Dr. Ye Wint Aung

Dr. Ye Wint Aung MBBS, MRCP-UK.1
🏥 Dr. Ye Medical Service 🩺 🇹🇭🇮🇳
ကျန်းမာရေး ဗဟုသုတဝေမျှရန်နှင့် ထိုင်း၊အိန္ဒိယနိုင်ငံ ဆေးကုဖို့ ဆေးရုံချိတ်ဆက်ပေးပါတယ်။
စကားပြန်ဝန်ဆောင်မှု။

ကျွန်တော်တို့ နဲ့ ချိတ်ထားတဲ့ ဆေးရုံကြီးမှာ ခါးရိုးခွဲစိတ်ခံယူသွားတဲ့ အမတစ်ယောက်ရဲ့ သက်သာသွားလို့ဝမ်းသာ စကားလေးပါခင်ဗျာ။...
03/06/2026

ကျွန်တော်တို့ နဲ့ ချိတ်ထားတဲ့ ဆေးရုံကြီးမှာ

ခါးရိုးခွဲစိတ်ခံယူသွားတဲ့ အမတစ်ယောက်ရဲ့ သက်သာ

သွားလို့ဝမ်းသာ စကားလေးပါခင်ဗျာ။

ဧည့်သည်အမက ခါးရိုးအောက်ဆုံးအဆင့်ပိမိပြီး

ခြေထောက်တစ်ဖက်ထုံပြီး အရမ်းကျဉ်လာလို့

ဘန်ကောက်မှာရှိတဲ့ဆေးရုံကြီးတွေထဲကစိတ်ချရပြီး

တော်တဲ့ ဆရာဝန်ကြီးနဲ့ ချိတ်ပေးပြီးကုသပေးလိုက်တာပါ။

ခါးရိုးနဲ့ အာရုံကြောတည်နေရာအရ အောက်ဆုံးနေရာ

ဦးနှောက်နဲ့ဝေးပေမဲ့ ကြာလာရင် ဆီးမဖိန်းနိုင်ခြင်း၊

လမိးလျှောက်ရခက်ခြင်းစတာတွေခံစားရနိုင်တာမို့

ထိုင်းနိုင်ငံက ဆရာဝန်ကြီးအကူအညီနဲ့ ဆက်သွယ်ဆေးရုံတက်ပြီး ခွဲစိတ်ခဲ့တာပါ။

ကျွန်တော်တို့ချိတ်လိုက်တဲ့ဆေးရုံမှာ ဆရာဝန်ကြီးက

ဆေးကုခွံစိတ်packageသုံးတော့ ကုနိကျငွေအရမ်းထိ

ထိရောက်ရောက်လျှော့ချနိုင်ခဲ့လို့ အမတို့လဲ အဆင်ပြေသွားခဲ့ပါတယ်။

လတိုင်း ချိတ်ပြီး ယုံကြည်စွာခွဲစိတ်ကြတဲ့ဧည့်သည်တွေကိုကျေးဇူးတင်ပါတယ် ခင်ဗျာ။

လေးစားစွာဖြင့်

29/05/2026

ဒူးကျီးပေါင်းမှာ သက်သာစေတဲ့ နည်းလမ်းတွေထဲကသုံးလေ့ရှိကြတဲ့ နည်းလမ်းတွေအကြောင်း…

ဒူးခေါင်းလို့ ခေါ်ဆိုကြတဲ့ နေရာကို ဒူးအဆစ်အရှေ့ဘက်နဲ့ ဒူးအနောက်ခြမ်းဆိုပြီးရှိပါတယ်။

ဒူးအဆစ်ဖြစ်ဖို့ ပေါင်ရိုးအောက်ဘက်နဲ့ ညို့သူကြီးခြေထောက်အရိုးတွေချိတ်တက်ပြီး ဖြစ်ပေါ်လာပါတယ်။

ဒီဒူးအဆစ်ထဲမှာ ဒူးအရည်ကြည်(synovial fouid) ရှိပါတယ်။သူက ဒူးခေါင်းကို အသုံးပြုရာမှာ ဒူးဆစ် ပွတ်တိုက်တာမဖြစ်အောင် လဲအလုပ်လုပ်ပေးပါတယ်။
ဒူးဆစ်ကိုဖုံးထားတဲ့ အရိုးနု cartilage ကလဲ ဒီဒူးဆစ်ကို ပွတ်တိုက်တာနည်းအောင်ကူညီပေးပါတယ်။

ဒါဆို ဒီနေရာမှာရေးချင်တာကတော့ ဒူးကျီးပေါငါးဖြစ်ပါတယ်။
ဒူးကျီးပေါင်းဆိုတာက ဒူးရဲ့ အဆစ်ထဲမှာ ရှိတဲ့ အရိုးနုလေးတွေ ပျက်စီးတာရယ်၊ အဆစ်ကိုဖွဲ့စည်းထားတဲ့ ပေါင်အောက်ပိုင်း မဟုတ်ရင် ည်ု့သူကြီး အရ်ိုးထိပ်တွေပွတ်တိုက်ပြီး အရိုးထိပ်ပျက်စီးတာရယ်၊ အရ်ုးဘေးမှာ အသားပိုထွက်သလို အရိုးအတက်လေးတွေပေါ်လာတာရယ်၊ ဒူးလှုပ်ရှားတိုင်း၊ အထိုင်အထ လမ်းလျှောက်ာတာမှာ တစ်ဆစ်ဆစ်နဲ့အသံမြည်တတ်တာရယ် ဒါတွေဟာ ဒူးကျီးပေါင်းရဲ့ လက္ခဏာပါ။

ဒီဒူးအဆစ်ထဲက အရိုးနုလေးတွေ ဟာအသက်အရွယ်ရလာတဲ့အခါ ပျက်စီးလာပြီး ဒူးအဆစ်ထဲက နေရာလေးလဲ တော်တ်ောကျဉ်းလာပါတယ်။

လူနာခံစားရတဲ့ လက္ခဏာတွေကတော့ -

ဒူးခေါင်းတစ်ဝိုက် နာကျင်မယ်။
လမ်းလျှောက်နိုင်ချိန် နည်းလာမယ်။
ဒူးကွေးရင် မခံနိုင်ဘူး။ ဘုရားရှိခိုးရင်ထိုင်ရခက်မယ်။
ဒူးဆစ်တစ်ဝိုက် ဖောင်းနိုင်တယ်။

စစ်ဆေးလို့ရတဲ့နည်းလမ်းတွေထဲမှာ ပြောချင်တာက ဓါတ်မှန် Xray ရိုက်တာနဲ့ သံလိုက်ဓါတ်မှန် MRI ရိုက်တာ မှာ စောသိဖို့က သံလိုက်ဓါတ်မှန်က ပိုကောင်းပါတယ်။

ဒူးကျီးပေါင်းဖြစ်ပြီဆ်ုရင် လူနာတွေလုပ်လို့ရတဲ့နည်းလမ်းတွေကတော့-

•အလေးချိန်များတဲ့ပစ္စည်းတွေမမပါနဲ့။
•တစ်ဖက်ကောင်းတဲ့ ဒူးကို ထိခိုက်တာမျိုးမဖြစ်ပါစေနဲ့။
•ထိုင်တဲ့အခါခြေထောက်ကို ခြေခတ်ပြီး မထိုင်ပါနဲ့။
•ဒူးလေ့ကျင့်ခန်းကို ဆရာဝန်တိုင်ပင်ပြီး လုပ်ပါ။(strong recommend)
•Braces တွေဖြစ်တဲ့ ဒူးကို ဖိအားကျစေတဲ့ ခြေပတ်တွေဝတ်နိုင်ပါတယ်။( moderate recommended ပါ။)
•ဒူးအားဖြည့် ဆေးတွေဖြစ်တဲ့ ginger extract တို့၊ glucosamine တို့၊ Chondriotin ပါတဲ့အားဖြည့်ဆေးတွေက သောက်ချင်သောက်နိုင်ပေမဲ့ suggest to recommend နည်းပါတယ်။
•ဒူးလိမ်းဆေးတွေဖြစ်တဲ့ အကိုက်အခဲပျောက်ဆေးတွေက ယာယီသုံးနိုင်ပါတယ်။
•ကိုယ်အလေူချိန်များနေရင် ထိန်းဖို့အားထုတ်ဖို့လိုပါတယ်။
•အနာသက်သာတဲ့ဆေး ပါရာစီတမော ၊ အကိုက်အခဲပျောက်ဆေး NSAID သောက်တာမျိုး တွေနဲ့စရပါတယ်။
(ကင်ဆာတွေမှာ နာကျင်ရင် သုံးတတ်တဲ့ဆေး၊ အာရုံကြောကြောင့်နာကျင်ရတဲ့ လူနာတွေမှာ သုံးတတ်တဲ့ အနားသက်သာဆေးအပြင်းစားတွေဖြစ်တဲ့ Tramadol လိုဆေးကတော့ သိပ်မသုံးကြပါဘူး။
ဘေးထွက်ဆိုးကျိုးများတယ်လို့တွေ့ရှိရပါတယ်။)

ဒူးခေါင်းထဲထိုးရတဲ့ ထိုးဆေးတွေဖြစ်တဲ့ 🩼

•ဟိုက်ရာလူရောနစ် ထိုးဆေး
•အရောင်ကျဆေးဖြစ်တဲ့ စတီးရွိက်ဆေး
•သွေးရည်ကြည်ကုထုံး ဖြစ်တဲ့ Platelet rich plasma

စတဲ့ ထိုးဆေးတွေကိုကော ထိုးသင့်လား၊ စိတ်ချရလား၊ တစ်ကယ်ကော ဒူးအဆစ်ကျီးပေါင်း အတွက် လုံးဝပျောက်ကင်းစေတဲ့ ဆေးတွေဟုတ်ရဲ့လား၊❓

ဘေးထွက်လုံးဝမရှိဘူးလား ဆိုတာနဲ့ အကောင်းဆုံးကုသမှုလား ဆိုတာတွေကို စဉ်းစားကြဖို့လိုပါတယ်။❓
ဒါဆို ခွဲစိတ်တာကအကောင်းဆုံးလား။❓
ဒါလေးတွေစဉ်းစားထားကြပါဦးခင်ဗျာ။
နောက်နေ့မှာ ဒါတွေကို ထပ်ပြီး ရေးပေးပါဦးမယ်။

ဗဟုသုတရပြီး ရွေးချယ်နိုင်ပါစေခင်ဗျာ။
စေတနာဖြင့်
Dr . Ye Wint Aung
Dr. Ye medical service team 🇹🇭🇮🇳

🔎အသက်ကြီးတဲ့လူတွေ နာတာရှည်ဒူးနာရောဂါဖြစ်တဲ့အခါ အရိုးအထူးကုဆရာဝန်တွေအနေနဲ့ ဘာဖြစ်လို့ ဒူးအစားထိုး ခွဲစိတ်ကုသတာကိုပဲ ဦးစာ...
24/05/2026

🔎အသက်ကြီးတဲ့လူတွေ နာတာရှည်ဒူးနာရောဂါဖြစ်တဲ့အခါ အရိုးအထူးကုဆရာဝန်တွေအနေနဲ့ ဘာဖြစ်လို့ ဒူးအစားထိုး ခွဲစိတ်ကုသတာကိုပဲ ဦးစားပေးကုသဖို့ အကြံပြုကြတာလဲ?

➡️ဒါကို နားလည်ဖို့ဆိုရင် ဒီရောဂါ ဘာဖြစ်လို့ ဖြစ်ရတာလဲ အရင်သိဖို့ လိုမယ်ဗျ။

➡️ဒူးဆစ်က ခန္ဓာကိုယ်အလေးချိန် တစ်ခုလုံးကို ထမ်းထားရတဲ့ အဆစ်ဖြစ်တယ်။ ကမ္ဘာမြေဆွဲအား နဲ့ ခန္ဓာကိုယ်လဲကျမသွားအောင် တင်းပေးထားတဲ့ ဒူးနားတဝိုက်မှာရှိတဲ့ ကြွက်သားအားတွေကြောင့် လမ်းလျှောက်တာ၊ လှေကားတက်တာ၊ ပစ္စည်းတစ်ခုခုကောက်ယူတဲ့အချိန် ဆောင့်ကြောင့်ထိုင်ပြီး ပြန်ထတာတွေ လုပ်တဲ့အချိန်မှာ ကိုယ်အလေးချိန်ရဲ့ (၂)ဆကနေ (၈)ဆလောက်အထိကို ဒူးအပေါ် ဝိတ်သက်ရောက်တယ်။

➡️ဒီလို ဒူးဆစ်ကို ဝိတ်နဲ့ အဖိခံရပြီး လှုပ်ရှားသွားလာနေတဲ့ဒဏ်တွေက ငယ်ငယ်ကတည်းကနေ တဖြည်းဖြည်း စုလာလိုက်တာ အသက်(၅၀)ကျော်လောက်ဆိုရင် ဒူးဆစ်အထဲမှာရှိတဲ့ အရိုးနုလေးတွေက ပါးကုန်ပြီး အပေါ်၊ အောက် ဒူးရိုး (၂)ခု တိုက်ရိုက်ပွတ်တိုက်မိကြရော။

➡️အဲ့လို ပွတ်တိုက်တာထပ်ကြာလာရင် ဒီဒူးရိုး (၂)ခုကြားက မျက်နှာပြင်က တဖြည်းဖြည်း ကြမ်းလာပြီး အရိုးအတက်လေးတွေ ပေါ်လာတယ်။ အဲ့အတက်လေးတွေက ခံစားမှုအာရုံကြောတွေကို သွားထိတဲ့အခါ နာကျင်မှုကို ခံစားရတယ်။ အထူးအဖြင့် ဒူးလှုပ်ရှားတဲ့အချိန်တွေမှာ နာလာတာပေါ့။

➡️အဲ့တော့ ရောဂါရဲ့ မူရင်း ပြဿနာကိုက ဒူးဆစ်ကြားထဲက အရိုးနုလေးတွေ ပါးလာလို့ ဖြစ်တာ။ အရိုးနုတွေမှာက သွေးကြောတွေ မရှိတဲ့အတွက် ပျက်စီးသွားရင် ပြန်တည်ဆောက်ပေးဖို့ အာဟာရတွေပို့ဖို့ လမ်းကြောင်း မရှိဘူး။ အဲ့ဒါကြောင့် အရိုးနုတွေ ပျက်စီးသွားရင် ပြန်မကောင်းနိုင်တော့ဘူး။ ဒီအရိုးနုလေးတွေ ပြန်ကောင်းသွားအောင်၊ အရိုးအတက်လေးတွေ ပေါ်နေတာလေးတွေကနေ ပြန်ပျောက်သွားအောင်လုပ်ပေးတဲ့ သောက်ဆေး၊ ထိုးဆေးတွေ ဆိုတာလည်း မရှိပါဘူး။

➡️ဒီလိုဒူးနာရောဂါမှာ သုံးနေတဲ့ သောက်ဆေး၊ ထိုးဆေးတွေဆိုတာလည်း နာကျင်တဲ့ဝေဒနာ နဲ့ ဒူးယောက်ရမ်းတာကို ခဏ သက်သာအောင် လုပ်ပေးတာပဲ ဖြစ်တယ်။ ဆေးအရှိန်ပျယ်သွားတာနဲ့ နာကျင်ယောင်ယမ်းတာ ပြန်ဖြစ်တာပါပဲ။

➡️အဲ့ဒါတွေကြောင့် အရိုးအထူးကုဆရာဝန်တွေ အမြင်မှာ ဒူးဆစ်အစားထိုး ခွဲစိတ်ကုသမှုကိုပဲ အကောင်းဆုံး ဖြစ်တယ်လို့ ဆုံးဖြတ်ကြတာဖြစ်တယ်။

🔎ဒူးဆစ်အစားထိုးခွဲစိတ်မှုဆိုတာ ဒူးဆစ်ကြီးတစ်ခုလုံးကို ဖြတ်ပြီး လဲလိုက်တာလား?

➡️နာမည်က ဒူးဆစ်အစားထိုးခွဲစိတ်မှုဆိုတော့ အဲ့လို ထင်စရာ ဖြစ်သွားတာပေါ့။ တကယ့်တကယ်တမ်းက ပျက်စီးနေတဲ့ အရိုးနုလေးတွေ၊ အရိုးအတက်လေးတွေကို ဖယ်ထုတ်ပြီး အပေါ်ကနေ ဒူးဆစ်အရိုးနုပုံစံ ပြောင်ချောနေတဲ့ သတ္တုဦးထုပ်လေးကို စွပ်ပေးလိုက်တာပါပဲ။ ဒါက အပေါ်ဘက် ဒူးဆစ်မျက်နှာပြင်မှာ လုပ်တာ။

➡️သတ္တုအစွပ်လေးနဲ့ ဒူးဆစ်လှုပ်ရှားလို့လွယ်အောင် အောက်ဘက်ဒူးဆစ်မျက်နှာပြင်ဘက်မှာတော့ Spacer အခံလေး ခံပြီး screw နဲ့ ကြပ်လိုက်တာ။

➡️ဒူးဆစ်ကြားထဲက ပျက်စီးနေတဲ့အရိုးနုတွေနေရာမှာ ပစ္စည်းအစားထိုးလဲလိုက်တဲ့ သဘောပေါ့။

➡️အဲ့လို လုပ်လိုက်တဲ့အတွက် နှစ်ပေါင်းများစွာ နာကျင်လာတဲ့ ဒူးနာဝေဒနာတွေက ပြန်ပေါ်လာဖို့ တော်တော်ဝေးသွားပါပြီ။ အနှစ် (၂၀) ကနေ (၃၀)လောက်အထိ ပုံမှန်ကျန်းမာတဲ့ လူတွေအတိုင်း သွားလာ လှုပ်ရှားနိုင်သွားပြီပေါ့။

➡️နောက်ထပ်ကောင်းကျိုးတစ်ခုကကျတော့ ဒီဒူးနာရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ အရိုးနုတွေပါးကုန်တဲ့အတွက် ဒူးအနေအထားပုံစံပြောင်းသွားတာ၊ ခြေထောက်ခွင်သွားတာမျိုးတွေကိုလည်း မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

🔎နောက်ဆုံးပေါ် ကုသနည်းတွေ ဘာတွေရှိသေးလဲ?

➡️အခုနောက်ပိုင်း စက်ရုပ်ကိုသုံးပြီး ဒူးအစားထိုးတဲ့ ခွဲစိတ်မှုတစ်ခု ပေါ်လာပါပြီ။ စက်ရုပ်က ခွဲစိတ်မှု လုပ်တာတော့ မဟုတ်ပါဘူး။ ခွဲစိတ်တာကတော့ အရိုးခွဲစိတ်ဆရာဝန်ကပဲ လုပ်တာပါ။

➡️ဥပမာပေးရရင် ပုံမှန် ဒူးအစားထိုး ခွဲစိတ်မှုက စာရွက်မြေပုံသုံးပြီး လမ်းသွားတာဆိုရင် စက်ရုပ်သုံးပြီး ခွဲစိတ်တာက GPS သုံးပြီး လမ်းသွားသလိုမျိုးပါ။ လမ်းကို တိတိကျကျ ပြပေးနိုင်တဲ့ သဘောပေါ့။

➡️ခွဲစိတ်မှုမလုပ်ခင် ပြင်ဆင်တဲ့အခါမှာ ပုံမှန်ခွဲစိတ်မှုအတွက်ဆိုရင် 2D X-ray CT scan ကိုပဲ ကြည့်ပြီး ပြင်ဆင်ရတဲ့အချိန်မှာ ဒီစက်ရုပ်နည်းပညာမှာကျတော့ 3D virtual model နဲ့ လူနာရဲ့ အရိုးတည်ဆောက်ပုံတွေကို ကြည့်နိုင်ပြီး ဘယ်လိုအရွယ်အစား အစားထိုးပစ္စည်းနဲ့ ဘယ်လိုအနေအထားနဲ့ တပ်ရမယ်ဆိုတာကို ခွဲခန်းထဲမဝင်ခင် အပြင်မှာ အစမ်း software နဲ့ လုပ်ကြည့်လို့ရတဲ့အတွက် တကယ်ခွဲတဲ့အခါ ရလဒ်ကောင်း ပိုထွက်ပါတယ်။

➡️ခွဲစိတ်နေချိန်အတွင်းမှာလည်း ခွဲစိတ်ဆရာအတွက် ကင်မရာ sensor လေးတွေနဲ့ မခွဲခင် ပြင်ဆင်ထားတဲ့ software နဲ့ guide လုပ်ပေးတာကြောင့် မီလီမီတာလေး အတိမ်းအစောင်းကအစ သိနေနိုင်လို့ အမှားအယွင်း အလွန်နည်းသွားပါတယ်။

➡️အရိုးအတက်လေးတွေ၊ ကြမ်းနေတဲ့ ဒူးဆစ်မျက်နှာပြင်တွေကို မဖယ်ခင်မှာလည်း ခွဲစိတ်ဆရာဝန်က လူနာ ဒူးကို လှုပ်ရှားကြည့်လိုက်ရင် ဖြစ်ပေါ်လာတဲ့ ဒူးဆစ်အရွတ်တွေရဲ့ တင်းအား အလျော့၊ အတင်းတွေကိုလည်း စက်ရုပ် software က အသေးစိတ်မှတ်သားထားတာကြောင့် ခွဲစိတ်ပြုပြင်တဲ့အခါ ပိုမို တိတိကျကျ လုပ်နိုင်ပြီး ခွဲစိတ်ပြီးလို့ ဒူးပြန်လှုပ်ရှားကြည့်တဲ့အခါ သဘာဝအတိုင်းလှုပ်ရှားတာနဲ့ ပိုမို နီးနီးစပ်စပ် တူအောင် လှုပ်ရှားနိုင်သွားပါတယ်။

➡️အခုလောက်ဆိုရင်တော့ နာတာရှည်ဒူးနာရောဂါအတွက် ခွဲစိတ်ကုသတဲ့ နည်းလမ်းအကြောင်းလေးတွေကို အကြမ်းဖျင်း နားလည်သွားကြမယ်လို့ ယူဆပါတယ်။ အားလုံးပဲ နာကျင်မှုဝေဒနာတွေ ကင်းဝေးစွာနဲ့ ချစ်ရတဲ့ မိသားစုနဲ့အတူ သွားလာနေထိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

#ဒူးနာ
#ဒူးဆစ်အစားထိုး
#ဒူးခွဲစိတ်

လေးစားစွာဖြင့်
Dr. Aung Chan Pyae
Dr. Ye Medical Service

နှလုံးခုန်မမှန်တဲ့လက္ခဏာ ရှိရင် နှလုံးခုန်မှန်ဖို့ ထိန်းရတဲ့  သောက်ဆေးအပြင် တစ်ခြားကုသမှုဖြစ်တဲ့ ရေဒီယိုလှိုင်းသုံးပြီး ...
23/05/2026

နှလုံးခုန်မမှန်တဲ့လက္ခဏာ ရှိရင် နှလုံးခုန်မှန်ဖို့ ထိန်းရတဲ့ သောက်ဆေးအပြင် တစ်ခြားကုသမှုဖြစ်တဲ့ ရေဒီယိုလှိုင်းသုံးပြီး ပုံမှန်မဟုတ်တဲ့ လျှပ်စီးကြောင်းထုတ်တဲ့နေရာကို ဖြတ်တောက်ကုသခြင်းနည်းတစ်မျိုးရှိပါတယ်။
ဒါကို Radiofrequency ablation -RFA လို့ခေါ်ပါတယ်။

လူ့နှလုံးမှာ နှလုံးခုန်ဖို့ နှလုံးရဲ့သတ်မှတ်ထားတဲ့ နေရာတစ်ခု ကနေပြီး လျှပ်စီးကို စတင်ထုတ်လွှတ်ရပါတယ်။
ဒီနေရာကနေထွက်လာတဲ့နှုန်းအတိုင်း နှလုံးရဲ့ကြွက်သားနဲ့ နှလုံးအခန်းတွေ အလုပ်လုပ်ပြီး နေရပါတယ်။

တကယ်လို့ နှလုံးရဲ့ လျှပ်စီးကြောင်းကို တစ်နေရာကပဲ ထုတ်တာမျိုး မဟုတ်ဘဲ တစ်ခြားတစ်နေရာကနေပါ မှားထုတ်တာမျိုးဖြစ်စေ၊ လျှပ်စီးကြောင်းအပိုပါလာတာကြောင့် နှလုံးလျှပ်စစ်စီးဆင်းတာပုံမှန်မဟုတ်တော့ဘဲ ပိုမြန်တာ၊ ခုန်နှုန်းမမှန်တာတွေဖြစ်လာတာကို နှလုံးခုန်မမှန်ဘူးလို့ခေါ်ပါတယ်။

ပုံမှန်ဆိုရင် စားနေကျအစားအစာထဲမှာ ကော်ဖီ၊ လက်ဖက်ရည် နဲ့ chemical တစ်ချို့ကလဲ နှလုံးခုန်နှုန်း မြန်အောင်အားပေးနိုင်ပါတယ်။

ရောဂါတွေအနေနဲ့ နှလုံးရောဂါအခံ ဥပမာ- နှလုံးအဆို့ရှင်ရောဂါ၊ နှလုံးကြွက်သားရောဂါ၊ နှလုံး လျှပ်စီးကြောင်းရောဂါ စတာတွေ အခံရှိနေရင် နှလုံးခုန်မမှန်တာကိုဖြစ်စေတတ်ပါတယ်။

နှလုံးသွေးကြောပိတ်နှလုံးကြွက်သား ပျက်စီးထားတဲ့ လူနာတွေမှာဆိုရင်လဲ နှလုံးခုန်မမှန်တာ တွေ့ရတတ်ပါတယ်။

ဒါဆို RFA ကို ဘယ်လိုသူတွေမှာ လုပ်ကြနိုင်သလဲ။

💥နှလုံးလျှပ်စီးကြောင်း ပုံမှန်မဟုတ်သူ
💥နှလုံးဆေးသောက်ပေမဲ့ နှလုံးခုန်မမှန်တဲ့သူ
💥နှလုံးဆေးတွေကြောင့်ဘေးထွက်ဖြစ်လာတဲ့သူ
💥လက္ခဏာတွေဖြစ်တဲ့ မူးဝေခြင်း၊ ရင်အရမ်းတုန်ခြင်း၊ မောပြီးရင်ထဲအသက်ရှူကျပ်တဲ့သူ

RFA မလုပ်ခင် မူမမှန်တဲ့focus ထုတ်တဲ့ နေရာ သို့မဟုတ် မူမမှန်တဲ့လျှပ်စစ်လမ်းကြောင်း ကိုသိရဖို့ Elctrophysiology study -EP study နဲ့တည်နေရာ mapping လုပ်ပြီး တည်နေရာ စစ်ဆေးပါတယ်။
တည်နေရာသိရပြီဆိုရင် နေရာကို ရေဒီယိုလှိုင်းပေးပြီး ဒီနေရာတွေ အလုပ်မလုပ်အောင် တားဆီးပိတ်ပစ်လိုက်တာမျိုးပါ။

EP Study နဲ့ RFA ဘယ်လိုလုပ်သလဲ။

EP study စလုပ်တာနဲ့..

လူနာရဲ့ပေါင်ခြံမှာရှိတဲ့ သွေးပြန်ကြောနေရာကို ထုံဆေးလေးပေးပါတယ်။
စိတ်လှုပ်ရှားတတ်တဲ့လူနာတွေကိုဆိုရင် စိတ်ငြိမ်ဆေးထိုးပေးပြီး procedure စလုပ်ပါတယ်။
ပေါင်ခြံကနေ သွေးပြန်ကြောလေးကို ပိုက်အသေးလေးထဲ့ပြီး နှလုံးအထိဆက်တိုးသွားပါတယ်။
နှလုံးရဲ့လျှပ်စစ်စီးချက်ကို record လုပ်ခြင်း၊ ပုံမှန်မဟုတ်တဲ့ နေရာကိုရှာခြင်း စတာတွေလုပ်ပါတယ်။

RFA ကတော့ မူမမှန်ပဲတွေ့တဲ့နေရာကို ရေဒီယိုလှိုင်းနဲ့ပေးပြီးဖျက်စီးပါတယ်။

ဆေးရုံကြီးနဲ့ အထူးကုဆရာဝန်တွေရဲ့ကျွမ်းကျင်မှုနဲ့သာဆိုရင် အလွန်စိတ်ချရပြီး ဘေးထွက်မရှိတဲ့ကုသမှုတစ်မျိုးဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကုန်ကျငွေနဲ့ ခန့်မှန်းကုသကြာချိန်ကို သိရှိဖို့အတွက် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ကျန်းမာကြပါစေ။
Dr. Ye Wint Aung
Dr. Ye medical service team

photo - vejthani hospital

22/05/2026

ဒီနေ့မှာပဲ ဧည့်သည်ဟောင်းပါပဲ သူ့ရဲ့ဖုန်းcall တစ်ခုဝင်လာပါတယ်။

သူရဲ့ လွန်ခဲ့တဲ့ ၂လကျော်က သူ့မိသားစုဝင်တစ်ဦးဆေးရုံအရေးပေါ်တက်ရတဲ့အကြောင်းနဲ့ခွဲစိတ်ဖြစ်ခဲ့တဲ့အကြောင်း နဲ့ လက်ရှိဒီနေ့ဖြစ်နေတဲ့ လက္ခဏာက အရေးကြီးလား ဆေးရုံပြဖို့လိုအပ်သလားဆိုတာမေးဖို့ ဖုန်းဝင်လာပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ဆေးရုံကို အရေးပေါ်ဖြစ်လာတဲ့အခါကျတော့ဘယ်မှ ဘယ်ဆေးရုံပြရမလဲ ဆိုတာ ချိတ်ပြီးမေးမရတော့ဘဲအမြန်တက်ပြီး မှန်ပြောင်းကြည့် ခွဲစိတ်ရတဲ့ပုံပါပဲ။

ဒီ အန်တီမိသားစုဝင်က ပြင်ပ ဆေးရုံတစ်ခုကိုပဲ သူဘာသာ အရေးပေါ်ပြလိုက်ရတာပါ။

အန်တီလေးက ကိုယ့်ဧည့်သည် တွေထဲမှာမှ ကျွန်တော် စကားပြောပုံ ကောင်းကောင်း မှတ်မိနေလို့ သူဆွေးနွေးလိုတာကို နာရီဝက် အကြာကြီးပြောဖြစ်ခဲ့ပါတယ်။

ကျွန်တော်က လူနာအခြေအနေကိုလဲကြည့်ထားတာမဟုတ်တော့ ဆရာဝန် ဆေးပညာနဲ့ အကြမ်းဖျင်းပဲ စဉ်းစားပြီး ဆွေးနွေးလိုက်ရပါတယ်။

ဒီနေရာမှာ အားမရတာ တစ်ခုရှိတာက လူနာရဲ့မှတ်တမ်းတွေကို ကျွန်တော်တို့က ဆေးရုံပြဖို့ ဒီလူနာကို ချိတ်ဆက် ပေးထားတာမဟုတ်တော့ လူနာရဲ့ မှတ်တမ်းဆေးရုံကိုတောင်းကြည့်ခွင့်မရှိတော့ လူနာကိုအကြံပေးရခက်သွားတာပါ။

💥ဒီနေရာမှာ ဒီဧည့်သည်အကြောင်းပြောချင်တာမဟုတ်ပါဘူး။

ကျွန်တော်တို့လို ဝန်ဆောင်မှုပေးပြီး အလုပ်လုပ်ပေးတဲ့ team တွေလို ဘယ်သူနဲ့ပဲချိတ်ချိတ် ချိတ်မိဖို့နဲ့ ကိုယ့်ဘာသာ walk in ဝင်မသွားဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ဆရာတို့က ကိုယ်ချိတ်ပေးတဲ့ ကိုယ့်လူနာဆိုရင် သိလိုတာ အစအဆုံးတာဝန်ယူရှင်းပြဖို့၊ ဆေးရုံကိုမေးစရာရှိရင်မေးပေးဖို့ အကုန်လုပ်ပေးနိုင်ပါတယ်။

ဆရာတို့ နဲ့မချိတ်လိုက်မိရင် လူနာ မှတ်တမ်းမပြောနဲ့၊ လူနာရဲ့ ဆေးရုံနံပါတ်တောင် လူနာဘက်ကမပေးရင် ဆေးရုံဘက်ကိုပြန်မေးလို့မရလို့ လူနာရှင်သိချင်တာတွေကိုဖြေပေးလို့မရလို့ပါခင်ဗျာ။

ပြင်ပဆေးရုံအကြောင်းပဲပြောလို့ အစ်ုးရ ဆေးရုံကောဆိုရင်ကောဆိုရင် ကိုယ့်လူနာဆိုရင် အသေအချာတာဝန်ယူပေးပါတယ် လို့ အသိပေးပါရစေခင်ဗျာ။

လေးစားစွာဖြင့်
Dr .Ye Wint Aung

20/05/2026

ထိုင်းမှာ ဆေးလာရောက်ကုသမဲ့ ဧည့်သည်တွေအတွက်ပါခင်ဗျာ။

ထိုင်းမှာဆေးလာရောက်ကုသဖို့အတွက် ဒါလေးတွေ တရားသေမမှတ်ပါနဲ့ခင်ဗျာ။
•ဆေးရုံရွေးချယ်မှု
•ဆရာဝန်ရွေးချယ်မှု
•ကြာချိန် ကုသမှုနဲ့ ခွဲစိတ်ရက်ကြာချိန်(အစိုးရဆေးရုံရဲ့ဆရာဝန်ရက်ချိန်းနဲ့ ခွဲစိတ်ကြာချိန်)
•အထွေထွေကုန်ကျငွေစရိတ်(စားစရိတ်၊နေထိုင်စရိတ်၊ကားခ)

ဘာကြောင့်ဆရာဝန်ရွေးချယ်တာ ဆေးရုံရွေးချယ်တာမျိုးကို တရားသေမမှတ်ခိုင်း လဲဆိုရင် ဧည့်သည်တွေအကြိုက်နဲ့ ဆွေးနွေးရင်းကိုက်ညီတာမတူနိုင်ပါ။
online ကနေ စျေးဝယ်ထွက်သလိုမျိုး တွေးရင် သူငယ်ချင်းကက်ြိုက်တယ်၊ ကောင်းတယ်ဆိုပေမဲ့ ကိုယ့်အတွက် အဆင်ပြေချင်မှပြေပါတယ်။
ဒီနေရာမှာ သေချာလိုက်ပြီးဆွေးနွေးဖူးတဲ့ team ကို ဝန်ဆောင်မှုအပ်ပါ။

ဆေးရုံတိုင်းမှာ ဌာနအစုံအလင် ရှိတာကိုသိကြနားလည်ကြပေမဲ့ ကိုယ်ပြမဲ့ ဆေးရုံနဲ့ဆရာဝန်ကို ရွေးဖို့က နားလည်ပြီးအတွေ့အကြုံရှိတဲ့ ဆေးရုံချိတ်ဆက်တဲ့ အေးဂျင့်သို့မဟုတ် team ကိုရှာပါ။
ဆရာတို့team က သေချာရွေးချယ်ပေးလို့ စိတ်ချစွာချိတ်ဆက်လို့ရတယ်။

ဆေးရုံရွေးချယ်တာ ကောင်းနိုးရာရာလိုက်မေးရင်း လမ်းပျောက်နေပြီဆိုရင် အတွေ့အကြုံရှိတဲ့ မှန်မှန်ကန်ကန် ချိတ်ဆက်ပေးတဲ့ team ကိုသေချာရွေးပါ။ ဆေးရုံနဲ့ဆရာဝန်လွဲသွားရင် ဧည့်သည်ရဲ့ အချိန် ၊ ငွေ နစ်နာပါတယ်။

နောက်တစ်ခုက ကိုယ့်ရဲ့ စကားပြန် သို့မဟုတ် ထိုင်းကအသိအစ်မဆိုတာနဲ့ ဆေးရုံသွားပြဖို့ စီစဉ်ထားတယ်ဆိုရင် သူတို့ကိုကိုယ်တိုင် သူတို့ပြစေချင်တဲ့ ဆေးရုံကို သိချင်တာ ဆက်သွယ် စုံစမ်းခိုင်းလို့ရပါတယ်။ ဆရာဝန်ကိုလဲသေချာရှာဖွေခိုင်းပါ။
သူတို့လာပြီး စုံ စမ်းခိုင်းတဲ့အတိုင်း ကိုယ်က လိုချင်တာပဲဖြတ်ပြီး ကျွန်တော်တို့ team ကိုလိုက်မေးတာမျိုးဆိုရင်တော့ team ကပြန်ဖြေရတာ နဲနဲခက်ပါတယ်။

နောက်တစ်ခုကတော့ အတွေ့အကြုံအရ
အိန္ဒိယဘက်ရွေးတာဆိုရင်လဲ ဆေးရုံချိတ်ပေးတဲ့ အေးဂျင့်ကိုသေချာမေးပါ။ ထိုင်းဘက်မှာထက်စျေးသင့်ပြီး ကောင်းတာတွေလဲရှိပါတယ်။ ဆရာတို့
လူနာချိတ်ပေးတဲ့အတွေ့အကြုံတွေရှိပါတယ်။

အဆင်ပြေကြပါစေ။

Viber phone - 09950311916/ 09261104175/ +66903298487
Thai phone - 0858482139, 0903298487, 0970051844

Dr. Ye Wint Aung
Dr . Ye medical service team

ထိုင်းနိုင်ငံမှာ ဆေးလာရောက်စစ်ကြမဲ့ ဧည့်သည်များအတွက် မှာဖို့ လိုအပ်တာလေးတွေပါ။✅အစားဖြတ်ရန်ဆေးမစစ်ခင်ည ၁၁နောက်ပိုင်းအစားရ...
17/05/2026

ထိုင်းနိုင်ငံမှာ ဆေးလာရောက်စစ်ကြမဲ့ ဧည့်သည်များအတွက် မှာဖို့ လိုအပ်တာလေးတွေပါ။

✅အစားဖြတ်ရန်
ဆေးမစစ်ခင်ည ၁၁နောက်ပိုင်းအစားရှောင်ရပါမယ်။(သောက်ရေရိုးရိုး သောက်လို့ရပါတယ်။)

မနက် စာလဲမစားသေးပဲ သွေးစစ်ဆေးစစ်ပြီးမှစားရပါမယ်။( မစားခင်သွေးတွင်းဆီးချိုပမာဏ သိရန်ဖြစ်ပါတယ်။)

အသည်းခြောက်၊ အသည်း အဆီဖုံးမှု ရှိမရှိ(fibroscan)စစ်ဆေးဖို့ရှိရင် ၊ အာထရာစောင်းရိုက်ဖို့ရှိရင် သွေးအပြင် သူပါစစ်ပြီးမှစားနိုင်ပါတယ်။)

✅သောက်ဆေးများ
သောက်ဆေးများအတွက် မိမိသောက်နေကျ ညဆေးများ၊ မနက်ဆေးများ ရပ်ဖို့မလိုသေးပါ။
(ကျွန်တော်တို့ team ကို ဘိုကင်တင်ပြီးတာနဲ့ ဖြတ်ဖို့လိုမည့်ဆေးရှိမရှိတိုင်ပင်ပြီးရပ်လို့ရပါတယ်။)

✅
ဆေးမစစ်ဆေးခင် တစ်ရက် ပုံမှန်လှုပ်ရှားမှု၊ နေထိုင်မှု၊ အစားအစာ သုံးဆောင်မှု လုပ်နိုင်ပါတယ်။
(အထူးရှောင်စရာ မလိုပါဘူး)

✅ ဆေးမှတ်တမ်း
ယခင် ပြဖူးတဲ့ ဆေးမှတ်တမ်း ယူဆောင်လာနိုင်ရင်ကောင်းပါတယ်။

✅သောက်ဆေးများ၊ထိုးဆေးများ
ဆေးဘူးများက သယ်ဆောင်ရမလွယ်ရင် ပုံများ ၊ ဆေးနာမည်မှတ်တမ်းများယူဆောင်လာလို့ရပါတယ်။
(အခက်အခဲရှိရင် team ကဆရာတွေ ကို ဆက်သွယ်ပြီး မှတ်တမ်းပြုစုဖို့ပြောပေးလို့ရပါတယ်။)

✅ရောဂါအခံ
ရောဂါအခံများကုသနေဆဲဖြစ်ပါက ကျွန်တော်တို့ ဆရာဝန်တွေကိုတိုင်ပင်ပြီး ပြောပြထားလို့ရပါတယ်။

🌟ဆေးစစ်ဖို့ ဘိုကင်ကို အနည်းဆုံး တစ်ရက်ကြိုပြီးတင်ပေးဖို့ပါခင်ဗျာ။

ထိုင်းနိုင်ငံမှာ ဆေးလာရောက်စစ်ဆေးချင်သူများအတွက် သင့်တော်တဲ့ သက်သာတဲ့နှုန်းထားများရှိတဲ့ ဆေးစစ် package များသာမက စျေးမှန်ပြီး စုံလင်လှတဲ့ package များကို စစ်ဆေးနိုင်ပါတယ်ခင်ဗျာ။

စစ်ဆေးနိုင်တဲ့ package ပုံတွေအများကြီးထဲ့ပေးထားလို့ စိတ်ကြိုက်ရွေးစစ်လ်ု့သလို team ကို လာရောက်ရွေးချယ်ခိုင်းလို့ရပါတယ်။

ဆက်သွယ်ရန်:

✅Dr. Ye Wint Aung Page chat box
✅Viber phone - 09950311916/ 09261104175/ +66903298487
✅Thai phone - 0858482139, 0903298487, 0970051844





ဒီလထဲ ကံထူးလို့လားမသိဘူး။ဦးဇင်းကြီး ၄ပါး ရှေ့ဆင့်နောက်ဆင့် ဘန်ကောက်မှာ ကျန်းမာရေးဆေးကုသဖို့ ကြွရောက်လာတာ ဖူးခွင့်ရသလို ဆ...
15/05/2026

ဒီလထဲ ကံထူးလို့လားမသိဘူး။

ဦးဇင်းကြီး ၄ပါး ရှေ့ဆင့်နောက်ဆင့် ဘန်ကောက်မှာ ကျန်းမာရေးဆေးကုသဖို့ ကြွရောက်လာတာ ဖူးခွင့်ရသလို ဆေးရုံဆေးခန်းမှာလိုက်ပါပြီး ဆေးကုသခွင့်ရခဲ့တာပါ။

ပထမ ဦးဇင်းကြီး တစ်ပါးက သွားဖုံးမှာ အနာဖြစ်လို့ လာပြတာပါ။ ဒါကတော့မြန်မာပြည်က ဆရာကြီးတစ်ဦးရဲ့ ရောဂါရှာဖွေတာ လက်မြန်မှုနဲ့ အသားစ စစ်ပြီး အသားစအဖြေကကင်ဆာမရှိဘူးဆိုပြီးထွက်ပါတယ်။
ဦးဇင်းကြီးက သေချာအောင်ကော သူတပည့်ဒကာကြီးနဲ့ ကျွန်တော်နဲ့ ရင်းနှီးနေတာကော ကျွန်တော်တို့ ချိတ်ပေးတဲ့ ဖယာထိုင်း ၃ ဆေးရုံကြီးမှာ ဆရာဝန်ကြီး ထပ်ပြီးပြ အသားစစစ်ဆေးပြီး အဖြေကောင်းတယ်လို့ သေချာ အဖြေကောင်းရခဲ့ပါတယ်။(ဘန်ကောက်မှာ အချိန်မပေးနိုင်လို့ချိတ်ပေးခဲ့တာပါ။)

ဒုတိယဦးဇင်းကြီးကတော့ ဘန်ကောက်က သူရဲ့ ဒကာမကြီးကို ကျွန်တ်ောက သူအရိုးဆေးရုံပြဖို့ ဆေးရုံညွှန်ပေးတာ ကျေးဇူးတင်လို့ သူ့ရဲ့ ကိုးကွယ်တဲ့ ဆရာတော်ကြီးကို မိတ်ဆက်ပေးပြီး သိခွင့်ရပြီး ဆေးလာကုတာပါ။
ဦးဇင်းကြီးအတွက် ကတော့ ဘုရင့်ဆေးရုံကြီး ချုလာလောင်ကွန်း သွေးစစ်ပြီး ကျန်းမာရေးဆွေးနွေးပေးဖြစ်တာပါ။ (mountain sickness ဖြစ်ခဲ့လို့ လာပြတာပါ။)

တတိယဦးဇင်းကြီးကတော့ နှလုံးကြွက်သားထူတဲ့အခြေအနေ သို့မဟုတ် နှလုံးကြွက်သားထဲ မူမမှန်တဲ့ တစ်ရှူးတွေရောက်တဲ့ အခြေအနေ (infiltrative cardiomyopathy) သို့မဟုတ် sarcoidosis ရှိနေတာလား ခွဲဖို့ခက်တဲ့အခြေအနေပါ။

မြန်မာပြည်က အထူးကုခွဲစိတ်ဆရာဝန်ကြီးက ဘန်ကောက်မှာ နှလုံးအသားစယူစစ်တဲ့နည်း(endocardial biopsy) လုပ်ရင်လုပ် မလုပ်ရရင် cardiac MRI ကိုသေချာသွားရိုက်ပါ။ ရောဂါရှာခဲ့ပါဆိုပြီးညွှန်ကြားလို့ ကျွန်တော်ကို ဦးဇင်းကိုယ်တိုင် ချိတ်ဆက်မိရင်း ဆေးကုသဖို့ တွေ့မိတာပါ။
သူကတော့ ဘုရင့်ဆေးရုံကြီးမှာ ရောဂါရှာဖွေခဲ့တာပါ။
နှလုံးကြွက်သားအတွင်းပိုင်း အသားစယူစစ်တာ မိနစ် ၃၀ နဲ့ ဆေးရုံတစ်ညအိပ် တစ်ရက်ပဲ အချိန်ပေးရပါတယ်။
ဦးဇင်းကြီးက မြန်မာပြည်ကဆရာကြီးပြောတဲ့အတိုင်း ဒီဆေးရုံကြီးပဲ သူစိတ်ချတယ်။ တစ်ခြားမသွားပါရစေနဲ့ဆိုပြီးမိန့်တော့ ဒီဘုရင့် ဆေးရုံကြီးမှာပဲ ဆရာတပည့်၂ယောက် အပင်ပန်းခံ ဆေးရုံပြသခဲ့တာပါ။

စတုတ္တဦးဇင်းလေးကတော့ လူနာလိုက်စောင့်ရင်း ဆေးစစ်တာပါ။ ဦးဇင်းစစ်ဖို့ရှာဖွေရင်း ဆေးရုံကြီးမှာအချိန်မပေးနိုင်တော့ ဖယာထိုင်း၃ ကို ညွှန်းပြီးဆေးစစ်တာ အကုန်အဆင်ပြေပြီး စိတ်ကျေနပ်လို့ ဦးဇင်းတို့စွန့်တဲ့ အမဲသားကြော် ၁ကီလို ကို ရခဲ့ပါတယ်။☺️
နောက်လထဲ သူကျောင်းထိုင်ဆရာတော်ကြီးကြွလာရင် နောက်တစ်ကီလိုထပ်စွန့်ပါဦးမယ်။☺️

ဒီ ဦးဇင်းကြီး ၄ပါးလုံးကိုကော လူနာများအားလုံးကောကို စိတ်ကြည်ကြည်လင်လင်နဲ့ ကုသိုလ်ယူခဲ့တာပါ။

ဘန်ကောက်က ဆေးရုံအကြောင်းတွေလဲသိရအောင် နောက်ပြီး ကုသိုလ်လဲရ သာဓုခေါ်ရအောင် ပြန်ရေးသားလိုက်ပါရစေခင်ဗျာ

Dr. Ye Wint Aung
Dr. Ye Medical Service Team.

🔎ကင်ဆာရောဂါကို ဘယ်လိုမျိုး အကောင်းဆုံး ကာကွယ်မလဲ?➡️ပထမဦးဆုံး ကိုယ့်မိသားစုထဲမှာ ကင်ဆာရောဂါ အဖြစ်များနေလား အရင်ဆန်းစစ်ရပ...
10/05/2026

🔎ကင်ဆာရောဂါကို ဘယ်လိုမျိုး အကောင်းဆုံး ကာကွယ်မလဲ?

➡️ပထမဦးဆုံး ကိုယ့်မိသားစုထဲမှာ ကင်ဆာရောဂါ အဖြစ်များနေလား အရင်ဆန်းစစ်ရပါမယ်။

➡️အကယ်၍ ကိုယ့်မိသားစုထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာရောဂါဖြစ်တဲ့လူ (၂)ယောက်နဲ့ အထက် ရှိနေရင် မျိုးရိုးလိုက်နိုင်တဲ့ ကင်ဆာရောဂါ ရှိနေနိုင်ပါတယ်။

➡️ဒီလိုမျိုးဆိုရင် စောစောသိနိုင်ဖို့ ရောဂါစစ်ဆေးတာဟာ အရေးအကြီးဆုံး ကာကွယ်နည်း ဖြစ်သွားပါပြီ။

(ကင်ဆာရောဂါကို ဘယ်လိုစောစောသိနိုင်တယ်ဆိုတဲ့ အချက်လေးတွေကိုတော့ ပြီးခဲ့တဲ့အပတ်မှာ ရေးသားထားတာ ရှိပါတယ်။ အောက်က လင့်ခ်ကို နှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://web.facebook.com/share/p/1BF5zXn46a/ )

➡️ကိုယ့်မှာ ကင်ဆာရောဂါမျိုးရိုးမရှိဘူးဆိုရင်တော့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို ရှောင်ကြဥ်တာနဲ့၊ ကောင်းမွန်တဲ့ နေထိုင်စားသောက်မှုပုံစံ တွေနဲ့ အတတ်နိုင်ဆုံး ကာကွယ်နိုင်ပါတယ်။

🔎ကင်ဆာဖြစ်စေနိုင်တဲ့ ဘယ်အရာတွေကို ရှောင်ကြဥ်ရမလဲ?

➡️ထိပ်ဆုံးက ရှောင်ရမှာတော့ ဆေးလိပ်ပါပဲ။

✅ဆေးလိပ်သောက်တာ တစ်မျိုးထဲကို ‌ရှောင်ကြဥ်လိုက်ရုံနဲ့ အဆုတ်ကင်ဆာရောဂါအမျိုးအစားတွေ အားလုံးရဲ့ (၉၀%) လောက်ကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

✅ဆေးလိပ်သောက်တာ နဲ့ ‌ဆေးလိပ်အငွေ့ရှူရှိုက်တာကို ရှောင်လိုက်တာနဲ့ အဆုတ်ကင်ဆာအပြင် လည်ချောင်း၊ နှာခေါင်းအတွင်းပိုင်း၊ ပါးစပ်၊ အစာရည်ပြွန်၊ အစာအိမ်၊ မုန့်ချိုအိတ်၊ ကျောက်ကပ်၊ ဆီးအိမ်၊ သားအိမ်ခေါင်းကင်ဆာ နဲ့ တချို့သော သွေးကင်ဆာ စတာတွေကို တော်တော်များများ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

✅ဒါ့အပြင် နှလုံးသွေးကြောကျဥ်းတာ၊ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ စတာတွေကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ဒီတစ်ခုနဲ့ရှောင်လိုက်တာနဲ့တင် တော်တော် တန်နေပြီပေါ့။

✅ဒီနေရာမှာ နောက်ပိုင်းပေါ်လာတဲ့ ဆေးလိပ်အစားထိုး v**e smoking ဟာလည်း ‌ဆေးလိပ်အလားတူ ကင်ဆာဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေ ထွက်ပေါ်နေတာကို သတိပြုသင့်ပါတယ်။

✅ကိုယ့်အနီးအနားမှာ ‌ဆေးလိပ်၊ V**e သောက်နေတဲ့လူရှိရင်လည်း သူတို့နဲ့ အဝေးဆုံးမှာ နေပေးပါ။ Mask တပ်ထားပြီး ဆေးလိပ်၊ V**e အ‌‌‌‌ငွေ့ မရှူမိအောင် နေပါ။ ကိုယ်တိုင် ဆေးလိပ်၊ V**e မသောက်ပေမယ့် အငွေ့ရှူမိလို့ ရနိုင်တဲ့ ဆိုးကျိုးက အတူတူပဲ ဖြစ်ပါတယ်။

➡️နောက်တစ်ခုကတော့ အရက်သောက်လေ့ရှိရင် ပမာဏအနည်းဆုံးအထိရောက်အောင် လျှော့ပေးပါ။ နည်းလေ ကောင်းလေပါပဲ။

✅အရက်သောက်တာကို ရပ်လိုက်တာ (ဒါမှမဟုတ်) အနည်းဆုံးသောက်လို့ရတဲ့ ပမာဏလောက်ပဲ သောက်တဲ့ အလေ့အထလုပ်လိုက်တာနဲ့ ပထမဦးဆုံး အကျိုးခံစားရမှာ အသည်းရောဂါနဲ့ အသည်းကင်ဆာ ဖြစ်နှုန်း တော်တော် လျော့ကျသွားပါတယ်။

✅ဘာဖြစ်လို့လဲဆိုတော့ အသည်းတစ်ခုထဲကပဲ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ အရက်ရဲ့ (၉၀%) လောက် ဦးဆောင်ပြီး ချေဖျက်နိုင်စွမ်းရှိတာကြောင့် အရက်များများ သောက်လေ အသည်းအတွက် ဝန်ပိလေဖြစ်စေပါတယ်။

✅အရက်အလွန်အကျွဲသောက်တာကို ရှောင်ခြင်းအားဖြင့် အစာရည်ပြွန်၊ အစာအိမ်၊ အူလမ်းကြောင်း၊ ပါးစပ်၊ လည်းချောင်း၊ အသံအိုး၊ ရင်သား ကင်ဆာရောဂါတွေ ဖြစ်ဖို့ % တွေလည်း မရှိသလောက် နည်းသွားပါတယ်။

➡️အရက်၊ ဆေးလိပ်အပြင် မြန်မာပြည်မှာ လုပ်လေ့ရှိတဲ့ ကွမ်းစားတတ်တဲ့ အကျင့် ကိုလည်း ‌ရှောင်ကြဥ် သင့်ပါတယ်။

✅ကွမ်းစားတာကို ရှောင်လိုက်တာနဲ့ ပါးစပ်ကင်ဆာ၊ အစာရည်ပြွန်၊ လည်းချောင်းကင်ဆာ၊ အသံအိုး၊ အဆုတ်ကင်ဆာ၊ အသည်းနဲ့ မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်တဲ့နှုန်း လျော့ကျသွားစေနိုင်ပါတယ်။

➡️နောက် တချို့တွေ သတိသိပ်မထားမိတဲ့ ကင်ဆာကာကွယ်နိုင်တဲ့ နည်းကတော့ နေရောင်ခြည်ကို ကာကွယ်တာပါ။

✅အထူးသဖြင့် နေ့ခင်း၊ နေ့လည် ခရမ်းလွန်ရောင်ခြည် အများဆုံးအချိန်မှာ အပြင်ထွက်သွားလာတာကို အတတ်နိုင်ဆုံး ရှောင်တာ၊

✅မနက် (၁၀)နာရီကနေ ညနေ (၄)နာရီကြား အပြင်ထွက်စရာရှိရင် နေရောင်ခြည်ကာကွယ်နိုင်တဲ့ sun cream လိမ်းပေးတာ၊ နေကာမျက်မှန်တပ်ပေးတာ စတာလေးတွေ လုပ်ပေးခြင်းအားဖြင့် အရေပြားကင်ဆာဖြစ်နှုန်းကို ကာကွယ်ပေးပါတယ်။ နေကာမျက်မှန်ကြောင့် အသက်ကြီးလာရင် အဖြစ်များတဲ့ မျက်စိရောဂါတော်တော်များများ နဲ့ မျက်လုံးအတွင်းတိမ်ဖြစ်နိုင်တဲ့ နှုန်းကိုလည်း လျော့ကျစေပါတယ်။

✅နေရောင်ခြည်ကာဖို့ ထီးအသုံးပြုပေးတာ၊ ဦးထုပ်ဆောင်းပေးတာ၊ နေရောင်ခြည်ထိနိုင်တဲ့ လည်ပင်းအနောက်ဖက်၊ လက်ဖျင်နေရာတွေကို အဝတ်နဲ့ ဖုံးအုပ်ကာကွယ်ပေးတာတွေလည်း လုပ်ပေးသင့်ပါတယ်။ sun cream အစားထိုးအနေနဲ့ မြန်မာသနပ်ခါးလည်း အသုံးပြုနိုင်ပါတယ်။

➡️ကင်ဆာဖြစ်စေနိုင်တဲ့ရောဂါပိုးတွေ ဝင်‌ရောက်မှာကို ကာကွယ်တဲ့နည်းတွေနဲ့လည်း ကင်ဆာဖြစ်နှုန်းလျှော့ချပေးနိုင်ပါတယ်။

✅သားအိမ်ခေါင်းရောဂါပိုး ကာကွယ်ဆေး ထိုးပေးတာ → သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ဖို့

✅အသည်းယောင်အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးပေးတာ → အသည်းကင်ဆာကို ကာကွယ်ဖို့

✅အသည်းယောင်အသားဝါ စီပိုးတွေ့ရင် အမြန်ဆုံးကုသမှုခံယူတာ → အသည်းကင်ဆာကို ကာကွယ်ဖို့

✅အစာအိမ်ပိုး (H.pylori) တွေ့ရှိရင် အမြစ်ပြတ်အောင် ကုသမှုခံယူတာ → အစာအိမ်ကင်ဆာကို ကာကွယ်ဖို့

✅လိင်ကဆင့်ကူးဆက်ရောဂါပိုး မဝင်အောင် အကာအကွယ်သုံးတာ → အထူးသဖြင့် HIV ပိုးက ကင်ဆာရောဂါကို တိုက်ရိုက် မဖြစ်စေနိုင်ပေမယ့် သူ့ကြောင့် ခုခံအား ကျဆင်းတဲ့အတွက် သားအိမ်ခေါင်းကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ နဲ့ Kaposi sarcoma ခေါ် သွေးကြောနံရံ၊ အရေပြားနဲ့ ဆက်စပ်တဲ့ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

✅ပုံမှန် သန်ချပေးတာ → သည်းခြေပြွန်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတွေကို အထိုက်အလျောက် ကာကွယ်ဖို့

စတာတွေအပြင် တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်တာ၊ လက်ပုံမှန်ဆေးပေးတာတွေလည်း ပြုလုပ်သင့်ပါတယ်။

➡️မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာလည်း ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့နေရတာမျိုး ရှိနေနိုင်ပါတယ်။

✅ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ ဓာတ်ဆီ၊ ဒီဇယ်လုပ်ငန်း၊ ပလပ်စတစ်၊ ရာဘာလုပ်ငန်း၊ ဆေးသုပ် ဆိုးဆေးလုပ်ငန်း၊ မိုင်းတွင်းလုပ်ငန်း၊ လယ်လုပ်ငန်းတွေမှာ သုံးတဲ့ ဓာတုပစ္စည်းတွေ၊ ရေဒီယို သတ္တိကြွ ပစ္စည်းတွေကို စတာတွေကို ထိတွေ့ကိုင်တွယ်ရာမှာ အတတ်နိုင်ဆုံး အကာအကွယ်ပေးနိုင်တဲ့ ဝတ်စုံ၊ mask၊ ဦးခေါင်းအကာအကွယ်၊ ခြေအိတ်၊ လက်အိတ်တွေ သေချာဝတ်ဆင်ပြီး လုပ်ကိုင်သင့်ပါတယ်။

✅လုပ်ငန်းခွင်အကာအကွယ်ဝတ်စုံများ ဝတ်ဆင်လုပ်ကိုင်ခြင်းအားဖြင့် အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အရေပြားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ နှာခေါင်းအတွင်းပိုင်း၊ လည်ချောင်းကင်ဆာ နဲ့ တချို့သော သွေးကင်ဆာ ဖြစ်နှုန်းကို ရှော့ချပေးနိုင်ပါတယ်။

➡️ကောင်းမွန်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပြုလုပ်ပေးတာလည်း ကင်ဆာရောဂါကို ကာကွယ်ရာမှာ အထောက်အကူ များစွာပြုပါတယ်။

✅အဝလွန်တာဟာ → ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ အစာရည်ပြွန်ကင်ဆာ၊ သားအိမ် နဲ့ သားဥပြွန်ကင်ဆာ၊ အသည်းကင်ဆာ စတာတွေ ဖြစ်ဖို့ အလားအလာ များနိုင်တဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းပေးတာလည်း ကင်ဆာရောဂါများစွာကို ကာကွယ်ပေးနိုင်တဲ့အပြင် တခြားသော သွေးကြော၊ နှလုံး၊ ဆီးချို၊ အရိုးရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း နည်းစေပါတယ်။

✅အဲ့ဒါကြောင့် အစာစားပြီးတိုင်း လမ်းလျှောက်တာကို (၁၀)မိနစ်ကနေ မိနစ်(၃၀)လောက် လုပ်ပေးတာ၊ လေ့ကျင့်ခန်းပုံမှန် လုပ်ပေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။

✅အစားအသောက်တွေမှာလည်း မြန်မြန်နဲ့ ဆီများများနဲ့ အပူပေးကြော်ရတဲ့ ဆီကြော်စာတွေ၊ အချိုများတဲ့ အစားအသောက်တွေ၊ တာရှည်ခံပစ္စည်းများများပါတဲ့ Ready made အစားအစာတွေကို နည်းနိုင်သမျှအနည်းဆုံးပဲ စားသင့်တဲ့အပြင် Red meat ခေါ် ခြေလေးချောင်းအသားတွေ အလွန်အကျွံစားသုံးတာကိုလည်း ‌ရှောင်ကြဥ်သင့်ပါတယ်။

✅ဝမ်းချုပ်ခံတာလည်း အူမကြီးကင်ဆာဖြစ်ဖို့ အလားအလာများတဲ့အတွက် အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်ကို များများစားပေးတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာလည်း အူမကြီးကင်ဆာမဖြစ်အောင် အတတ်နိုင်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

✅စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာတွေကို အတတ်နိုင်ဆုံးပြုပြင်ပေးတာဟာလည်း ခန္ဓာကိုယ်ခုခံအားကို ကောင်းစေတာကြောင့် ကင်ဆာဆဲလ်များကို စ ဖြစ်လာမှုကို ခုခံအားက အမြန်ဆုံးတွေ့ရှိပြီး တိုက်ဖျက်နိုင်တဲ့အတွက် အိပ်ရေးဝဝအိပ်တာ၊ စိတ်ဖိစီးမှု လျော့ချပေးတာတွေလည်း လုပ်ပေးသင့်ပါတယ်။

🔎အဲ့တော့ အပေါ်ကပြောခဲ့တဲ့ ကာကွယ်တဲ့နည်းတွေအတိုင်း အကုန်လိုက်လုပ်ရင်ကော ကင်ဆာ မဖြစ်တာ့ဘူးလား?

➡️ဒီလိုမျိုး ကာကွယ်နည်းတွေ အကုန် လိုက်နာနေပေမယ့်လည်း ကင်ဆာရောဂါကနေ အလုံးစုံတော့ မကာကွယ်ပေးနိုင်သေးပါဘူး။

➡️ဥပမာ မုန့်ချိုအိတ်ကင်ဆာလိုမျိုး၊ အဆုတ်ကင်ဆာလိုမျိုးတွေဟာ ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ်ဖြစ်နေတတ်ပါတယ်။ စ သိတဲ့အချိန်မှာလည်း နောက်ကျနေတာ များပါတယ်။

➡️အသက်ကြီးလာတာနဲ့ အမျှ ကင်ဆာဖြစ်ဖို့ % များလာတာကိုလည်း ဂရုပြုလိုပါတယ်။

➡️အဲ့ဒါကြောင့် ကျန်းမာရေးပုံမှန်စစ်ပေးတာ၊ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရောဂါလက္ခဏာ သေးသေးလေးတွေကိုလည်း အမြဲစောင့်ကြည့်နေသင့်ပြီး (၂)ပတ်ကျော်လောက်အထိ မသက်သာတာ၊ သံသယရှိတာမျိုးတွေဆိုရင် နီးစပ်ရာဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင် ဆွေးနွှေးသင့်ပါတယ်။

(အသေးစိတ်ကိုတော့ ပြီးခဲ့တဲ့အပတ် ဆောင်းပါးမှာ ရေးသားပေးထားပါတယ်။ အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်။
https://web.facebook.com/share/p/1BF5zXn46a/ )

➡️အနှစ်ချုပ်အနေနဲ့ ကင်ဆာရောဂါကို အတတ်နိုင်ဆုံးကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို အကျိုးရှိရှိ အသုံးပြုနိုင်ပြီး သက်ရှည်ကျန်းမာစွာ ချစ်ခင်ရတဲ့ မိသားစုနဲ့အတူ နေထိုင်သွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

#ကင်ဆာရောဂါ
#ကင်ဆာ
#ကင်ဆာကာကွယ်နည်း

လေးစားစွာဖြင့်
Dr. Aung Chan Pyae
Dr. Ye Medical Service

Dr . Ye Medical Service မိသားစုရဲ့ အလှူလေးပါ။ ဆေးရုံ ဆေးခန်းကိစ္စဆက်သွယ်လို့ရတယ်ခင်ဗျာ။team က ဘန်ကောက်ထိုင်းနိုင်ငံမှာ တ...
09/05/2026

Dr . Ye Medical Service မိသားစုရဲ့ အလှူလေးပါ။

ဆေးရုံ ဆေးခန်းကိစ္စဆက်သွယ်လို့ရတယ်ခင်ဗျာ။

team က ဘန်ကောက်ထိုင်းနိုင်ငံမှာ တည်ရှိလို့ ဆေးရုံကိစ္စယုံကြည့်စွာ ဆက်သွယ်ပါခင်ဗျာ။

အလုပ်မအပ်ဘဲ cancelဖြစ်ရင်လဲ မမေ့ဘဲ ပြောပေးပါခင်ဗျာ။

အားစိုက်ထုတ်လိုက်တဲ့ အကျိုး team က ဆရာတွေ အများရကြစေချင်လို့ အလုပ်အပ်မယ်ဆို သေချာစဉ်းစားပြီးမှ မလုပ်ဖြစ်ရင်လဲ cancelပြောပေးပါခင်ဗျာ။

ကျန်းမာကြပါစေ။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00
Sunday 09:00 - 15:00

Telephone

+66858482139

Website

Alerts

Be the first to know and let us send you an email when Dr. Ye Wint Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr. Ye Wint Aung:

Share