25/08/2026
အခုလက်တလောဖြစ်ပေါ်နေတဲ့ Medicube ကိစ္စနဲ့ပက်သက်ပြီး Letter ထုတ်ပြန်ပေးလိုက်ပါတယ် 📄
Medicube ရဲ့ Product တွေထဲမှာ Sudan IV (အရောင်ဆိုးဆေး) ပါဝင်တယ်ဆိုတဲ့ကိစ္စနဲ့ပက်သက်ပြီး Customer တွေ စိုးရိမ်နေကြတဲ့အပေါ် ပြန်လည်ဖြေရှင်းပေးနိုင်ဖို့အတွက် Korea ဖက်က Letter ထွက်လာပါပြီ ✅
အဲ့အတွက် ပြင်ပ Laboratory တွေမှာ အဆင့်ဆင့်စစ်ဆေးပြီးတဲ့နောက် ရလာတဲ့အဖြေကတော့
❌ "Medicube Product တွေမှာ Sudan IV လို့ခေါ်တဲ့ အရောင်ဆိုးဆေး လုံးဝပါဝင်မှုမရှိပါဘူးရှင် (Not Detected)" ❌
Medicube Product တွေကို ထုတ်ကုန်လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အတည်ပြုနိုင်ခဲ့ပေမယ့် သုံးစွဲသူ Customer တွေရဲ့ စိုးရိမ်မှုကို လျှော့ချနိုင်ဖို့နဲ့ Product ရဲ့ စိတ်ချမှု အာမခံမှုပိုရှိအောင် Formula တွေကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ် 🙏🏻
ဒါ့အပြင် မကြာသေးခင်က Hong Kong Customs ရဲ့ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး သေချာမှုရှိအောင် နောက်တစ်ကြိမ် ထပ်မံစမ်းသပ်ခဲ့ပါတယ် ✅ အဲ့စစ်ဆေးမှုကိုလည်း ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြု Intertek ကတစ်ဆင့် ကိုရီးယားနိုင်ငံရဲ့ စည်းမျဉ်းတွေနဲ့အညီ စစ်ဆေးခဲ့ပါတယ်ရှင်
❌ "အဲ့မှာလည်း Sudan IV ကို တွေ့ရှိခြင်း မရှိခဲ့ပါဘူးရှင် (Not Detected)" ❌
အခုလက်ရှိမှာလည်း အဲ့ကိစ္စနဲ့ပက်သက်ပြီး Hong Kong Customs နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေဆဲဖြစ်တဲ့အတွက် Medicube သုံးစွဲသူ Customer များအနေနဲ့လည်း တစ်စုံတစ်ရာ စိုးရိမ်ပူပန်စရာမလိုဘဲ သုံးစွဲနိုင်ပါကြောင်း Letter နဲ့တကွ ဖြေရှင်းပေးလိုက်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻