Healthy By LINN

Healthy By LINN Medical Knowledges Sharing
Available Good Quality Meidcal Equipments

👉Standard Q Antigen testkit Yangon Instockမှာယူရှိနိုင်ပါသည်။
21/02/2022

👉Standard Q Antigen testkit

Yangon Instock
မှာယူရှိနိုင်ပါသည်။

Healthy By LINN မှာ antigen,antibody,mask,surgical gowns များလက်လီလက်ကားဝယ်ယူနိုင်ပါသည်။All instock…
15/02/2022

Healthy By LINN မှာ antigen,antibody,mask,surgical gowns များလက်လီလက်ကားဝယ်ယူနိုင်ပါသည်။
All instock…

ဥမ္မာခင်အကြာင်းသိရသမျှ.................................................…………...ယခုရက်ပိုင်းအတွင်းမှာ Omicron မျိုးကွဲကူးစ...
07/02/2022

ဥမ္မာခင်အကြာင်းသိရသမျှ.................................................…………...

ယခုရက်ပိုင်းအတွင်းမှာ Omicron မျိုးကွဲကူးစက်ပျံ့နှံ့မှုတွေများလာတာနဲ့အတူ ဖြစ်ပွါးနေတဲ့လူနာများရဲ့တွေ့ရှိချက်များ၊ ဝါရင့်သမားတော်ကြီးများ ရဲ့ မျှဝေချက်များကို ဖတ်ရှုရသလောက်အချက်အလက်တွေကိုကြည့်ပြီး ဝေမျှပေးချင်ပါတယ်။
အိုမီခရွှန်မျိုးကွဲဟာ ကူးစက်မှုနှုန်းပိုမြန်ပေမဲ့ ရောဂါပြင်းထန်နိုင်မှုကတော့နည်းပါးတာတွေရှိရပါတယ်။ နိုင်ငံပေါင်း ၅၇နိုင်ငံမှာ လျှင်မြန်စွာပျံနှံ့လျက်ရှိပြီး ဆေးရုံတက်ရသူလူနာဦးရေနဲ့ ကိုဗစ်ရောဂါကြောင့်သေဆုံးနှုန်းကတော့အရင် အရင်ဒယ်တာမျိုးကွဲထက်နည်းပါးပါတယ်။

🤒အပျော့စားလက္ခဏာများ-
ဖျားနာမယ်။လည်ချောင်းနာမယ်။ လည်ချောင်းယားမယ်။ ချောင်းဆိုးမယ်။ နုန်းမယ်။ကိုယ်လက်မအီမသာဖြစ်မယ်။
အသက်ရှူနှုန်းတစ်မိနစ်မှာ ၂၄ကြိမ်ထက်နည်းမယ်။
အောက်စီဂျင် ၉၄% အထက်မှာပဲအမြဲရှိမယ်။

များသောအားဖြင့်အဲ့လိုလူနာတွေမှာ ၁-၂ရက်လောက်ဖျားပြီး အခြားသောလဏ္ခဏာတွေက ၅-၇ရက်လောက်နေရင်ပြန်ကောင်းသွားတတ်ကြပါတယ်။ အနံ့ပျောက်တာတော့တွေ့ရှိရတာရှားပါတယ်။လည်ချောင်းနာတာပိုအဖြစ်များကြပါတယ်။

🤢သတိထားစောင့်ကြည့်သင့်သောလက္ခဏာများ (သို့မဟုတ်) ပြင်းထန်ကိုဗစ်ဖြစ်လာနိုင်ချေရှိသောလူနာများ-
အဖျားအလွန်ကြီးတာ၊
ချောင်းအရမ်းဆိုးပြီးမောနေတာ၊ရပ်ကြပ်နေတာ၊
အသက်ရှူနှုန်းတစ်မိနစ်မှာ ၂၄ကြိမ်ထက်များနေတာ၊
အောက်စီဂျင် ၉၄%အောက်နည်းနေတာ၊
နေ့ည၊အချိန်နေရာ မခွဲခြားနိုင်တော့တာ၊ ဂယောင်ဂတမ်းတွေပြောနေတာ၊ စကားပီသအောင်မပြောနိုင်တော့တာ၊
တက်တာ၊

အထက်ပါရောဂါလက္ခဏာများတွေ့ပြီဆိုရင်တော့ ပြင်းထန်အဆင့်ကိုမရောက်ခင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်တာ၊စမ်းသပ်တာတွေလုပ်ထားဖို့အကြံပြုချင်ပါတယ်။

😷ဘယ်လိုကုသရမလဲ?
အခုအချိန်မှာ ကိုဗစ်ရောဂါကုသမှုနည်းလမ်းပိုပြီးများများထွက်လာပြီမို့တတ်နိုင်သမျှသေဆုံးနှုန်းလျော့ချနိုင်ဖို့အရေးကြီးပါတယ်။
အရင်လိုဗိုင်းရပ်ပိုးသတ်ဆေးများမှာ ထိုးဆေးသာမက သောက်ဆေးများလည်းရှိနေပြီမို့ ကုသရမဲ့ဆရာဝန်များအတွက်ရွေးချယ်စရာများများရှိလာပါပြီ။
အဆိုပါဆေးများမှာ ဗိုင်းရပ်ပိုးကိုယ်ခန္ဓာအတွင်းမှာပွားနေချိန် (ရောဂါ လက္ခဏာပေါ်ပေါက်ပြီး ၅ရက်မကျော်ခင်) ပေးမှထိရောက်မှာမို့အစောဆုံးရှာဖွေသိရှိဖို့အရေးကြီးပါတယ်။
ကိုဗစ်ရောဂါဖြစ်ပွားသူတိုင်းသောက်စရာ၊ ထိုးစရာ မလိုပါဘူး။ ဘေးထွက်ဆိုးကျိုးများလည်းရှိတဲ့အတွက်မိမိဘာသာမသောက်သုံးပဲ ဆရာဝန်နဲ့အရင်တိုင်ပင်ကြဖို့တော့ အကြံပြုလိုပါတယ်။

👉အချုပ်အားဖြင့်ပြောရရင်တော့ -
😷ကိုဗစ်ရောဂါမဖြစ်ပွါးသေးသူများအတွက်-
ကာကွယ်ဆေးထိုးပါ။ ကာကွယ်ဆေး ၂ကြိမ်ထိုးပြီးသူများကလည်း (၃-၆လအကြာမှာ) booster ထပ်ထိုးပါ။
လက်ဆေးပါ။
နှာခေါင်းစီးတပ်ဆင်ပါ။
လူစုလူဝေးရှောင်ပါ။

🤒သာမန်လက္ခဏာဖြစ်ပွားသူများအတွက်-
ရေများများသောက်ပါ။
ကိုယ်ခံအားမြင့်တက်စေမဲ့အားရှိအောင်အစာများများစားပါ။
ရောဂါလက္ခဏာအလိုက် ပါရာစီတမော၊ ချောင်းဆိုးပျောက်ဆေး အစရှိသဖြင့်သောက်သုံးရုံနဲ့လုံလောက်ပါတယ်။

🤢ပြင်းထန်ရောဂါဖြစ်ပွါးနိုင်ချေရှိတဲ့ အသက်ကြီးသူ၊ရောဂါအခံရှိသူ၊ ကာကွယ်ဆေးမထိုးရသေးသူ၊ အပေါ်မှာဖော်ပြထားတဲ့ပြင်းထန်ရောဂါဖြစ်နိုင်ချေရှိတဲ့လက္ခဏာများတွေ့ရှိရတဲ့သူများကတော့ စောစောသိအောင်လုပ်ပြီး ဆရာဝန်နဲ့စောစောပြသနိုင်အောင်ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ယခု စတုတ္ထလှိုင်းကိုအောင်အောင်မြင်မြင်နဲ့ဖြတ်ကျော်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

Reference : Prof Dr.Daw Than Than Aye

25/12/2021

Healthy By LINN မှ မိတ်ဟောင်း၊ မိတ်သစ် ဈေးဝယ်သူများအားလုံး ပျော်ရွှင်စရာခရစ်စမတ်နေ့လေး ရရှိပိုင်ဆိုင်နိုင်ကြပါစေ။
🎄Merry Christmas to you all🎄

ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယမှာ ဘေးဘယာကင်းကွာပြီး ကျန်းမာချမ်းသာ ပါစေကြောင်း Healthy By LINN မှဆုမွန်ကောင်း တောင်းပေးလိ...
20/10/2021

ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယမှာ ဘေးဘယာကင်းကွာပြီး ကျန်းမာချမ်းသာ ပါစေကြောင်း Healthy By LINN မှဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🙏🙏🙏🙏

Address

U Chit Maung Road
Yangon
11201

Telephone

+959798417816

Website

Alerts

Be the first to know and let us send you an email when Healthy By LINN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share