23/08/2026
Instock 23500 ks 😘
တော်တော်လေးကိုမှ လိမ်းရတာ အရသာရှိတဲ့ Lotion ပါ
လိမ်းပြီးတာနဲ့ စိုအိနူးညံ့ပြောင်လက်နေတာပဲ 🫡
💛 ငုံးက Body Lotion ကို တအား addictive ဖြစ်တဲ့သူမို့လို့
lotion ပါးက ဝနေပြီ စပြီး လိမ်းလိုက်တာနဲ့
ဘယ်လို performance ပေးနိုင်မလဲဆိုတာ ခန့်မှန်းလို့ရတယ်
ငုံး ဝန်ခံပါတယ် ဒါကို သုံးတာ 2 ရက်နဲ့တစ်ပိုင်းပဲ ရှိသေးတာ
ဒါပေမယ့် တအားကို သဘောကျတာပဲ သူ့ရဲ့ အစိုဓာတ်ပေးနိုင်မှု ၊
texture နဲ့ scent quality ကအစ ဂွတ်ထနေတာပဲ ဆိုတာမျိုးပေါ့
💛 Intensive Care ဆိုတဲ့အတိုင်းပဲ အစိုဓာတ်ပေးတာကလွဲရင်
ကျန်တာ ဘာမှလုပ်ပေးမှာမဟုတ်ပါဘူး ငုံးက ဘာလို့
ခဏလေးအတွင်းကြိုက်သွားလဲဆိုရင် သင်္ကြန်မှာ
အသားအရမ်းမမည်းသွားခဲ့ပေမယ့် အသားတော့
မတရားခြောက်သွားတာကြောင့် barrier repair အတွက်
တအား စိုအိနေတဲ့ lotion မျိုးလိုအပ်နေတဲ့အချိန်မို့
ဒီ lotion ကလည်း ငုံးအတွက် ကွက်တိဖြစ်သွားတာ
💛 Moisturizing Lotion ကိုမှ Shea Butter အပြင်
Mineral oil နဲ့ Petroleum jelly တို့လို highly effective ဖြစ်တဲ့
occlusives တွေပါဝင်တာကြောင့် texture ထူပါတယ်
လိမ်းရတာ စေးကပ်ကပ်တော့ မဖြစ်သလို
ငုံးအတွက်ဆို အထူးတလည် ပူတယ်လို့ မခံစားရပါဘူး
ဒီနေရာမှာ အခြားသူဆိုရင်တော့ သိပ်မပြောတတ်ဘူး
ဘာလို့ဆို ငုံးက အရင်နှစ်တွေကဆို နွေခေါင်ခေါင်မှာတောင်
body butter မျိုးကို ရူးရူးမူးမူးလိမ်းတဲ့အထိ
“ ပူရင်ပူပါစေ အသားမခြောက်ရင် ရပြီ ” ဆိုတဲ့ psycho ကြီးဝင်နေတာ 😆
( ဆိုတော့ ပုံမှန်အသားမခြောက်တဲ့သူတွေ ၊ ချွေးထွက်များသူ ၊
အိုက်တတ်သူတွေ ၊ အရေပြားပေါ် အလွှာတစ်ခုရှိနေတာကို
မကြိုက်သူတွေအနေနဲ့တော့ ပူတယ် ခံစားရနိုင်ပါတယ် )
💛 ရနံ့လေးကလေ ကလေးလေးတွေ သနပ်ခါးတွေ ၊ ပေါင်ဒါတွေ
အပြည့်လိမ်းထားတဲ့အခါ ရတဲ့ ရနံ့လေးလိုမျိုး
နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့နဲ့ ရင်အေးစေတဲ့ powdery ဆန်တဲ့
ရနံ့မျိုးလေးဘက်ကို သွားထားသလို perfume lotion မဟုတ်တာတောင်
ညလိမ်းထားရင် မနက်အထိ ရနံ့က သင်းပြီးကို ရနေတာပါပဲ
💛 HA , Hydrolyzed Collagen , Panthenol , Vit E တို့လို
အစိုဓာတ်ဖြည့်ပေးမယ့် ingredients တွေချည်းပါဝင်တာဖြစ်သလို
UV Filters လည်း တစ်ခုမှမပါဝင်တာမို့
10000% moisturizing lotion စစ်စစ်ဖြစ်ပါတယ်
ဒီလို တစ်ဖက်တည်းရပ်တည်တာကို တအားသဘောကျတယ်
နို့မို့ဆို ဟိုဟာလေးလည်းပါ ဒါလေးလည်းကာနဲ့
ဟိုမရောက် ဒီမရောက်တွေ ဖြစ်ကုန်တာ အဆင်မပြေဘူးရယ်
သူ့မှာက SPF Lotion ဆိုလည်း နာမည်ကြီးတယ်
ငုံးမစမ်းဖူးသေးလို့ စမ်းကြည့်ပါဦးမယ်ဗျ
ဒီ Intensive Care Lotion ကိုလည်း 2,3 ဘူး ထပ်သုံးပြီး
Detailed Review ပြန်ရေးပေးပါ့မယ် ခုဟာကတော့
First Impression နဲ့ Ingredients ထိုင်ရွတ်ပြတယ်လို့ပဲ မှတ်ပေးပါ 😆