်ဝန်ပတ် မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။ ဤသို့ထိုးနှံခြင်းဖြင့် မိခင်သာမက မွေးဖွားလာမည့် ကလေး အသက် ၆ လ အရွယ်အထိ တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။
💉 နို့တိုက်မိခင်များလည်း မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။