အာယုဇီ၀ - Aryuziwa Specialist Hospital

အာယုဇီ၀ - Aryuziwa Specialist Hospital One stop service for your health.

လူဦးရေ သန်းပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ကျောက်ကပ်ရောဂါဆိုတာ လက္ခဏာ အသိသာကြီးမပြဘဲ တိတ်တဆိတ် အမြစ်တွယ်တတ်လို့ ကမ္ဘာပေါ်မ...
02/06/2026

လူဦးရေ သန်းပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ကျောက်ကပ်ရောဂါဆိုတာ လက္ခဏာ အသိသာကြီးမပြဘဲ တိတ်တဆိတ် အမြစ်တွယ်တတ်လို့ ကမ္ဘာပေါ်မှာ အရမ်းကို သတိထားရတဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ် 🌎

ဒါကြောင့်မို့ မိမိကိုယ်တိုင်နဲ့ မိမိချစ်ရသူတွေရဲ့ ကျောက်ကပ်ကျန်းမာရေးအတွက် သတိထားရမယ့် လက္ခဏာလေးတွေနဲ့ ကာကွယ်နေထိုင်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် 💌

ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရဲ့ “အညစ်အကြေးသန့်စင်စက်ရုံ” လို့ ပြောရင် မမှားပါဘူး။ 6သွးထဲက အ-ဆိ-ပ်-အ-တေ-ာက်တွေကို ဇကာလို စစ်ထုတ်ပေးပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို မျှတအောင် အလုပ်လုပ်ပေးတဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် ✅

💁🏻‍♀️ကျောက်ကပ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိထားရမယ့် လက္ခဏာများကတော့

🔶မကြာခဏ အကြောင်းရင်းမရှိဘဲ နုံးခွေပြီး ခြေကုန်လက်ပန်းကျနေခြင်း

🔶ခြေထောက်နှင့် ခြေကျင်းဝတ်များ ဖောရောင်လာခြင်း

🔶ဆီးသွားတဲ့အကြိမ်ရေ ပုံမှန်ထက် များလာခြင်း (သို့) နည်းသွားခြင်း

🔶ဆီးသွားလျှင် အမြှုပ်များ အလွန်အမင်း ထွက်ခြင်း (သို့) ဆီးထဲ 6သွးပါခြင်း

🔶အရေပြားများ အကြောင်းမဲ့ ခြောက်သွေ့ယားယံခြင်းများဖြစ်တတ်ပါတယ် ။

✨ အ‌ထက်ပါအချက်တွေထဲက တစ်ခုခုဖြစ်နေ ပြီဆိုရင်တော့

✔️ရေကို မိမိခန္ဓာကိုယ် လိုအပ်ချက်အလိုက် လုံလောက်စွာသောက်ပါ

✔️ အငန်ဓာတ်နဲ့ အသင့်စား အစားအစာများကို လျှော့စားပါ

✔️ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အကိုက်အခဲပျောက်ဆေးများကို ရေရှည်စွဲသောက်ခြင်းမှ ရှောင်ကြဉ်ပါ

✔️ 6သွးတိုးနဲ့ ဆီးချိုရောဂါ အခံရှိရင် ပုံမှန် စစ်ဆေးသင့်ပါတယ် ။

👨‍⚕️𝐀𝐫𝐲𝐮𝐳𝐢𝐰𝐚 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှာဆိုရင် ကျောက်ကပ်ရောဂါအထူးကုဆရာဝန်ကြီးများကိုယ်တိုင် စနစ်တကျ တိုင်ပင်ဆွေးနွေးကုသပေးခြင်း

🔬 တိကျသေချာတဲ့ ခေတ်မီဓာတ်ခွဲခန်းနှင့် စစ်ဆေးမှုများဆောင်ရွက်ပေးခြင်း

🤝 နွေးထွေးပျူငှာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ပေးလျက်ရှိပါတယ်ရှင့်။

💌 ကျန်းမာတဲ့ ကျောက်ကပ်က ပျော်ရွှင်တဲ့ ဘဝကို ပေးစွမ်းနိုင်တာမို့ ဝေဒနာ မပြင်းထန်ခင် ကျန်းမာရေးအသိနဲ့ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးကုသခြင်းဖြစ်တာကြောင့် ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကို အစဉ်အမြဲဂရုတစိုက် ရှိနေပေးဖို့ မမေ့ပါနဲ့နော် ❤️

☎️ Viber / Phone

09 940 005 791

09 880 575 791

09 880 575 792

🏡 လိပ်စာ : အမှတ် (၉၀)၊ (၄၈) ရပ်ကွက်၊ ဗိုလ်မှူးဘထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး



Disclaimer:

This content is shared for general knowledge sharing of KidneyHealth.

✨ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ✨စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်  ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်...
17/04/2026

✨ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ✨

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်လိုက်ပါတယ်ရှင် 🥰

💦 မြန်မာ့ရိုးရာ အတာသင်္ကြန် 💦 ပျော်ရွှင်ဖွယ်ရာ သင်္ကြန်အခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်လ...
13/04/2026

💦 မြန်မာ့ရိုးရာ အတာသင်္ကြန် 💦

ပျော်ရွှင်ဖွယ်ရာ သင်္ကြန်အခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်လိုက်ပါတယ်ရှင် 🥰

အခုနောက်ပိုင်းမှာ ကျန်းမာရေးစစ်ဆေးရင်းနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာ သတိထားမိလို့ပဲဖြစ်ဖြစ် သိုင်းရွိုက်အကျိတ်ရှိနေတာ၊ သိုင်း...
11/04/2026

အခုနောက်ပိုင်းမှာ ကျန်းမာရေးစစ်ဆေးရင်းနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာ သတိထားမိလို့ပဲဖြစ်ဖြစ် သိုင်းရွိုက်အကျိတ်ရှိနေတာ၊ သိုင်းရွိုက်ကင်ဆာရောဂါခံစားနေရတာမျိုးတွေက အဖြစ်များလာပါတယ် 😊

တကယ်တော့ သိုင်းရွိုက်ကင်ဆာဟာ အစောပိုင်းသိရင် ပျောက်ကင်းနိုင်ချေရှိတဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါဝင်ပါတယ် ✅

ဒါကြောင့် စိုးရိမ်မလွန်ဘဲ ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ် 💌

သိုင်းရွိုက်ကင်ဆာဆိုတာကတော့ လည်ပင်းအရှေ့ဘက်၊ စကားပြောတဲ့အသံအိုးအောက်နားမှာရှိတဲ့ လိပ်ပြာပုံသဏ္ဍာန် 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐆𝐥𝐚𝐧𝐝 မှာ ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်လာတာကို ဆိုလိုတာပဲ ဖြစ်ပါတယ် 🦠

သိုင်းရွိုက်ကင်ဆာကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းကို အတိအကျကြီး မပြောနိုင်သေးပေမဲ့ ဆဲလ်တွေရဲ့ မျိုးဗီဇ (𝐃𝐍𝐀)ပြောင်းလဲမှု (𝐌𝐮𝐭𝐚𝐭𝐢𝐨𝐧) ကြောင့် ဖြစ်တာများပါတယ် ❗️

ဆဲလ်တွေက ပုံမှန်မဟုတ်ဘဲ အဆမတန်ပွားလာတဲ့အခါမှာ အကျိတ် (𝐓𝐮𝐦𝐨𝐫) အဖြစ် ပြောင်းလဲသွားတာမျိုး ဖြစ်ပါတယ် 💁🏼‍♀️

𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐂𝐚𝐧𝐜𝐞𝐫 က ဘယ်လိုလူတွေမှာ ပိုအဖြစ်များသလဲဆိုရင်တော့….

♦️ အမျိုးသားများထက် အမျိုးသမီးများတွင် ၃ ဆခန့် ပိုအဖြစ်များခြင်း

♦️ အသက် ၄၀ ကျော် အမျိုးသမီးများနှင့် အသက် ၆၀ ကျော် အမျိုးသားများတွင် အဖြစ်များခြင်း

♦️ ငယ်စဉ်က လည်ပင်း သို့မဟုတ် ဦးခေါင်းပိုင်းကို ဓာတ်ရောင်ခြည်နဲ့ ကုသမှု ခံယူဖူးသူများ

♦️ မိသားစုထဲတွင် သိုင်းရွိုက်ကင်ဆာ သို့မဟုတ် အခြားသော 𝐄𝐧𝐝𝐨𝐜𝐫𝐢𝐧𝐞 နဲ့ ဆက်စပ်တဲ့ ရောဂါဖြစ်ဖူးသူများနှင့်

♦️ အိုင်အိုဒင်းဓာတ် လုံလောက်စွာမရရှိတဲ့ ဒေသများတွင် နေထိုင်သူများမှာ ပိုပြီးတော့ ဖြစ်နိုင်ချေများတာကို တွေ့ရှိရပါတယ်

သိုင်းရွိုက်ကင်ဆာရောဂါဟာ အစပိုင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့် ရောဂါရင့်လာတဲ့အခါမျိုးတွေမှာဆိုရင်တော့👇🏻

💢 လည်ပင်းနှင့်လည်ချောင်းတွင် နာကျင်လာပြီး အစာမျိုချရန် ခက်ခဲခြင်း

💢 လည်ပင်းရှိ ပြန်ရည်ကြောအိမ်များ ရောင်ရမ်းခြင်း

💢 လည်ပင်းအရှေ့တွင် စတင်နာလာပြီး နားအထိ နာလာခြင်း

💢 အအေးမိခြင်း မဟုတ်ဘဲ ချောင်း အဆက်မပြတ် ဆိုးခြင်း၊ အသံဝင်ခြင်း၊အသံအောခြင်း၊ အသံပြောင်းလဲလာခြင်း

💢 အသက်ရှူရ ခက်ခဲခြင်း စတဲ့ လက္ခဏာများကို ခံစားလာရတတ်ပါတယ်

အကယ်၍ ကိုယ်က သိုင်းရွိုက်လက္ခဏာရှိနေပြီလို့ သံသယရှိလာပြီဆိုရင်တော့ ဝါရင့်အထူးကုဆရာဝန်ကြီးများနဲ့ ကိုယ်တိုင်ကိုယ်ကျ အသေးစိတ်ဆွေးနွေးပြီး ခေတ်မီစက်ကိရိယာတွေနဲ့ စနစ်တကျ ရောဂါရှာဖွေကုသပေးလျက်ရှိတဲ့ အာယုဇီဝအထူးကုဆေးရုံကို ယုံကြည်စိတ်ချစွာ လာရောက်ပြသနိုင်ပါတယ်ရှင့် 💌

ကျန်းမာရေးအသိနဲ့ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးကုသခြင်းဖြစ်တာကြောင့် ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကို အစဉ်အမြဲဂရုတစိုက် ရှိနေပေးဖို့ မမေ့ပါနဲ့နော် ❤️

☎️ Viber / Phone
09 940 005 791
09 880 575 791
09 880 575 792

🏡 လိပ်စာ : အမှတ် (၉၀)၊ (၄၈) ရပ်ကွက်၊ ဗိုလ်မှူးဘထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး



Disclaimer:

This content is shared for general knowledge sharing of Thyroid Cancer.

🌎 ယနေ့ကျရောက်သော ဧပြီလ (၇)ရက်နေ့ “ကမ္ဘာ့ကျန်မာရေးနေ့” တွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ပေးစွမ်းလျက်ရှိသော ကမ္ဘာတစ်...
07/04/2026

🌎 ယနေ့ကျရောက်သော ဧပြီလ (၇)ရက်နေ့ “ကမ္ဘာ့ကျန်မာရေးနေ့” တွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ပေးစွမ်းလျက်ရှိသော ကမ္ဘာတစ်ဝန်းမှ ကျန်းမာရေးဝန်ထမ်းများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နှင့် လူသားတိုင်း ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေကြောင်း 𝐀𝐫𝐲𝐮𝐳𝐢𝐰𝐚 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏



09/07/2025

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏

ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့်အခါသမယမှာ
ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြီးပြည့်စုံကြပါစေရန် ကနုတ်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏

“ ဝါဆိုလပြည့်နေ့ “ ၏ ထူးခြားချက်များ
*************************************
၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း🙏
၂။ ဂေါတမဘုရားလောင်း
တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း🙏
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း🙏
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း🙏
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍
ထူးခြားခြင်း🙏
၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း🙏
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း🙏
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း🙏
စသည့်ထူးခြားခြင်းတို့ ဖြစ်ပါသည်။
သ စ္စာ ဂ ဝေ သီ
မြတ်ဗုဒ္ဓ၏သာသနာ မှကောက်နုတ်ဖော်ပြပါသည်။
Credit:

17/04/2025

နှစ်ဆန်းတစ်ရက်နေ့ ဆုတောင်းသဝဏ်လွှာ ⚜✨

ဒီနေ့ဟာဆိုရင် မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်သို့ နှစ်သစ်ကူးပြောင်းသွားပြီဖြစ်ပါသဖြင့် မြန်မာလူမျိုးတို့ မြတ်နိုးတန်ဖိုးထားတဲ့ ဒီလိုရက်မြတ်အချိန်အခါလေးမှစတင်ပြီး တစ်နှစ်တာကာလပတ်လုံးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းချမ်းမြေ့စွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်း ARYUZIWA SPECIALIST HOSPITAL မိသားစုမှ ဆုတောင်းမေတ္တာပို့ပေးလိုက်ရပါတယ်ရှင် 💖

#မြန်မာ့နှစ်ကူး

အပူဒဏ် အန္တရာယ် သတိထားဖွယ်ရာ
17/03/2025

အပူဒဏ် အန္တရာယ် သတိထားဖွယ်ရာ

အသည်းရောင်အသားဝါ (အေ) ရောဂါ သတိပြုကာကွယ်ပါ
02/03/2025

အသည်းရောင်အသားဝါ (အေ) ရောဂါ သတိပြုကာကွယ်ပါ

⚡ဆီးချိုရောဂါက မျိုးရိုးလိုက်တတ်လားလို့မေးရင်တော့ ဟုတ်တယ်လို့ဖြေရမှာပေါ့။ ဘာကြောင့်ဆို ဆီးချိုရောဂါ type 2က မျိုးရိုးကြေ...
21/02/2025

⚡ဆီးချိုရောဂါက မျိုးရိုးလိုက်တတ်လားလို့မေးရင်တော့ ဟုတ်တယ်လို့ဖြေရမှာပေါ့။ ဘာကြောင့်ဆို ဆီးချိုရောဂါ type 2က မျိုးရိုးကြောင့် ဖြစ်တတ်လို့ပါ။ တကယ်လို့ ကိုယ့်မှာ ဆီးချိုရောဂါ type 2 ရှိနေပြီဆို မိသားစုမျိုးရိုးထဲမှာလည်း ရှိနေလို့ပါပဲ။ လေ့လာချက်တွေအရ
🔺 မိဘတွေ အသက်၅၀မတိုင်ခင် ဆီးချိုရှိနေမယ်ဆို ကိုယ်လည်း ၇ယောက်မှာ ၁ယောက်နှုန်း
🔺 မိဘတွေ အသက်၅၀ကျော်မှ ဆီးချိုရှိနေမယ်ဆို ကိုယ်လည်း ၁၃ယောက်မှာ ၁ယောက်နှုန်း
🔺 မိဘနှစ်ဦးစလုံးမှာ ဆီးချိုရှိနေမယ်ဆို ကိုယ်လည်း ၂ယောက်မှာ ၁ယောက်နှုန်း ဖြစ်နိုင်ချေရှိပါတယ်။

ဒါပေမယ့်လို့ ဆီးချိုရောဂါဆိုတာ မျိုးရိုးတစ်ခုတည်းကြောင့်လည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု၊ ပတ်ဝန်းကျင်ပေါ်မှာလည်း မူတည်ပါတယ်။

ဒီနေရာမှာ ဆီးချို type 2 ဖြစ်စေတဲ့ သန္ဓေပြောင်းလဲမှုတွေများစွာရှိပါတယ်။ သန္ဓေပြောင်းလဲမှု တစ်ခုချင်းစီတိုင်းက အကျိုးသက်ရောက်မှုနည်းပေမယ့် တစ်ခုထက်ပိုများများလာရင်တော့ ဆီးချိုဖြစ်နိုင်ချေလည်း ပိုများလာမှာဖြစ်ပါတယ်။ သကြားဓာတ်ကို လည်ပတ်စေတဲ့ မျိုးရိုးဗီဇတွေထဲမှာပါတဲ့ သန္ဓေပြောင်းမှုတွေက ဆီးချို type 2 ကို ဖြစ်စေပါတယ်။ ဒီထဲမှာ
🔸 သကြားဓါတ် ထုတ်လုပ်မှုကို ထိန်းချုပ်တဲ့ မျိုးဗီဇ
🔸 အင်ဆူလင် ထုတ်လုပ်မှုကို ထိန်းချုပ်တဲ့ မျိုးဗီဇ
🔸 သွေးချိုအခြေအနေ အာရုံခံမှုကိုထိန်းချုပ်တဲ့ မျိုးဗီဇ
🔸 အင်ဆူလင် ကိုလည်ပတ်စေတဲ့ မျိုးဗီဇတွေပါဝင်ပါတယ်။

ဆီးချိုရောဂါမျိုးရိုးရှိသူတိုင်း ကိုယ့်မှာဆီးချိုရောဂါဖြစ်နိုင်တယ်လို့ တပ်အပ်မပြောနိုင်ပေမယ့် ဆီးချိုရောဂါမျိုးရိုးရှိသူအများစုကတော့ ဖြစ်ဖို့အလားအလာများတာမို့ ဆီးချိုရောဂါမဖြစ်ရလောအောင်
⚡ ကိုယ်အလေးချိန်ထိန်းသိမ်းပါ
⚡ ကယ်လိုရီနည်းတဲ့အစားအစာ နဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ
⚡ ရေသောက်ပါ
⚡ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများလုပ်ပါ
⚡ စိတ်ဖိစီးမှုလျော့ပါ
⚡ အိပ်ရေးဝဝအိပ်ပါ
⚡ ဆေးလိပ်ဖြတ်ပါ

သင့်မျိုးရိုးထဲမှာရော ဆီးချိုရောဂါရှိနေပြီဆိုတာ သိတာနဲ့ချက်ချင်း ကိုယ့်မှာရောဆီးချိုရှိနေလားဆိုတာ ဆရာဝန်နဲ့ သေချာစစ်ဆေးပြီး ကြိုတင်ကာကွယ်သင့်ကြောင်း အကြံပြုပါရစေ။ နောက်ထပ်လည်း စိတ်ဝင်စားဖွယ် ကျန်းမာရေးဗဟုသုတများစွာကို ပြောပြပေးသွားမှာမို့ Page လေးကို စောင့်ကြည့်ဖို့မမေ့နဲ့နော်။

Address

အမှတ် (၉၀)၊ ဗိုလ်မှူးဗထူးလမ်း၊၄၈ရပ်ကွက်၊မြောက်ဒဂုံ
Yangon

Telephone

+959940005791

Website

Alerts

Be the first to know and let us send you an email when အာယုဇီ၀ - Aryuziwa Specialist Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အာယုဇီ၀ - Aryuziwa Specialist Hospital:

Share