နဝရတ်ဆေးနှင့်စတိုး - ဗိုလ်ချုပ်လမ်း

  • Home
  • Myanmar
  • Yangon
  • နဝရတ်ဆေးနှင့်စတိုး - ဗိုလ်ချုပ်လမ်း

နဝရတ်ဆေးနှင့်စတိုး - ဗိုလ်ချုပ်လမ်း A pharmacy for all your needs.

🍹 သဘာဝကပေးတဲ့ အားဖြည့်အချိုရည်- အုန်းစိမ်းရည်ရဲ့ အစွမ်း 🍹ပူပြင်းတဲ့ ရာသီဥတုမှာ လူတိုင်း အကြိုက်တွေ့ကြတဲ့ အုန်းစိမ်းရည်ဟာ...
31/07/2026

🍹 သဘာဝကပေးတဲ့ အားဖြည့်အချိုရည်- အုန်းစိမ်းရည်ရဲ့ အစွမ်း 🍹
ပူပြင်းတဲ့ ရာသီဥတုမှာ လူတိုင်း အကြိုက်တွေ့ကြတဲ့ အုန်းစိမ်းရည်ဟာ အရသာရှိရုံတင်မကဘဲ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်နော်။ 🤩

🌴အုန်းစိမ်းရည် ပုံမှန်သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးအချို့ကတော့-

⚡️ ရေဓာတ်ကို အမြန်ဆုံး ဖြည့်တင်းပေးတယ်
လေ့ကျင့်ခန်းလုပ်ပြီးချိန် ဒါမှမဟုတ် ချွေးထွက်လွန်တဲ့အခါ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်ဆားတွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးပါတယ်။

💓 သွေးတိုးကျစေတယ်
ပိုတက်စီယမ်ဓာတ် ကြွယ်ဝလို့ သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

🛡️ အစာချေစနစ်ကို ကောင်းမွန်စေတယ်
အစာမကျေတာ၊ ရင်ပူတာတွေကို သက်သာစေပြီး အစာအိမ်ကျန်းမာရေးကို ကာကွယ်ပေးပါတယ်။

✨ အသားအရည် စိုပြေလှပစေတယ်
Antioxidants တွေ ပါဝင်လို့ အသားအရည်ကို ရေဓာတ်ပြည့်ဝစေပြီး ဝက်ခြံနဲ့ အရေးအကြောင်းတွေကို လျှော့ချပေးပါတယ်။

လတ်ဆတ်တဲ့ အုန်းစိမ်းရည်ကို မနက်စောစော ဗိုက်ဟာချိန် သောက်သုံးခြင်းဟာ အကောင်းဆုံးဖြစ်ပြီး၊ ခန္ဓာကိုယ်ကို တနေကုန် အားအင်ပြည့်ဝစေမှာပါ။ 💪

📣 သတိပြုရန်:
အုန်းစိမ်းရည်သည် ကျန်းမာရေးအတွက် ကောင်းမွန်သော်လည်း အောက်ပါအချက်များကို သတိပြုရန် လိုအပ်ပါတယ်-

🥥ကျောက်ကပ်ရောဂါသည်များ: အုန်းစိမ်းရည်တွင် ပိုတက်စီယမ်ဓာတ် မြင့်မားစွာပါဝင်သောကြောင့် ကျောက်ကပ်မကောင်းသူများ၊ သွေးတွင်း ပိုတက်စီယမ်များသူများအနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

🥥ခွဲစိတ်ကုသမှု မပြုလုပ်မီ: သွေးဖိအားကို ပြောင်းလဲစေနိုင်သောကြောင့် ခွဲစိတ်မှုမပြုလုပ်မီ အနည်းဆုံး ၂ ပတ်အလိုတွင် သောက်သုံးခြင်းကို ခေတ္တရပ်နားထားသင့်ပါတယ်။

🥥ဆီးချိုရောဂါရှိသူများ: သဘာဝသကြားဓာတ် ပါဝင်သည့်အတွက် ပမာဏအလွန်အကျွံ သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

သဘာဝရဲ့ လက်ဆောင်မွန်ဖြစ်တဲ့ အုန်းစိမ်းရည်ကို သောက်သုံးပြီး ကျန်းမာရွှင်လန်းတဲ့ တနေ့တာကို ပိုင်ဆိုင်ကြပါစေ။ 🥥💚

#အုန်းစိမ်းရည် #ကျန်းမာရေး

✨ Collagen, Gluta, Fiber နဲ့ Vitamin E – ဘယ် supplement က ကိုယ်နဲ့ကိုက်ညီလဲ အဖြေရှာကြည့်ရအောင် ✨အခုတလော ခေတ်စားနေတဲ့ Sup...
30/07/2026

✨ Collagen, Gluta, Fiber နဲ့ Vitamin E – ဘယ် supplement က ကိုယ်နဲ့ကိုက်ညီလဲ အဖြေရှာကြည့်ရအောင် ✨

အခုတလော ခေတ်စားနေတဲ့ Supplement တွေထဲမှာ လူကြိုက်အများဆုံးဖြစ်တဲ့ Supplement (၄) မျိုးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးနဲ့ ဘယ်သူတွေ သောက်သင့်သလဲ ဆိုတာကို တစ်နေရာတည်းမှာ စုံစုံလင်လင် စုစည်းပေးလိုက်ပါတယ်နော် 👇

1️⃣ Collagen (ကော်လာဂျင်)
🙌 အသားအရည် တင်းရင်းပြီး နုပျိုချင်သူများအတွက်ဆို ကော်လာဂျင် 🙌

📣ကောင်းကျိုး:
🔲အရေးကြောင်းတွေကို လျှော့ချပေးပြီး အသားအရည် စိုပြေစေတယ်။
🔲ဆံပင်၊ သွားနဲ့ လက်သည်းတွေကို သန်မာစေတယ်။
🔲အရိုးအဆစ် နာကျင်တာတွေကို သက်သာစေတယ်။

📣သတိပြုရန်:
🦐ပင်လယ်စာကထုတ်တဲ့ ကော်လာဂျင်ဆိုရင် ပင်လယ်စာ မတည့်သူများ ရှောင်ရပါမယ်။
😣အချို့တွေမှာ ဗိုက်ကယ်တာ၊ ဝမ်းပျော့တာမျိုး ဖြစ်တတ်ပါတယ်။

📣ဘယ်သူတွေ သောက်သင့်လဲ:
🔲အသက် (၂၅) နှစ်ကျော်လာသူများ၊ အသားအရည် လျော့တွဲ/ခြောက်သွေ့သူများ။

- - -

2️⃣ Glutathione (ဂလူတာ)
🙌အသားအရည် ကြည်လင်ပြီး ဝင်းပချင်သူများအတွက်🙌

📣ကောင်းကျိုး:
🌸အသားအရေ မဲမှောင်စေတဲ့ Melanin ထုတ်လုပ်မှုကို လျှော့ချပေးလို့ အသားကြည် စိမ့်လာစေတယ်။
🌸အသည်းကို အဆိပ်အတောက် ပြေစေပြီး ခုခံအား တက်စေတယ်။

🙅သတိပြုရန်:
🔲အလွန်အကျွံ သောက်ရင် ကျောက်ကပ်နဲ့ အသည်း ထိခိုက်နိုင်ပါတယ်။
🔲ပမာဏ မှန်ကန်ဖို့ လိုအပ်ပြီး Vitamin C နဲ့ တွဲသောက်ရင် စုပ်ယူမှု ပိုကောင်းပါတယ်။

📣ဘယ်သူတွေ သောက်သင့်လဲ:
☀️နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးသူများ၊ အစက္ကအပြောက် ပျောက်ချင်သူများ။

- - -

3️⃣ Fiber (ဖိုက်ဘာ / အမျှင်ဓာတ်)
🙌ဝမ်းမှန်ပြီး ဗိုက်ချပ်ချင်သူများအတွက်🙌

📣ကောင်းကျိုး:
🌸ဝမ်းချုပ်တာကို ချက်ချင်း သက်သာစေပြီး အူလမ်းကြောင်း သန့်ရှင်းစေတယ်။
🌸ဗိုက်ပြည့်လွယ်စေလို့ ဝိတ်ချနေသူတွေအတွက် အရမ်းအဆင်ပြေတယ်။
🌸သွေးတွင်း အဆီနဲ့ သကြားဓာတ်ကို ထိန်းပေးတယ်။

🙅သတိပြုရန်:
💦ဖိုက်ဘာသောက်ရင် ရေများများ သောက်ပေးရပါမယ် (ရေနည်းရင် ဝမ်းပိုချုပ်တတ်လို့ပါ)။

📣ဘယ်သူတွေ သောက်သင့်လဲ:
🥦အသီးအရွက် စားနည်းသူများ၊ ဝမ်းမမှန်သူများနဲ့ ကိုယ်အလေးချိန် ထိန်းချင်သူများ။

- - -

4️⃣ Vitamin E (ဗီတာမင် အီး)
🙌အသားအရေ အစိုဓာတ်နဲ့ ဆဲလ်တွေ ကျန်းမာဖို့အတွက်🙌

📣ကောင်းကျိုး:
🌸အသားအရည် ခြောက်သွေ့မှုကို သက်သာစေပြီး စိုစိုအိအိ ဖြစ်စေတယ်။
🌸အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး နှလုံးကျန်းမာရေးကို ကူညီပေးတယ်။

🙅သတိပြုရန်:
‼️ပမာဏ အများကြီး သောက်ရင် ကိုယ်ခန္ဓာမှာ စုပုံပြီး အဆိပ်အတောက် ဖြစ်နိုင်ပါတယ်။
‼️သွေးကျဲဆေး သောက်နေသူများ၊ ခွဲစိတ်မယ့်သူများ ရှောင်ရပါမယ်။

📣ဘယ်သူတွေ သောက်သင့်လဲ:
💅အသားအရည် အလွန်ခြောက်သူများ၊ ဆံပင်ကျွတ်/လက်သည်း ကျိုးလွယ်သူများ။

💡အကြံပြုချက်:

ဖြည့်စွက်စာ (Supplements) ဆိုတာ ဆေးမဟုတ်ပါဘူးနော်။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီမယ့် ပမာဏကို စနစ်တကျ သောက်သုံးဖို့ လိုသလို၊ ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်များနဲ့ ရောဂါအခံရှိသူများ အနေနဲ့ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်ရှင့် ❤️

👉 သဲတို့ရော အခု လက်ရှိ ဘယ် Supplement လေးတွေကို သောက်နေကြလဲ? Comment မှာ မျှဝေပေးခဲ့ကြပါဦးနော်... 👇💬

💊 သားဆက်ခြားသောက်ဆေးအကြောင်း အစအဆုံး သိကောင်းစရာ 💊❔သားဆက်ခြားဆေး သောက်တော့မယ်ဆိုရင် လူတိုင်းလိုလို စိုးရိမ်တာက🔹ဝလာမလား?🔹...
26/07/2026

💊 သားဆက်ခြားသောက်ဆေးအကြောင်း အစအဆုံး သိကောင်းစရာ 💊

❔သားဆက်ခြားဆေး သောက်တော့မယ်ဆိုရင် လူတိုင်းလိုလို စိုးရိမ်တာက

🔹ဝလာမလား?
🔹ဝက်ခြံတွေ ထွက်လာမလား?
🔹ဆေးသောက်မေ့သွားရင် ဘာလုပ်ရမလဲ? ဆိုတဲ့ မေးခွန်းတွေပါ။

ဒီနေ့တော့ ဒီမေးခွန်းတွေကို အဖြေရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ရေးပြပေးသွားမယ်နော်။

👩‍⚕️သားဆက်ခြားဆေးက ဘယ်လို အလုပ်လုပ်တာလဲ?
ဆေးကဒ်ထဲမှာပါတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်ကို နည်းလမ်း ၃ မျိုးနဲ့ ကာကွယ်ပေးတာပါ။
1️⃣ မမျိုးဥ မကြွေအောင် တားပေးတယ် (မျိုးဥမရှိရင် ကလေးမရနိုင်ပါဘူး)
2️⃣သားအိမ်ခေါင်းအချွဲကို ပစ်စေတယ် (သုတ်ပိုးတွေ အတွင်းထဲ မဝင်နိုင်အောင်လို့ပါ)
3️⃣သားအိမ်နံရံကို ပါးစေတယ် (သန္ဓေမတွယ်နိုင်အောင်လို့ပါ)

🐷ဆေးသောက်ရင် ဘာလို့ ဝလာတတ်တာလဲ?"
ဆေးသောက်ရင် ဝတယ်" ဆိုတာ အဆီတွေ တကယ်တက်လာတာ မဟုတ်ဘဲ ရေဓာတ်စုဆောင်းမိလို့ (ဖောလာလို့) ဖြစ်တာများပါတယ်။
ဆေးအဟောင်းအချို့ (ဥပမာ- Levonorgestrel ပါတာမျိုး) သောက်ရင် ရေဖောဖောပြီး ၁ ကီလို၊ ၂ ကီလိုလောက် တက်လာတတ်တယ်။
ဒါ့အပြင် အစာပိုစားချင်စိတ် ဖြစ်လာလို့လည်း ပါပါတယ်။
💊 ကုသနည်း: ဝမှာ ကြောက်ရင် Drospirenone ပါတဲ့ 4th Generation ဆေးတွေ (ဥပမာ- Drosperin, Yasmin, Yaz) ကို ရွေးပါ။ သူတို့က ရေဖောခြင်းကို သက်သာစေပြီး ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးပါတယ်။

🦠ဘာလို့ ဝက်ခြံထွက်တာလဲ / ဘယ်ဆေးက ဝက်ခြံ ပျောက်လဲ?
ဝက်ခြံ ထွက်စေတဲ့ဆေး: ဆေးအဟောင်းတွေမှာပါတဲ့ Progestin ဟော်မုန်းက အဆီဂလင်းတွေကို သွားဆွပေးတာမို့ မျက်နှာ အဆီပြန်ပြီး ဝက်ခြံ ပိုထွက်လာနိုင်ပါတယ်။
💊ဝက်ခြံ သက်သာစေတဲ့ဆေး: Drospirenone သို့မဟုတ် Cyproterone ပါတဲ့ ဆေးတွေကို သောက်ပေးရင်တော့ အသားအရေ အဆီပြန်တာ လျော့သွားပြီး ဟော်မုန်းဝက်ခြံတွေကို ပျောက်ကင်းစေပါတယ်။

💌 ဘယ်လို ဆေးကဒ်အမျိုးအစားကို ရွေးရမလဲ?
ဆေးကဒ်တွေမှာ ၂၁ လုံးကဒ်နဲ့ ၂၈ လုံးကဒ်ဆိုပြီး ရှိပါတယ်။ ဘယ်ဆေးက မိမိနဲ့ ကိုက်ညီမလဲဆိုရင် -ဆေးအမျိုးအစားဘယ်သူတွေ သောက်သင့်လဲ?

🔲Combined Pills (ပေါင်းစပ်ဆေး)
ပုံမှန် အမျိုးသမီးအများစုရာသီမှန် စေတယ်။ ကိုက်ခဲတာ သက်သာစေတယ်။

🔲Progestin-Only Pills (POP)
ကလေးနို့တိုက်မိခင်များ / သွေးတိုးရှိသူများနို့ရည်မခမ်းပါဘူး။
ဘေးကင်းပါတယ်။

🔲4th Generation Pills
(ဥပမာ- Drosperin) ဝမှာ ကြောက်သူများ / ဝက်ခြံထွက်သူများ ရေမဖောစေပါ၊ အသားအရေ လှစေပါတယ်။
⚠️ သတိပြုရန်: ဆေးလိပ်သောက်သူ၊ အသက် ၃၅ နှစ်ထက်ကျော်သူ၊ သွေးတိုး သို့မဟုတ် သွေးခဲတတ်တဲ့ ရောဂါရှိသူတွေကတော့ ဆရာဝန်/ဆေးဝါးကျွမ်းကျင်သူနဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

💡 ဆေးကို ဘယ်လို သောက်ရမလဲ?
🙌🏻စသောက်ရမယ့်ရက်
ရာသီစလာတဲ့ ပထမဆုံးနေ့ (သို့) ပထမ ၅ ရက်အတွင်း စသောက်ပါ။ (ပထမဆုံးနေ့မှာ သောက်ရင် အကာအကွယ် ချက်ချင်း ရပါတယ်)။

🙌🏻သောက်သုံးရန် ပုံစံ
👉🏽၂၁ လုံးကဒ်: ၁ ရက် ၁ လုံး အချိန်မှန် (ညတိုင်း အိပ်ခါနီး) ၂၁ ရက်သောက်ပါ။ ပြီးရင် ၇ ရက် ဆေးရပ်ထားပါ (ဒီရက်အတွင်း ရာသီလာပါမယ်)။ ၈ ရက်မြောက်နေ့မှာ ကဒ်သစ် ပြန်စပါ။
👉🏽၂၈ လုံးကဒ်: ရက်မနားဘဲ ၂၈ ရက်စလုံး ဆက်တိုက် သောက်ပါ။ (နောက်ဆုံး ၇ လုံးက အားဆေးတွေမို့ ဆေးသောက်မေ့မသွားအောင် ထည့်ပေးထားတာပါ)။ ကုန်တာနဲ့ ကဒ်သစ် ချက်ချင်း ဆက်သောက်ပါ။

❓ဆေးသောက်ဖို့ မေ့သွားရင် ဘယ်လိုလုပ်ရမလဲ?
အရေးကြီးဆုံးအပိုင်းပါပဲ! မေ့သွားတဲ့ ပမာဏပေါ် မူတည်ပြီး ဒီလိုလုပ်ပါ -
🟢 ၁ လုံးတည်း မေ့တာဆိုရင် (၂၄ နာရီအောက်)
သတိရရချင်း မေ့သွားတဲ့ ၁ လုံးကို ချက်ချင်းသောက်ပါ။ နောက်တစ်လုံးကို ပုံမှန်သောက်နေကျ အချိန်မှာ ဆက်သောက်ပါ။ (တစ်နေ့တည်း ၂ လုံး သောက်မိသလို ဖြစ်သွားလည်း ပြဿနာမရှိပါ)။ အကာအကွယ် ကွန်ဒုံး ထပ်သုံးစရာ မလိုပါဘူး။
🔴 ၂ လုံးနဲ့ အထက် မေ့တာဆိုရင် (၄၈ နာရီနဲ့ အထက်)
နောက်ဆုံး မေ့သွားတဲ့ ၁ လုံးကို ချက်ချင်းသောက်ပါ (ကျန်ခဲ့တဲ့ အဟောင်းတွေကို ပစ်လိုက်ပါ)။ ပြီးရင် ကျန်တဲ့ဆေးတွေကို ပုံမှန်အတိုင်း ဆက်သောက်ပါ။🚀ဆေးကို ပုံမှန်အတိုင်း ၇ ရက်ဆက်တိုက် ပြန်မသောက်နိုင်မချင်း ကွန်ဒုံးပါ တွဲသုံးပေးရပါမယ်။
🚀အကယ်၍ ဆေးကဒ်ရဲ့ ပထမဆုံးအပတ် မှာ ၂ လုံးထက်မက မေ့ခဲ့ပြီး၊ လွန်ခဲ့တဲ့ ၅ ရက်အတွင်း လိင်ဆက်ဆံထားဖူးရင် အရေးပေါ် တားဆေး ပါ တွဲသောက်ဖို့ စဉ်းစားပါ။

🔲 ကြုံတွေ့ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများပျို့အန်ချင်/ခေါင်းမူးတာ: စသောက်ခါစ ၁ လမှ ၃ လအတွင်း ဖြစ်တတ်ပါတယ်။

🔲ညအိပ်ခါနီး (သို့) အစာစားပြီးမှ သောက်တာ ကူညီပေးနိုင်ပါတယ်။ (သောက်ပြီး ၂ နာရီအတွင်း အန်ထုတ်လိုက်ရင် ဆေးတစ်လုံး ပြန်သောက်ပေးပါ)

⚠️ ရာသီ ကြားရက် သွေးဆင်းတာ: ဟော်မုန်းအပြောင်းအလဲကြောင့် ဆေးစသောက်ခါစ ဖြစ်တတ်ပြီး ၃ လကျော်ရင် ပုံမှန် ပြန်ဖြစ်သွားပါလိမ့်မယ်။ သားဆက်ခြားဆေးတွေဟာ သန္ဓေတားပေးရုံတင် မဟုတ်ဘဲ ရာသီလာစဉ် ကိုက်ခဲတာ၊ သွေးဆင်းလွန်တာနဲ့ မျိုးဥအိမ် အိတ်တည်တာ (PCOS) တွေကိုပါ သက်သာစေတဲ့ အကျိုးကျေးဇူးတွေရှိတာမို့ မိမိနဲ့ ကိုက်ညီမယ့် ဆေးကို သေချာ ရွေးချယ်သောက်သုံးဖို့ အကြံပြုချင်ပါတယ်နော်!

Drosperin30/20 လေး မှာချင်ရင် ကျွန်တော်တို့ နဝရတ်ဆေးဆိုင်မှာ မှာယူရရှိနိုင်ပါပြီနော်။

Nawaratt Pharamacy (Bogyoke Road)
09699988862
[email protected]
No. 326, Q1, near Htun Thiri Market, Hlaing Thar Yar (East), Yangon.

#အမျိုးသမီးကျန်းမာရေး #သားဆက်ခြားပညာပေး #အိမ်ထောင်ရေးသုခ

၃၀ ရသေးလား ခဏ ခဏ မေးတဲ့ ချစ်လေးတို့ အတွက် 🌸 ပစ္စည်းလေးရောက်ထားပါတယ် ချစ်တို့ရေ 🌸ဆိုင်မှာ ၃၀ ရော ၂၀ ရော ပစ္စည်းလေး ရအုံးမ...
08/07/2026

၃၀ ရသေးလား ခဏ ခဏ မေးတဲ့ ချစ်လေးတို့ အတွက်

🌸 ပစ္စည်းလေးရောက်ထားပါတယ် ချစ်တို့ရေ 🌸

ဆိုင်မှာ ၃၀ ရော ၂၀ ရော ပစ္စည်းလေး ရအုံးမယ်။ 🤎

🌸 Drosperin20 လေး ပစ္စည်းပြန်ရပါပြီ ချစ်တို့ရေ 🌸ဝိတ်မတက်ချင်တဲ့ ချစ်လေးတို့အတွက် အကောင်းဆုံးသော ရွေးချယ်မှု တခု DROSPERI...
17/05/2026

🌸 Drosperin20 လေး ပစ္စည်းပြန်ရပါပြီ ချစ်တို့ရေ 🌸

ဝိတ်မတက်ချင်တဲ့ ချစ်လေးတို့အတွက်
အကောင်းဆုံးသော ရွေးချယ်မှု တခု
DROSPERIN 2️⃣0️⃣

1bx - 55,000

🚚 Wepotz နဲ့ Ninja Vam ရတဲ့မြို့တိုင်း အိမ်အရောက်ငွေခြေရပါပြီနော် 🚚

⚕️No. 326, Q1, Bogyoke Road, Hlaingthaya (East), Yangon.
📞09760418844, 09666442888

🙏🏼🙏🏼🙏🏼
16/04/2026

🙏🏼🙏🏼🙏🏼

၃မိနစ်အိုးလို့ အခေါ်မခံရစေနဲ့နော်😅ချစ်ကိုကြီးတို့မှာရော 𝐏𝐄 ဖြစ်နေပြီလား?အမျိုးသား ၁၀ယောက်မှာ ၄ ယောက်လောက်က PE ဖြစ်နေတတ်က...
18/06/2025

၃မိနစ်အိုးလို့ အခေါ်မခံရစေနဲ့နော်😅
ချစ်ကိုကြီးတို့မှာရော 𝐏𝐄 ဖြစ်နေပြီလား?
အမျိုးသား ၁၀ယောက်မှာ ၄ ယောက်လောက်က PE ဖြစ်နေတတ်ကြတယ်။

𝐏𝐄 (𝐏𝐫𝐞𝐦𝐚𝐭𝐮𝐫𝐞 𝐞𝐣𝐚𝐜𝐮𝐥𝐚𝐭𝐢𝐨𝐧) ဆိုတာဘာလဲ?
👨🏻‍⚕️𝐏𝐄 (𝐏𝐫𝐞𝐦𝐚𝐭𝐮𝐫𝐞 𝐞𝐣𝐚𝐜𝐮𝐥𝐚𝐭𝐢𝐨𝐧 ဆိုတာ တစ်ဦးနှင့်တစ်ဦး ဆက်ဆံနေချိန် Or**sm အမြင့်ဆုံးခံစားမှု pleasure ကို မရခင် ယောကျင်္ားလေးဘက်မှ (၃)မိနစ်အတွင်း သုတ်ရည်လွှတ်စောသွားပြီး ဆက်ဆံတာ ရပ်သွားရတဲ့အခြေအနေဖြစ်ခြင်းကိုပြောတာပါ။

𝐏𝐄 (𝐏𝐫𝐞𝐦𝐚𝐭𝐮𝐫𝐞 𝐞𝐣𝐚𝐜𝐮𝐥𝐚𝐭𝐢𝐨𝐧) ဘာလို့
ဖြစ်ရလဲ?
👨🏻‍⚕️များသောအားဖြင့် စိတ်ခံစားမှုကြောင့်ဖြစ်ရတာပါ။
-အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နေထိုင်ခဲ့ဖူးခြင်း။
-အလိုမတူဘဲ နေထိုင်ခဲ့ရခြင်း။
-စိတ်ဓာတ်ကျနေခြင်း။
-သုတ်ရည်လွှတ်စောမှာကိုတွေးပူနေခြင်း။
-ဆက်ဆံနေချိန်အတွင်း တစ်ခုခုလုပ်စရာရှိလို့စိတ်
လောနေခြင်း။
-ED (Erectile dysfunction) ဟုခေါ်သောအမျိုး
သားအင်္ဂါ ကြာကြာထောင်မတ်နိုင်စွမ်း မရှိခြင်း။
-စိတ်လှုပ်ရှားနေခြင်း။
-ကိုယ့်ရဲ့partner နဲ့ ဆက်ဆံရေးမပြေပြစ်ခြင်း။
စသော အချက်တွေကြောင့် PE ဖြစ်နိုင်ပါတယ်။
😇Perfect Men အမျိုးသားအားဆေးကို မနက်စာစားပြီးတိုင်း တစ်နေ့တစ်လုံးပုံမှန်သောက်ရုံနဲ့ PE ဖြစ်ခြင်းကို လျော့ချပေးနိုင်ပါတယ်။
😇Perfect Men မှာ L-Arginine,L-Carnitine,Selenium and Zinc စတာတွေအပြင် အမျိုးသားကျန်းမာရေးအတွက်ပိုကောင်းတဲ့ ပါဝင်ပစ္စည်းတွေအများကြီးပါဝင်ပါတယ်။
😇Perfect Men သောက်တဲ့အမျိုးသားတိုင်း ကျန်းမာရေးသုခရော ကာမသုခပါ ပြည့်စုံစေမှာပါ။
😇Perfect Men က တစ်ခါသုံးဆေးတွေလို အန္တရာယ်မများဘဲ ရေရှည်စွဲသောက်ရုံနဲ့ ကျန်းမာရေးနဲ့ အမျိုးသားစွမ်းဆောင်ရည် သိသိသာသာတိုးတက်စေတဲ့ အမျိုးသားအားဆေးဖြစ်ပါတယ်။

တစ်ကဒ် - ၁၆,၀၀၀ ကျပ် *တစ်ဘူး ၃ကဒ် - ၄၈,၀၀၀

📦Wepotz နှင့် Royal Experess ရတဲ့ မြို့နယ်တိုင်း အိမ်ရောက်ငွေခြေရနေပါပြီ။

#အမျိုးသားအားဆေး #ကာမသုခ #နဝရတ်ဆေးဆိုင်

🤰🏻 𝐌𝐮𝐦𝐠𝐮𝐚𝐫𝐝 ကိုယ်ဝန်ဆောင်အားဆေးမှာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင်⚡️ ရ...
18/06/2025

🤰🏻 𝐌𝐮𝐦𝐠𝐮𝐚𝐫𝐝 ကိုယ်ဝန်ဆောင်အားဆေးမှာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင်
⚡️ ရင်သွေးလေးကို ဉာဏ်ရည်ဖွံ့ဖြိုးစေမယ့် 𝐃𝐇𝐀 (𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝)
⚡ သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး မွေးရာပါရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးမယ့်𝐅𝐨𝐥𝐢𝐜 𝐀𝐜𝐢𝐝
⚡ ကိုယ်ဝန်ဆောင်ချိန် ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကို သက်သာစေတဲ့အပြင် အာရုံကြောစနစ် ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တဲ့ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁 𝐂𝐨𝐦𝐩𝐥𝐞𝐱 အုပ်စု
တို့ စုံလင်မျှတစွာ ပါဝင်တဲ့အတွက် ကျန်းမာဖွံ့ဖြိုးပြီး ညဏ်ရည်ထက်မြက်တဲ့ ရင်သွေးလေး မွေးဖွားလာဖို့တော့ Mumguard က အပြည့်အဝ ပံ့ပိုးပေးဖို့ အသင့်ပါပဲနော် 💞
မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ 𝐌𝐮𝐦𝐠𝐮𝐚𝐫𝐝💜

တစ်ဘူး - 𝟒𝟔,𝟔𝟎𝟎

📦Wepotz နှင့် Royal Express ရတဲ့ မြို့နယ်တိုင်း အိမ်ရောက်ငွေခြေရနေပါပြီ။

#ကိုယ်ဝန်ဆောင်အားဆေး #နဝရတ်ဆေးဆိုင်

Address

No. 327(C), Bogyoke Road, Hlaingthaya Township
Yangon
11401

Opening Hours

Monday 07:30 - 21:30
Tuesday 07:30 - 21:30
Wednesday 07:00 - 21:30
Thursday 07:30 - 21:30
Friday 07:30 - 21:30
Saturday 07:30 - 21:30
Sunday 07:30 - 21:30

Telephone

+959760418844

Alerts

Be the first to know and let us send you an email when နဝရတ်ဆေးနှင့်စတိုး - ဗိုလ်ချုပ်လမ်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နဝရတ်ဆေးနှင့်စတိုး - ဗိုလ်ချုပ်လမ်း:

Shortcuts

Share