14/10/2025
Dr ရဲ့ ဒုတိယ page လေးပါ
#ဝမ်းဗိုက်အောက်ပိုင်း မကြာခဏစူးပြီးအောင့်နေလား
#အပ်နဲ့ထိုးသလို မီးစထိုးသလိုနာသလား
#ဆေးခန်းမျိုးစုံပြပီး မသက်သာဘူးလား
#ဓာတ်မှန်အာထွာဆောင်းစီတီရိုက်ပီးလဲရောဂါမသိသေးဘူးလား
မင်္ဂလာပါရှင်
ဒေါက်တာပိုင်ပါ
ဒီနေ့မှာတော့ ဗိုက်နာနေပေမဲ့ ဘာလုပ်ရမလဲမသိ အောင့်နေပေမဲ့ ဘာဖြစ်နေလဲမသိတဲ့ ရောဂါလေးတခုကိုပြောပြပေးပါမယ်ရှင်
Iliohypogastric nerve entrapment ပါ
😒 လက္ခဏာများ
🚩ဝမ်းဗိုက်အောက်ပိုင်း ( ဘယ်ဖက်/ညာဖက် ) ၊ဆီးခုံ ၊ ပေါင်ခြံ စူးပြီးအောင့်ခြင်း၊ အပ်နဲ့ထိုးသလို ၊မီးစနဲ့ထိုးသလိုခံစားရခြင်း
🚩ထိုနေရာများတွင် ထုံခြင်း ကျဉ်ခြင်း
🚩ခွဲကြောင်းများရှိပါက ခွဲကြောင်းမှ ဘေးဖက်၊ဆီးခုံဖင်၊ပေါင်ခြံဖက် ရွှေ့ပီး အောင့်ခြင်း
🚩ချောင်းဆိုးလျှင်၊ ခြေထောက်ဆန့်လျှင်၊ မတ်တပ်ကြာကြာရပ်ရင် ပိုဆိုးနိုင်ပြီး
🚩အသာအယာလှဲနေလျှင် ၊ ပေါင်နှင့်ရင်ဘက်ကို ကပ်ပီး ကွေးနေလျှင် သက်သာပါတယ်
🚩ရက်ပိုင်းပဲ ဖြစ်တဲ့ရောဂါလက္ခဏာမျိုးထက် နာတာရှည်အောင့်နေတာမျိုးပိုတွေ့ရပါတယ်
😯အကြောင်းအရင်းများ
🏴ဗိုက်အောက်ပိုင်းခွဲစိတ်ဖူးခြင်း (ဥပမာ- အူအတက်ခွဲခြင်း၊အူကျခွဲခြင်း၊ကလေးမွေးခြင်း၊မီးယပ်ရောဂါများခွဲထားခြင်း စသည်ဖြင့်)
🏴ခွဲကြောင်းအမာရွတ် တစ်ရှူးများခြင်း
ကိုယ်ဝန်ရှိခြင်း
🏴ခါးပတ် အဝတ်အစားများ ကျပ်ကျပ်ဝတ်ဆင်ခြင်း
ဗိုက်အောက်ပိုင်းပြင်ပမှထိခိုက်မိခြင်း
🏴တခါတလေ ဘာအကြောင်းအရင်းမှ မရှိလဲ ဖြစ်တတ်ပါတယ်
☺️ ဘာတွေနဲ့ဘယ်လိုကုကြမလဲ
🏳️အရင်ဆုံး အကိုက်အခဲပျောက်ဆေး ပါ ( ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးကို ဆရာဝန်ပေးတဲ့ ပမာဏ အချိန်အတိုင်းသောက်ပါရှင် )
🏳️မသက်သာရင် Nerve block ( အာရုံကြောခံစားမှုကိုပိတ်ခြင်း ) ဒါမှမဟုတ် Steroid injection ( အာရုံကြောအားစတီးရွိုက်ဆေး ထိုးခြင်း ) တို့ကို သက်ဆိုင်ရာ အထူးကုအားပြသပြီး လိုအပ်သလို ဆက်လက်ကုသနိုင်ပါတယ်ရှင်
ဒီဆောင်းပါးကတော့
ဗိုက်အောင့်နေတာကြာပီး မီးယပ်ရောဂါလဲမတွေ့ အူလမ်းကြောင်းရောဂါလဲမတွေ့
လိုအပ်တဲ့ သွေးဆီးဓာတ်မှန်များရိုက်ပြီး ဘာမှန်းမသိလို့ စိတ်သောကရောက်နေတဲ့ ဝေဒနာရှင်တွေကိုရည်ရွယ်ပါတယ်ရှင်
လူသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ 🩵ဒေါက်တာပိုင် online clinic 🩵မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်