TT Yoga & Bodyfitness

TT Yoga & Bodyfitness forever welcome costomer

"အသက်ကို ထည့်မတွက်ပါနဲ့… မင်းမှာ လုပ်ချင်စရာတွေ ရှိနေသေးရင် မင်းမအိုသေးပါဘူး။" 🍀🩵◾ဘဝမှာ တစ်ခါတလေများဆိုရင် အသက်ဆိုတာကို ...
01/09/2026

"အသက်ကို ထည့်မတွက်ပါနဲ့… မင်းမှာ လုပ်ချင်စရာတွေ ရှိနေသေးရင် မင်းမအိုသေးပါဘူး။" 🍀🩵

◾ဘဝမှာ တစ်ခါတလေများဆိုရင် အသက်ဆိုတာကို ကိုယ်တိုင်က အရမ်းအလေးထားမိတတ်တာ ရှိကြတယ်။ “ငါ့အသက်က ဒီလောက်တောင်ရှိနေပြီ…” “အခုမှ စရင် နောက်ကျသွားပြီလား…” “ငယ်ငယ်ကတည်းက မလုပ်ခဲ့တာ အခုမှ ဘယ်လိုလုပ်တော့မလဲ…” အဲဒီလိုအတွေးလေးတွေကြားမှာ ကိုယ်တကယ်လုပ်ချင်တဲ့ အရာတွေကို တိတ်တိတ်လေး ပြန်ချန်ထားမိကြပြန်တယ်။

တကယ်တော့ ဘဝမှာ နောက်ကျတယ်ဆိုတာထက် မစဖြစ်တော့တာက ပိုဝမ်းနည်းစရာကောင်းပါတယ်။ မင်းအသက် ဘယ်လောက်ရှိနေပြီလဲ ဆိုတာက တကယ်အရေးမကြီးပါဘူး။ အဓိကက မင်းရဲ့နှလုံးသားထဲမှာ ဘာတွေ ရှိနေသေးလဲ ဆိုတာကသာ ပိုအရေးကြီးတာပါ။

◾စာတစ်အုပ် ဖတ်ချင်သေးတယ်။ ပညာအသစ်တစ်ခုလည်း သင်ယူချင်သေးတယ်။ လုပ်ငန်းလေးတစ်ခုကိုလည်း စတင်လိုက်ချင်သေးတယ်။ တစ်နေရာရာကိုလည်း သွားချင်သေးတယ်။ တစ်စုံတစ်ရာကိုတောင် ဖန်တီးချင်လိုက်သေးတယ် စသဖြင့်ပေါ့။

ဒါမှမဟုတ် ကိုယ့်ဘဝကို အရင်ကထက် နည်းနည်းပိုကောင်းအောင် နေချင်သေးတယ်။ ဒီ “ချင်သေးတယ်” ဆိုတဲ့စိတ်လေးရှိနေသေးရင် မင်းရဲ့ဘဝဟာ မပြီးသေးပါဘူးလို့ မှတ်ရမှာပါ။

◾အသက်ကြီးလာတာဟာ အိပ်မက်တွေကို စွန့်လွှတ်ရမယ့် အကြောင်းပြချက်တော့ မဖြစ်ပါစေနဲ့။ တစ်ခါတလေမှာ အသက်ကြီးလာလေလေ ကိုယ်တကယ်လိုချင်တာကို ပိုသိလာလေလေပါပဲ။ငယ်ငယ်တုန်းက သူများပြောတာနဲ့ လိုက်လုပ်ခဲ့တာတွေ ရှိနိုင်တယ်။

လူအများကြိုက်တာကို ကိုယ်လည်း ကြိုက်တယ်ထင်ခဲ့တာတွေ ရှိနိုင်တယ်။ အောင်မြင်မှုဆိုတာ ဒီလိုပဲ ဖြစ်ရမယ်လို့ ယုံခဲ့တာတွေလည်း ရှိခဲ့မှာပါ။ အခုတော့ ကိုယ့်စိတ်က ဘာကို တကယ်တန်ဖိုးထားသလဲဆိုတာ နည်းနည်းချင်း သိလာပြီ။

◾အဲဒီအတွက် အသက်ရလာတာဟာ ဆုံးရှုံးမှုတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်ပိုနားလည်လာတဲ့ အချိန်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ "You are not too old. You are simply wiser than before." ပါ။

မင်းရဲ့လမ်းက တခြားသူတွေနဲ့ တူနိုင်မှာ မဟုက်ပါဘူး။ တချို့လူတွေက ငယ်ငယ်နဲ့ အောင်မြင်ကြတယ်။ တချို့ကတော့ ဘဝအလယ်ပိုင်းရောက်မှ ကိုယ့်လမ်းကို တွေ့မိကြရတယ်။ တချို့က အသက်အရွယ်တော်တော်ရလာမှ သူတို့တစ်သက်လုံး လုပ်ချင်ခဲ့တဲ့အရာကို စတင်ဖြစ်ကြပြန်တယ်။

◾ဒါက ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာတော့ မရှိပါဘူး။ ပန်းတစ်ပွင့်နဲ့တစ်ပွင့် ပွင့်ချိန်မတူသလိုပါပဲ၊ လူတစ်ယောက်နဲ့တစ်ယောက် ဘဝပွင့်ချိန်လည်း မတူကြပါဘူး။ ဒါကြောင့် ကိုယ့်ဘဝကို သူများရဲ့နာရီနဲ့ မတိုင်းတာမိဖို့က အရေးကြီးပါတယ်။

သူများအခုရောက်နေတဲ့ နေရာကိုကြည့်ပြီး ကိုယ်နောက်ကျနေပြီလို့လည်း ဆုံးဖြတ်မစောပါနဲ့။ မင်းဟာ မင်းရဲ့အချိန်နဲ့ မင်းရဲ့ခရီးကို လျှောက်နေတာပါ။ သူများခရီးနဲ့ ကိုယ့်လမ်းကို အထွာမတိုင်းစေချင်ဘူး။ သူနဲ့ကိုယ် တာထွက်ချိန်လည်းမတူ၊ ပန်းတိုင်းလည်းမတူ၊ အလိုလည်းမတူ၊ စိတ်ခံစားချက်လည်း တူပါဘူး။

◾တစ်ခါတလေများဆိုရင် ဘဝမှာ အရေးကြီးဆုံး စတင်မှုတွေက နောက်ကျမှ ရောက်လာကြတာပါ။ နာကျင်မှုတစ်ခု ဖြတ်ပြီးမှ ကိုယ်ဘာလိုချင်တယ်ဆိုတာ သိလာတာမျိုး။ တစ်ယောက်တည်း နေတတ်လာပြီးမှ ကိုယ့်ကိုယ်ကို ပြန်တွေ့လာတာမျိုး။ အများကြီး ဆုံးရှုံးပြီးမှ ဘာကို တကယ်တန်ဖိုးထားရမလဲ သိလာတာမျိုးပါ။

အဲဒီအချိန်မှာ စတင်လိုက်တာဟာ အရင်ကထက် ပိုအဓိပ္ပါယ်ရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတစ်ခါ မင်းဟာ သူများအတွက် မဟုတ်တော့ဘူး။ ကိုယ့်အတွက် ကိုယ်ရွေးချယ်တာ ဖြစ်လာလို့ပါ။

◾ဒါကြောင့်မို့ အသက်က မင်းကို တားဆီးတဲ့နံရံတော့ မဖြစ်စေပါနဲ့။ အတွေ့အကြုံတွေကိုတော့ မင်းရဲ့အင်အားအဖြစ် အသုံးချပါ။ မနေ့ကထက် ဒီနေ့ နည်းနည်းပိုကောင်းအောင် လုပ်နိုင်ရင် ကောင်းပါပြီ။

အိပ်မက်ကြီးတစ်ခုလုံးကို တစ်ခါတည်း အကောင်အထည်ဖော်ဖို့ မလိုပါဘူး။ တစ်နေ့ကို ခြေလှမ်းလေးတစ်လှမ်းပဲ လျှောက်ပါ။ လုပ်ရမှာက စာမျက်နှာတစ်မျက်နှာကို စဖတ်ပါ။ အတွေးတစ်ခုကို စရေးချပါ။ အလုပ်တစ်ခု စမ်းလုပ်ကြည့်ပါ။ သင်ခန်းစာတစ်ခုကို စတင်လေ့လာပါ။ အဲဒီလို သေးသေးလေးတွေကပဲ တစ်နေ့မှာ မင်းမထင်ထားတဲ့နေရာကို ရောက်စေပါလိမ့်ယ်။

◾"Age is a number. Purpose gives life its meaning." ပါ။ ဒါကြောင့် အသက်တစ်ခုကိုသာ မကြည့်ပါနဲ့။ ကိုယ့်ရဲ့ purpose ကို ကြည့်ပါ။ မင်းမှာ ဘာလုပ်ချင်သေးလဲ။ ဘယ်လိုလူတစ်ယောက် ဖြစ်ချင်သေးလဲ။ ဘယ်လိုဘဝမျိုးကို ရှင်သန်ချင်သေးလဲ။

အဲဒီမေးခွန်းတွေအတွက် အဖြေတစ်ခုခု ရှိနေသေးရင် မင်းမှာ ရှေ့ဆက်စရာ ရှိနေသေးပါတယ်။ ဘဝရဲ့ အလှဟာ အရာအားလုံးကို အချိန်မီလုပ်ပြီးသွားခြင်း မဟုတ်ပါဘူး။

◾တစ်ခါတလေ ကိုယ့်အတွက် အရေးကြီးတဲ့အရာကို နောက်ကျမှ သိလာပြီး၊ သိလာတဲ့အချိန်မှာ တကယ်စတင်ရဲခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို “နောက်ကျသွားပြီ” ဆိုတဲ့နေ့အဖြစ် မမြင်ပါနဲ့။ “အခုမှ စလို့ရသေးတယ်” ဆိုတဲ့နေ့အဖြစ်ပဲ မြင်ကြည့်ပါ။

မင်းရဲ့အသက်မှာ အချိန်တွေ တိုးလာတာမှန်ပါတယ်။ ဒါပေမဲ့ မင်းရဲ့နှလုံးသားထဲမှာ အိပ်မက်တစ်စင်း၊ သိချင်စိတ်တစ်စင်း၊ လုပ်ချင်စိတ်တစ်စင်း ရှိနေသေးရင်— မင်းဟာ မအိုသေးပါဘူး။ မင်းရဲ့ခရီးကလည်း မပြီးသေးပါဘူး။

◾စာမျက်နှာတချို့ ရေးပြီးသွားပြီဆိုပေမယ့် နောက်စာမျက်နှာတွေ အများကြီး ကျန်နေပါသေးတယ်။ အဲဒီစာမျက်နှာတွေကို ဘယ်လိုရေးမလဲဆိုတာကိုတော့ ဒီနေ့ကစပြီး မင်းကိုယ်တိုင် ရွေးချယ်လို့ရပါတယ်။

So, forget your age for a moment. Listen to your heart. If there is still something you want to achieve, begin. တဲ့။ အသက်ဟာ မင်းရဲ့အတိတ်ကို ပြောပြနိုင်ပါတယ်။ ဒါပေမဲ့ မင်းရဲ့မနက်ဖြန်ကိုတော့ ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

မင်းရဲ့မနက်ဖြန်ကို ဆုံးဖြတ်ပေးမှာက— မင်းမလျှော့သေးတဲ့ မျှော်လင့်ချက်၊ မင်းမသေသေးတဲ့ အိပ်မက်နဲ့ မင်းပြန်စရဲတဲ့ သတ္တိပါပဲ။

ချစ်ခြင်းများစွာဖြင့်။
— Professor Dr
---Crd

“အသက်ကြီးလာရင်… ဒီလိုလေး နေထိုင်ကြရအောင်ပါ။” 🍀🩵◾တကယ်တော့ အသက်ကြီးလာတယ် ဆိုတာကနှစ်တွေ ပိုများလာတာ တစ်ခုတည်းကြောင့် မဟုတ်ပ...
24/08/2026

“အသက်ကြီးလာရင်… ဒီလိုလေး နေထိုင်ကြရအောင်ပါ။” 🍀🩵

◾တကယ်တော့ အသက်ကြီးလာတယ် ဆိုတာက
နှစ်တွေ ပိုများလာတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

တစ်ချိန်က အရေးကြီးတယ်လို့ ထင်ခဲ့တဲ့အရာတွေက တဖြည်းဖြည်း အရေးမကြီးတော့တာ၊
မလွှတ်နိုင်ခဲ့တဲ့ အရာတွေကို လက်ဖြေလွှတ်တတ်လာတာ၊
လူတွေကို ပြောင်းလဲဖို့ထက် ကိုယ့်စိတ်ကို ပြုပြင်ဖို့ ပိုအရေးကြီးလာတာပါ။

ငယ်ရွယ်တုန်းက
“ဘယ်လောက်များများ ရနိုင်မလဲ” ဆိုတာကို ပိုစဉ်းစားကြတယ်။
အသက်ရလာတဲ့အခါတော့
“ဘယ်လောက်ပေါ့ပေါ့ပါးပါး နေနိုင်မလဲ” ဆိုတာက ပိုတန်ဖိုးရှိလာပါတယ်။

အောင်မြင်မှုတွေ ရှိခဲ့တာကောင်းပါတယ်။
ပိုင်ဆိုင်မှုတွေ ရှိခဲ့တာကလည်း ကောင်းပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာ
ရင်ဘတ်ထဲ အေးချမ်းမှုမရှိရင်
အဲဒီအရာတွေဟာ ဘဝရဲ့အနှစ်သာရ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် အသက်တွေ ရင့်လာတဲ့အခါ
ဒီလိုလေး နေထိုင်တတ်ကြရအောင်ပါ…

1️⃣ “ငါမရှိလည်း ကမ္ဘာကြီးက ဆက်လည်ပတ်နေမှာပါ” ဆိုတာ လက်ခံပါ။

ငယ်ငယ်တုန်းကတော့...
“ဒါကို ငါမလုပ်ရင် မဖြစ်ဘူး” ဆိုတဲ့စိတ် ရှိကြလိမ့်မယ်။
ဇီဝိတမာန် တက်နေချိန်ကိုး။
ဒါပေမယ့် အသက်ရလာတဲ့ အခါကျရင်တော့
ကိုယ်မရှိတဲ့အချိန်မှာလည်း လောကကြီးက သူ့လမ်းသူ ဆက်သွားမယ်ဆိုတာ နားလည်လာရတယ်။

တာဝန်ရှိရင် တာဝန်ယူပါ။
လုပ်စရာရှိရင် လုပ်ပါ။
ဒါပေမယ့် အရာရာကို ကိုယ်တိုင်ထိန်းချုပ်ဖို့ကိုတော့ လုံးဝ မကြိုးစားမိပါနဲ့။
တစ်ခါတလေ အနားယူခြင်းဟာ တာဝန်မဲ့ခြင်းမဟုတ်ပါဘူး။
ကိုယ့်ဘဝကို ကိုယ်ယုံကြည်ပေးတတ်ခြင်းပါ။

2️⃣ စကားနည်းပြီး နားထောင်တတ်သူ ဖြစ်လာပါ။

ကိုယ့်မှာ အတွေ့အကြုံတွေ အများကြီးရှိနိုင်ပါတယ်။
ဒါပေမယ့် ကိုယ့်အတွေ့အကြုံဟာ သူတစ်ပါးဘဝအတွက် အမြဲတမ်းအဖြေတော့ မဟုတ်နိုင်ပါဘူး။
သားသမီးတွေမှာ သူတို့ခေတ်နဲ့ သူတို့အတွေ့အကြုံ ရှိကြသူချည်းပါပဲ။
ဒါကြောင့်မို့ အမြဲဆုံးမဖို့ထက်
တစ်ခါတလေ ငြိမ်ငြိမ်လေး နားထောင်ပေးလိုက်ဖို့ ပိုလိုအပ်ပါတယ်။

“မင်းပြောချင်တာ ပြောပါ… ငါနားထောင်မယ်”
ဆိုတဲ့လူ ဖြစ်လာကြရအောင်ပါ။

3️⃣ အာဃာတကို ရင်ထဲမှာ အိမ်မဆောက်ပါနဲ့။

ကိုယ့်ကို နာကျင်စေခဲ့တဲ့သူတွေ ရှိနိုင်ပါတယ်။
ဒါပေမယ့် သူတို့ကြောင့် ကိုယ့်ဘဝတစ်လျှောက်လုံး ဆက်နာကျင်နေဖို့ မလိုပါဘူး။
အာဃာတကို ဆုပ်ကိုင်ထားတာဟာ
သူ့ကို ဒဏ်ခတ်နေတာ မဟုတ်ပါဘူး။
ကိုယ့်ရင်ဘတ်ထဲမှာ ကိုယ်တိုင် အလေးတစ်လုံး သယ်ယူထားတာပါ။

ခွင့်လွှတ်တယ်ဆိုတာက
သူလုပ်ခဲ့တာ မှန်တယ်လို့ သဘောတူတာ မဟုတ်ပါဘူး။
ဖြစ်ခဲ့တာကို ပြန်မဖြစ်အောင်
ကိုယ့်စိတ်ကို အတိတ်ရဲ့လက်ထဲကနေ ပြန်ယူလာနိုင်မျိုးတာပါ။

4️⃣ ဘာမှမလုပ်ဘဲ နေတတ်တဲ့အနုပညာကို သင်ယူပါ။

မအားတာကို အောင်မြင်မှုတစ်ခုလို မယူဆပါနဲ့။
တစ်ခါတလေ ဖုန်းမကြည့်ဘဲ နေပါ။
ကောင်းကင်ကို မော့ကြည့်ပါ။
လေညှင်းလေးကို ခံစားပါ။
ကိုယ့်အသက်ရှူသံကို ကိုယ်တိုင် နားထောင်ကြည့်ပါ။

ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်နေနိုင်ခြင်းဟာလည်း
စိတ်ရဲ့ရင့်ကျက်မှုတစ်မျိုးလို့ နားလည်ထားပါ။

5️⃣ ပိုင်ဆိုင်မှုထက် ပေါ့ပါးမှုကို ရွေးပါ။

ပစ္စည်းတွေ များလာတာနဲ့
စိတ်အေးချမ်းမှုက အလိုအလျောက်တော့ တိုးမလာနိုင်ပါဘူး။
အိမ်ကြီးတစ်လုံးထက်
စိတ်အေးအေးနေနိုင်တဲ့ နေရာလေးတစ်ခုက ပိုတန်ဖိုးရှိနိုင်ပါတယ်။

အသက်ကြီးလာတဲ့အခါ
“What can I own?” ထက်
“What can I let go?”
ဆိုတာကိုလည်း မေးတတ်ကြရအောင် နေထိုင်နိုင်ဖို့ပါ။

6️⃣ လူတိုင်းရဲ့အမြင်ကို လိုက်မထိန်းပါနဲ့။

လူတွေက ကိုယ့်အကြောင်း ကောင်းတာလည်း ပြောမယ်။
မကောင်းတာလည်း ပြောမယ်။
လူတိုင်းကို ကျေနပ်အောင် နေဖို့ ကြိုးစားရင်းနဲ့
ကိုယ့်ဘဝကို ကိုယ်ပိုင်မနေတော့တာမျိုးတော့ မလုပ်မိပါနဲ့။

Peace is more important than approval.
လူတိုင်းရဲ့လက်ခုပ်သံ မလိုပါဘူး။
ကိုယ့်ရင်ဘတ်ထဲက
“ငါဒီလိုနေထိုင်တာ မှန်တယ်” ဆိုတဲ့ အသံလေး ကြားနိုင်ရင် တကယ်ကို လုံလောက်ပါပြီ။

7️⃣ ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှုတစ်ခုလို ဂရုစိုက်ပါ။

အသက်ရလာတဲ့အခါ
ငွေကြေးထက် ကျန်းမာရေးရဲ့တန်ဖိုးကို ပိုနားလည်လာလိမ့်မယ်။
အိပ်ရေးဝဝအိပ်ပါ။
လမ်းလျှောက်ပါ။
ရေသောက်ပါ။
အစားအစာကို သတိထားပါ။

ခန္ဓာကိုယ်က
“နားချင်ပြီ” လို့ ပြောလာရင် နားထောင်ပေးပါ။
ကျန်းမာနေတုန်းမှာ ကိုယ့်ခန္ဓာကိုယ်ကို ချစ်တတ်ကြရအောင်ပါ။

8️⃣ အထီးကျန်ခြင်းကို မကြောက်ပါနဲ့။

လူတွေအများကြီးကြားမှာနေရင်းနဲ့လည်း အထီးကျန်နိုင်ပါတယ်။
တစ်ယောက်တည်းနေရင်းနဲ့လည်း စိတ်အေးချမ်းနိုင်ပါတယ်။
နားလည်ပေးနိုင်တဲ့ လူအနည်းငယ်ရှိရင် လုံလောက်ပါတယ်။
မရှိတဲ့အချိန်မှာလည်း
ကိုယ့်ကိုယ်ကိုယ် အဖော်ပြုတတ်ပါစေ။

စာဖတ်ပါ။
တရားထိုင်ပါ။
သဘာဝနဲ့ နေထိုင်ပါ။
တစ်ယောက်တည်းနေရတာနဲ့
ကိုယ့်ကိုယ်ကိုယ် အထီးကျန်နေခြင်းဟာ မတူပါဘူး။

9️⃣ အတိတ်ကို သင်ခန်းစာအဖြစ်ထားပြီး အိမ်အဖြစ် မထားပါနဲ့။

အတိတ်မှာ အောင်မြင်မှုတွေ ရှိခဲ့သလို
အမှားတွေ၊ ဆုံးရှုံးမှုတွေလည်း ရှိခဲ့မှာပါ။
ဒါတွေကို မေ့ပစ်ဖို့ မလိုပါဘူး။
ဒါပေမယ့် အတိတ်ထဲမှာပဲ နေမနေပါနဲ့။

အတိတ်က စာအုပ်တစ်အုပ် ဖြစ်ပါစေ။
နေထိုင်ရာအိမ်တော့ မဖြစ်ပါစေနဲ့။
မှားခဲ့တာတွေက သင်ခန်းစာဖြစ်ပါစေ။
ပျော်ခဲ့တာတွေက ကျေးဇူးတရားဖြစ်ပါစေ။
ဆုံးရှုံးခဲ့တာတွေက လွှတ်ချတတ်ခြင်းကို သင်ပေးပါစေ။

◾နောက်ဆုံး ပြောချင်တာကတော့
“အောင်မြင်တဲ့လူတစ်ယောက်” ဖြစ်ဖို့ထက်
“အေးချမ်းတဲ့လူတစ်ယောက်” ဖြစ်လာအောင် ကြိုးစားကြရအောင်ပါ။

ကိုယ့်အနားရောက်လာရင်
စိတ်အေးသွားတဲ့လူ ဖြစ်ပါစေ။
စကားပြောပြီးရင်
ရင်ထဲပေါ့သွားစေတဲ့လူ ဖြစ်ပါစေ။
ကိုယ့်ကိုတွေ့တဲ့အခါ
ကြောက်ရတဲ့လူမဟုတ်ဘဲ
နွေးထွေးတယ်လို့ ခံစားရတဲ့လူ ဖြစ်ပါစေ။

◾အသက်ကြီးလာခြင်းရဲ့ အလှဟာ
ပိုင်ဆိုင်မှုတွေ ပိုများလာခြင်းမှာ မဟုတ်ပါဘူး။
လွှတ်ချနိုင်တာတွေ ပိုများလာပြီး
ရင်ဘတ်ထဲမှာ အေးချမ်းမှု ပိုကျန်လာခြင်းမှာပါ။

အရင်က “ပိုရချင်တယ်” ဆိုခဲ့ရင်
နောက်ပိုင်းမှာ “ပိုအေးချမ်းချင်တယ်” ဖြစ်လာပါစေ။
အရင်က “လူတွေက ငါ့ကို ဘယ်လိုမြင်မလဲ” ဆိုခဲ့ရင်
နောက်ပိုင်းမှာ “ငါ့ရင်ဘတ်က အေးရဲ့လား” ဆိုတာကို မေးလာပါစေ။
အရင်က လောကကြီးကို ပြောင်းလဲဖို့ ကြိုးစားခဲ့ရင်
နောက်ပိုင်းမှာ ကိုယ့်အတွင်းစိတ်ကို ပြောင်းလဲတတ်လာပါစေ။

အများကြားမှာ ထင်ရှားတဲ့လူတစ်ယောက်ထက်
ကိုယ့်တစ်ယောက်တည်းနေရတဲ့အချိန်မှာတောင်
စိတ်အေးချမ်းနေတတ်တဲ့ လူတစ်ယောက် ဖြစ်လာကြရအောင် ကြိုးစားဖို့ပါ။

ချစ်ခြင်းများစွာဖြင့်။
— Professor Dr Sai Naw Jar

မိုးအေးရင်ယောဂတန်းကိုပြေးလာခဲ့ချွေးထွက်ပီးပေါ့ပါးသွားစေမယ်
13/08/2026

မိုးအေးရင်ယောဂတန်းကိုပြေးလာခဲ့ချွေးထွက်ပီးပေါ့ပါးသွားစေမယ်

▪️ လူတွေကို ပေါင်းသင်းတဲ့အခါ အဆင့်အတန်း ခွဲပြီးပေါင်းတတ်ဖို့ လိုပါတယ်အဆင့်အတန်း ဆိုတာ ပညာအရည်အချင်းနဲ့ စည်းစိမ်ဥစ္စာ ချမ...
13/08/2026

▪️ လူတွေကို ပေါင်းသင်းတဲ့အခါ အဆင့်အတန်း ခွဲပြီးပေါင်းတတ်ဖို့ လိုပါတယ်
အဆင့်အတန်း ဆိုတာ ပညာအရည်အချင်းနဲ့ စည်းစိမ်ဥစ္စာ ချမ်းသာတာကို ဆိုလိုတာ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ စာရိတ္တ ကောင်းမွန်မှုကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကျင့်သိက္ခာရှိတဲ့သူတွေနဲ့ နီးစပ်မှသာ စိတ်အေးချမ်းမှုနဲ့ ယုံကြည်မှုကို ရရှိနိုင်လို့ပါ။

▪️ "သူကတော့ ယုံကြည်ရတယ်၊ စိတ်ချရတယ်"နေရာတိုင်းမှာ ပြောလေ့ရှိတဲ့ ဒီစကားလေးတစ်ခွန်းဟာ ခေတ်အဆက်ဆက် အလွန်တန်ဖိုးရှိပါတယ်။ လူတိုင်းကို ယုံကြည်ဖို့ ခက်ခဲတဲ့ ဒီနေ့ခေတ်မှာ ယုံကြည်မှုတစ်ခု တည်ဆောက်ဖို့ဆိုတာ မလွယ်ကူသလို၊ ရရှိထားတဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်တတ်သူတွေလည်း အများကြီး ရှိနေတတ်လို့ပါ။

▪️ အချစ်ရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး ဘယ်နေရာမှာမဆို ယုံကြည်မှုဆိုတာ အဓိက သော့ချက်ပါပဲ
ဒီနေရာမှာ အသိဉာဏ် ပညာရှိပြီး သတိအမြဲကပ်သူတွေဟာ သူတစ်ပါးရဲ့ ယုံကြည်မှုကို ဘယ်တော့မှ ပျက်စီးအောင် မလုပ်ကြပါဘူး။

▪️ အကယ်၍ မှားယွင်းခဲ့ရင်တောင် တာဝန်ယူလိုစိတ်နဲ့ အမှန်ကို ပြင်ဆင်တတ်ကြပါတယ် အမှားကို အမှားမှန်း မသိဘဲ ဇွတ်ငြင်းနေသူတွေကိုတော့ မိမိဘဝအသိုင်းအဝိုင်းထဲ ထည့်သွင်းစဉ်းစားပေးဖို့ မသင့်တော်ပါဘူး။ ဒီနေ့ခေတ်မှာ ရုပ်ဝတ္ထုတွေ မပြည့်စုံရင်တောင်မှ မဖောက်ပြန်ဘဲ သစ္စာရှိတဲ့၊ စာရိတ္တမပျက်တဲ့သူတွေဟာ အလွန်တန်ဖိုးရှိလှပါတယ်။

"ဒါကြောင့် စည်းစိမ်ဥစ္စာ ချမ်းသာမှုထက် စိတ်ဓာတ်နဲ့ ကိုယ်ကျင့်သိက္ခာ ချမ်းသာတဲ့သူတွေကိုပဲ ရွေးချယ်ပေါင်းသင်းကြပါ"

လေးစားစွာဖြင့်
#မေဆု(ရာမညမြေ)

🌹🌹🌹🌹🌹ဇင်းကျိုက် ခလောက်အင်း ပေါင် သို့HCG health care groupမမများနဲ့အမှတ်တရလေးပါ မိုးတွင်းလေးတဖြတ် လေ့ကျင့်ကွင်းဆင်းခဲ့🥰🥰...
08/08/2026

🌹🌹🌹🌹🌹ဇင်းကျိုက် ခလောက်အင်း ပေါင် သို့HCG health care groupမမများနဲ့အမှတ်တရလေးပါ မိုးတွင်းလေးတဖြတ် လေ့ကျင့်ကွင်းဆင်းခဲ့🥰🥰🥰🥰🥰

လူတိုင်းဟာ ကျောထောက်နောက်ခံ ကောင်း ရှိချင်မှရှိမယ်၊ တိုင်ပင်စရာ လူအားကိုးစရာ လူ ရှိချင်မှရှိလိမ့်မယ်။ ဒီစာလေးဟာ ဘဝကို တစ...
29/07/2026

လူတိုင်းဟာ ကျောထောက်နောက်ခံ ကောင်း ရှိချင်မှရှိမယ်၊ တိုင်ပင်စရာ လူအားကိုးစရာ လူ ရှိချင်မှရှိလိမ့်မယ်။

ဒီစာလေးဟာ ဘဝကို တစ်ကိုယ်တည်း ရုန်းကန်နေရတဲ့သူတွေ အားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့မျှော်လင့် မိပါတယ်။

(၁) စိတ်မလျှော့လိုက်ပါနဲ့။

တစ်ခါတလေ ဘဝမှာ အရှုံးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့ အချိန်တွေရှိတတ်ပါတယ်။ ဒါပေမယ့် အဲလိုအချိန်တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့။ဒုက္ခတွေဆိုတာ ခဏလေးဆိုမှ ခဏလေးပါပဲ။

ဒီတစ်ခါ ကျော်လွှားနိုင်လိုက်တာနဲ့ အောင်မြင်မှုတွေလာတော့မှာဖြစ်တာ ကြောင့် စိတ်လျှော့ဖို့ လုံးဝမစဉ်းစား လိုက်ပါနဲ့။

အောင်မြင်မှုဆိုတာ ဆုံးရှုံးမှုနဲ့ လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။

(၂) လဲရင်ပြန်ထပါ။

ဘဝဆိုတာ အကြိမ်ကြိမ်လဲပြီး၊ အကြိမ်ကြိမ်ပြန်ထမှ ပိုပြီး အဓိပ္ပာယ်ရှိသွားတာပါ။ မလဲဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။

အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့၊ ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ လောကဓံရဲ့ အရိုက်အပုတ်၊ အထုအ ထောင်းတွေကို လှိမ့်နေအောင်ခံရပြီးမှ အဲ လိုနေရာကို ရောက်သွားကြတာပါ။

လဲကျတိုင်းသာသူတို့ ပြန်မထခဲ့ဘူးဆိုရင် အဲလိုနေရာရောက်မှာ မဟုတ်ဘူးဆိုတာ သင်သိမှာပါ။

(၃) အရှုံးထဲကအမြတ်ယူပါ။

ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး ခါးသီးမှုတွေ အများကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒါပေမယ့် အဲလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းမှာ အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်။

အနည်းဆုံးတော့ သင့်ကိုအတွေ့အကြုံ သစ်တစ်ခုရစေသလို၊ ခံနိုင်ရည်စွမ်းကို လည်း ပိုမြင့်လာစေပါတယ်။ ဒါကိုက မြတ်နေပြီမဟုတ်လား။ တခြားအမြတ် တွေလည်း အများကြီးရှိပါသေးတယ်။ ယူတတ်အောင်ယူပါ။

(၄) ဝေမျှပါ။

သင့်ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲ နေပါစေ၊ သင့်ထက် ပိုခက်ခဲတဲ့သူတွေအများကြီးရှိပါတယ်။

ဒါကြောင့် သူတစ်ပါးကို ကူညီဖို့၊ ဝေမျှဖို့ အမြဲတမ်း စဉ်းစားပါ။ နည်းတာများတာ အသာထား၊ သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး ကူညီကြည့်ပါ။

သူတစ်ပါးအတွက် စဉ်းစားကြည့်ပါ၊ဒါဆိုရင် သင့်ကို ကြိုးစားချင်စိတ်တွေ ပို ဖြစ်လာစေပြီး၊ သူတစ်ပါးကိုစိတ်ကြိုက် ပေးနိုင်ကမ်းနိုင်လာတဲ့အခါ မျှဝေလိုက် လို့ ရလာတဲ့ ပီတိရဲ့အရသာကို ၊သင် ကောင်းကောင်း နားလည်သွားမှာပါ။စိတ် လှုပ်ရှား၊ဒေါသထွက်တဲ့အချိန်မျိုးမှာ တည်ငြိမ်အောင်လုပ်သင့်တဲ့အရာ........

(၅) စာဖတ်ပါ။

ဘဝကို တစ်ယောက်တည်း ကြိုးစား ရုန်းကန်ပြီး၊ ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူ တွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာ ကတော့ စာအုပ်စာပေတွေပါပဲ။

ဒါကြောင့် သင့်ကို အသိအလိမ္မာတိုးစေမယ့်စာတွေ၊ ခွန်အားရှိစေမယ့်စာတွေ၊လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့် စာတွေကို အမြဲတမ်း ဖတ်ပါ၊ အချိန်ပေးပြီးဖတ်ပါ။ ဒါဆိုရင် ကျိန်းသေပေါက် သင်အောင်မြင်လာမှာပါ။

゚viralシfypシ゚

🍁တိတ်တဆိတ်လေး နေရတာကို သဘောကျတယ်...စကားတွေအများကြီးပြောနေရတာမျိုးကို သဘောမကျဘူး...🍁မလိုအပ်တဲ့စကားတွေလည်း အများကြီးမပြောခ...
16/07/2026

🍁
တိတ်တဆိတ်လေး နေရတာကို သဘောကျတယ်...
စကားတွေအများကြီးပြောနေရတာမျိုးကို သဘောမကျဘူး...
🍁
မလိုအပ်တဲ့စကားတွေလည်း အများကြီးမပြောချင်ဘူး...
ကိုယ်ရင်းနှီးတဲ့လူတစ်စုအတွက်ဘဲ ပေါတောတောနေဖြစ်တယ်....
🍁
သူများအကြောင်းလည်း သိပ်ပြီး စိတ်မဝင်စားဘူး...။
လူတိုင်းမှာ ကိုယ့်အခြေအနေနဲ့ကိုမို့ လူတိုင်းကို
နားလည်ဖို့မကြိုးစားဘူး...
🍁
ရင်းနှီးခဲ့ပြီးသားလူတစ်ချို့တောင် အနားက ထွက်ထွက်သွားနေကြတာမို့ဖြစ်နိုင်ရင်လေ...
ဘယ် သူစိမ်းနဲ့မှထပ်မရင်းနှီးချင်ဘူး
ကောင်းခြင်း ဆိုးခြင်းတွေကိုလည်း
မပြောချင်ဘူး...
🍁
ကိုယ်ချစ်ခင်ရတဲ့လူနည်းစုရယ်
Type တူတဲ့ သူငယ်ချင်းအချို့ရယ် ရှိရင်
ဘဝအတွက် ပြည့်စုံပြီ...
🍁
ဆိတ်ငြိမ်အေးချမ်းမှုကို အရမ်းသဘောကျတယ် တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မျိုးမှာ နေရတာမျိုးကို နှစ်သက်တယ်...
🍁
အနီးနားရပ်ဝန်းတစ်ခုလုံးက ဆိတ်ငြိမ်နေတဲ့အခါ အတွေးတွေကို အာရုံစိုက်နိုင်တယ်...
သီချင်းတွေနားထောင်မယ်
ဂစ်တာတီး သင်မယ်...။
စာအုပ်တွေအများကြီးဖတ်မယ်...
🍁
လေ့လာချင်တဲ့အရာတွေကို
စိတ်တိုင်းကျသည်အထိ လေ့လာမယ်...
ပူလောင်စေတဲ့အရာတွေကို ရှောင်မယ်
စိတ်ည စ်နွမ်းစေတဲ့အရာတွေကို လျော့ချမယ်...
🍁
ဆိတ်ငြိမ်တဲ့ရပ်ဝန်းတွေကို ကိုယ်တိုင်ဖန်တီးမယ်...

တိတ်တဆိတ်လေး နေရတာကို သဘောကျတယ်...

🌿crd to owner

နေ့တိုင်း အိပ်ရာက နိုးထတဲ့အခါ၊ ကိုယ့်စိတ်ထဲ ပထမဆုံး ဝင်လာတဲ့ အတွေးက ဘာလဲ။ အများစုအတွက် "ဒီနေ့ ဘာတွေ လုပ်စရာ ရှိသေးလဲ"၊ "...
12/07/2026

နေ့တိုင်း အိပ်ရာက နိုးထတဲ့အခါ၊ ကိုယ့်စိတ်ထဲ ပထမဆုံး ဝင်လာတဲ့ အတွေးက ဘာလဲ။ အများစုအတွက် "ဒီနေ့ ဘာတွေ လုပ်စရာ ရှိသေးလဲ"၊ "ဘာတွေ ပူစရာ ရှိသေးလဲ" ဆိုတဲ့ အတွေးတွေပါ။

ဒါပေမယ့် ကိုယ့်ရဲ့ တစ်နေ့တာကို ကောင်းအောင် စတင်စေမယ့် ရိုးရှင်းတဲ့ အကျင့်လေး တစ်ခု ရှိပါတယ်။ အဲဒါက ကျေးဇူးသိတတ်တဲ့ စိတ်နဲ့ အိပ်ရာထတဲ့ အကျင့်ပါ။

ကိုယ် ဘယ်လို အခြေအနေမျိုး ဖြတ်သန်းနေရ ဖြစ်ဖြစ်၊ မနက် နိုးထတဲ့အခါ ကျေးဇူးတင်စရာ တစ်ခုနှစ်ခုကို သတိရဖို့ အကျင့်လုပ်ကြည့်ပါ။ ဒါက ကိုယ့်ရဲ့ ပြဿနာတွေကို ငြင်းဆိုဖို့ ဒါမှမဟုတ် ကိုယ့်ခံစားချက်ကို ဖိနှိပ်ဖို့ မဟုတ်ပါဘူး။

ဒီနေရာမှာ တစ်ခု ရှင်းလင်းချင်ပါတယ်။ ကျေးဇူးသိတတ်တဲ့ စိတ် မွေးဖို့ဆိုတာ၊ ကိုယ့်ရဲ့ ဝမ်းနည်းမှုတွေ၊ အခက်အခဲတွေကို "ဒါတွေ အရေးမကြီးဘူး" လို့ ဖိနှိပ်ဖို့ မဟုတ်ပါဘူး။ ကိုယ့်ဒုက္ခက တကယ့် ဒုက္ခပါ။ အဲဒါကို ငြင်းဖို့ မလိုပါဘူး။

တကယ့် အဓိပ္ပာယ်ကကိုယ့်ဘဝမှာ အခက်အခဲတွေ ရှိနေပေမယ့်၊ တစ်ချိန်တည်းမှာ ကိုယ့်မှာ ရှိပြီးသား ကောင်းတဲ့ အရာလေးတွေလည်း ရှိနေတယ်ဆိုတာ သတိပြုမိဖို့ပါ။

ဘယ်သူ့ ဘဝမှ ပြီးပြည့်စုံတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာ အသက်ရှင်နေဆဲ ဖြစ်တာ၊ ရှူစရာ လေ ရှိတာ၊ ချစ်ရသူ တစ်ယောက်နှစ်ယောက် ရှိတာ၊ ဒီ စာလေးကို ဖတ်နိုင်တဲ့ အခွင့်အရေး ရှိတာဒါတွေက ကျေးဇူးတင်စရာတွေပါ။

ကိုယ်က ကိုယ့်မှာ မရှိတဲ့ အရာတွေကိုပဲ အာရုံစိုက်နေရင်၊ ကိုယ့်မှာ ရှိပြီးသား ကောင်းတဲ့ အရာတွေကို မမြင်ဘဲ ဖြစ်တတ်ပါတယ်။

သတိတရားနဲ့ နေပါ ။ ဒါက လက်ရှိ အခိုက်အတန့်ကို အသိတရားနဲ့ နေထိုင်ဖို့ပါ။ အတိတ်ရဲ့ နောင်တတွေ၊ အနာဂတ်ရဲ့ ပူပန်မှုတွေထဲ နစ်မြုပ်မနေဘဲ၊ လက်ရှိ ကိုယ်ရှိနေတဲ့ အခိုက်အတန့်ကို သတိပြုမိဖို့ပါ။

နှိမ့်ချစွာ နေပါ။ ကိုယ်က ဘယ်လောက် အောင်မြင်နေပါစေ၊ ဘယ်လောက် ဆိုးဝါးတဲ့ အခြေအနေ ကြုံနေပါစေ၊ နှိမ့်ချမှုကို ထိန်းသိမ်းဖို့ပါ။ ဘဝဆိုတာ အမြဲ ပြောင်းလဲနေတာ ဖြစ်တဲ့အတွက်၊ ယနေ့ ရှိတဲ့ အရာက မနက်ဖြန် ပြောင်းသွားနိုင်တာကို သတိရပါ။

ကျေးဇူးသိတတ်စွာ နေပါ ။ ကိုယ့်ဘဝထဲက သေးငယ်တဲ့ ကောင်းမှုလေးတွေ၊ ကိုယ့်ကို ကူညီ ပေးဆပ်ဖူးတဲ့ လူတွေ၊ ကိုယ် ရရှိ ခံစားဖူးတဲ့ အခွင့်အရေးလေးတွေအတွက် ကျေးဇူးတင်တတ်ဖို့ပါ။

ဒီ အကျင့်လေးက ရိုးရှင်းပေမယ့်၊ ကိုယ့်ရဲ့ တစ်နေ့တာ ခံစားချက်ကို ပြောင်းလဲ ပေးနိုင်ပါတယ်။ မနက် နိုးထတဲ့အခါ၊ "ဘာတွေ ပူစရာ ရှိသေးလဲ" ဆိုတဲ့ အတွေးအစား၊ "ဘာတွေ ကျေးဇူးတင်စရာ ရှိသေးလဲ" ဆိုတဲ့ အတွေးနဲ့ စလိုက်ရင်၊ ကိုယ့်ရဲ့ တစ်နေ့တာ တစ်ခုလုံးက ပိုပေါ့ပါး၊ ပိုကြည်လင် လာပါလိမ့်မယ်။ ကိုယ့်ဒုက္ခတွေ ပျောက်သွားတာ မဟုတ်ပေမယ့်၊ ကိုယ့်မှာ ရှိပြီးသား ကောင်းတဲ့ အရာတွေကို မြင်တတ်လာတဲ့အခါ၊ အဲဒီ ဒုက္ခတွေကို ရင်ဆိုင်ဖို့ ခွန်အားလည်း ရလာပါလိမ့်မယ်

အသက်ကြီးလာတာနဲ့အမျှ အကျင့်စရိုက်က ပိုရိုးရှင်းလာတယ်။ဆိတ်ငြိမ်တာကို ပိုကြိုက်လာတယ်။မဆက်သွယ်တာကြာပြီဖြစ်တဲ့လူတွေကို မဆက်သွ...
01/07/2026

အသက်ကြီးလာတာနဲ့အမျှ
အကျင့်စရိုက်က ပိုရိုးရှင်းလာတယ်။

ဆိတ်ငြိမ်တာကို ပိုကြိုက်လာတယ်။
မဆက်သွယ်တာကြာပြီဖြစ်တဲ့လူတွေကို
မဆက်သွယ်ဖြစ်တော့ဘူး။

သူသူငါငါ ပင်ပန်းနေကြ၊
ဘဝကိုယ်စီနဲ့ ရုန်းကန်နေကြတော့
မဆက်စပ်ဖြစ်တော့တာကိုလည်း နားလည်တယ်။

တခြားသူကို နားလည်အောင် မကြိုးစားတော့သလို
နားလည်ခံရဖို့ကိုလည်း မမျှော်လင့်တော့ဘူး။

မကြိုက်တဲ့ လူ၊ မနှစ်သက်တဲ့ ကိစ္စတွေနဲ့ကြုံရင်
စကားအပိုတွေ ပြောရမှာ ဝန်လေးလာပြီ။

အခုတော့...
အတွေးရဲ့ ဆိတ်ငြိမ်ရာ
စိတ်ရဲ့ ငြိမ်းချမ်းရာ
ခန္ဓာရဲ့ ကျန်းမာရာကိုပဲ ရှာနေမိတော့တယ်။

Address

Manpyae 21 Street (east)Tharkayta
Yangon

Telephone

+959250200944

Website

Alerts

Be the first to know and let us send you an email when TT Yoga & Bodyfitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share