The Elixir for your health

The Elixir for your health Your health companion

19 ဂျူလိုင် မမေ့နိုင်
19/07/2026

19 ဂျူလိုင် မမေ့နိုင်

27/06/2026
27/06/2026

ကျန်းမာသောစားသောက်နေထိုင်မှုပုံစံ 💪🏋️
HealthyLifestyle ⛹️🚶🏃

📆🗓️ နှစ်သစ်တခုရောက်ခဲ့ပြန်ပြီမို့ နှစ်သစ်မှာ ဘာတွေလုပ်ရမယ်၊ ဘာတွေဖြစ်ရမယ်ဆိုတဲ့ ရေတိုရေရှည်ရည်မှန်းချက်တွေ ချတတ်ကြပါတယ်။

တနှစ်ပတ်လုံးမှာ ကျန်းမာပျော်ရွှင်နေဖို့ကလည်း အဖိုးတန်ရည်မှန်းချက်တခုပဲ ဖြစ်ပါတယ်။

မကျန်းမာတဲ့အခါ ပျော်ရွှင်စရာ‌ကောင်းတဲ့နေ့ရက်တွေရဖို့ အကန့်အသတ်တွေ ဖြစ်လာနိုင်တာမို့
ကျန်းမာပျော်ရွှင်တဲ့ စားသောက်နေထိုင်မှုပုံစံကို နှစ်သစ်အစက စပြီး လိုက်နာကျင့်သုံးနိုင်အောင် ပြောပြပေးသွားမယ်နော်။

🤔 ကျန်းမာစေတဲ့ စားသောက်မှုပုံစံ 🥗🍅🥦

_ စားမဲ့အစားအစာထဲမှာ သင့်တင့်မျှတဲ့ အာဟာရအုပ်စုတွေ (အသားဓါတ်၊ကစီဓါတ်၊အဆီဓါတ်နဲ့ vitamin သတ္တုဓါတ်တွေ) ပါဖို့အရေးကြီးသလို စားတဲ့ ပမာဏကလည်း သင့်တင့်ရုံသာစားဖို့နဲ့ စားတဲ့အကြိမ်အရေအတွက်ကလည်း မှန်ကန်ဖို့လိုပါတယ်။

_ အဲလို စားသုံးတဲ့အခါမှာ ပြည့်ဝဆီတွေ၊ ကိုလက်စရောများတဲ့ အစားအစာတွေကို လျော့ပြီးစားသင့်ပါတယ်။

_ အချို၊ အငံ နဲ့အဆီတွေကို တတ်နိုင်သမျှ ထိန်းချုပ်စားဖို့လည်း အရေးကြီးပါတဲ့။

_ အမျှင်ဓါတ်များတဲ့ အစားအစားတွေ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို နေ့စဉ်ဘဝမှာ မဖြစ်မနေထည့်သွင်း စားသုံးပေးသင့်ပါတယ်။

_ ကောင်းမွန်တဲ့ အ‌ဆီတွေဖြစ်တဲ့ ပဲဆီ၊ သံလွင်ဆီ၊ အ‌စေ့အဆံတွေနဲ့ ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါးတို့ကို စားသုံးနိုင်ပါတယ်။

🤔 ကျန်းမာစေတဲ့ ကိုယ်လက်လှုပ်ရှားမှု 💪🏃

_ နေ့စဉ် တနေ့ကို မိနစ်သုံးဆယ်ခန့် ကိုယ်လက်လှုပ်ရှားမှုလုပ်ရပါမယ်။

_ လမ်းလျှောက်တာ၊ မိမိနဲ့သင့်တော်တဲ့ အားကစားတခုခုလုပ်တာ၊ ကခုန်တာ၊ ရောဂကျင့်တာ၊ ပြေးတာ စသဖြင့် ပြုလုပ်နိုင်ပါတယ်။

🤔 ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း 👀

_ Central obesity လိုခေါ်တဲ့ ခန္တာကိုယ်အလယ်ပိုင်း ဝမ်းဗိုက်နေရာ ဆူပြီး ဝလာရင်တော့
အသဲအဆီဖုံးခြင်းနဲ့ ရောဂါတွေ ဖြစ်လာတတ်လို့ ကျန်းမာစေဖို့ ခန္တာကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်

🤔 ဆေးလိပ်ဖြတ်ပါ။

🤔 အရက်အလွန်အလွန်အကျွံသောက်ခြင်းမှရှောင်ကျဉ်ပါ။

🤔 လိင်မှာတဆင့်ကူးစက်သောရောဂါများနဲ့ HIV/AIDS ရောဂါများမှ ကာကွယ်နိုင်ရန် လိင်ဆက်ဆံတဲ့အခါ အကာအကွယ်ပစ္စည်း ကွန်ဒုံးသုံးစွဲပါ။

🤔 တနေ့ နှစ်ကြိမ် သွားတိုက်ပြီး ခံတွင်းကျန်းမာရေး ဂရုစိုက်ပါ။

🤔 ပူပြင်းသောနေရောင်ကို‌ ရှောင်ကြဥ်ပါ။မနက်ဆယ်နာရီမှ ညနေ သုံးနာရီထိ နေရောင်ပြင်းပြင်းကိုရှောင်ကျဉ်ပါ။ နေ‌ရောင်ကာလိမ်းဆေး sunscreen လိမ်းပါ။

🤔 စိတ်ကျန်းမာရေးအတွက်ကတော့

_ မိသားစု၊ သူငယ်ချင်းတွေနဲ့ ‌ထိတွေ့ဆက်သွယ်ပါ။
_ ပတ်ဝန်းကျင် မိတ်ဆွေ အဖွဲ့အစည်းများတွင်ပါဝင်နေထိုင်ပါ။
_ အကောင်းမြင်စိတ်မွေးမြူပါ။ပျော်ရွှင်စွာနေထိုင်ပါ။
_ အိပ်ရေးဝဝအိပ်ပါ။
_ စိတ်ဖိစီးမှုကို သိရှိပြီး လျော့ချပါ။

ကဲ ဒီလောက်ဆိုရင်တော့ ၂၀၂၄ ကစပြီး ရေတိုရော ရေရှည်မှာပါ ကျန်းမာပျော်ရွှင်စေဖို့ နေထိုင်စားသောက်မှု ပုံစံ ကို အတူတူ လုပ်ဆောင်ကြဖို့ အဆင်သင့်ဖြစ်ပြီ ထင်ပါတယ် 😀

#ကျန်းမာရေး
#ကျန်းမာသောနေထိုင်မှု
#ကျန်းမာသောစားသောက်မှု


#2024

27/06/2026

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

22/05/2026

မိုးရာသီနှင့် အရေပြားပြဿနာများ

✅ ပူနေတုန်းမိုးလေးကျလာတော့ပျော်ကြရွှင်ကြရတာ။ မိုးရာသီရောက်ရင်တော့ အေးမြမှုတွေနဲ့အတူစိတ်ကသိကအောင့်ဖြစ်စရာအခြေအနေလေးတချို့ကိုပါ တွေ့ကြုံတတ်ပါတယ်။

- အဲလိုအခြေအနေတွေထဲကက တမျိုးက အရေပြားဆိုင်ရာပြဿနာလေးတွေပါပဲ။

✅မိုးရာသီမှာ တွေ့ရများတဲ့အရေပြား ပြဿနာလေးတွေရယ် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာရယ်ကိုပြောပြပေးသွားပါမယ်။

၁။ အရေပြားယားယံခြင်း၊ အရေပြားတုံ့ပြန်လွယ်ခြင်း။

၂။ အရေပြားမှိုရောဂါများဖြစ်တဲ့ ခန္ဓာကိုယ်ချောင်ကြားတွေမှာအဖြစ်များတဲ့ ပွေး၊ ရေတစိုစိုဖြစ်နေတဲ့ခြေထောက်တွေမှာဖြစ်တတ်တဲ့ ခြေဝဲစားခြင်း။

၃။ Scabies လို့ခေါ်တဲ့ဝဲရောဂါ။

၄။ ဝက်ခြံများထွက်ခြင်း။

၅။ မွေးကျွတ်နာများ။

၆။ Eczema flares အရေပြားတုံ့ပြန်လွယ်မှု ဓါတ်မတဲ့မှုများ ကြွခြင်း။

- ခုပြောပြခဲ့တဲ့ပြဿနာလေးတွေက

🤔 မိုးတွင်းမှာ humidity စိုထိုင်းဆ များလာခြင်း ရာသီဥတုပြောင်းပြီး အပူချိန်ရုတ်တရက်အပြောင်းအလဲဖြစ်ခြင်းတွေကြောင့် အရေပြားတုံပြန်လွယ်မှု ယားယံမှုတွေနဲ့အတူ ဖြစ်လာတာဖြစ်ပါတယ်။

✅ကာကွယ်နိုင်မဲ့နည်းလမ်းလေးတွေကတော့

၁။ တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။

စိုထိုင်းစများတဲ့ရာသီဥတုဖြစ်လို့ အရေပြားမှာချွေးပေါက်ပိတ်တာမျိုးတွေဖြစ်ပြီး ဝက်ခြံထွက်တာမျိုး‌‌တွေ ဖြစ်တတ်လို့ မျက်နှာကို မပြင်းတဲ့မျက်နှာသစ်နဲ့ တနေ့သုံးကြိမ်လောက်ထိသစ်ပေးနိုင်ပါတယ်။

အသားအရေကို ရေဓါတ်ရအောင် moisturizer လိမ်းတာ ရေများများသောက်ပေးတာမျိုးလုပ်နိုင်ပါတယ်။

၂။ သန့်ရှင်းပြီးခြောက်သွေ့တဲ့အဝတ်အစားများကိုသာဝတ်ဆင်သင့်ပါတယ်။

ခြေဝဲစားတတ်သူများအနေနှင့်လည်း ခြေထောက်ရေစိုပြီးရင် ခြောက်အောင်ပြန်သုတ်တာ ခြောက်သွေ့တဲ့ခြေအိတ်ကိုသာဝတ်ဆင်တာ လေဝင်လေထွက်ကောင်းတဲ့ဖိနပ်မျိုးဝတ်ဆင်တာတွေ လုပ်နိုင်ပါတယ်။

၃။ ခန္ဓာကိုယ်ရေစို ချွေးစိုတာတွေဖြစ်ရင် ‌ခြောက်သွေ့အောင်သုတ်ဖို့လိုပါတယ်။
အထူးသဖြင့် ချိုင်းကြား ပေါင်ကြား ဂုတ်ကြား ကိုယ်အလေးချိန်များသူတွေဆို ရင်ဘက်အောက်ရင်ဘက်ကြား ဗိုက်ခေါက်ကြားတွေ ခြောက်သွေ့ဖို့သတိပြုရပါမယ်။
အရေပြားမှိုသတ်ဆေးပါတဲ့ ပေါင်ဒါမှုန့်တွေသုံးပြီးခြောက်သွေ့အောင်လည်းလုပ်နိုင်ပါတယ်။

✅ ဆီးချိုရာဂါရှိသူ၊ အရေပြားတုံပြန်လွယ်ရောဂါ eczema ရှိသူ၊ ကိုယ်ဝန်ဆောင်တွေအနေနဲ့ကတော့ ကျွမ်းကျင်ရာ ဆရာဝန်နဲ့ပြသပြီးမှသာ ကုသမှုခံယူသင့်ပါတယ်။

- ကဲဒီလောက်ဆိုရင်တော့ မိုးရာသီအရေပြားပြဿနာလေးတွေအတော်အသင့်ကာကွယ်နိုင်ပြီ ဖြစ်လို့ မိုးရာသီနဲ့တူ ဘေးကင်းပျော်ရွှင်ကြပါစေနော်😀

22/05/2026

📢ကာလဝမ်းရောဂါ သို့မဟုတ် cholera သို့မဟုတ် အသက်အန္တရယ်ရှိသော ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါ 📢

📢 ကာလဝမ်းရောဂါ cholera ရောဂါက Vibrio cholerae လို့ခေါ်တဲ့ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ရေမသန့်ရာက တဆင့်ဖြစ်တဲ့ ကူးစက်မှုပြင်းထန်တဲ့ရောဂါဖြစ်ပါတယ်။

📢 မသန့်သောရေကတဆင့် အစားအသောက်ကတဆင့်၊ ရောဂါပိုးရှိသူရဲ့ မစင်ကိုထိတွေ့မှု့ကတဆင့် ပါးစပ်ကနေ ရောဂါပိုးဝင်ပြီးကူးစက်ဖြစ်ပွားပါတယ်။

📢 ကာလဝမ်းရောဂါကြောင့် အချိန်တိုအတွင်း ရေဓါတ်ခမ်းခြောက်မှုဖြစ်ကာ အချိန်မှီမကုသပါက အသက်ဆုံးရှုံးနိုင်ပြီး အစုလိုက်အပြုံလိုက်ဖြစ်ပါက ကပ်ရောဂါအသွင် ကုသရခက်ခဲနိုင်ပါတယ်။

🔍🔍🔍🔍ရောဂါလက္ခဏာများကတော့

_ ပျို့ ချင် အန်ချင်မယ်၊ အန်မယ်။ ပမာဏများနိုင်ပါတယ်။

_ ဆန်ဆေးရေအရောင်ဝမ်းတွေ ပမာဏာများစွာသွားမယ်။ အနဲံ့ကငါးညှီနံ့လိုဖြစ်ပြီး ဝမ်းသွားပြီး နာရီပိုင်းအတွင်း အရေဓါတ်ခမ်းခြောက်မယ်။ ဓါတ်ဆားဆုံးရှုံးလို့ ကြွက်တက်တာ၊နုန်းတာ၊ သတိလစ်တာ ဖြစ်မယ်။ အချိန်မှီမကုသရင် အသက်ဆုံးရှုံးနိုင်ပါတယ်။

📢📢 အရေးပေါ်ကုသမှုက တော့ ရေတလီတာနဲ့ဖျော်ရတဲ့ အများအခေါ် BPI ဓါတ်ဆားပဲဖြစ်ပါတယ်။
_ ဓါတ်ဆားရည်ကို ဝမ်းသွားသမျှပမာဏအတိုင်း ပြန်သောက်သောက်ပေးဖို့လိုပါတယ်။
_ ရေသန့်ဖို့ ဖျော်ပုံဖျော်နည်းစနစ်ကျဖို့လိုပါတယ်။
_ ရေသန့်မရနိုင်ရင် ရေကျက်အေးနှင့်ဖျော်နိုင်ပါတယ်။

📢📢✅အရေးပေါ်ဓါတ်ဆားဝယ်မရပါက
ရေသန့် သို့မဟုတ် ရေကျက်အေး တစ်လီတာထဲကို သကြားလဘက်စားဇွန်း ၆ ဇွန်းနှင့် ဆား လဘက်စားဇွန်း ဇွန်းတဝက်ထည့်ပြီး သောက်သုံးရပါတယ်။

✅အန်နေလျှင် အများကြီးတခါထဲမသောက်ပဲ တဖြည်းဖြည်းချင်းသောက်ပေးပါ။

✅ရေဓါတ်ဆုံးရှုံးမှုအလွန် များရင်တော့ drip ပုလင်းချိတ်ရနိုင်လို့ ဆေးရုံပြသသင့်ပါတယ်။

📢📢 ကာကွယ်မှုတွေအနေနဲ့ကတော့

_မသန့်သော ရေမှတဆင့်ကူးစက်တာဖြစ်လို့ ရေသန့်ဖို့လိုပါတယ်။ သန့်ရှင်းသောရေကိုသာသောက်သုံးပါ။ရေသန့်မရနိုင်လျှင်ရေကိုကြိုချက်သောက်သုံးပါ။ အိမ်သုံးရေ ရေကန်ကို ကလိုရင်းခတ်ပါ။

_ လက်ကိုသေချာစင်ကြယ်စွာဆေးကြောပါ။ ( အစားအစာကိုမကိုင်တွယ်ခင်၊ အစားအစာမပြင်ဆင်ခင် ပြင်ဆင်နေစဉ်နှင့်ပြင်ဆင်ပြီးချိန်၊ အသီးအရွက်အသားငါးကိုင်တွယ်ပြီးချိန်၊ အစားမစားခင်၊ ကလေးအစာမကျွေးခင်၊ အိမ်သာမှထွက်သောအခါ၊ ကလေးကို အိမ်သာအညစ်အကြေးဆေးကြောပြီးသောအခါ၊ ဝမ်းရောဂါလူနာအားကိုင်တွယ်ပြီးသောအခါ လက်ကို စနစ်တကျ ဆေးကြောပါ။ ရေမရနိုင်လျှင် လက်သန့်ဆေးရေ သုံးပါ)

_ စိတ်ချရသောအိမ်သာသုံးစွဲပါ။ ယင်လုံအိမ်သာသုံးပါ။
အိမ်သာနှင့် ရေအရင်းအမြစ် ရေကန် ပေတစ်ရာကွာပါစေ။ အိမ်သာ သွားရန်အဆင်မပြေပါက ပလတ်စတစ်အိတ်ထဲတွင် မစင်စွန့်ပြီးလုံခြုံအောင်ပိတ်ကာ ရေအရင်းအမြစ်နှင့်ပေတစ်ရာအကွာတွင် မြေမြှပ်ရပါမယ်။

_ အစားအသောက်သန့်ရှင်းမှု ဂရုစိုက်ပါ။

_ သန့်ရှင်းပူနွေးပြီး ကျက်နေအောင်ချက်ထားသော အစားအစာများသာ စားသုံးပါ။ အသီးအနှံများကို ကိုယ်တိုင် လက်ဆေး၍ အခွံခွာ၍စားသုံးပါ။ အသီးအနှံအရွက် အသားငါး အစိမ်းစားခြင်းမှ ရှောင်ကျဉ်ပါ။

_သန့်ရှင်းမှုဂရုပြုပါ။
_မီးဖိုချောင် ဟင်းချက်တဲ့နေရာကို ရေနှင့်ဆပ်ပြာသုံးပြီးဆေးကြောပါ။ပြီးလျှင် ခြောက်သွေ့စွာထားပါ။
_ အညစ်အကြေးပေထားသောအဝတ်များအား ရေအရင်းအမြစ်နဲ့ ပေတစ်ရာအကွာတွေလျော်ဖွတ်ပါ။ ရေနွေးနဲ့လျော်ဖွတ်ပြီး အခြောက်လှမ်းပါ။
_ ဝမ်းနဲ့ အန်ဖတ်များကို အိမ်သာတွင်းသာစွန့်ပြစ်ပါ။ အိမ်သာ ကို အညစ်အကြေးပိုးသတ်ဆေးရည်ဖြင့်ဆေးကြောပါ။
_သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်ကိုသေချာပြန်ဆေးပါ။



#ကာလဝမ်းရောဂါ
#ဝမ်းပျက်
#အန်
#ကျန်းမာရေး

ကမ္ဘာ့ကျန်းမာရေးသတိပေးချက်- အီဘိုလာ (Ebola) ဗိုင်းရပ်စ် အရေးပေါ်အခြေအနေနှင့် သိထားရမည့်အချက်များ 🚨​ ကမ္ဘာပေါ်မှာ ကူးစက်ရ...
18/05/2026

ကမ္ဘာ့ကျန်းမာရေးသတိပေးချက်- အီဘိုလာ (Ebola) ဗိုင်းရပ်စ် အရေးပေါ်အခြေအနေနှင့် သိထားရမည့်အချက်များ 🚨

ကမ္ဘာပေါ်မှာ ကူးစက်ရောဂါသစ်တွေ၊ ပုံစံပြောင်းဗိုင်းရပ်စ်တွေအကြောင်း ပိုပြီးသတိထားလာကြရပါတယ်။

အခုတစ်ခါမှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ အာဖရိကတိုက်က အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်ပြီး စိုးရိမ်ရတဲ့ ထုတ်ပြန်ချက်တစ်ခု ထွက်ပေါ်လာလို့ မိမိတို့ကျန်းမာရေးအတွက် ကြိုတင်ဗဟုသုတရရှိအောင် မျှဝေပေးလိုက်ပါတယ်။

​🌍 ၂၀၂၆ မေလ နောက်ဆုံးရ အခြေအနေ (Latest Update)

_ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အာဖရိကအလယ်ပိုင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နှင့် ယူဂန်းဒါးနိုင်ငံ တို့တွင် ဖြစ်ပွားနေသော အီဘိုလာရောဂါ ကူးစက်မှုကို "အပြည်ပြည်ဆိုင်ရာ စိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ" (PHEIC) အဖြစ် မေလ ၁၇ ရက်နေ့တွင် တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

✅ ​ထူးခြားချက်- ယခုတစ်ကြိမ် ကူးစက်မှုသည် ပုံမှန်တွေ့နေကျ Zaire strain မဟုတ်ဘဲ ပိုမိုရှားပါးသည့် Bundibugyo ဗိုင်းရပ်စ်အမျိုးအစား ဖြစ်နေပြီး လက်ရှိအချိန်ထိ ယင်းအမျိုးအစားအတွက် သီးသန့်အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ကုသဆေး မရှိသေးပါ။

✅ ​လက်ရှိအခြေအနေ- လက်ရှိအချိန်အထိ သံသယဖြစ်ဖွယ်လူနာ ၃၀၀ ကျော်နှင့် သေဆုံးသူ ၈၀ ကျော် ရှိနေပြီး နယ်စပ်ဖြတ်ကျော် ကူးစက်မှုများ ရှိလာနေသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့များက အထူးစောင့်ကြည့်လျက် ရှိသည်။ (သို့သော် နိုင်ငံတကာ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းမျိုး မလိုအပ်သေးကြောင်း ထုတ်ပြန်ထားပါတယ်)။

​🦠 အီဘိုလာ ရောဂါအကြောင်း သိကောင်းစရာ (Disease Information)

✅ ​အီဘိုလာဗိုင်းရပ်စ် (Ebola Virus Disease) ဆိုတာ ပြင်းထန်ပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ သွေးလွန်တုပ်ကွေးဆန်ဆန် ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။

​၁။ ရောဂါကူးစက်နိုင်သည့် လမ်းကြောင်းများ

အီဘိုလာသည် လေထုထဲမှတစ်ဆင့် မကူးစက်နိုင်ပါ။

📢 အောက်ပါအတိုင်း တိုက်ရိုက်ထိတွေ့မှုမှသာ ကူးစက်ပါသည်-

_ ​ရောဂါပိုးရှိသော တိရစ္ဆာန်ရိုင်းများ (ဥပမာ- လင်းနို့၊ မျောက်၊ တောဝက်) ၏ သွေး၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများနှင့် ထိတွေ့မိခြင်း။

_ ​အီဘိုလာလူနာ သို့မဟုတ် လူနာ၏ အညစ်အကြေး၊ သွေး၊ တံတွေး၊ ချွေး စသည့် ခန္ဓာကိုယ်ထွက်ရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း။

_ ​လူနာအသုံးပြုထားသော အဝတ်အထည်၊ အိပ်ရာခင်းနှင့် ဆေးထိုးအပ်များကို ကိုင်တွယ်မိခြင်း။

​၂။ ပြသလေ့ရှိသော လက္ခဏာများ

✅ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ပြီး ၂ ရက်မှ ၂၁ ရက်အတွင်း လက္ခဏာများ စတင်ပြသတတ်ပါသည်-

📢 ​ရုတ်တရက် ဖျားခြင်း၊ အလွန်အမင်း နုံးခွေခြင်း။

📢 ​ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် လည်ချောင်းနာခြင်း။

📢 ​နောက်ဆက်တွဲအနေဖြင့် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း။

✅ ​ရောဂါပြင်းထန်လာပါက ခန္ဓာကိုယ်အတွင်းပိုင်းနှင့် ပြင်ပတွင် သွေးယိုစိမ့်မှုများ ဖြစ်ပွားခြင်း (ဥပမာ- သွားဖုံးမှ သွေးထွက်ခြင်း၊ ဝမ်းထဲသွေးပါခြင်း)။

​🛡️ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ

✅ ​ကျွန်ုပ်တို့နိုင်ငံနှင့် အလှမ်းဝေးသည်ဟု ထင်ရသော်လည်း ပြည်ပခရီးသွားသူများပြားသည့် ယနေ့ခေတ်တွင် အောက်ပါအချက်များကို ဆင်ခြင်ရန် လိုအပ်ပါသည်-

✅ ​တစ်ကိုယ်ရေသန့်ရှင်းရေး- လက်ကို ဆပ်ပြာ၊ ရေ သို့မဟုတ် အယ်လ်ကိုဟောပါဝင်သော Hand Gel ဖြင့် စနစ်တကျ မကြာခဏ ဆေးကြောပါ။

✅ ​တိရစ္ဆာန်ရိုင်းများကို ရှောင်ကြဉ်ပါ- အထူးသဖြင့် လင်းနို့ သို့မဟုတ် မျောက် သေဆုံးမှုများ ရှိပါက အကာအကွယ်မပါဘဲ လုံးဝမကိုင်တွယ်ပါနှင့်။

✅ အသားများကို ကျက်အောင် ချက်ပြုတ်စားသောက်ပါ။

✅ ​ခရီးသွားသတိပြုရန်- ရောဂါဖြစ်ပွားရာ ဒေသများ (အာဖရိကဒေသအချို့) သို့ သွားရောက်ရန်ရှိပါက ကျန်းမာရေး သတိပေးချက်များကို စောင့်ကြည့်ပြီး ဖျားနာနေသူများနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ပါ။

​💡 The Elixir's Note: ရောဂါတိုင်းအတွက် အကောင်းဆုံးဆေးတစ်ခွက်ကတော့ "ကြိုတင်ကာကွယ်ခြင်းနှင့် ဗဟုသုတရှိခြင်း" ပါပဲ။

📢 အီဘိုလာဟာ လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှု မရှိသေးတဲ့အတွက် ထိတ်လန့်စရာမလိုဘဲ ကျန်းမာရေးသတိရှိနေဖို့သာ လိုအပ်ပါတယ်။

​မိမိတို့ရဲ့ ကျန်းမာရေးဗဟုသုတ အမြဲတိုးပွားနေစေဖို့ The Elixir for Your Health စာမျက်နှာကို Like နဲ့ Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။

သူငယ်ချင်းတွေလည်း သိရအောင် Share ပေးလိုက်ကြရအောင်... ✨

​ Health #အီဘိုလာဗိုင်းရပ်စ် #ကျန်းမာရေးဗဟုသုတ

📢  Hanta Virus (ဟန်တာဗိုင်းရပ်စ်) အကြောင်း သိကောင်းစရာနှင့် နောက်ဆုံးရ သတင်းများ 🌐☝️ ​မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာမျ...
09/05/2026

📢 Hanta Virus (ဟန်တာဗိုင်းရပ်စ်) အကြောင်း သိကောင်းစရာနှင့် နောက်ဆုံးရ သတင်းများ 🌐

☝️ ​မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာများတွင် ပြန်လည်စိုးရိမ်မှု မြင့်တက်လာနေသည့် Hanta Virus (ဟန်တာဗိုင်းရပ်စ်) သည် ကြွက်နှင့် ရှူးပျံ (Rodents) များမှတစ်ဆင့် လူသို့ ကူးစက်တတ်သော ဗိုင်းရပ်စ်မိသားစုတစ်ခု ဖြစ်ပါသည်။

​🔍 ကူးစက်ပုံနှင့် ရောဂါလက္ခဏာများ (Transmission & Symptoms)

✅ ​ကူးစက်ပုံကတော့ ပိုးရှိသော ကြွက်၏ ဆီး၊ တံတွေး သို့မဟုတ် အညစ်အကြေးများမှတစ်ဆင့် လေထဲတွင် ဖုန်မှုန့်အဖြစ် လွင့်ပါနေသော ဗိုင်းရပ်စ်ကို ရှူရှိုက်မိခြင်းမှ အဓိက ကူးစက်ပါသည်။

✅Hanta Virus (ဟန်တာဗိုင်းရပ်စ်) ကူးစက်ခံရပါက အဓိကအားဖြင့် အောက်ပါလက္ခဏာများကို ခံစားရနိုင်ပါသည် -
_ ​အဖျားတက်ခြင်း
_ ​ခေါင်းကိုက်ခြင်း
_ ​ကြွက်သားများ နာကျင်ခြင်း (အထူးသဖြင့် ပေါင်၊ ခါးနှင့် ပုခုံးကြွက်သားများ)
_ ​မောပန်းနွမ်းနယ်ခြင်း
_ ​အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း
🤔 ​ပြင်းထန်လာပါက အသက်ရှူရ ခက်ခဲလာခြင်း၊ အဆုတ်ထဲ ရေဝင်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့အထိ ဖြစ်နိုင်ပါသည်။

​ဤလက္ခဏာများသည် များသောအားဖြင့် ဗိုင်းရပ်စ်ပိုးဝင်ပြီး (၁) ပတ်မှ (၈) ပတ်အတွင်း စတင်ပြသတတ်ပါသည်။

​🌐 WHO ၏ နောက်ဆုံးရ Update (2026)

​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လက်ရှိထုတ်ပြန်ချက်များအရ Hanta Virus နှင့် ပတ်သက်၍ အောက်ပါအချက်များကို သတိပြုရန် လိုအပ်ပါသည် -

✅ ​ကပ်ရောဂါ မဟုတ်ပါ: Hanta Virus သည် လူအချင်းချင်း ကူးစက်မှု အလွန်ရှားပါးသောကြောင့် ကိုဗစ်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) ဖြစ်လာနိုင်ခြေ အလွန်နည်းပါးပါသည်။

✅ ​ဒေသအလိုက် ဖြစ်ပွားမှု: ကြွက်ပေါများသော ဒေသများတွင် ရံဖန်ရံခါ (Endemic) ဖြစ်ပွားတတ်သဖြင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကိုသာ အလေးထားရန် ညွှန်ကြားထားပါသည်။

📢 ​သတင်းအမှားများကို သတိပြုပါ:

​✅ ကာကွယ်ရေးနှင့် မှန်ကန်သော တုံ့ပြန်မှု (Prevention & Response)

☝️ ​ပတ်ဝန်းကျင် သန့်ရှင်းရေး

✅ နေအိမ်နှင့် လုပ်ငန်းခွင်အတွင်း ကြွက်များ မခိုအောင်းနိုင်အောင် ရှင်းလင်းထားခြင်းသည် အကောင်းဆုံး ကာကွယ်နည်း ဖြစ်ပါသည်။

📢 ​စနစ်တကျ ကုသမှု

✅ ရောဂါလက္ခဏာများ ခံစားရပါက ကျွမ်းကျင်သူ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးပါသည်။

✅ ​လက်အိတ်နှင့် Mask သုံးပါ: ကြွက်များ ရှိနိုင်သော ဂိုဒေါင် သို့မဟုတ် နေရာဟောင်းများကို သန့်ရှင်းရေးလုပ်ပါက အကာအကွယ် ပစ္စည်းများကို မဖြစ်မနေ သုံးစွဲပါ။

😀 ​The Elixir Tip: ရောဂါကို ကြိုတင်ကာကွယ်ခြင်းနှင့် စောစီးစွာ ကုသမှုရယူခြင်းသည် အကောင်းဆုံးသော ဧကရာဇ်ဆေးတစ်ခွက် ဖြစ်ပါသည်။

😀 ​ကျန်းမာရေးဗဟုသုတများ အမြဲဖတ်ရှုရန် The Elixir for your health Page ကို Follow လုပ်ထားကြပါဦး။ ✨

🏥 သင့်ကျန်းမာရေးကို နှောင့်နှေးစေတဲ့ "အယူအဆအမှား" နဲ့ "စိတ်ပိုင်းဆိုင်ရာ အတားအဆီး" များ 🧠🤔😀 ​ကျန်းမာရေးပြဿနာတစ်ခုခု ကြုံ...
07/05/2026

🏥 သင့်ကျန်းမာရေးကို နှောင့်နှေးစေတဲ့ "အယူအဆအမှား" နဲ့ "စိတ်ပိုင်းဆိုင်ရာ အတားအဆီး" များ 🧠

🤔😀 ​ကျန်းမာရေးပြဿနာတစ်ခုခု ကြုံလာရတဲ့အခါ ကျွန်တော်တို့ရဲ့ တုံ့ပြန်ပုံတွေဟာ အသက်အန္တရာယ်အထိ ဆုံးဖြတ်ချက်ပေးနိုင်ပါတယ်။

✅ ကျန်းမာရေးစိတ်ပညာရှင် Leventhal ရဲ့ လေ့လာချက်အရ လူတွေဟာ ရောဂါလက္ခဏာတစ်ခုအပေါ်မှာ ကိုယ်ပိုင် "အသိအမြင် (Illness Beliefs)" တွေနဲ့ ဆုံးဖြတ်လေ့ရှိကြပါတယ်။

​ဒီအသိအမြင်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေ လွဲမှားနေတဲ့အခါ ကုသမှုနောက်ကျပြီး အချိန်မမီတော့တာမျိုး ဖြစ်တတ်ပါတယ်။

​❌ ကုသမှုကို နှောင့်နှေးစေတဲ့ အဓိက အချက် (၅) ချက်

​၁။ ရောဂါကို လက်မခံချင်တဲ့စိတ် (Denial)

🤔 ဒါဟာ အဖြစ်အများဆုံး စိတ်ပိုင်းဆိုင်ရာ အတားအဆီးပါ။
🤔 "ငါက ကျန်းမာရေးလိုက်စားတာပဲ၊ ငါ့မှာ ဒီရောဂါမရှိနိုင်ဘူး" ဆိုပြီး အမှန်တရားကို ငြင်းပယ်ခြင်း (Denial) ဟာ ကြောက်ရွံ့မှုကို ကာကွယ်ဖို့ ကြိုးစားတဲ့ စိတ်ရဲ့ တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။

😀 ဒါပေမဲ့ ဒီငြင်းပယ်မှုက ကုသမှုစတင်ဖို့ အချိန်ဆွဲမိစေပြီး ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။

​၂။ "နာမှ ရောဂါရှိတာ" ဆိုတဲ့ အယူအဆ (Identity)

🤔 ကျွန်တော်တို့ရဲ့ အာရုံခံစားမှု (Senses) ကနေ နာကျင်မှုရမှ ရောဂါလို့ ထင်တတ်ကြပါတယ်။

🤔 တကယ်တော့ သွေးတိုး၊ ဆီးချို စတဲ့ရောဂါတွေဟာ အစောပိုင်းမှာ ဘာနာကျင်မှုမှ မပေးဘဲ ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ် ပျက်စီးနေတတ်ပါတယ်။

"မနာသေးလို့ ဘာမှမဖြစ်ဘူး" ဆိုတဲ့ အတွေးဟာ အန္တရာယ်အကြီးဆုံးပါ။

​၃။ ပတ်ဝန်းကျင်အမြင်ကို စိုးရိမ်ခြင်း (Psychosocial Barriers)

✅ တချို့သောရောဂါတွေဖြစ်တဲ့အခါ လူတွေသိသွားရင် အထင်သေးခံရမှာ၊ ခွဲခြားဆက်ဆံခံရမှာ (Stigma) ကို ကြောက်ပြီး ဆေးခန်းမပြဘဲ ဖုံးကွယ်ထားတတ်ကြပါတယ်။

🤔 ပတ်ဝန်းကျင်ရဲ့ အမြင်ထက် ကိုယ့်ရဲ့ အဖိုးတန်တဲ့ အသက်က ပိုအရေးကြီးတယ်ဆိုတာကို သတိပြုရပါမယ်။

​၄။ "ခဏလေးပါ၊ ပြန်ကောင်းသွားမှာပါ" (Timeline)

🤔 ရောဂါလက္ခဏာတစ်ခုကို ကိုယ်ပိုင် "Common Sense" နဲ့ပဲ ဆုံးဖြတ်ပြီး "အိပ်လိုက်ရင် ပျောက်မှာပါ"၊ "အပူစာစားလို့ဖြစ်မှာပါ" ဆိုတဲ့ အယူအဆတွေနဲ့ အချိန်ဆွဲတာဟာ ရောဂါကို ရင့်သွားစေပါတယ်။

​၅။ မှားယွင်းသော ကျန်းမာရေးရှာဖွေမှု (Inefficient Health Seeking)

🤔 အင်တာနက်ပေါ်က အညွှန်းတွေ၊ နီးစပ်ရာမိတ်ဆွေတွေရဲ့ ပြောစကားတွေကို ယုံပြီး ကိုယ်တိုင်ဆေးဝယ်သောက်တာ (Self-medication) ဟာ ရောဂါအစစ်အမှန်ကို ဖုံးကွယ်ထားသလို ဖြစ်စေပြီး ကုသမှုလမ်းကြောင်းမှားစေပါတယ်။

​✅ ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ?

☝️ ​အမှန်တရားကို ရင်ဆိုင်ပါ

ရောဂါရှိတာကို လက်ခံခြင်းဟာ ကုသခြင်းရဲ့ ပထမဆုံးခြေလှမ်းပါ။

☝️​ကိုယ့်ခန္ဓာကိုယ်ရဲ့ အချက်ပြမှုကို နားထောင်ပါ

သင့်ရဲ့ senses တွေကနေ ပုံမှန်မဟုတ်တဲ့ နာကျင်မှု၊ ထုံကျင်မှု ဒါမှမဟုတ် မောပန်းမှုတွေ ခံစားရရင်

☝️ကျွမ်းကျင်သူနဲ့ ချက်ချင်းတိုင်ပင်ပါ။

🤔 ​Problem-solving Approach

✅ ရောဂါကို နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းသလိုပဲ စနစ်တကျနဲ့ သိပ္ပံနည်းကျ နည်းလမ်းတွေနဲ့ ဖြေရှင်းရပါမယ်။

☝️ ​"ရောဂါကို စောစောသိ၊ စောစောလက်ခံပြီး စောစောကုသခြင်းဟာ သင့်ကျန်းမာရေးအတွက် အကောင်းဆုံးသော ဧကရာဇ်ဆေးတစ်ခွက် (The Elixir) ပါပဲ။"

​ကျန်းမာရေးဗဟုသုတတွေ အမြဲဖတ်ရှုဖို့ The Elixir for your health Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ ✨

📢 🤔☝️နှာခေါင်းသွေးလျှံရင် ခေါင်းမော့ထားရမလား ငုံ့ထားရမလား။ ပူပြင်းတဲ့ နွေရာသီမှာ မိဘတော်တော်များများ စိုးရိမ်ရတဲ့ ပြဿနာတ...
28/04/2026

📢 🤔☝️နှာခေါင်းသွေးလျှံရင် ခေါင်းမော့ထားရမလား ငုံ့ထားရမလား။ ပူပြင်းတဲ့ နွေရာသီမှာ မိဘတော်တော်များများ စိုးရိမ်ရတဲ့ ပြဿနာတစ်ခုကတော့ ကလေးတွေ "နှာခေါင်းသွေးလျှံတာ" ပဲ ဖြစ်ပါတယ်။

📢 ဒီပြဿနာရဲ့ အကြောင်းရင်း၊ ကာကွယ်နည်းနဲ့ အရေးပေါ် ပြုစုနည်းတွေကို အသေးစိတ် ရေးသားပေးလိုက်ပါတယ်။

​☀️ နွေပူပူမှာ ကလေးတွေ ဘာလို့ နှာခေါင်းသွေးလျှံကြတာလဲ? (Nosebleeds in Children)

🤔 ​အပူရှိန်ပြင်းထန်တဲ့အခါ ကလေးငယ်တွေမှာ နှာခေါင်းသွေးလျှံတာဟာ အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ မိဘတွေအနေနဲ့ အလွန်အမင်း မထိတ်လန့်ဘဲ မှန်ကန်တဲ့ နည်းလမ်းနဲ့ ပြုစုပေးဖို့ လိုအပ်ပါတယ်။

​🔍 ဘာကြောင့် ဖြစ်ရတာလဲ? (Causes)

​၁။ ခြောက်သွေ့သော လေထု: နွေရာသီရဲ့ ပူပြင်းခြောက်သွေ့တဲ့ လေဟာ နှာခေါင်းအတွင်းပိုင်းက နုနယ်တဲ့ အမြှေးပါးလေးတွေကို ခြောက်သွေ့စေပြီး သွေးကြောလေးတွေ ပေါက်ထွက်လွယ်စေပါတယ်။

၂။ နှာခေါင်းနှိုက်ခြင်း: နှာခေါင်းထဲမှာ ယားယံတာ၊ အဖတ်တွေ ကပ်နေတာကြောင့် ကလေးက လက်နဲ့နှိုက်ရာကနေ သွေးကြောလေးတွေကို ထိခိုက်စေပါတယ်။

၃။ ဓာတ်မတည့်ခြင်း (Allergy): ဖုန်မှုန့် သို့မဟုတ် အပူကြောင့် နှာစေး၊ နှာပိတ်ဖြစ်ပြီး နှာခေါင်းကို အားပြင်းပြင်း ညှစ်မိရာမှ သွေးထွက်တတ်ပါတယ်။

၄။ ခန္ဓာကိုယ် အပူချိန်တက်ခြင်း: နေပူထဲမှာ အဆော့လွန်ပြီး ကိုယ်အပူချိန်တက်လာတဲ့အခါ သွေးကြောတွေ ကျယ်လာပြီး သွေးလျှံတတ်ပါတယ်။

​🚨 အရေးပေါ် ပြုစုနည်း - နှာခေါင်းသွေးလျှံရင် ဘာလုပ်ရမလဲ?

❌ ​သွေးထွက်လာတဲ့အခါ အများစု မှားယှဉ်တတ်တာက "ခေါင်းကို နောက်လန်ခိုင်းတာ" ပါ။ ဒါဟာ မှားယွင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။

✅ မှန်ကန်တဲ့ နည်းလမ်းမှာ -

☝️ ​ရှေ့သို့ အနည်းငယ် ငိုက်ပါ: ကလေးကို မတ်မတ်ထိုင်ခိုင်းပြီး ခေါင်းကို ရှေ့သို့ အနည်းငယ် ငိုက်ခိုင်းပါ။ (သွေးများ လည်ချောင်းထဲသို့ စီးမသွားစေရန် ဖြစ်ပါတယ်)။

☝️ ​နှာခေါင်းကို ညှစ်ထားပါ: နှာခေါင်းရဲ့ ပျော့တဲ့အပိုင်း (နှာသီးဝ) ကို လက်မနဲ့ လက်ညှိုးသုံးပြီး ၅ မိနစ်မှ ၁၀ မိနစ်ခန့် မလွှတ်တမ်း ဖိညှစ်ထားပေးပါ။

☝️​ပါးစပ်ဖြင့် အသက်ရှူပါ: နှာခေါင်းကို ပိတ်ထားစဉ်အတွင်း ပါးစပ်ဖြင့် အသက်ရှူခိုင်းပါ။

☝️​အအေးဝတ် ကပ်ပေးပါ: နှာတံပေါ်တွင် ရေခဲဝတ် သို့မဟုတ် အအေးဝတ် ကပ်ပေးခြင်းဖြင့် သွေးကြောများကို ကျဉ်းစေပြီး သွေးတိတ်မြန်စေပါတယ်။

​🛡️ ဘယ်လိုကာကွယ်မလဲ? (Prevention)

😀 ​နေပူထဲ အဆော့လွန်ခြင်းကို ရှောင်ပါ: အပူရှိန်ပြင်းတဲ့ နေ့လယ်ပိုင်းတွေမှာ အပြင်ထွက် ဆော့ကစားခြင်းကို ထိန်းချုပ်ပါ။

😀 ​ရေများများတိုက်ပါ: ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်ဝနေမှ နှာခေါင်းအတွင်းပိုင်း စိုစွတ်နေမှာပါ။

😀 ​နှာခေါင်းနှိုက်သည့် အလေ့အကျင့်ကို ဖျောက်ပါ: ကလေးရဲ့ လက်သည်းကို တိုတိုညှပ်ပေးထားပါ။

😀 ​စိုစွတ်အောင် ထားပါ: အိပ်ခန်းထဲတွင် လေထုစိုစွတ်စေသည့် စက် (Humidifier) သုံးခြင်း သို့မဟုတ် နှာခေါင်းအတွင်းပိုင်းကို Vaseline ကဲ့သို့ အဆီတစ်မျိုးမျိုး ခပ်ပါးပါး လိမ်းပေးထားနိုင်ပါတယ်။

📢📢 ​🏥 ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ?

🤔 ​မိနစ် ၂၀ ကြာအောင် ဖိညှစ်ထားသော်လည်း သွေးမတိတ်လျှင်။

🤔 ​သွေးထွက်တာ အလွန်များပြီး ကလေးက မူးဝေ၊ ဖြူဖျော့လာလျှင်။

🤔 ​ထိခိုက်မိရာမှ (ဥပမာ- ချော်လဲခြင်း၊ အတိုက်ခံရခြင်း) သွေးထွက်လာလျှင်။

🤔 ​ခဏခဏ နှာခေါင်းသွေးလျှံနေလျှင် နီးစပ်ရာဆေးရုံ ဆေးခန်းကို ပြသရပါမယ်။

​The Elixir for Your Health ပရိသတ်ကြီးလည်း ခုလို ပူပြင်းတဲ့ရာသီမှာ မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

​ #နှာခေါင်းသွေးလျှံခြင်း

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when The Elixir for your health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share