Ayesumyo Pharmacy

Ayesumyo Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayesumyo Pharmacy, Medical and health, Yangon.

08/12/2025
တင်းတိတ်နှင့် အမဲစက် သမား တွေ အတွက် Suncream
03/12/2025

တင်းတိတ်နှင့် အမဲစက် သမား
တွေ အတွက်
Suncream

Cerelac 350 g  (14/10/2022)Price  7000ဝယ်ယူအားပေးနိုင်ပါပြီရှင့်😍😍😍
04/09/2022

Cerelac 350 g (14/10/2022)
Price 7000
ဝယ်ယူအားပေးနိုင်ပါပြီရှင့်
😍😍😍

Dupro 2400mg Price 11500ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်။(Exp 30/8/2022)
11/08/2022

Dupro 2
400mg
Price 11500
ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်။
(Exp 30/8/2022)

01/07/2022

အမေးများတဲ့အတွက် အားလုံးဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။

30/06/2022

ဒီတစ်ခါမှာ သန္ဓေအောင်ပြီး ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းလတွေမှာ ခံစားရနိုင်တဲ့ ကိုယ်ဝန်ဆောင်လက္ခဏာရပ်တွေကို ပြောပြပေးမှာဖြစ်ပါတယ်။

သန္ဓေအောင်ပြီး ရက်ပိုင်းအတွင်းမှာ ဆိုရင်တော့ အောက်ပါ လက္ခဏာရပ်တွေခံစားရနိုင်ပါတယ်။
• ရင်သားနာကျင်ခြင်း၊ ရောင်ရမ်းခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
• စိတ်တိုလွယ်ခြင်း
• ခေါင်းကိုက်ခြင်း
• အိပ်မပျော်ခြင်း
• မူးဝေအော့အန်ခြင်း
• ကိုယ်အပူချိန်မြင့်တက်ခြင်း

သန္ဓေအောင်ပြီး ရက်သတ္တပတ် နှစ်ပတ်လောက်အထိ ခံစားနိုင်တဲ့ လက္ခဏာတွေကတော့ -
• ရာသီသွေးမပေါ်ခြင်း
• သွေးတစ်စတစ်စဆင်းခြင်း
• ဝမ်းချုပ်ခြင်း
• ဆီး မကြာခဏသွားခြင်း
• ရင်သားနာကျင်ခြင်း၊ ရောင်ရမ်းခြင်း
• နာတာရှည်ရောဂါများ ပိုမိုဆိုးရွားလာတတ်ခြင်း
• အနံ့များကို အရင်ကထက်ပိုမို ခံစားသတိထားမိနေခြင်း တို့ပဲ ဖြစ်ပါတယ်။

လိုင်းဆေးတွေ မတင်ပါတားမြစ်ဆေးတွေ မရောင်းပါရှင့်
26/06/2022

လိုင်းဆေးတွေ မတင်ပါ
တားမြစ်ဆေးတွေ မရောင်းပါ
ရှင့်

"𝐌𝐘𝐁𝐀𝐂𝐈𝐍 𝐋𝐎𝐙𝐄𝐍𝐆𝐄 ငုံဆေးဝယ်ယူရာတွင် သတိပြုရန် "

𝐌𝐘𝐁𝐀𝐂𝐈𝐍 𝐋𝐎𝐙𝐄𝐍𝐆𝐄 ငုံဆေးကို ထိုင်းနိုင်ငံ Greater Phama Co.,Ltd မှထုတ်လုပ်ပြီး မြန်မာနိုင်ငံသို့ Grand Master Int Co.Ltd မှ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဉီးစီးဌာန (FDA) တွင် တရားဝင်မှတ်ပုံတင် ရယူကာ တစ်ဉီးတည်း ကိုယ်စားလှယ်အဖြစ် ဖြန့်ချီရောင်းချခဲ့သည်မှာ နှစ်ပေါင်း ၂၅ နှစ်ကျော် ရှိပြီဖြစ်ပါသည်။

ယခုအခါ ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော MYBACIN LOZENGE ငုံဆေးတွေ့ရှိနေရသောကြောင့် စားသုံးသူများအနေဖြင့် အောက်ဖော်ပြပါ ကွာခြားချက်များကို ခွဲခြားစီစစ်ပြီးမှသာ ဝယ်ယူစားသုံးနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

21/06/2022

အာရုံကြောဆေး တမျိုးဖြစ်တဲ့ Betex သောက်သောက်နေတတ်တဲ့ ကိုယ့်ဆရာကြီးတွေ ဖတ်သင့်ပါကြောင်း

Betex

ဆရာ Betex ဆေးက ခေါင်းမူးခေါင်းကိုက်၊ ဇက်ကျောတက် ပျောက်ကင်းပါစေသလား

ရေရှည်သောက်ရင်ကော အစာအိမ်ထိခိုက်နိုင်ပါသလား

ဆရာဝန်နဲ့သွားပြတော့ ဒီဆေးကို ဆွဲသောက်ရမယ်ပြောပါတယ်

ကျနော်အသက်၃၅နှစ်၊အိမ်ထောင်မရှိပါ အကြောင်းပြန်ပေးစေလိုပါတယ်။

Betexဆိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး တမျိုးပါ။ အာရုံခံဆဲလ်၊နာ့ဖ်ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုပေါ် အကျိုးသက်ရောက်တယ်။ နာတာရှည် ထုံကျင်၊ညောင်းညာကိုက်ခဲ၊အကြောတင်းနေသူ၊ ထိတွေ့မှုအာရုံနည်းပါးသူ၊အသက်အရွယ်ကြီးသူတွေမှာ လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊စစ်၊တွဲကို အချိုးကျပေါင်းစပ်ထားတယ်။

neurobion အပြာကဒ်၊neurorubin,neurovitဆိုတဲ့ကဒ်တွေနဲ့ ပါဝင်တာ အတူတူပါပဲ။ ကွာခြားတာက စျေးနှုန်းနဲ့ ကဒ်ပျော့ဖြစ်နေတာလောက်ပါပဲ။ မြန်မာနိုင်ငံက ဆရာဝန်အများစုက အသက်ကြီးသူအတွက် အာရုံကြောအားဆေးထည့်တဲ့အခါ neurobion အပြာကဒ်(သို့) Betex ကို အသုံးပြုကြတယ်။ Betex က neurobionထက် သုံးဆမက စျေးပိုကြီးတယ်။ ထိုင်းနိုင်ငံFavorexက ထုတ်လုပ်ထားတယ်။

Betexထဲမှာ ပါဝင်တာတွေက-

Vitamin B1(thiamine mononitrate) 100mg

Vitamin B6(pyridoxine) 200mg

Vitamin B12(cyanocobalamine) 200mcg

စတာတွေ ဖြစ်ပါတယ်။

ဗီတာမင်ဘီရဲ့ အာနိသင်တွေက များတယ်။ သက်ရှိဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်။ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်။စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်က စွမ်းအင်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးနေတယ်။ မျိုးဗီဇဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်စဉ်မှာလည်း အရေးကြီးပြန်တယ်။ နာဖ့်ဆဲလ်တွေမှာရှိတဲ့ acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်။

အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေဖို့ ကူညီပေးတယ်။ နာ့ဖ်ကြောမျှင်၊နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ(myelin sheath)တွေကို ပြန်လည်တည်ဆောက်ပေးတယ်။ ပြုပြင်ပေးတယ်။ အရက်၊ဆေးဝါး၊ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ mono and polyneuropathics အာရုံကြောရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ်။ အာရုံကြော အဖွဲ့အစည်းမှာ အရေးပါတဲ့ GABA၊dopamineနဲ့ serotoninဓာတ်တွေဖွဲ့စည်းဖို့ လည်း ကူညီလုပ်ဆောင်ပေးတယ်။ ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူပေးတယ်။

အသုံးဝင်ပုံ

-ခြေဖျား၊လက်ဖျား ထုံကျဉ်ကိုက်ခဲခြင်း၊

-ပူစပ်ပူလောင် ဖြစ်ခြင်း၊

-အာရုံကြောရောင်ရမ်းခြင်း၊

-အာရုံကြောအားနည်းခြင်း၊

ဗီတာမင်ဘီ လိုအပ်သူများ

-အရက်အလွန်အကျွံသောက်သုံးသူ၊

-ဆီးချိုရောဂါသည်၊

-အသက်ကြီးရင့်သူ၊

-ဘီတာမင်ဘီ ချို့တဲ့သူ၊

-နာတာရှည် ရောဂါသည်၊

ဆေးညွှန်း

တခါသောက် တလုံး၊တနေ့ ၂-၃ကြိမ် အစာစားပြီး သောက်ပါ။ ရေရှည်စွဲသောက်နိုင်ပါတယ်။ ဝါးစားတာ၊အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျှော့ပါးစေမယ်။ကိုယ်ဝန်ဆောင်တွေ တနေ့ တကြိမ်(သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ်။ပါဝင်တဲ့ ပမာဏဟာ လိုတာထက်ပိုများလို့ ကလေးတွေမှာ သတိထားတိုက်ကျွေးရမယ်။ အာရုံကြောဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်တယ်။

ဘေးထွက်ဆိုးကျိုး

-ချွေးထွက်များတာ

-နှလုံးခုန်မြန်တာ

-ရင်တုန်တာ

-အရေပြားယားယံတာ

-အင်ပြင်ထွက်တာ

Vitamin B6ပါတဲ့အားဆေးတွေကို L-dopaဆေးနဲ့ တွဲမသောက်သင့်ဘူး။ L-dopaရဲ့ အာနိသင် ယုတ်လျှော့စေမယ်။ ရေမှာပျော်ဝင်တာကြောင့် တော်ရုံများတာလောက်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ်။

မေးသူအတွက် ဖြေကြားချက်

-ခေါင်းမူး၊ခေါင်းကိုက်ကို သက်သာစေတာတော့ မဟုတ်ပါ။

-ဇက်ကျော၊ဂုတ်ကျောတက်သူများကို ပေးလေ့ရှိတယ်။

-ထုံကျဉ်တဲ့ဝေဒနာတွေကို အဓိကသက်သာစေတယ်။

-အထူးသဖြင့် အာရုံကြောရောင်ရမ်းတယ်လို့ ယူဆတဲ့အခါမျိုးမှာပေါ့။

-အကိုက်အခဲပျောက်ဆေးမဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့ အစာအိမ်မထိခိုက်စေပါ။

-အသက်အရွယ်မရွေး သောက်သုံးနိုင်တယ်။

-စွဲသောက်တဲ့အတွက်လည်း ပြဿနာမရှိပါ။

-ဆရာဝန်ညွှန်ကြားသလို စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်..

and respect to original post owner

17/06/2022

ကိုယ်ဝန်ဆောင်မေမေတွေအချင်းချင်း ဆွေးနွေးအဖြေရှာနိုင်မယ့် Groupလေးကို Joinလို့ရပါတယ်။https://www.facebook.com/groups/367508815481267/

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ayesumyo Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share