MyHealthcare

MyHealthcare MyHealthcare: The users can consult with doctors round the clock, search for nearest physical healthcare units and give feedback on those at their fingertips.

It allows the residents to access quality health information and expertise.

ခုလိုချိန်မှာ ကိုယ်ခံအားကောင်းနေဖို့ကအရေးကြီးပါသည်။ကိုယ်ခံအားကောင်းနေခြင်းက ရောဂါများကို အလွယ်တစ်ကူ ဝင်ရောက်နိုင်ခြင်းမှ...
08/09/2026

ခုလိုချိန်မှာ ကိုယ်ခံအားကောင်းနေဖို့ကအရေးကြီးပါသည်။ကိုယ်ခံအားကောင်းနေခြင်းက ရောဂါများကို အလွယ်တစ်ကူ ဝင်ရောက်နိုင်ခြင်းမှ ကာကွယ်ပေးပါသည်။ကိုယ်ခံအားစနစ်ဆိုသည်မှာ ရောဂါပိုးမွှားများ၊ကိုယ်နဲ့ မရင်းနှီးတဲ့ ( ကိုယ့်ပစ္စည်း မဟုတ်တဲ့) အရာများ ကို ခန္ဓာကိုယ်ထဲ အလွယ်တကူဝင်မလာနိုင်အောင် နဲ့ ၀င်ရောက်လာပါက တိုက်ထုတ် စေတဲ့ စနစ်ဖြစ်ပါသည်။

အထူးသဖြင့် အအိပ်ပျက်၊ အစားပျက်နေသူများ၊ ဆေးလိပ်သောက်သုံးသူများ၊ ရောဂါ တစ်ခုမှ နာလန်ထခါစပုဂ္ဂိုလ်များ၊ ၅ နှစ်အောက် ကလေးများ၊အသက် ၆၅ နှစ်အထက်လူကြီးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ခံအားချို့တဲ့နေသူများ၊ အဆုတ် ၊နှလုံး၊အသည်း၊ သွေးရောဂါ နဲ့ ဆီးချိုရောဂါ အခံရှိနေသူများ ၊ နာတာရှည် အိပ်ရာထဲလဲနေသူများ အနေနဲ့ပိုပြီးဂရုပြဖို့ပိုလိုပါတယ်။ထိုပုဂ္ဂိုလ်များဟာ သူများထက်ပိုပြီး ကိုယ်ခံအား ကောင်းအောင် ဂရုတစိုက်နေထိုင်စားသောက်ဖို့ လိုပါသည်။ ဒါကြောင့် ကိုယ်ခံအားကောင်းဖို့ဆိုရင် အဓိက အချက် ၃ ချက် လိုက်နာဖို့လိုပါသည်။

1. အဟာရ ပြည့်၀ပြီး ဗီတာမင် နဲ့ သတ္တုဓါတ် တွေကြွယ်၀သော အစားအစာများစားပါ။

2. လုံလောက် ကောင်းမွန်စွာ အိပ်စက် အနားယူပါ။

3. နေ့စဥ်ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။

တချို့ ဖြည့်စွက် ဗီတာမင်၊ သတ္တုဓါတ်နဲ့ ဆေးဘက်၀င် အပင်များ ဟာလည်း ကိုယ်ခံအားကို ကောင်းမွန်စေပါသည်။ သို့သော် လုံလောက်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို နေ့စဉ်အစာက လုံလောက်စွာမရ ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ဖြည့်စွက် အစာတွေ၊ အားဆေးတွေ သောက်ကြရပါသည်။ အောက်ပါ ဖြည့်စွက်စာ များက ကိုယ်ခံအားကို ကောင်းစေသော အရာများဖြစ်ပါသည်။

ဗီတာမင် - ဒီ

ဗီတာမင် - ဒီ ဓာတ်က အလွန်အရေးကြီးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါသည်။ သူက အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကို လျော့ချပေးပါသည်။ ဗီတာမင်ဒီကတော့ အရိုးပါ၀ါးစားနိုင်တဲ့ ငါးကလေးတွေ မှတစ်ဆင့် ရနိုင်ပြီး သူ့ကို တည်ဆောက်ဖို့ နေရောင်ခြည် အနည်ငယ်ခံဖို့ လိုအပ်ပါသည်။ အကယ်၍မလုံလောက်ပါက လူတစ်ယောက်က တစ်နေ့ကို ဗီတာမင် - ဒီ 1000 IU မှ 4000 IU ဆို လုံလောက်ပါတယ်။

ဇင့်ဓါတ်

ဇင့်ဓာတ်က သတ္တုဓာတ်တစ်မျိုး ဖြစ်ပြီး သူကလည်း အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကို လျော့ချပေးပြီး ကူးစက်ခံရမှု ရက်ကိုလည်း တိုစေပါသည်။ ဇင့်ဓာတ်ကို နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေကနေ တစ်ဆင့်သာ ရရှိနိုင်ပြီး အသား၊ငါးနဲ့ ပင်လယ်စာတွေက အဓိက ရရှိပါသည်။ ဇင့်ဓာတ်ကို ခန္ဓာကိုယ်ကမသိုလှောင်ထားနိုင်ပါဘူး။ ဒါကြောင့် ဇင့်ဓာတ်ပါတဲ့ အစာကို မစားဘူးဆိုလျှင် ဇင့်ဓာတ်ချို့တဲ့ သွားနိုင်ပါသည်။ အကယ်၍မလုံလောက်ပါက တစ်နေ့ကို 30mg လောက် သောက်ရင် လုံလောက်ပါသည်။

ဗီတာမင် - စီ

ဗီတာမင် - စီ ဟာ အားလုံးသိကြတဲ့အတိုင်းကိုယ်ခံအားစနစ်အတွက်မရှိမဖြစ်ပါ။ အအေးမိ ဖျားနာ အပြင် အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကို လျှော့ချ ပေးရုံသာမက ရက်တို နဲ့သက်သာစေပါသည်။ဗီတာမင် - စီ ပါ၀င်သော လိမ္မော်သီး၊ သံပရာသီးစတဲ့ အချဉ်ဓာတ်ကဲသော အသီးအနှံများကို စားသုံးပေးသင့်ပါသည်။ အကယ်၍မလုံလောက်ပါက 250mg မှ 1000 mg ထိသောက်နိုင်ပါသည်။ရောဂါဖြစ်တဲ့ အချိန် ပမာဏ များများသောက်တာ အာနိသင်ပိုကောင်းတယ်လို့ ဆိုပါသည်။

အဓိက ဇာတ်လိုက်တွေ ပြီးတော့ တစ်ခြားသော ရှားပါ ဓာတ်ပေါင်းများနဲ့ ဆေးဖက်၀င် ပစ္စည်းများကလည်း ကိုယ်ခံအားကောင်းစေပါသည်။ စီလန်နီယမ် (Selenium) ကလည်း ကိုယ်ခံအားအတွက် အရေးပါတဲ့ သတ္တုဓါတ်တစ်မျိုး ဖြစ်ပါသည်။ သုတေသနတစ်ခုအရ သူက ဗိုင်းရက်ပိုးမွှားများ ဖြစ်ကြတဲ့ influenza ( H1N1) တို့ကို တိုက်ထုတ်ရမှာ တိုးမြှင့်စေပါသည်။သူကတော့ ပင်လယ်စာ၊ အသည်း၊ အသားတွေနဲ့ အစေ့အနှံတွေက ရပါသည်။ ဗီတာမင် ဘီ များကလည်း မေ့ထားလို့ မရတဲ့ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်များပဲ ဖြစ်ပါသည်။ သူတို့ချို့တဲ့ရင် ကိုယ်ခံအား ကျတတ်ပါသည်။ ထိုပြင် မီးဖိုချောင် မှ အစားအစာ များဟာလည်း ကိုယ်ခံအားကောင်းစေပါသည်။

အချုပ်အားဖြင့်ဆိုရသော်ကိုယ်ခံအားကောင်းဖို့ ကိုယ်ခံအားတက်စေသော အစားအသောက်များ စားပေးခြင်း အပြင်ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း၊ လေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်း တို့ဟာ လွန်စွာ အရေးပါပါသည်။ထို့ပြင် အစာလည်းဆေး ဆေးလည်း အစာ ဆိုသလို စနစ်တကျ ရွေးချယ် စားသောက်ဖို့လဲ လိုအပ်ပါသည်။အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် အသက် အရွယ်ရလာတာနဲ့ အမျှဗီတာမင်နဲ့ သတ္တုဓာတ်တွေ လိုလာကြပါသည်။ ထိုအခါ အစားအသောက် နဲ့ မလုံလောက်ပါက ဖြည့်စွက် အစာများ၊ အားဆေး များသောက်သုံးနိုင်ပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

အသက် ၄၀နဲ့ ၅၀ကြားအမျိုးသမီးတွေမှာ သွေးဆုံးခါနီးလက္ခဏာတွေကို သတိထားဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ခံစားချက်တွေက ထိုအသက်အ...
05/09/2026

အသက် ၄၀နဲ့ ၅၀ကြားအမျိုးသမီးတွေမှာ သွေးဆုံးခါနီးလက္ခဏာတွေကို သတိထားဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ခံစားချက်တွေက ထိုအသက်အရွယ်မှာ အပြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်။ အချို့သောအမျိုးသမီးတွေမှာတော့ ထိုလက္ခဏာတွေကို ခပ်စောစောကြုံတွေ့ရတတ်ပြီး အချို့ကတော့ နောက်ကျတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်ဖြစ်နေရင်တော့ ထိုအပြောင်းအလဲကိုရှောင်လွှဲနိုင်မှာမဟုတ်ပါဘူး။

သွေးဆုံးချိန်ဆိုတာ ဘာလဲ။
သင့်ခန္ဓာကိုယ်က သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ သဘာဝတစ်ခုပါပဲ။ သင့်သားအိမ်ကနေ သားဥကြွေခြင်းဖြစ်ရပ်ကို မဖြစ်ပေါ်တော့ဘဲ မျိုးပွားခြင်းဆိုင်ရာ estrogen နဲ့ progesterone ဟော်မုန်းတွေလည်း မထုတ်လုပ်နိုင်တော့တဲ့အချိန်မျိုးပါ။ ထိုအချိန်မတိုင်မီ ပြသနေတဲ့လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

“Gotu Kola” လို့ခေါ်တဲ့ မြင်းခွာရွက်က အိမ်သုံးဆေးတစ်မျိုးအဖြစ် အသုံးဝင်ပါတယ်။ အရွက်တွေကို အစိမ်းစားနိုင်ပြီး အစာအိမ်နာခြ...
03/09/2026

“Gotu Kola” လို့ခေါ်တဲ့ မြင်းခွာရွက်က အိမ်သုံးဆေးတစ်မျိုးအဖြစ် အသုံးဝင်ပါတယ်။ အရွက်တွေကို အစိမ်းစားနိုင်ပြီး အစာအိမ်နာခြင်း၊ အော့အန်ခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်းတွေကိုလည်း သက်သာစေပါတယ်။ Gotu Kola လို့ခေါ်တဲ့ မြင်းခွာရွက်က စိုစွတ်တဲ့မြေမှာ ပေါက်ရောက်ပြီး မြေမှာတွားတွားရှင်သန်တဲ့အပင်မျိုးဖြစ်ပါတယ်။ မြင်းခွာပင်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။

မြင်းခွာရွက်ကို ကြိတ်ပြီးရလာတဲ့ဖျော်ရည်က ဆေးဘက်ဝင်ပြီး ဆံပင်ကျွတ်ခြင်း၊ သွေးအားနည်းခြင်း၊ ရင်ကြပ်ခြင်း၊ အအေးမိခြင်းစတဲ့ရောဂါတွေအပေါ်မှာလည်း ကောင်းမွန်တဲ့အစွမ်းသတ္တိရှိစေပါတယ်။
၁) အာရုံကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အာရုံကြောဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ပါကင်ဆန်ရောဂါကဲ့သို့ အာရုံကြောအားနည်းခြင်းရောဂါတွေအတွက် ထိရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေတဲ့အစွမ်းရှိပါတယ်။ စိတ်ခံစားချက်တွေကိုကောင်းမွန်စေပါတယ်။ အိပ်စက်ချိန်မမှန်ခြင်းကဲ့သို့ အာရုံကြောစနစ်ကမောက်ကမဖြစ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

၂) မှတ်ဉာဏ်တိုးတက်စေပါတယ်။
ဦးနှောက်မှတ်ဉာဏ်အတွက် မရှိမဖြစ်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ သင့်ရဲ့မှတ်ဉာဏ်တွေကို တိုးတက်စေပါတယ်။ ဦးနှောက်ထဲက အောက်ဆီဂျင်ဓာတ်တိုးပစ္စည်းတွေကို ဖွံ့ဖြိုးလာစေပါတယ်။
အင်ဇိုင်းမားရောဂါကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။ သိမြင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ ထိုရောဂါနဲ့ပတ်သက်ပြီး ဆေးဝါးဖော်စပ်ရာမှာလည်း ထည့်သွင်းကြပါတယ်။

၃) သွေးလည်ပတ်မှုအားကောင်းစေပါတယ်။
သွေးကြောတွေနဲ့ သွေးလည်ပတ်မှုစနစ်ကို အထောက်အကူဖြစ်ပါတယ်။ မျိုးရိုးဗီဇအရပြဿနာတွေနဲ့ သွေးလည်ပတ်မှုဆိုင်ရာလုပ်ဆောင်ချက်တွေကို ကူညီပေးနိုင်ပါတယ်။

၄) သွေးထဲက သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။
သွေးထဲကသကြားဓာတ်ကိုထိန်းပေးနိုင်တယ်လို့ လူသိများပါတယ်။ အဲဒါကြောင့်ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။

၅) စိတ်ဖိစီးမှုကို တိုက်ဖျက်နိုင်ပါတယ်။
နေ့စဉ်လူနေမှုဘဝမှာ ခံစားရတဲ့စိတ်ဖိစီးမှုတွေကို တိုက်ဖျက်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်အိပ်စက်ချိန်မမှန်ခြင်းဖြစ်လာနိုင်ပါတယ်။ ထိုအရွက်က စိတ်ဖိစီးမှုအတွက် ကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ဟော်မုန်ထုတ်လွှတ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။။

၆) အနာကျက်မြန်စေပါတယ်။
ကလေးတွေမှာ မတော်တဆဖြစ်တတ်တဲ့အနာတရမျိုးတွေကို အနာကျက်မြန်စေပါတယ်။ ထိုအရွက်ကို စားသုံးတဲ့အခါ ခုခံအားကောင်းစေပြီး ကူးစက်မှုကို တိုက်ဖျက်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကအနာကျက်မြန်စေပါတယ်။

၇) အဆစ်အမြစ်နာကျင်မှုကို သက်သာစေပါတယ်။
ရောင်ရမ်းမှု့ကို သက်သာစေတဲ့ဓာတ်တွေပါဝင်ပါတယ်။ အဆစ်ရောင်ရောဂါအတွက် ဆေးတစ်မျိုးပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ မြင်းခွာရွက်ကို စားသုံးခြင်းက အဆစ်အမြစ်ရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်တယ်လို့ဆိုပါတယ်။ မြင်းခွာရွက်က အရိုးနုတွေနဲ့ အရိုးတွေ တိုက်စားခံရပြီး အရိုးပါးခြင်းအန္တရာယ်ကိုလျော့ချပေးနိုင်ပါတယ်။

၈) အရေပြားဆိုင်ရာကျန်းမာရေးအတွက် ဆေးဘက်ဝင်ပါတယ်။
ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများစွာ ပါဝင်မှုကြောင့် သင့်အရေပြားပေါ်မှာ မြင်းခွာရွက်အရည်ကိုသုတ်လိမ်းခြင်းကြောင့် အမာရွတ်တွေပါးလာစေပြီး အရေးအကြောင်းတွေသက်သာစေပါတယ်။ အိုမင်းရင့်ရော်ခြင်းကြောင့် အသားအရေပျက်စီးခြင်းကို သက်သာစေနိုင်ပါတယ်။

အသေးစိတ်သိချင်ရင်တော့ chat box မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

လူကြီးလူငယ်မရွေး အဖြစ်များတတ်ကြတဲ့ အအေးမိတုပ်ကွေး နဲ့ပတ်သက်လို့ သိထားသင့်တဲ့အကြောင်းအရာတွေ၊ ကြိုတင်ကာကွယ်သင့်တာလေးတွေနဲ့...
31/08/2026

လူကြီးလူငယ်မရွေး အဖြစ်များတတ်ကြတဲ့ အအေးမိတုပ်ကွေး နဲ့ပတ်သက်လို့ သိထားသင့်တဲ့အကြောင်းအရာတွေ၊ ကြိုတင်ကာကွယ်သင့်တာလေးတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရဖွယ် ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

🥶 အအေးမိတုပ်ကွေးရောဂါဆိုတာ
အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်လွယ်တဲ့ ရောဂါအမျိုးအစားပဲဖြစ်ပါတယ်။
အအေးမိရောဂါခံစားနေရတဲ့သူကနေ တဆင့် အကာအကွယ်မပါဘဲ လေထုထဲကိုနှာချေလိုက်တာမျိုး၊ ချောင်းဆိုလိုက်တဲ့အခြေအနေမျိုးတွေမှာ ရောဂါပိုးမွှားတွေက လေထုထဲကိုပျံ့နှံ့သွားနိုင်ပါတယ်။ အကယ်၍ သင်ကဒီလေထုကို ရှူရှိုက်မိမယ်ဆိုရင် အအေးမိတုပ်ကွေးကို ခံစားရနိုင်ပါတယ်။

🦠 အအေးမိတုပ်ကွေးဖြစ်ပြီဆိုရင်
နှာရည်တစက်စက်ကျမယ်၊ နှာခေါင်းပိတ်လာမယ်။
နှာခဏခဏချေမယ်။
မျက်လုံးတွေ ပူလာမယ်။ နာမယ်။
လည်ချောင်းတွေ နာမယ်။
နုန်းချိသလို ခံစားလာရမယ်။
အဖျားအပူချိန်ငွေ့ငွေ့လေးတက်လာမယ်။
ကိုယ်လက်ကိုက်ခဲမယ်။
ခေါင်းကိုက်မယ်။
ချောင်းတွေဆိုးမယ်။
အပေါ်ကအချက်တွေတော်တော်များများ ခံစားနေရပြီး အအေးမိတုပ်ကွေးဖြစ်ပြီဆိုရင်တော့ အချိန်တိုအတွင်း နလန်ပြန်ထူနိုင်ဖို့ ☝
ကောင်းမွန်စွာ အနားယူပါ။
အိပ်ရေးဝဝအိပ်ပါ။
ရေများများသောက်ပါ။
ဖျားနာကျဆေးသောက်ပါ။
ဗီတာမင် ” စီ ” ကြွယ်ဝတဲ့ အစားအသောက်တွေစားပါ။
နှာခေါင်းပိတ်နေမယ်ဆိုရင်တော့ ရေနွေးငွေ့လေး ရှူပေးပါ။
🩺 အကယ်၍
အအေးမိတုပ်ကွေးဝေဒနာကို (၁)ပတ်နှင့်အထက် ခံစားရမယ်။
နှာရည်တွေက အကြည်ရောင်ကနေပြီး အဝါရောင် (သို့) အစိမ်းရောင် ပြောင်းလာမယ်။
နှာခေါင်းပိတ်ပြီး အသက်ရှူမဝဖြစ်လာမယ်။ ခေါင်းအုံလာမယ်။
အဖျားအရမ်းတက်မယ်။
စတဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်ရှင်။

အသေးစိတ်သိချင်ရင်တော့ chat box မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

“အရေးပေါ်သောက်ဆေး”ကိုသောက်ရင် စောနိုင်သမျှ စောစောမြန်မြန်သောက်နိုင်ရင် အကောင်းဆုံး အထိအရောက်ဆုံး ကာကွယ်နိုင်ပါတယ်။ ဒါကြေ...
29/08/2026

“အရေးပေါ်သောက်ဆေး”ကိုသောက်ရင် စောနိုင်သမျှ စောစောမြန်မြန်

သောက်နိုင်ရင် အကောင်းဆုံး အထိအရောက်ဆုံး ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် မတော်တဆ အရေးပေါ် အကူအညီ တောင်းခံရပါမယ်။ ဆေးကို အမြန်ဆုံး

သောက်နိုင်လေ ထိရောက်လေပါပဲ။ လိင်ဆက်ဆံပြီး ၇၂ နာရီ နောက်ဆုံးထား ပြီး သောက်လို့ရပါတယ်။ နောက်ကျလေ အာနိသင်လျော့လေ၊ စိတ်မချရလေပါပဲ။

“အရေးပေါ်သောက်ဆေး” ပုံစံ နှစ်မျိုးရှိတယ်။ အကောင်းဆုံးနဲ့ အသုံးသင့်ဆုံး ကတော့ ပရိုဂျက်စထရိုဂျင် ဟော်မုန်းတစ်မျိုးတည်း ပါဝင်တဲ့ အရေးပေါ် တားဆေးပါပဲ။ ဆေး တစ်လုံးကို အစောဆုံးသောက်၊ နောက် ၁၂ နာရီကြာရင် နောက်တစ်လုံး ထပ်ပြီးသောက်လို့ ရပါတယ်။ ဆေးတစ်လုံးမှာ (75 mg levonorgestrel) ပါဝင်တယ်။ (Postinor) (Ecee 2) ဆိုတဲ့ နာမည်တွေနဲ့ ဝယ်ယူလို့ ရနိုင်ပါတယ်။

နောက်ဆေးတစ်မျိုးကတော့ ဟော်မုန်းနှစ်မျိုး ပါဝင်တဲ့ ဆေးဖြစ်ပါတယ်။ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရိုဂျင် ဟော်မုန်းနှစ်မျိုး ပါဝင်တယ်။ သူကတော့ စုစုပေါင်း ဆေး လေးလုံး သောက်ရတယ်။ နောက်ထပ် ဆေးနှစ်လုံးကို ၁၂ နာရီ ကြာရင် ထပ်သောက်ရတယ်။ ဒီဆေးတွေကို သောက်တဲ့အခါမှာ အဆင်မသင့်ရင် ပျို့အန် တတ်တယ်။ ဒါကြောင့် မအန်အောင် အအန်ပျောက်ဆေးတွေ ကြိုသောက်နိုင်တယ် ။ ဆေးသောက်ပြီး နှစ်နာရီအတွင်း ဆေးတွေပါ အန်ထုတ်ပစ်လိုက်ရင် ချက်ချင်းနောက် တစ်ကြိမ် ဆေးကို အစားထိုး သောက်ရပါမယ်။

ဒီဆေးနှစ်မျိုးထဲမှာ ပထမ ဟော်မုန်းတစ်မျိုးထဲပါတဲ့ ဆေးက ပိုပြီးကောင်းပါတယ်။ ထိရောက်မှုတွေလည်း ပိုရှိတယ်။ အော့အန်တဲ့ ဘေးထွက်ဆိုးကျိုးလည်း ပိုပြီးနည်းတယ်။ ပြီးတော့ သူနဲ့မသင့်တဲ့ မတည့်တဲ့သူဆိုတာလည်း မရှိသလောက်ပါပဲ။ ဟော်မုန်းနှစ်မျိုးပါတဲ့ အရေးပေါ်ဆေးကျတော့ Migraine ခေါင်းကိုက်ရောဂါရှိတဲ့သူတွေ ၊ နှလုံးသွေးကြော ပိတ် ရောဂါရှိတဲ့သူတွေ၊ ခြေသလုံး၊ အဆုတ်တွေမှာ သွေးခဲတွေ ပိတ်ဆို့နေတဲ့ ရောဂါ ရှိသူတွေမှာ မသုံးသင့်ဘူး။ သဘောကတော့ လူတိုင်းနဲ့ မသင့်တော်ဘူး။

ကိုယ်ဝန် မရှိအောင် ကာကွယ်တဲ့ ထိရောက်မှုကလည်း ပထမဆေးထက်စာရင် ပိုပြီးနည်းတယ်။ ဒီဆေးဟာ အရေးပေါ်တားဆေးအဖြစ် တစ်ခါတစ်ရံကျမှပဲ သုံးစွဲ သင့်ပါတယ်။ ခဏခဏလည်း မသုံးသင့်ပါဘူး။ အမြဲလည်း စွဲပြီး မသုံးသင့်ပါဘူး။ ကိုယ်ဝန်မရဖို့ ရာနှုန်းပြည့် မကာကွယ်နိုင်ဘူး။ ပုံမှန်စားတဲ့ တားဆေးတွေက အချိန်မှန်မှန် စားသွားရင် ရာနှုန်းပြည့်နီးပါး ကလေးမရနိုင်ဖို့ အာမခံနိုင်တာမို့ ဒီအရေးပေါ် တားဆေး ထက် အများကြီး ပိုစိတ်ချရပါတယ်။ ဒါကြောင့် ကလေးလုံးဝ မလိုချင်သေးဘူးဆိုရင် တကယ်စိတ်ချရတဲ့ ပုံမှန်သားဆက်ခြား နည်းလမ်းတစ်ခုခုကို သေချာရွေးချယ်ပြီး စနစ်တကျ အမြဲသုံးစွဲသင့်ပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်း စသည့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများ (Regular physical activity) သည် ကျန်း...
26/08/2026

လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်း စသည့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများ (Regular physical activity) သည် ကျန်းမာရေးအတွက် သိသာသော အကျိုးသက်ရောက်မှု ရှိသည်။ ဥပမာ-နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါနှင့် အရိုးပွခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့်အပြင် ကိုယ်အလေးချိန်ထိန်းခြင်းနှင့် စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါသည်။

ကိုယ်လက်လှုပ်ရှားမှုအစီအစဥ်များတွင် ပါဝင်ခြင်းသည် လူမှုဆက်ဆံရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ ကွန်ရက်ချိတ်ဆက်မှုများအတွက် အခွင့်အလမ်းကောင်းများလည်း ဖြစ်စေသည်။ ကိုယ်လက်လှုပ်ရှားမှုသည် လူမှုဆက်ဆံရေးနှင့် ပေါင်းစည်းညီညွတ်မှုကို အားကောင်းစေသဖြင့် လူမှုပတ်ဝန်းကျင်အပေါ် ကောင်းသည့်လွှမ်းမိုးမှု ဖြစ်စေသည်။

အထူးသဖြင့် အားကစားနှင့် ကိုယ်လက်လှုပ်ရှားမှုသည် ကလေးများနှင့် လူငယ်များအကြား စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် မိမိကိုယ်ကိုယုံကြည်မှုတို့အတွက် အထောက်အကူဖြစ်စေသည်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ ကျန်းမာရေးနှင့်မညီသော အစားအစာများ စားခြင်းနှင့် အကြမ်းဖက်ခြင်းစသည့် အန္တရာယ်ရှိသော အပြုအမူများကို လျော့ကျစေသည်။

လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စသည့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် မော်တော်ယာဥ်သုံးစွဲမှုကို လျော့ကျစေသဖြင့် လမ်းပိတ်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ ဆူညံခြင်းနှင့် လောင်စာဆီသုံးစွဲမှုတို့ကို လျော့နည်းစေသည်။

လုပ်ငန်းများတွင် ထုတ်လုပ်မှုတိုးတက်ခြင်း၊ အလုပ်သမား ပျက်ကွက်မှုနှင့် အလုပ်ပြောင်းမှုလျော့နည်းခြင်း စသည့် ပတ်ဝန်းကျင်နှင့် စီးပွားရေးအပေါ် ကောင်းကျိုးများစွာရရှိစေပြီး ကျောင်းသင်ခန်းစာများတွင်လည်း စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေသည်။ ကိုယ်လက်လှုပ်ရှားမှုကို အားပေးခြင်းသည် မကူးစက်တတ်သော ရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည့် စရိတ်သက်သာပြီး အကျိုးများသော ပြည်သူ့ကျန်းမာရေးလုပ်ငန်းတစ်ခုဖြစ်သည်။

တက်ကြွစွာနေထိုင်ခြင်းသည် အရွယ်အားလုံးအတွက် အကျိုးရှိသည်။ အထူးသဖြင့် ကလေးငယ်များ ကျန်းမာစွာ ကြီးပြင်းလာရေးအတွက် အရေးပါပြီး တက်ကြွစွာ ကြီးပြင်းလာခြင်းသည် အသက်အရွယ်ကြီးသည့်အခါ ကျန်းမာသုခအပေါ် သိသာသောကွာခြားမှု ဖြစ်စေသည်။

ကောင်းမွန်သည့် အပန်းဖြေမှုကို ရရှိနိုင်ခြင်းသည် ကြီးငယ်၊ ကျားမ၊ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ မရွေး လူတိုင်းအတွက် ကျန်းမာခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုတို့အတွက် အရေးကြီးသည်။

🍉ကျန်းမာသော လူနေမှုဘဝပုံစံ (A healthy lifestyle)

ကျန်းမာသော လူနေမှုဘဝရရှိစေရန် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးပြီး အဆီဓာတ်၊ သကြားနှင့် ဆားကို လျှော့စားရန်နှင့် လေ့ကျင့်ခန်းလုပ်ရန် ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားသည်။

အရပ်နှင့် ကိုယ်အလေးချိန်ပေါ်မူတည်၍ တွက်ချက်သော ခန္ဓာကိုယ်အချိုးအစားအညွှန်းကိန်း (BMI) ကို တွက်ချက်ပြီး အဝလွန်ခြင်းရှိ၊ မရှိ သိနိုင်ပါသည်။

အသေးစိတ်သိချင်ရင်တော့ chat box မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

ကော်ဖီသောက်ခြင်းကြောင့် ကောင်းတဲ့ရလဒ်တွေလည်း ရနိုင်သလို ဆိုးတဲ့ ရလဒ်တွေလည်း ရှိနိုင်တယ်။ ကော်ဖီမှာပါတဲ့ ကဖင်းကြောင့် အာရ...
24/08/2026

ကော်ဖီသောက်ခြင်းကြောင့် ကောင်းတဲ့ရလဒ်တွေလည်း ရနိုင်သလို ဆိုးတဲ့ ရလဒ်တွေလည်း ရှိနိုင်တယ်။ ကော်ဖီမှာပါတဲ့ ကဖင်းကြောင့် အာရုံကြောတွေ လန်းဆန်းနိုးကြားစေနိုင်ပေမယ့် အရမ်းသောက်လွန်းရင်လည်း ဘေးထွက်ဆိုးကျိုးများစွာ ရရှိစေမှာ ဖြစ်ပါတယ်။

၁. ဗိုက်အောင့်တယ်။

ကော်ဖီတစ်ခွက်နှစ်ခွက်လောက် သောက်ပြီးတာနဲ့ ဗိုက်အောင့်လာတယ်။ တစ်ချို့လူတွေအတွက်တော့ ကဖင်းဓာတ်ဟာ ဗိုက်အောင့်စေပါတယ်။ အစားမစားဘဲနဲ့ ကော်ဖီသောက်ရင် ဗိုက်အောင့်လိမ့်မယ်။ ဗိုက်ထဲမှာ အဆာရှိမှ ကောက်ဖီသောက်ပါ။

၂. ခေါင်းနောက်တယ်။

ကော်ဖီဘယ်လောက်ကြိုက်ကြိုက် စိတ်ရှိတိုင်း သောက်လို့မရဘူး။ ကော်ဖီအရမ်းသောက်ရင် အာရုံတွေ မကြည်လင်တော့ဘဲ ခေါင်းရှုပ်လာပါတယ်။ စိတ်သောကတွေလည်း ပိုများလာတယ်။ အကန့်အသတ်လေးနဲ့ သောက်သုံးပေးပါ။

၃. ခံတွင်းနံ့

တစ်ချို့ကော်ဖီဆိုင်တွေမှာ ပူရှိန်းနဲ့ ပီကေတွေ တွဲရောင်းလေ့ရှိတယ်။ ကော်ဖီသောာက်ရင် ခံတွင်းနံ့ဆိုးလာလို့ပါပဲ။ သွားတိုက်လိုက်ရင်တော့ အနံ့ပျောက်သွားမှာဆိုပေမဲ့ သွားကို မကြာခဏတိုက်ရင် သွားကြွေလွှာပါးသွားနိုင်တယ်။ ပီကေလေးပဲဝါးလိုက်ပါ။

၄. သွားဝါတယ်

ကော်ဖီမှာပါတဲ့ chromogens အမည်ရှိ ရောင်ခြယ်ပစ္စည်းဟာ သွားရဲ့ အပေါ်ယံကြွေလွှာကို ကပ်ငြိမ်ပြီး သွားအရောင်ကို ညစ်စေပါတယ်။ သွားဖြူစေတဲ့ သွားတိုက်ဆေးတွေကို သုံးနိုင်သလို သွားနဲ့ခံတွင်းဆိုင်ရာ ဆေးခန်းတွေမှာလည်း ဖြူအောင်လုပ်လို့ရနိုင်တယ်။

အသေးစိတ်သိချင်ရင်တော့ chat box မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

အရေးပေါ်အခြေအနေတွင် သောက်သုံးရေ သန့်ရှင်းဘေးကင်းအောင် ပြုလုပ်ခြင်းဖြစ်နိုင်လျှင် သောက်သုံးရန်၊ ချက်ပြုတ်ရန်နှင့် သွားတို...
21/08/2026

အရေးပေါ်အခြေအနေတွင် သောက်သုံးရေ သန့်ရှင်းဘေးကင်းအောင် ပြုလုပ်ခြင်း

ဖြစ်နိုင်လျှင် သောက်သုံးရန်၊ ချက်ပြုတ်ရန်နှင့် သွားတိုက်ရန်အတွက် ရေသန့်ဘူးကို အသုံးပြုပါ။ ရေသန့်ဘူးများ မရရှိနိုင်ပါက ရေကို သန့်ရှင်းစေရန် အောက်ပါနည်းလမ်းများထဲမှ တစ်ခုကို ရွေးချယ်ပါ။

💧ရေကို ကျိုချက်ခြင်း (Boil)

ဤနည်းလမ်းသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ကပ်ပါးပိုးများကို သေစေနိုင်ပါသည်။

ရေကို ဆူပွက်အောင် ကျိုချက်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ရေကို ၁ မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ပါ။
– အမြင့်ပေ ၆၅၀၀ အထက်ရှိ ဒေသများ ဖြစ်လျှင် ၃ မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ပါ။ ထို့နောက် အအေးခံပြီးမှ သောက်သုံးပါ။

💧ပိုးသတ်သန့်စင်ခြင်း (Disinfect)

ဤနည်းလမ်းသည် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုး အများစုကို သေစေနိုင်ပါသည်။

ရေ ၁ ဂါလံ အတွက် ၅% မှ ၉% ပြင်းအားရှိသော အနံ့မပါသည့် အိမ်သုံးအရောင်ချွတ် ဆေးရည် (Household bleach) ၈ စက် (သို့မဟုတ်) လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ ထက်နည်းသော ပမာဏကို ထည့်ပါ။
ရေနောက်လျှင် ၁၆ စက် သို့မဟုတ် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ ကို အသုံးပြုပါ။
အိမ်သုံး အရောင်ချွတ်ဆေး မရှိပါက ကလိုရင်းဆေးပြား သို့မဟုတ် အိုင်အိုဒင်းကို ဆေးညွှန်း (Label instructions) နှင့်အညီ အသုံးပြုနိုင်သည်။
– ရေထဲသို့ အရောင်ချွတ်ဆေးထည့်ပြီး ရောမွှေပါ။ ဖျော်စပ်ပြီး အနည်းဆုံး နာရီဝက်ကြာအောင် စောင့်ဆိုင်းပြီးမှ သောက်သုံးပါ။

💧စစ်ထုတ်ခြင်း (Filter)

ဤနည်းလမ်းသည် ကပ်ပါးကောင် (Parasite) များကို ဖယ်ရှားပေးနိုင်ပါသည်။

သယ်ဆောင်ရလွယ်ကူသော ရေစစ် (Portable water filter) အများစုသည် ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများကို မဖယ်ရှားပေးနိုင်ပါ။
ကပ်ပါးပိုးများကို ဖယ်ရှားနိုင်ရန် ထုတ်လုပ်ထားသော ရေစစ်များကို ရွေးချယ်ပြီး ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်း လိုက်နာအသုံးပြုပါ။
စစ်ထုတ်ထားသော ရေကို သောက်သုံးနိုင်ရန်အတွက် အခြားနည်းလမ်းများ (ကျိုချက်ခြင်း သို့မဟုတ် ပိုးသတ်သန့်စင်ခြင်း) ထပ်လောင်းပြုလုပ်ရန်လည်း လိုအပ်နိုင်ပါသည်။
(အန္တရာယ်ရှိသော ဓာတုပစ္စည်းများ သို့မဟုတ် အဆိပ်အတောက်များဖြင့် ညစ်ညမ်းနေသော ရေကို ပွက်ပွက်ဆူအောင် ကျိုချက်ခြင်း၊ ပိုးသတ်သန့်စင်ခြင်း သို့မဟုတ် စစ်ထုတ်ခြင်းဖြင့် ဘေးကင်းအောင် ပြုလုပ်၍ မရပါ။)

အသေးစိတ်သိချင်ရင်တော့ chat box မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

ကြက်ဥကို နေ့စဉ် သင့်တင့်တဲ့ပမာဏစားသုံးပေးခြင်းက အောက်ပါအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်—1. 💪 ကြွက်သားအားကောင်းစေခြင်း  ...
18/08/2026

ကြက်ဥကို နေ့စဉ် သင့်တင့်တဲ့ပမာဏစားသုံးပေးခြင်းက အောက်ပါအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်—

1. 💪 ကြွက်သားအားကောင်းစေခြင်း
ကြက်ဥမှာ အရည်အသွေးကောင်းတဲ့ Protein ပါဝင်လို့ ကြွက်သားတည်ဆောက်ခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းကို အထောက်အကူပြုပါတယ်။
2. 🧠 ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုခြင်း
Choline ပါဝင်တာကြောင့် ဦးနှောက်နဲ့ အာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။
3. 👁️ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်ခြင်း
Lutein နဲ့ Zeaxanthin တို့ပါဝင်တာကြောင့် မျက်စိကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပါတယ်။
4. 🛡️ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးခြင်း
Protein၊ Vitamin A၊ Vitamin D၊ Selenium စတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကိုယ်ခံအားအတွက် အထောက်အကူဖြစ်စေပါတယ်။
5. 🦴 အရိုးကျန်းမာရေးကို ထောက်ပံ့ပေးခြင်း
Vitamin D ပါဝင်တာကြောင့် Calcium စုပ်ယူမှုနဲ့ အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။
6. 🍳 ဗိုက်ပြည့်လွယ်ပြီး အစားအသောက်ထိန်းချုပ်ရာမှာ အထောက်အကူပြုခြင်း
Protein ကြွယ်ဝတဲ့အတွက် ဗိုက်ပြည့်တဲ့ခံစားချက် ပိုကြာစေပြီး အလွန်အကျွံစားသုံးမှုကို လျှော့ချရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။

မှတ်ချက်: လူတိုင်းအတွက် နေ့တိုင်းကြက်ဥစားရမယ်လို့ မဆိုလိုပါ။ ကိုယ်ပိုင်ကျန်းမာရေးအခြေအနေ၊ အစားအသောက်ပုံစံနဲ့ ဆရာဝန်ညွှန်ကြားချက်အပေါ် မူတည်ပြီး သင့်တင့်အောင် စားသုံးသင့်ပါတယ်။

အသေးစိတ်သိချင်ရင်တော့ chat box မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

ဝမ်းလျှောတိုင်း ဝမ်းပျက်တိုင်း ဝမ်းပိတ်ဆေး အလွယ်မသောက်သင့်ပါဘူး။ ဝမ်းပျက်တာ သေချာဖို့ လိုပါတယ်။ တစ်နေ့လျှင် ဝမ်း ၃ ကြိမ်...
15/08/2026

ဝမ်းလျှောတိုင်း ဝမ်းပျက်တိုင်း ဝမ်းပိတ်ဆေး အလွယ်မသောက်သင့်ပါဘူး။ ဝမ်းပျက်တာ သေချာဖို့ လိုပါတယ်။ တစ်နေ့လျှင် ဝမ်း ၃ ကြိမ်နှင့် အထက်သွားတာ ဖြစ်ရပါမယ်။

ဝမ်း ကလုံးဝအရည်နီးပါး ဖြစ်နေရပါမယ်။ ဒါဆိုရင်တော့ ဝမ်းပျက်တာ သေချာပါတယ်။ ဝမ်းပျက် တဲ့ ရက်ကလည်း ရက်တို ဖြစ်ရပါမယ်။ ၂ ပတ် မကျော်ရပါဘူး။ ၂ ပတ် ထက် ကျော်မယ်ဆိုရင် နာတာရှည် ဝမ်းပျက်တာဖြစ်လို့ ဝမ်းပိတ်ဆေး မသောက်သင့်ပါဘူး။ဖြစ်စေတဲ့ရောဂါအကြောင်းအရင်းရှာပြီးကုသရပါမယ်။

ဝမ်းပိတ်ဆေး မသောက်မှီ နို့တိုက်နေလျှင်၊ ကိုယ်ဝန်ရှိနေလျှင် ၊ အသည်းရောဂါရှိလျှင် ၊ အူရောင်တတ်သောရောဂါရှိလျှင် ဆရာဝန်ပို ကြိုအသိပေးသင့်ပါတယ်။ ဝမ်းပိတ်ဆေး သောက်မည်ဆိုလျှင် ဆရာဝန်မှ ဝမ်းပိတ်ဆေးသောက်နိုင်သည်ဟု ဆုံးဖြတ်လျှင် ဝမ်းသွားပြီးခြင်း 4 mg ( ၂လုံးကို) တစ်ပြိုင်နက်သောက်သင့်သည်။ ပြီးလျှင် ဝမ်း နောက်တစ်ခါ သွားရင် တစ်လုံး ထပ်သောက်သင့်သည်။

တစ်နေ့လျှင် ၃လုံးမှ ၄လုံးခန့်သောက်နိုင်သည်။ သတိပြုရန်မှာ * တစ်နေ့လျှင် ၈လုံးထက်မပိုသင့်ပါ။ * အသက် ၁၂ နှစ်အောက် ကလေးများကို ဆရာဝန်မညွန်ကြားဘဲ လုံးဝ မသောက်သင့်ပါ။ ရောဂါလက္ခဏာ သက်သာလာတာနဲ့ ဆေး မသောက်သင့်တော့ပါဘူး။ ဝမ်းပိတ်ဆေး သောက်ရုံနဲ့ မလုံလောက်တာ သတိပြုပါ။ ဝမ်း သွားတဲ့နေရာမှာ အဓိက သတိပြု ရမှာကတော့ ဝမ်းနဲ့အတူ ဆုံးရှုံံးသွားတဲ့ ခန္ဓာကိုယ် မှ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးဖို့ဖြစ်ပါတယ်။

ရေဓာတ်ဖြည့်တဲ့ နေရာမှာ ရွေးချယ်နိုင်တာတွေက တော့ သန့်စင်တဲ့ ရိုးရိုးရေသန့် ၊ အသီးဖျော်ရည် ၊ စွပ်ပြုတ်( အသား ၊ အရွက်) ၊ ဓာတ်ဆားရည် ( ကလေးငယ်များ နှင့် ရောဂါအခံရှိသူများအတွက် မြန်မြန်ရေဓာတ်ပြည့်စေပါတယ်)။ မသောက်သင့်တာတွေကတော့ ချိုလွန်းတဲ့ အချိုရည်တွေပါ။ (သကြားဓာတ်က ဝမ်းပိုသွားစေပါတယ်) ၊ ဝမ်းပိတ်ဆေးရဲ့ မကောင်းတဲ့အချက်တွေကတော့ ဝမ်းချုပ် သွားတတ်ပါတယ်။ လေပွပြီး ခေါင်းမူးစေတတ်ပါတယ်။ ခေါင်းကိုက်စေတတ်ပါတယ်။

ဝမ်းပိတ်ဆေး သောက်မယ်ဆို သိထားသင့်သော အချက်များ

ဝမ်းလျှောတိုင်း ဝမ်းပျက်တိုင်း ဝမ်းပိတ်ဆေး အလွယ်မသောက်သင့်ပါဘူး။ ဝမ်းပျက်တာ သေချာဖို့ လိုပါတယ်။ တစ်နေ့လျှင် ဝမ်း ၃ ကြိမ်နှင့် အထက်သွားတာ ဖြစ်ရပါမယ်။ ဝမ်း ကလုံးဝအရည်နီးပါး ဖြစ်နေရပါမယ်။ ဒါဆိုရင်တော့ ဝမ်းပျက်တာ သေချာပါတယ်။ ဝမ်းပျက် တဲ့ ရက်ကလည်း ရက်တို ဖြစ်ရပါမယ်။ ၂ ပတ် မကျော်ရပါဘူး။

၂ ပတ် ထက် ကျော်မယ်ဆိုရင် နာတာရှည် ဝမ်းပျက်တာဖြစ်လို့ ဝမ်းပိတ်ဆေး မသောက်သင့်ပါဘူး။ဖြစ်စေတဲ့ရောဂါအကြောင်းအရင်းရှာပြီးကုသရပါမယ်။ ဝမ်းပိတ်ဆေးမသောက်မှီ နို့တိုက်နေလျှင်၊ ကိုယ်ဝန်ရှိနေလျှင် ၊ အသည်းရောဂါရှိလျှင် ၊ အူရောင်တတ်သောရောဂါရှိလျှင် ဆရာဝန်ပို ကြိုအသိပေးသင့်ပါတယ်။

ဝမ်းပိတ်ဆေး သောက်မည်ဆိုလျှင် ဆရာဝန်မှ ဝမ်းပိတ်ဆေးသောက်နိုင်သည်ဟု ဆုံးဖြတ်လျှင် ဝမ်းသွားပြီးခြင်း 4 mg ( ၂လုံးကို) တစ်ပြိုင်နက်သောက်သင့်သည်။ ပြီးလျှင် ဝမ်း နောက်တစ်ခါ သွားရင် တစ်လုံး ထပ်သောက်သင့်သည်။ တစ်နေ့လျှင် ၃လုံးမှ ၄လုံးခန့်သောက်နိုင်သည်။ သတိပြုရန်မှာ * တစ်နေ့လျှင် ၈လုံးထက်မပိုသင့်ပါ။ * အသက် ၁၂ နှစ်အောက် ကလေးများကို ဆရာဝန်မညွန်ကြားဘဲ လုံးဝ မသောက်သင့်ပါ။

ရောဂါလက္ခဏာ သက်သာလာတာနဲ့ ဆေး မသောက်သင့်တော့ပါဘူး။ ဝမ်းပိတ်ဆေး သောက်ရုံနဲ့ မလုံလောက်တာ သတိပြုပါ။ ဝမ်း သွားတဲ့နေရာမှာ အဓိက သတိပြု ရမှာကတော့ ဝမ်းနဲ့အတူ ဆုံးရှုံံးသွားတဲ့ ခန္ဓာကိုယ် မှ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးဖို့ဖြစ်ပါတယ်။ ရေဓာတ်ဖြည့်တဲ့ နေရာမှာ ရွေးချယ်နိုင်တာတွေက တော့ သန့်စင်တဲ့ ရိုးရိုးရေသန့် ၊ အသီးဖျော်ရည် ၊ စွပ်ပြုတ်( အသား ၊ အရွက်) ၊ ဓာတ်ဆားရည် ( ကလေးငယ်များ နှင့် ရောဂါအခံရှိသူများအတွက် မြန်မြန်ရေဓာတ်ပြည့်စေပါတယ်)။

မသောက်သင့်တာတွေကတော့ ချိုလွန်းတဲ့ အချိုရည်တွေပါ။ (သကြားဓာတ်က ဝမ်းပိုသွားစေပါတယ်) ၊ ဝမ်းပိတ်ဆေးရဲ့ မကောင်းတဲ့အချက်တွေကတော့ ဝမ်းချုပ် သွားတတ်ပါတယ်။ လေပွပြီး ခေါင်းမူးစေတတ်ပါတယ်။ ခေါင်းကိုက်စေတတ်ပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

Address

• MICT Park • Building (19), Room-606, 5th Floor, Hlaing Campus
Yangon
00951

Alerts

Be the first to know and let us send you an email when MyHealthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MyHealthcare:

Shortcuts

Share