17/09/2026
တစ်လတစ်ခါ လှူအပ်သော ဆန်၊ဆီ၊ဆား၊ဆေး အလှူပါ
သီလရှင်များအတွက်သီးသန့်အလှူဖြစ်ပါတယ်😇😇😇
တစ်စုံလျှင် ဆန်၂လုံး၊ဆီ ၁၀ ကျပ်သား၊ဆား ၁ ထုတ်
ပါဝင်မည်ဖြစ်ပြီး သီလရှင်တစ်ပါးစာအတွက် ဖြစ်ပါတယ်
တက်နေ(ကားအလိုင်းမင်းချိန်လုပ်ငန်း)မိသားစု မှ
သီလရှင် ၂ ပါးစာအတွက် (ဆန်၊ဆီ၊ဆား) ၂ စုံစာ
တန်ဖိုးအားဖြင့် တစ်သောင်းကျပ်တိတိကို
လစဉ်လှူဒါန်းသည့်အပြင်
လစဉ် ဆေးပဒေသာပင် ၂ ပင်ကိုလည်း
စိုက်ထူလှူဒါန်းပါသည်။🙏🙏🙏
ဤသို့လှူဒါန်းရသောအကျိုးအားကြောင့်
အောက်ဖော်ပြပါအကျိုးတရားများနှင့် ပြည့်စုံကြပါစေ😇🙏😇
👇🏻ဆန် ဆီ ဆား ဆေး လှူဒါန်းရခြင်းအကျိုးများ👇🏻
အကျပ်အတည်းများ ရင်ဆိုင်နေရသောအခါ၊
စားဝတ်နေရေးအတွက် ရုန်းကန်ရသောအခါများတွင်
အရံသင့်ပေးမည့်၊ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။
လုပ်ငန်းစီးပွားများ တိုးတက်စေ၏။
ကျန်းမာရေး ချို့ယွင်းသူများ ကျန်းမာလာစေ၏။
မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။
မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု
ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။
မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့်
ပြည့်စုံနေခြင်း၊စိတ်ဝမ်းကွဲနေသော မိတ်ဆွေ၊
ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်