26/08/2026
ဝက်ခြံသမားတွေ ရှောင်သင့်တဲ့ အစားအစာ (၅)မျိုး ❌
🤔Skin Care လည်း သေချာလိမ်းတယ်၊ မျက်နှာကိုလည်း သန့်သန့်ရှင်းရှင်းထားပါရဲ့... ဝက်ခြံတွေက ပိုပိုများလာတယ်မလား❓
တကယ်တော့ ပြဿနာရဲ့ အရင်းအမြစ်က မျက်နှာပေါ်မှာထက် နေ့တိုင်း စားနေတဲ့ အစားအသောက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 🍔🍕
သုတေသနအချို့အရ ဝက်ခြံထွက်စေတဲ့ အကြောင်းအရင်းများစွာထဲက စားသောက်မှုပုံစံလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေတာပါ။ဝက်ခြံဖြစ်ဖို့ အားပေးတဲ့ အစားအစာတွေကို မလျှော့သမျှ အသားအရေကြည်လင်လာဖို့ မလွယ်ပါဘူး။ ❌
၁။ အချိုဓာတ်ကဲသော မုန့်များနှင့် အချိုရည် 🍩🧃
သကြားဓာတ်များတဲ့ 🍬 အစားအစာတွေဟာ သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ဟော်မုန်းကို ရုတ်တရက် မြှင့်တက်စေပါတယ်။ အဲဒီအခါ အန်ဒရိုဂျင်ဟော်မုန်း ပိုထွက်လာပြီး အဆီတွေ ပိုထုတ်ပေးတာကြောင့် ဝက်ခြံထွက်နိုင်ခြေ (၃၀%) အထိ ပိုများသွားပါတယ်။📊
၂။ နို့နှင့် နို့ထွက်ပစ္စည်းများ 🥛
နွားနို့၊ ရေခဲမုန့်နဲ့ 🍦 နို့ထွက်ပစ္စည်းတွေဟာ အသည်းကနေ IGF-1 ဓာတ်ထွက်အောင် လှုံ့ဆော်ပေးတာကြောင့် အဆီဂလင်းဆဲလ်တွေ အဆမတန်ကြီးထွားပြီး ဝက်ခြံနီနီကြီးတွေနဲ့ ပြည်တည်ဝက်ခြံတွေကို ပိုဆိုးလာစေပါတယ်။
၃။ အဆီကြော်များနှင့် အသင့်စား Fast Food များ 🍔🍟
ကဖိန်း၊ ☕ အဆီဓာတ်များတဲ့ ဘာဂါ၊ အာလူးကြော် စတဲ့ အသင့်စား အစားအစာတွေကို ပုံမှန်စားသူတွေဟာ ဝက်ခြံထွက်နိုင်ခြေ (၁၇%) ပိုများတယ်လို့ သိရပါတယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို အားပေးတာကြောင့် ဝက်ခြံတွေကို ပိုမို ဆိုးရွားစေပြီး နာကျင် ယားယံမှုကို ဖြစ်ပေါ်စေတာပါ။ 😣
၄။ Omega 6များသော အစားအစာများ 🌻
Omega 6 ဖက်တီးအက်ဆစ်ပါဝင်မှုများတဲ့ အစားအစာတွေဟာ ရောင်ရမ်းမှုကို ပိုမိုအားပေးပြီး ဝက်ခြံဖြစ်နိုင်ခြေလည်း များပါတယ်။ Omega 6 များတဲ့ အစားအစာတွေကတော့ ပဲပိစပ်၊ ပြောင်းဖူး၊ နေကြာဆီ၊ အခွံမာသီး စတာမျိုးတွေ ဖြစ်ပါတယ်။ Omega 3 နည်းပြီး Omega 6 မြင့်တက်ခြင်းဟာ ဝက်ခြံအခြေအနေကို ပိုဆိုးလာစေတယ်လို့ ဆိုပါတယ်။
၅။ Whey Protein (ပရိုတင်းမှုန့်)
🏋️♂️ Gym ဆော့သူတွေ သောက်လေ့ရှိတဲ့ Whey Protein မှာ leucine နဲ့ glutamine ဆိုတဲ့ အမိုင်နိုအက်ဆစ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါတွေက အရေပြားဆဲလ်တွေ ကြီးထွားနှုန်းနဲ့ ပွားများနှုန်းကို မြန်ဆန်စေတာမို့ မွေးညှင်းပေါက် ပိတ်ပြီး ဝက်ခြံ ပိုထွက်စေတာ ဖြစ်ပါတယ်။ ⚠️
ဝက်ခြံကင်းစင်ဖို့ ဒီအစားအစာ (၅)မျိုးကို လုံးဝ ဖြတ်ပစ်စရာတော့ မလိုပါဘူး။ ပမာဏကို တတ်နိုင်သလောက် လျှော့စားပေးရုံနဲ့တင် တစ်ပတ် နှစ်ပတ် အတွင်း အသားအရေ သိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်။
#ပန်းရောင်EPOCare