Yoga Poe - ယောဂပိုး

Yoga Poe - ယောဂပိုး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yoga Poe - ယောဂပိုး, Health & Wellness Website, Yangon.

ဒီရက်ပိုင်း ဘာလို့ post တွေ မတင်ဖြစ်လဲဆိုတာ… ဒါကြောင့်ပါ 👇🏻
17/10/2022

ဒီရက်ပိုင်း ဘာလို့ post တွေ မတင်ဖြစ်လဲဆိုတာ… ဒါကြောင့်ပါ 👇🏻

ဒီရက်ပိုင်း အလုပ်များနေလို့ ပုံတွေ မတင်ဖြစ်တာပါ။ လောလောဆယ် ဒီပုံစံလေးတွေ လုပ်ကြည့်လို့ ရတယ်နော်။ 💜
13/10/2022

ဒီရက်ပိုင်း အလုပ်များနေလို့ ပုံတွေ မတင်ဖြစ်တာပါ။ လောလောဆယ် ဒီပုံစံလေးတွေ လုပ်ကြည့်လို့ ရတယ်နော်။ 💜

ဒီရက်ပိုင်းတွေက အလုပ်တွေ အရမ်းများ 🥴
07/10/2022

ဒီရက်ပိုင်းတွေက အလုပ်တွေ အရမ်းများ 🥴

အသည်းလေးတွေ ပေးထားတယ်။ လိုတာ ယူပါ။ ဘာယူသွားလဲဆိုတာတော့ ပြောပြခဲ့နော်။ ကျွန်မကတော့ လောလောဆယ် 💙 လေး လိုချင်နေတယ်။
30/09/2022

အသည်းလေးတွေ ပေးထားတယ်။ လိုတာ ယူပါ။ ဘာယူသွားလဲဆိုတာတော့ ပြောပြခဲ့နော်။

ကျွန်မကတော့ လောလောဆယ် 💙 လေး လိုချင်နေတယ်။

challenge ပြီးသွားပြီဆိုပြီး ယောဂလုပ်တာကို မရပ်ပစ်လိုက်နဲ့နော်။ Zoom မှာ ဖွင့်တဲ့သီချင်းလေး နားထောင်ရင်း ယောဂကျင့်လို့ရအ...
29/09/2022

challenge ပြီးသွားပြီဆိုပြီး ယောဂလုပ်တာကို မရပ်ပစ်လိုက်နဲ့နော်။ Zoom မှာ ဖွင့်တဲ့သီချင်းလေး နားထောင်ရင်း ယောဂကျင့်လို့ရအောင် link ချပေးထားမယ်နော်။ https://m.youtube.com/watch?v=o8GrqUSdzi0

တချို့အရာတွေက တစ်နေ့တစ်နေ့ ဘာမှ ထူးထူးခြားခြား မတိုးတက်လာဘူးလို့ ထင်ရပေမယ့် နှစ်တွေကြာလာတဲ့အခါ အသီးအပွင့်တွေကို ထင်ထင်ရှ...
29/09/2022

တချို့အရာတွေက တစ်နေ့တစ်နေ့ ဘာမှ ထူးထူးခြားခြား မတိုးတက်လာဘူးလို့ ထင်ရပေမယ့် နှစ်တွေကြာလာတဲ့အခါ အသီးအပွင့်တွေကို ထင်ထင်ရှားရှားမြင်လာရတာပါပဲ။

ယောဂကျင့်တယ်ဆိုတာလဲ တူတူပါပဲ။ တစ်နေ့တစ်နေ့ ဖြေးဖြေးချင်း ကျင့်သွားရင် အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါမှာ ခန္ဓာကိုယ်က တကယ် ကျန်းမာပျော့ပျောင်းနေတာကို တွေ့လာရလိမ့်မယ်။

ဘာမှမလုပ်ဘဲ ထိုင်နေလဲ နှစ်တွေက ကုန်သွားမယ့်အတူတူ… အခုကနေ ယောဂစလုပ်ရင် နောင် လတွေ၊နှစ်တွေ ကြာတဲ့အခါ ကိုယ့်ခန္ဓာကိုယ်က ကိုယ့်ကို ကျေးဇူးပြန်တင်နေမှာပါ။

Good things take time လို့ ပြောကြတယ်မလား။ ကောင်းမွန်တဲ့အရာတွေကို ရဖို့ အချိန်လိုတယ်တဲ့။ ခုရေတွင်းတူး ခုရေကြည်သောက်လို့တော့ ဘယ်ရမလဲနော်။

တကယ်တော့ ဇွဲရှိဖို့၊ စွဲစွဲမြဲမြဲလုပ်တတ်ဖို့က သိပ်အရေးကြီးပါတယ်။ အလေ့အကျင့်တစ်ခုကို ဖြေးဖြေးချင်း တည်ဆောက်ယူပါ။ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ပါ။ ယောဂကျင့်တဲ့အခါ နာနာမလုပ်ပါနဲ့။ ကြာကြာလုပ်ပါ။ ကိုယ်ရော စိတ်ပါ သန်မာလာပါလိမ့်မယ်။ 💪🏻

 #ယောဂကျင့်ရင်းတော်လှန်မယ် PD Fitness မှာ Yoga Poe ရှိပါတယ်နော်။
28/09/2022

#ယောဂကျင့်ရင်းတော်လှန်မယ် PD Fitness မှာ Yoga Poe ရှိပါတယ်နော်။

PD Fitness မှာ ဘာတွေ ထည့်စေချင်တာရှိလဲခင်ဗျာ

ဥပမာ
- ဆာတီဖီကိတ် ?
- လေ့ကျင့်ခန်း အသစ် ?

စသဖြင့် ထည့်စေချင်တာတွေရှိရင် ဒီပိုစ့်မှာ ကွန်းမန့်လေး ရေးပေးပါလားခင်ဗျာ

PD Fitness ကိုလဲ နေ့စဉ်သုံးပေးပြီး တနေ့ကို ၅၊၁၀ ပွိုင့်ကနေ ၅၀ လောက်အထိယူလို့ရပါတယ်ခင်ဗျာ

မြန်မာလို ယောဂသင်ခန်းစာတွေအတွက် Yoga Poe ရှိပါတယ်နော

❤️PD Fitness App သွင်းရန်

🍎 - https://apps.apple.com/sg/app/pd-fitness/id1636607837

🤖 - https://play.google.com/store/apps/details?id=club.pdfitness.pdfitness

📲 - https://thadinn.com/apk/pdfitness-latest.apk

ဝိတ်ကျအောင် ဘယ်လိုလုပ်ရမလဲ မေးနေကြလို့။ကျွန်မက gym instructor လဲ မဟုတ်၊ ကိုယ်တိုင်လဲ ဝိတ်မချဖူးတော့ အရမ်းကြီးတော့ အကြံမပ...
28/09/2022

ဝိတ်ကျအောင် ဘယ်လိုလုပ်ရမလဲ မေးနေကြလို့။

ကျွန်မက gym instructor လဲ မဟုတ်၊ ကိုယ်တိုင်လဲ ဝိတ်မချဖူးတော့ အရမ်းကြီးတော့ အကြံမပေးရဲဘူး။ ကိုယ့်ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ကိုယ်မို့ ချင့်ချိန်တွေးပါနော်။

ကိုယ်တိုင်ကတော့ နဂိုကတည်းက ထမင်းမကြိုက်တတ်တဲ့သူမို့ carbohydrate က မစားသလောက်ပါပဲ။ (ငယ်ငယ်ကတည်းက ထမင်းကို ကြောင်စာလောက်လေးပဲ စားတတ်တာ။) keto လို တမင်စားတာမျိုးတော့ မဟုတ်ပေမယ့် protein များများ၊ အသီးအရွက်များများ စားဖြစ်တယ်။

အဆီဆိုရင် ဆီ လျှော့စားတယ်။ ဟင်းသီးဟင်းရွက်ဆီ၊ နေကြာဆီ… အရင်တုန်းကကျ အဲ့ဒီလိုဆီတွေကို ကောင်းတယ်လို့ ထင်ခဲ့ကြပေမယ့် အခုနောက်ဆုံး သုတေသနတွေအရတော့ တိရစ္ဆာန်က ရတဲ့အဆီက ပိုကောင်းပါတယ်တဲ့။ အဲ့ဒါကြောင့် ဝက်ဆီ/ငါးကြီးဆီ အသင့်အတင့် စားဖြစ်တယ်။ (ဆီ မစားဘူး၊ အဆီ စားတယ်ပေါ့။)

ကော်ဖီ/လက်ဖက်ရည်ကတော့ မသောက်တာ တော်တော်ကြာနေပြီ။ ရေနွေးကြမ်း/green tea/jasmine tea 🍵 အဲ့ဒါတွေကတော့ အားတိုင်းသောက်နေတာ။ ရေကို ဒီတိုင်း ပလိန်းကြီး မသောက်ချင်တော့ ရေနွေးကြမ်းပဲ သောက်ဖြစ်နေတာ။

အဓိကကတော့ ယောဂလုပ်တယ်။ ခါး/ဗိုက်က အဆီတွေ ကျစေမယ့်ပုံစံလေးတွေ လုပ်ဖြစ်တယ်။ ကျောရိုးတစ်လျှောက် ပျော့ပျောင်းစေမယ့် ပုံစံလေးတွေ လုပ်ဖြစ်တယ်။ ယောဂပုံမှန်လုပ်တော့ ခါးမတ်လာတယ်။ ခန္ဓာကိုယ် ပုံစံအနေအထား မှန်လာတယ်။ တကယ်ဆိုရင်တော့ ခါးပေါ်လာရင်/ခါးမတ်လာရင် ခန္ဓာကိုယ်က အလိုလို လှလာတာပဲ။ ကျန်တာတွေ အထူးအထွေ မလိုနေတော့ဘူး။

နောက်ပြီး များများအိပ်တယ်။ တစ်နေ့ကို ၇နာရီ အနည်းဆုံးရအောင် အိပ်တယ်။ ရေများများသောက်တယ်။ ဒီလောက်ပါပဲ။

အရေးကြီးဆုံးကတော့ကျန်းမာပျော့ပျောင်းနေဖို့ပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် ဖွဲ့စည်းတည်ဆောက်ပုံချင်း၊ အစာခြေဖျက်နိုင်စွမ်းချင်း မတူတော့ “လိုတာယူပြီး မလိုတာထားခဲ့” ပါနော်။ 🍵🧘🏻‍♀️🥗

7-Day Flexibility Challenge ကတော့ ပြီးသွားပါပြီ။ ၇ ရက်အတွင်း ခန္ဓာကိုယ် ဘယ်လောက်ထိ ပျော့ပျောင်းလာလဲဆိုတာတော့ ပါဝင်ခဲ့တဲ့...
28/09/2022

7-Day Flexibility Challenge ကတော့ ပြီးသွားပါပြီ။ ၇ ရက်အတွင်း ခန္ဓာကိုယ် ဘယ်လောက်ထိ ပျော့ပျောင်းလာလဲဆိုတာတော့ ပါဝင်ခဲ့တဲ့ သူတွေကိုပဲ မေးလိုက်ပါတော့။ 🥰

Pigeon pose variation လေးတွေပါ။ တင်ပါးတစ်လျှောက်နဲ့ ကျောအောက်ပိုင်းတွေကို ပြေလျော့စေတဲ့ hip opener လေးပါ။ အစာချေဖျက်မှုက...
28/09/2022

Pigeon pose variation လေးတွေပါ။ တင်ပါးတစ်လျှောက်နဲ့ ကျောအောက်ပိုင်းတွေကို ပြေလျော့စေတဲ့ hip opener လေးပါ။ အစာချေဖျက်မှုကိုလဲ ကောင်းစေပါတယ်။ အထိုင်များတဲ့သူတွေအတွက် သင့်တော်ပါတယ်။ 🧘🏻‍♀️💜💪🏻

ယောဂပိုစ့်လေးတွေ လေ့ကျင့်တဲ့အခါမှာလဲ တစ်နေ့နည်းနည်းစီ ဖြေးဖြေးချင်းကျင့်ပါနော်။ ခန္ဓာကိုယ်ကို ဒဏ်မဖြစ်အောင် ဂရုစိုက်ပါ။ ...
28/09/2022

ယောဂပိုစ့်လေးတွေ လေ့ကျင့်တဲ့အခါမှာလဲ တစ်နေ့နည်းနည်းစီ ဖြေးဖြေးချင်းကျင့်ပါနော်။ ခန္ဓာကိုယ်ကို ဒဏ်မဖြစ်အောင် ဂရုစိုက်ပါ။ 🧘🏻‍♀️💜💪🏻

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yoga Poe - ယောဂပိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share