08/05/2026
FYI
အပျော်စီး သင်္ဘောပေါ်ကနေ ကမ္ဘာအနှံ့ကို ပြန့်သွားတဲ့ ဟန်တာ ဗိုင်းရပ်စ် 🚨
လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ဥရောပရောဂါထိန်းချုပ်ရေးဗဟိုဌာန (ECDC) တို့က တောင်အတ္တလန္တိတ်ပင်လယ်အတွင်း သွားလာနေတဲ့ Cruise Ship တစ်စင်းပေါ်မှာ ဖြစ်ပွားနေတဲ့ Hantavirus outbreak ကို အရေးပေါ် စောင့်ကြည့်နေပါတယ်။ 🌍🚢
၁။ ခရီးစဉ်နှင့် အစပြုပုံ 🗺️
အဆိုပါသင်္ဘောဟာ တောင်အမေရိကတိုက်ရဲ့ အစွန်ဆုံးမြို့ဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံ၊ Ushuaia ကနေ ၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်ဟာ တောင်အတ္တလန္တိတ်သမုဒ္ဒရာတဝိုက်နဲ့ အန္တာတိကဒေသ (Antarctic) ဘက်ကို ဦးတည်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ သိရပါတယ်။
၂။ ကူးစက်မှု ဖြစ်ပွားရခြင်း အကြောင်းရင်း 🐁
ရောဂါပိုးဟာ သင်္ဘောပေါ်မှာတင် စတင်တာမျိုးထက်၊ ခရီးသည်တွေ သင်္ဘောပေါ်မတက်ခင် အာဂျင်တီးနားနိုင်ငံတောင်ပိုင်းက တောတောင်ထူထပ်တဲ့ ဒေသတွေမှာ လည်ပတ်ခဲ့စဉ်က Andes virus သယ်ဆောင်ထားတဲ့ ကြွက်တွေရဲ့ အညစ်အကြေးနဲ့ ထိတွေ့ခဲ့ရာကနေ စတင်ကူးစက်ခဲ့တာလို့ ကျန်းမာရေးအာဏာပိုင်တွေက ယူဆထားကြပါတယ်။
၃။ သင်္ဘောပေါ်မှ အခြေအနေ 🦠
သင်္ဘောပေါ်မှာ အတူတူ ခရီးသွားနေရင်း ရောဂါလက္ခဏာတွေ စုပြုံပြလာပါတယ်။ သင်္ဘောပေါ်မှာ နိုင်ငံပေါင်း ၂၀ ကျော်က လာတဲ့ ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း ရာနဲ့ချီ ပါဝင်ခဲ့ပါတယ်။ လူနာတွေ စတင်တွေ့ရှိပြီးနောက် သင်္ဘောကို သီးသန့်ခွဲခြားထားခြင်း (Quarantine) လုပ်ဆောင်ခဲ့ရပြီး၊ ကျန်တဲ့ခရီးသည်တွေကိုလည်း ၎င်းတို့ရဲ့ နေရပ်နိုင်ငံအသီးသီးကို ပြန်သွားတဲ့အခါမှာ ကျန်းမာရေးစောင့်ကြည့်မှု ပြုလုပ်ဖို့ ညွှန်ကြားခဲ့ရပါတယ်။ 🏥
၂၀၂၆ ခုနှစ် မေလအထိ ထုတ်ပြန်ချက်တွေအရ လူနာအနည်းဆုံး ၇ ဦးရှိပြီး ၃ ဦး သေဆုံးထားကြောင်း အတည်ပြုထားပါတယ်။ အချို့လူနာတွေမှာ အဖျား၊ အသက်ရှူကြပ်ခြင်း၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကနေ စပြီး အချိန်တိုအတွင်း အဆုတ်ပျက်စီးခြင်း (Acute Respiratory Distress Syndrome) နဲ့ shock အထိ မြန်မြန်ဆန်ဆန် ဆိုးရွားသွားခဲ့ပါတယ်။ ⚠️
ဒီ outbreak မှာ တွေ့ရှိထားတဲ့ ဗိုင်းရပ်စ် မျိုးစိတ်ကွဲ (Virus Strain) က “Andes hantavirus” ဖြစ်ပြီး Hantavirus မျိုးနွယ်ထဲမှာ လူကနေ လူကို ကူးစက်နိုင်ခြေရှိတဲ့ ရှားပါးမျိုးစိတ်ကွဲတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်လို အလွယ်တကူ မပြန့်ပွားဘဲ “အနီးကပ်၊ ကြာရှည်ထိတွေ့မှု” လိုအပ်တတ်ကြောင်း ECDC နဲ့ WHO က ပြောထားပါတယ်။
🔬 Hantavirus ဆိုတာဘာလဲ?
Hantavirus ဟာ ကြွက်မျိုးစိတ်တွေဆီကနေ လူကို ကူးစက်တတ်တဲ့ virus ဖြစ်ပါတယ်။ အဓိကအားဖြင့် ရောဂါရှိတဲ့ ကြွက်မျိုးစိတ် တွေရဲ့
• ဆီး
• အညစ်အကြေး
• သွားရည် တွေခြောက်သွေ့ပြီး လေထဲပြန့်သွားတဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိတဲ့အခါ ကူးစက်တတ်ပါတယ်။ 🐀⚠️
အထူးသဖြင့်
🏚️ ပိတ်လှောင်ထားတဲ့နေရာ
🧹 ကြွက်အညစ်အကြေးရှိတဲ့ ဂိုဒေါင်
🏕️ တောတွင်း campsite များ
🚪 လေဝင်လေထွက်မကောင်းတဲ့နေရာတွေမှာ ပိုအန္တရာယ်ရှိပါတယ်။
❗ ရောဂါလက္ခဏာတွေက ဘာတွေလဲ?
အစပိုင်းမှာ
• ဖျားခြင်း
• ကိုယ်လက်ကိုက်ခဲခြင်း
• ခေါင်းကိုက်ခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
• အန်ခြင်း / ဝမ်းလျှောခြင်း
လို ဗိုင်းရပ်စ်အဖျား ပုံစံနဲ့ စတတ်ပါတယ်။
နောက်ပိုင်းမှာတော့
😮💨 အသက်ရှူကြပ်လာခြင်း
🫁 အဆုတ်ထဲ အရည်ဝင်ခြင်း
💔 သွေးပေါင်ကျခြင်း
⚠️ Shock ဝင်ခြင်း
တွေ ဖြစ်နိုင်ပြီး အချို့ ရောဂါမျိုးကွဲ တွေမှာ သေဆုံးနှုန်း မြင့်မားနိုင်ပါတယ်။
🌍 လက်ရှိ outbreak က ဘာကြောင့် ကမ္ဘာတဝန်း စိုးရိမ်နေရတာလဲ?
ဒီ အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေဟာ နိုင်ငံ ၂၀ ကျော်က လူတွေဖြစ်ပြီး အချို့က သင်္ဘော ကနေ ဆင်းပြီး နိုင်ငံအသီးသီးကို ပြန်သွားခဲ့ကြပါတယ်။ ဒါကြောင့် WHO နဲ့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေက ရောဂါရှိသူတွေနဲ့ ထိတွေ့ခဲ့တဲ့လူတွေရဲ့ သမိုင်းကြောင်း စစ်ဆေးမှု (contact tracing) ကို အရေးပေါ် လုပ်ဆောင်နေတာဖြစ်ပါတယ်။
သို့သော် လက်ရှိအချိန်အထိကတော့
✅ လူထုအတွက် ကူးစက်နိုင်ခြေ “အလွန်နည်း”
✅ ဗိုင်းရပ်စ် က လွယ်လွယ်မကူး
✅ ကပ်ရောဂါဆိုးအသွင် ဖြစ်နိုင်ခြေ နည်း
တယ်လို့ ECDC က ထုတ်ပြန်ထားပါတယ်။
🛡️ ဘယ်လိုကာကွယ်မလဲ?
✔️ ကြွက်အညစ်အကြေးတွေကို တိုက်ရိုက်မထိပါနဲ့
✔️ သန့်ရှင်းရေးလုပ်မယ်ဆို mask + gloves သုံးပါ
✔️ ခြောက်သွေ့တဲ့ အညစ်အကြေးကို တိုက်ရိုက်မလှည်းပါနဲ့ (အမှုန်ထသွားနိုင်)
✔️ Disinfectant ဖြန်းပြီးမှ သန့်ရှင်းရေးလုပ်ပါ
✔️ လေဝင်လေထွက်ကောင်းအောင်ထားပါ
✔️ တောတွင်း camping သွားတဲ့အခါ အစားအသောက်ကို ကြွက်မဝင်နိုင်အောင် သိမ်းဆည်းပါ
📌 အရေးကြီးတာက
လက်ရှိ outbreak ဟာ စိုးရိမ်စရာဖြစ်ပေမဲ့ “COVID-19 လို ကပ်ရောဂါအသစ်” ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။ ဒါပေမဲ့ Andes hantavirus က လူကနေ လူကို ရှားရှားပါးပါး ကူးစက်နိုင်တဲ့ strain ဖြစ်ပြီး ကိုဗစ်ထက် အသက်ဆုံးရှုံးနိုင်ခြေ အဆမတန် မြင့်မားတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေက အထူးသတိထား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ 🌍🧪
ကူးယူဖော်ပြခွင့် မပြုပါ။ လွတ်လပ်စွာ မျှဝေ / ရှယ် (share) နိုင်ပါတယ် ခင်ဗျာ ✅️
Dr. Beast 🚨
Ref: ECDC, WHO, CDC