Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း

Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း 24 hrs for patients

05/08/2025

အောင်သုခအထူးကုဆေးခန်း

#သန့်ရှင်းရေး ဝန်ထမ်း လျှောက်ထားနိူင်ပါသည်


#သန့်ရှင်းရေး ၁ဦး (မိန်းကလေး)

- ဆေးခန်းသန့်ရှင်းရေးအား သတ်မှတ်ထားသည့်စံသတ်မှတ်ချက်များအတိုင်း လိုက်နာလုပ်ဆောင်နိူင်ရမည်။

-သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ ရှိရမည်။

-ရိုးသားပြီးစနစ်တကျလုပ်နိူင်ရမည်။

-ဆက်ဆံရေးကောင်းမွန်ပြီး ကူညီလိုစိတ်ရှိသူဖြစ်ရမည်။

-အသက် (၁၈နှစ်မှ ၄၀နှစ်အတွင်း)

-အလုပ်ချိန် (မနက် ၈ နာရီမှ ညနေ ၅ နာရီ အထိ)


🎈တစ်ပတ်တစ်ရက်ပိတ်မည်

သာကေတ (၁) ဈေး အနော်မာမှတ်တိုင်အနီး

☎ ဖုန်း - 09-258893955
-09-407022235

07/07/2024

#အရေးတကြီးသိစေချင်လို့

ေးပါရှင့်။

လူအစုလိုက် ဝမ်းပျက်ဝမ်လျှောခြင်း ဖြစ်ခဲ့သည်ရှိသော်

ဝမ်းပျက်ဝမ်းလျှောဆိုတာ လူတိုင်း တချိန်မဟုတ်တချိန် ဖြစ်တတ်တဲ့အရာပါ။ ဒါပေမဲ့ မိမိပတ်ဝန်းကျင်ဒေသမှာ တစ်ပတ်အတွင်း ဝမ်းလျှောသူအရေအတွက် မသင်္ကာစရာဖြစ်အောင် မြင့်တက်လာပြီး လူနာတွေမှာ …
▪️တူညီတဲ့ ရောဂါလက္ခဏာရြှိခင်း(ရေလိုဝမ်းသွားခြင်း/သွေးဝမ်းသွားခြင်း)
▪️တူညီတဲ့ နေရာ၊ အရပ်မှာ နေထိုင်ခြင်း
▪️အစားအသောက်တစ်ခုတည်းကို စားခဲ့ကြခြင်း(ဥပမာ - အလှူ၊ စားသောက်ဆိုင်)
▪️သောက်သုံးရေအရင်းအမြစ် တူနေခြင်း
▪️မိမိဒေသအနီးမှာ အစုလိုက်ဝမ်းလျှောမှုဖြစ်ပွားခြင်းတွေရှိနေရင် မကြာခင်မှာ အစုလိုက်ဝမ်းလျှောမှုဖြစ်ပွားနိုင်ပါတယ်။

ဒီလိုမျိုး ရုတ်တရက်ဝမ်းလျှောစေနိုင်တဲ့ ဝမ်းရောဂါက ၂ မျိုးရှိပါတယ်။ Cholera(ကာလဝမ်းရောဂါ) နဲ့ Shigella Dysentery(သွေးဝမ်းရောဂါ) ပါ။ ဒီနှစ်ခုရဲ့ ကွာခြားမှုတွေကတော့ …
▪️Cholera က ဆန်ဆေးရေလိုဝမ်းသွားပြီး Shigella က သွေး၊ အချွဲတွေပါတယ်။
▪️အဖျားက Shigella မှာ ရှိနိုင်တယ်။
▪️ဗိုက်နာတာက နှစ်ခုလုံးမှာဖြစ်တယ်။
▪️အန်တာက Cholera မှာ အဖြစ်များတယ်။
▪️ဝမ်းခဏခဏသွားချင်သလိုမျိုး Shigella မှာ ခံစားရနိုင်တယ်။

ပြည်သူလူထုအနေနဲ့ ဘာတွေလုပ်နိုင်သလဲဆိုရင် …
▪️အိမ်သာတက်ပြီးနောက်၊ အစားအစာမပြင်ခင်၊ အစားမစားခင် လက်ကိုဆပ်ပြာနဲ့ဆေးပါ။
▪️ရေကိုကျိုချက်သောက်ပါ (သို့) ပိုးသန့်အောင် ကလိုရင်းခတ်ပါ။
▪️သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာပဲ စားပါ။
▪️သောက်သုံးရေအရင်းအမြစ်နားမှာ ဝမ်းမသွားပါနဲ့။
▪️အိမ်သာကိုအသုံးပြုပြီး သန့်သန့်ရှင်းရှင်းထားပါ။

🚨 တကယ်လို့ ဝမ်းလျှောခဲ့တယ်ဆိုရင် ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ရေဓာတ်ဖြည့်ပေးဖို့က သိပ်အရေးကြီးပါတယ်။ ဝမ်းလျှောတဲ့သူ ၈၀% ကို ဓာတ်ဆားရည်တစ်မျိုးတည်းနဲ့ ကုသနိုင်ပါတယ်။

◼️လူနာက ရေဓာတ်ခမ်းခြောက်နေလားသိနိုင်ဖို့ …
▪️မျက်တွင်းကျခြင်း
▪️မျက်လုံးမစိုခြင်း၊ မျက်ရည်မကျခြင်း
▪️ပါးစပ်၊ လျှာခြောက်ခြင်း
▪️ရေဆာခြင်း၊ ရေအငမ်းမရသောက်ခြင်း
▪️အရေပြားကိုဆွဲပြီးလွှတ်လိုက်တဲ့အခါ ဖြည်းဖြည်းချင်းပြန်ဆန့်ခြင်းစတဲ့ လက္ခဏာတွေ နှစ်ခုနဲ့အထက်ရှိမရှိကြည့်ပါ။

👉 ဒီလက္ခဏာတွေ မရှိဘူးဆိုရင်တော့ တစ်ခါဝမ်းသွားပြီးတိုင်း ဓာတ်ဆားရည်ကို …
▪️၂ နှစ်အောက်ကလေးမှာ 50 - 100 ml တိုက်ပါ။ တစ်နေ့အတွင်း 500 ml အထိ လိုအပ်သလောက်တိုက်ပါ။
▪️၂ - ၉ နှစ်ကြားကလေးဆိုရင် 100 - 200 ml တိုက်ပါ။ တစ်နေ့အတွင်း 1 Liter အထိ လိုအပ်သလိုတိုက်ပါ။
▪️၁၀ နှစ်နဲ့အထက်ဆိုရင်တော့ လိုအပ်သလို တစ်နေ့ကို 2 Liter အထိ သောက်နိုင်ပါတယ်။

👉 လက္ခဏာတွေရှိနေရင်တော့ ရေဓာတ်နည်းနည်းခမ်းနေပါပြီ။ ဒါဆိုရင် ပထမ ၄ နာရီအတွင်း အောက်ပါအတိုင်း ဓာတ်ဆားရည်တိုက်ပါ။
▪️အသက် ၄ လအောက်/ 5 Kg အောက် — 200 - 400 ml
▪️အသက် ၄ - ၁၁ လ/ 5 - 7.9 Kg — 400 - 600 ml
▪️အသက် ၁၂ - ၂၃ လ/ 8 - 10.9 Kg — 600 - 800 ml
▪️၂ - ၄ နှစ်/ 11 - 15.9 Kg — 800 - 1200 ml
▪️၅ - ၁၄ နှစ်/ 16 - 29.9 Kg — 1200 - 2200 ml
▪️၁၅ နှစ်နဲ့အထက်/ 30 Kg နဲ့အထက် — 2200 - 4000 ml တိုက်ပါ။

လူနာကို မကြာခဏစောင့်ကြည့်ပါ။
ဓာတ်ဆားသောက်လို့ ပျို့အန်ပြီးမဝင်ရင် နှာခေါင်းပိုက်ထည့်ဖို့လိုနိုင်ပါတယ်။

👉 တကယ်လို့များ
▪️လူနာက အားမရှိဘဲနုံးနေ၊ မျောနေ၊ ပျော့ခွေနေတယ်
▪️ရေမသောက်နိုင်တော့ဘူး
▪️သွေးခုန်နှုန်း အားနည်းတယ်
▪️အရေပြားကိုဆွဲပြီးလွှတ်လိုက်တဲ့အခါ ပြန်ဆန့်ဖို့အချိန်ပိုကြာနေတယ်ဆိုရင်တော့ ဆိုးဆိုးရွားရွား ရေဓာတ်ခမ်းခြောက်နေပြီဖြစ်လို့ ဆေးရုံကိုအမြန်သွားရပါမယ်။ ဓာတ်ဆားရည်သောက်ရုံနဲ့ မရတော့ပါဘူး။

✅ ဒီတော့ ကူးစက်ဝမ်းရောဂါတြွေဖစ်နေပြီဆိုရင်

◾သင့်ကို မကူးစက်အောင်ကာကွယ်ပါ။
▪️လူနာကိုမပြုစုခင်နဲ့ ပြုစုပြီးနောက် လက်ကိုဆပ်ပြာနဲ့ဆေးပါ။
▪️လက်သည်းညှပ်ပါ။

◾ကာလဝမ်းရောဂါသမားတွေကို သီးသန့်ထားပါ။
▪️သူတို့ရဲ့ မစင်၊ အန်ဖတ်၊ ညစ်ပေတဲ့အဝတ်အစားတွေက အရမ်းကူးစက်လွယ်ပါတယ်။
▪️လူနာအသုံးပြုတဲ့ အိမ်သာ၊ ရေပုံးတွေကို သေချာဆေးကြောပြီး ကလိုရင်းနဲ့သန့်စင်ပါ။

◾အာဟာရရှိတဲ့ အစားအစာတွေကျွေးပါ။
▪️ဝမ်းလျှောတဲ့လူနာအားလုံး(အထူးသဖြင့် သွေးဝမ်းသွားသူ)အတွက် အာဟာရပြည့်ဝဖို့အရေးကြီးပါတယ်။
▪️တစ်ခါတည်းအများကြီးထက် နည်းနည်းစီ အကြိမ်များများကျွေးပါ။
▪️လူနာက အစားစားနိုင်တယ်ဆိုတာနဲ့ ကျွေးပါ။
▪️နို့စို့ကလေးဆိုရင်လည်း နို့ဆက်တိုက်ပါ။

ကူးစက်ဝမ်းရောဂါတွေက မသန့်ရှင်းတဲ့ရေ၊ အစားအသောက်၊ ညစ်ပတ်တဲ့လက်၊ လူနာရဲ့အညစ်အကြေးကနေတဆင့် ကူးစက်တာမို့ သတိပြုဆင်ခြင်နိုင်အောင် မျှဝေလိုက်ရပါတယ်။

🤤😍🥗
27/11/2023

🤤😍🥗

မုတ်သုံရာသီအတွင်း ရေလွှမ်းမိုးမှုအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်နှင့်  ရေကြီးရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်မည...
12/05/2023

မုတ်သုံရာသီအတွင်း ရေလွှမ်းမိုးမှုအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်နှင့် ရေကြီးရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်မည့် အကြံပြုချက်များ။


Address

No. 54, Zin Ka Ma Street, 2/North Quarter, Thakayta Township
Yangon
11231

Telephone

+959407022235

Website

Alerts

Be the first to know and let us send you an email when Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း:

Shortcuts

Share