Hanuman Herbal Health By AAL

Hanuman Herbal Health By AAL ဒူးနာခါးနာနှင့်ကျီးပေါင်းအမျိုးမျိုးတွက်တိုင်းရင်းဆေးနှင့်ကျန်းမာရေးဗဟုသုတများဝင်ရောက်လေ့လာနိုင်ပါတယ်

နာတာရှည် ချောင်းဆိုး၊ ချွဲသလိပ်ကပ်ပြီး အသက်ရှူမဝသူများအတွက်!လူအများစုဟာ ချောင်းဆိုးတာ ဒါမှမဟုတ် သလိပ်ကပ်တာနဲ့ တန်ဖိုးကြီ...
03/04/2026

နာတာရှည် ချောင်းဆိုး၊ ချွဲသလိပ်ကပ်ပြီး အသက်ရှူမဝသူများအတွက်!
လူအများစုဟာ ချောင်းဆိုးတာ ဒါမှမဟုတ် သလိပ်ကပ်တာနဲ့ တန်ဖိုးကြီးတဲ့ ဆေးဝါးတွေကိုပဲ အားကိုးမိတတ်ကြပါတယ်။ တကယ်တော့ သဘာဝက ပေးထားတဲ့ ရတနာတွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်ပါတယ်။ 💛
အနီးအနားမှာ အလွယ်တကူရနိုင်တဲ့ နနွင်းနဲ့ ဂျင်းကို အသုံးပြုပြီး လက်ဖက်ရည် ပြုလုပ်ကာ ညအိပ်ရာမဝင်ခင် သောက်ကြည့်ပါ။ ဒီဖျော်ရည်ဟာ အဆုတ်ရဲ့ လေဝင်လေထွက်ကို ကောင်းမွန်စေပြီး အသက်ရှူချောင်စေရုံသာမက၊ စေးကပ်တဲ့ သလိပ်တွေကိုပါ သိသိသာသာ လျော့ပါးစေပါတယ်။
✨ ဒီနည်းလမ်းဟာ ရှေးယခင်ကတည်းက အသုံးပြုခဲ့တဲ့ ဆေးမြီးတိုတစ်ခု ဖြစ်ပြီး တစ်ကြိမ် စမ်းသောက်ကြည့်ရုံနဲ့ ထူးခြားမှုကို ခံစားမိမှာပါ။
🥣 နနွင်း + ဂျင်း လက်ဖက်ရည် ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ:
• ရေနွေး - ၁ ခွက်
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း 1/2 ဇွန်း
• ဂျင်းခြစ် (အစို) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ဂျင်းမှုန့်
• ပျားရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အရသာအတွက်နှင့် စိတ်ကြည်လင်ရန်)
• သံပရာ/ရှောက်ရည် - ၂-၃ စက် (ဗီတာမင်စီ ဖြည့်တင်းရန်)
👉 ပြုလုပ်နည်း အဆင့်ဆင့်:
1. ရေကို အရင်ဆုံး ဆူပွက်အောင် တည်ပါ။
2. ရေဆူလာတဲ့အခါ နနွင်းနဲ့ ဂျင်းကို ထည့်ပြီး ၅ မိနစ်ခန့် ဆက်ပြုတ်ပါ။
3. ပြီးရင် အရည်ကို စစ်ပြီး ခွက်ထဲသို့ လောင်းထည့်ပါ။
4. နှစ်သက်ပါက ပျားရည်နဲ့ သံပရာရည် အနည်းငယ်ထည့်ပြီး ညအိပ်ရာမဝင်ခင် နွေးနွေးလေး သောက်သုံးပါ။
🌟 ညအိပ်ရာမဝင်ခင် သောက်ခြင်းရဲ့ အကျိုးကျေးဇူးများ
• အဆုတ်ကို သန့်စင်စေခြင်း - မနက်မိုးလင်းရင် အသက်ရှူလမ်းကြောင်း ပွင့်လင်းပြီး သက်တောင့်သက်သာ ဖြစ်စေခြင်း။
• ဝေဒနာ သက်သာစေခြင်း - ချောင်းဆိုးခြင်း၊ လည်ချောင်းယားခြင်းနှင့် သလိပ်ထခြင်း လက္ခဏာများကို လျှော့ချပေးခြင်း။
• လန်းဆန်းစေခြင်း - နိုးထချိန်မှာ စိတ်ကြည်လင်ပြီး စွမ်းအင်ပိုရှိလာစေခြင်း။
• ကိုယ်ခံအား မြှင့်တင်ပေးခြင်း - အအေးမိ၊ ဖျားနာခြင်းတို့ကို ကာကွယ်ပေးခြင်း။
စရိတ်မများဘဲ အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ အလွယ်တကူ ဖော်စပ်နိုင်တဲ့ ကျန်းမာရေး လျှို့ဝှက်ချက်လေး ဖြစ်ပါတယ်။ နနွင်းနဲ့ ဂျင်းရှိရင် စမ်းသောက်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်! 🍵💛

👷 ကျွန်တော် 'သွား' မကောင်းတာ တစ်လကြာပါပြီ။ အင်္ဂလိပ်ဆေး သောက်သော်လည်း ကောင်းလိုက် ဖြစ်လိုက်နဲ့ လုံးဝမပျောက်ပါ။ ကျနော့်သူ...
29/03/2026

👷 ကျွန်တော် 'သွား' မကောင်းတာ တစ်လကြာပါပြီ။ အင်္ဂလိပ်ဆေး သောက်သော်လည်း ကောင်းလိုက် ဖြစ်လိုက်နဲ့ လုံးဝမပျောက်ပါ။ ကျနော့်သူငယ်ချင်း အကိုတစ်ယောက် ပြောပြလို့ ကျောက်ချဉ်နဲ့ လုပ်ကြည့်ရာ ခံတွင်း တော်တော်လေး ရှင်းသွားပါတယ်။

အသုံးပြုနည်း....
၁။ ကျောက်ချဉ်ကို အရင်ဆုံး အမှုန့်ဖြစ်အောင် ပြုလုပ်ပါ။
၂။ သောက်ရေခွက် (စတီးခွက်) ထဲကို ရေအပြည့် ခပ်ထားပါ။
၃။ ကျောက်ချဉ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာခန့်ကို ခွက်ထဲထည့်၍ ဖျော်ပါ။
၄။ ကျောက်ချဉ် ပျော်သွားပြီဆိုရင် ခံတွင်းထဲမှာ အများဆုံး ၁ မိနစ်ခန့် ငုံပြီးမှ ထွေးထုတ်ပါ။
၅။ တစ်နေ့ကို နှစ်ကြိမ် ပြုလုပ်ပေးပါ။
ကိုက်နေတဲ့သွား၊ ကျင်နေတဲ့သွားနဲ့ သွားဖုံးနာတာတွေ အကုန်ပျောက်ပြီး သုံးရက်ကျော်ရင် ကောင်းလာပါလိမ့်မယ်။ ဒါက ကျနော်ကိုယ်တိုင် လက်တွေ့သိလို့ မျှဝေတာပါ။

ကျောက်ချဉ်၏ အသုံးဝင်ပုံများ

၁။ ခန္ဓာကိုယ်အတွက်:
ဂျိုင်းနံ့မနံအောင် ရေချိုးပြီးတိုင်း ဂျိုင်းကို ကျောက်ချဉ်သွေးလိမ်းပေးပါ။ ဂျိုင်းမမဲသလို ချွေးနံ့လည်း လုံးဝမထွက်ပါ။ အသားအရေ ယားယံခြင်း၊ ဝဲပေါက်ခြင်းများအတွက် သနပ်ခါးနှင့်ရော၍ လိမ်းပေးနိုင်ပါသည်။

၂။ မိန်းမကိုယ်:
ကြွက်သားများ တင်းရင်းစေရန်နှင့် သန့်ရှင်းစေရန် ကျောက်ချဉ်စိမ်ထားသော ရေထဲတွင် ဝင်ထိုင်ပေးနိုင်ပါသည်။

၃။ အစားအသောက်:
သရက်သီးဆားရည်စိမ်များ ကြွတ်ကြွတ်လေးဖြစ်စေရန် ကျောက်ချဉ်မှုန့်ထည့်ထားသော ရေကျက်အေးနှင့် စိမ်ရပါသည်။

၄။ ရေကြည်စေရန်:
ရေများ အနည်ထိုင်ပြီး ကြည်လင်စေရန် ကျောက်ချဉ်ကို အသုံးပြုနိုင်ပါသည်။

၅။ ငါးဆေးရန်:
ငါးများတွင်ရှိသော အကျိအချွဲများ ပြောင်စင်စေရန် ကျောက်ချဉ်စိမ်ထားသောရေနှင့် ဆေးကြောနိုင်ပါသည်။

၆။ ဆီးကျောက်တည်ခြင်း:
အုန်းသီးနုကို အပေါက်ဖောက်၊ ကျောက်ချဉ် မြေပဲစေ့ခန့်ထည့်ပြီး ညသိပ်ထားကာ မနက်တွင် သောက်ပေးပါ။ (ရာသီဥတု အရမ်းပူချိန်တွင် အစာအိမ်ထိခိုက်နိုင်၍ မသောက်သင့်ပါ)

၇။ သွားကိုက်ခြင်း:
ရေနွေးနွေးထဲတွင် ကျောက်ချဉ်စိမ်၍ ပလုတ်ကျင်းပေးပါက သက်သာစေပါသည်။

၈။ အထည်အရောင်:
အဝတ်အထည်များ အရောင်မကျွတ်စေရန် ကျောက်ချဉ်ရည်ထဲတွင် စိမ်ပေးနိုင်ပါသည်။

၉။ ကင်းခြေများကို'က်ခြင်း:
ကျောက်ချဉ်သွေးလိမ်းပါက အဆိ'ပ်ပြေစေပါသည်။ ပြောင်းဖူးစေ့ခန့် ဝါးစားပြီး ရေသောက်ပေးလျှင်လည်း ချက်ချင်းသက်သာစေပါသည်။

၁၀။ ငါးရိုးစူးခြင်း:
အဆိ'ပ်ရှိသော ငါးဆူးများ စူးပါက ကျောက်ချဉ်သွေး၍ လိမ်းပေးနိုင်ပါသည်။

(၈) နှစ်ကြာ ဒူးနာဝေဒနာကို (၅) ရက်ဖြင့် ပျောက်ကင်းစေသောနည်း....
မင်္ဂလာပါ၊ လက်တွေ့ပျောက်ကင်းတာမို့ ကုသိုလ်ရအောင် ပြန်လည်မျှဝေပါတယ်။ မေမေဟာ ဒူးနာတာ (၈) နှစ်ရှိပါပြီ။ အင်္ဂလိပ်ဆေး၊ မြန်မာဆေး စုံနေအောင် သုံးခဲ့သော်လည်း မသက်သာခဲ့ပါ။ အခုတော့ ဒီနည်းနဲ့ (၅) ရက်အတွင်း သိသိသာသာ သက်သာလာပါပြီ။

ဆေးနည်း....
လက်ဖက်အသား (အစို) နှင့် ကျောက်ချဉ်ခဲကို ဆတူရော၍ ညက်အောင်ထောင်းပါ။ ထို့နောက် နာနေသည့် ဒူးခေါင်းပေါ်တွင် တင်၍ စည်းထားပေးပါ။ ညစဉ် စည်းအိပ်ပြီး မနက်တွင် ပြန်ခွာပါ။

Credit original writter
"အားလုံးပဲ ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ.....

🚨 ခြေဖနောင့်ကွဲတာ၊ ခြေထောက်ခြောက်သွေ့တာနဲ့ ထုံကျင်တာတွေကို... အရေပြားခြောက်ရုံတင်ပဲလို့ ပေါ့ပေါ့တန်တန် မတွေးပါနဲ့။ဒါဟာ ခ...
28/03/2026

🚨 ခြေဖနောင့်ကွဲတာ၊ ခြေထောက်ခြောက်သွေ့တာနဲ့ ထုံကျင်တာတွေကို... အရေပြားခြောက်ရုံတင်ပဲလို့ ပေါ့ပေါ့တန်တန် မတွေးပါနဲ့။
ဒါဟာ ခရင်မ် (Cream) လိမ်းရုံနဲ့ ပျောက်ကွယ်သွားမယ့် ပြဿနာမျိုး မဟုတ်ဘဲ သင့်ခန္ဓာကိုယ်က ပေးနေတဲ့ အရေးကြီးတဲ့ သတိပေးချက်တစ်ခု ဖြစ်နိုင်ပါတယ်။
⚠️ အဓိကကတော့ ခြေဖျားလက်ဖျားတွေဆီ သွေးလည်ပတ်မှု ကောင်းကောင်းမရောက်တော့တဲ့ လက္ခဏာပါ။
ခြေထောက်ဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုစနစ်မှာ အဝေးဆုံး အစွန်အဖျားပိုင်း ဖြစ်ပါတယ်။ အကယ်၍ ခြေထောက်မှာ ပြဿနာစပြပြီဆိုရင် ဒါဟာ အောက်ပါအချက်တွေကို ဆိုလိုတာ ဖြစ်နိုင်ပါတယ် -
• သွေးကြောများ ကျဉ်းလာခြင်း
• သွေးတွင်းသကြားဓာတ် မတည်ငြိမ်ခြင်း (ဆီးချိုအစပျိုးခြင်း)
• အာရုံကြောစနစ်များ စတင်ပျက်စီးလာခြင်း
အထူးသဖြင့် အသက် ၄၀ ကျော်အရွယ်တွေမှာ -
❌ အထိုင်များသူများ
❌ ရေနည်းနည်းပဲ သောက်သူများ
❌ အချို၊ အငန်နဲ့ ပြုပြင်ထားတဲ့ အစားအစာ (Processed Food) အစားများသူများ
❌ အိပ်ရေးမဝသူများ သတိထားသင့်ပါတယ်။
🦶 ဒီနေ့ ခြေဖနောင့်ကွဲတာကို ဂရုမစိုက်ရင် နောင်တစ်ချိန်မှာ -
👉 ခြေလက်ထုံကျင်တာ
👉 အနာဖြစ်ရင် အကျက်နှေးတာ
👉 အနာရင်းပြီး ပိုးဝင်တာ
👉 သွေးကြောဆိုင်ရာ ရောဂါကြီးမားစွာ ဖြစ်ပွားတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
💥 မှတ်ထားရမှာက...
ခြေထောက်ဆိုတာ ခန္ဓာကိုယ်အလေးချိန်ကို ထမ်းထားဖို့သက်သက် မဟုတ်ပါဘူး။ သူဟာ သင့်ရဲ့ တစ်သက်တာ "ကျန်းမာရေးရလဒ်" ကို ဖော်ပြနေတဲ့ အစိတ်အပိုင်းပါ။
ခြေထောက်ကို ဂရုစိုက်တာဟာ သွေးလည်ပတ်မှုကို ဂရုစိုက်တာဖြစ်ပြီး၊ သွေးလည်ပတ်မှု ကောင်းမွန်တာဟာ ရောဂါဆိုးတွေကို ကာကွယ်တာပဲ ဖြစ်ပါတယ်။
အခုပဲ... သင့်ခြေထောက်ကို ပြန်ငုံ့ကြည့်လိုက်ပါ။ သင့်ခန္ဓာကိုယ်က သင့်ကို တစ်ခုခု သတိပေးနေပြီလား? 💔
စာဆုံးအောင်ဖတ်ပြီးရင် "ကျန်းမာပါစေ" လို့ မှတ်ချက်ပေးခဲ့ပြီး မိမိချစ်ရသူတွေ သိအောင် ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။ ❤️❤️
#ကျန်းမာရေး #ဆေးနည်း #ခြေဖနောင့်ကွဲခြင်း #သွေးလည်ပတ်မှု #အသက်၄၀ #ကျန်းမာရေးဗဟုသုတ #ဆီးချိုသတိပြု #သွေးကြောကျဉ်းရောဂါ

😴 ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ...🔹၁။ တစ်နေကုန် အောင်းနေသော အပူများ အောက်သို့လှည့်ပြီး ခ...
25/03/2026

😴 ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ...

🔹၁။ တစ်နေကုန် အောင်းနေသော အပူများ အောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။

🔹၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်းသွားကြိတ်ခြင်း၊ လျှာဝါးခြင်းသွားရည်ကျခြင်းများ သက်သာ စေသည်။

🔹၃။ ရင်ညွှန့်သို့ တက်သောလေ/ ဘဝင်သို့တက်သောလေ/ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။

🔹၄။ ခြေထောက်ကို သန့်စင်စွာ ဆေးပြီး အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများ မက်ခြင်းမှ သက်သာစေနိုင်သည်။

🔹၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။

🔹၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။

🔹၇။ ခန္ဓာကိုယ် အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သ.က်သာစေသည်။

🔹၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကို*က်ခြင်းများမှ သ.က်သာစေသည်။

🔹၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သ.က်သာစေသည်။

🔹၁၀။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။

🔹၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

🔹၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သ.က်သာစေနိုင်သည်။

"အားလုံးပဲ ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ.....
Health & Knowledge မှ ကျန်းမာရေးဗဟုသုတများကို နေ့စဥ်တင်ဆက်ပေးဦးမှာမို့ like and follow လုပ်ပေးပါဦးနော်...."

& Knowledge #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး

အသက်အန္တရာယ်အထိ ပေးနိုင်တဲ့ "အညှော်မိခြင်း" ကို မိနစ်ပိုင်းအတွင်း ယူ.ပစ်.သလို သက်သာပျောက်..ကင်း.စေမယ့် ဆေးကောင်းတစ်လက်မေ...
22/03/2026

အသက်အန္တရာယ်အထိ ပေးနိုင်တဲ့ "အညှော်မိခြင်း" ကို မိနစ်ပိုင်းအတွင်း ယူ.ပစ်.သလို သက်သာပျောက်..ကင်း.စေမယ့် ဆေးကောင်းတစ်လက်

မေတ္တာရောင်ခြည် စာဖတ်ပရိသတ်အတွက် စာရေးသူ ကိုယ်တွေ့ အကျိုးရရှိခဲ့သော ဆေးနည်းတစ်လက်ကို ဒါန ပြုပါရစေ။ နေမကောင်း၍ဖြစ်စေ၊ အနာရှိ၍ဖြစ်စေ အညှော်ဝင်ပါလျှင် အသက်ကို ဒုက္ခပေးနိုင်ပါသည်။

စာရေးသူတို့ ရွာတွင် လူငယ်တစ်ဦး ခြေထောက် သံစူးပြီး အညှော်မိကာ သတိမေ့သွားသည့် အခြေသို့ ရောက်ခဲ့ပါသည်။ အနီးအပါးမှ ရပ်သူရွာသားများ ဝိုင်းအုံပြီး ဆရာ ခေါ်သူ၊ ခေါ်နှင့် အလုပ်ရှုပ်သွားပါသည်။

ကြားဖူးနားဝ ရှိသူတစ်ဦးမှ ၎င်းဆေးနည်းကို ပြောပြီး လူနာ ကိုယ်တိုင် ဝါးစားစေဖို့ရန်မှာ လူနာ မေ့မြောနေသဖြင့် ငရုတ်ဆုံတွင် ထည့်၊ ထုထောင်းပြီး ပါးစပ်ကို ဘေးလူများ အကူအညီဖြင့် ဟစေပြီး လောင်းထည့်လိုက်သည်။ အရည်ညှစ်၍ လောင်းထည့်ရခြင်း ဖြစ်ပါသည်။

လူနာမှာ မေ့နေရာမှ မကြာမီ ချွေးများ ကန်ပြီး သတိ ပြန်လည်ရရှိကာ သက်သာရာ ရခဲ့လေသည်။ အသက်ချမ်းသာရာ ရခဲ့သည်။ ဆေးဆရာ မရောက်သေးခင်ပင် လူကောင်း ပြန်ဖြစ်သွားပါသည်။ ၎င်းနည်းကို မှတ်မှတ်ရရဖြင့် စာရေးသူ၏ မိတ်ဆွေ သူငယ်ချင်းများနှင့် ရောက်ရာ ဒေသတွင် ၎င်းဆေးနည်းကို ဖောက်သည်ချ အသုံးပြုစေပါသည်။ ကိုယ်တွေ့ သုံးမကြည့်ဖူးပါ။ လွန်ခဲ့သည့် (၂) နှစ်ခန့်ကမှ ကိုယ်တွေ့ ကြုံ၍ သုံးမိပါသည်။

တပို့တွဲလ ထမနဲ ရာသီတွင် ထမနဲ ထိုးရန် အိမ်အောက်ထပ် မီးဖိုထဲတွင် နှမ်းများ၊ မြေပဲများ လှော်နေသည်။ စာရေးသူသည် အနံ့အသက် မရှိသဖြင့် ညော် မရှောင်မိဘဲ အိမ်ပေါ်ထပ်တွင် အကျိုးချုပ်နေခဲ့သည်။

နောက်နေ့တွင် ညော်တန်ခိုး ပြပါတော့သည်။ တစ်ကိုယ်လုံး တောင့်တင်းပြီး နောက်ကြောတက် ဇက်ခိုင်ပြီး ခေါင်းကိုက်လာသည်။ အသားများ ပူချစ်ပြီး၊ ခေါင်းမထူနိုင်လောက်အောင် ဖြစ်လာသည်။ အကိုက်အခဲပျောက်ဆေး သောက်သော်လည်း မထူးခြား မသက်သာ။

စာရေးသူ ကျောင်းမှ အိမ်ရောက်ရန် ကြိုးစား အားယူပြီး ပြန်ခဲ့ရသည်။ အိမ်ရောက်လျှင် အတွေးပေါက်ကာ မနေ့က ညော်အရှိန် ဖြစ်မှာပဲဟု စဉ်းစားမိပြီး အိပ်ရာထဲတွင် ၎င်းဆေးကိုပင် ဝါးလိုက်၊ မျိုချလိုက်နှင့် ညစာပင် မစားနိုင်တော့ဘဲ အိပ်ပျော်သွားပါသည်။
နံနက် မိုးလင်းသောအခါ ခံစားနေရသော ခေါင်းကိုက်ဝေဒနာ၊ ကိုယ် ချစ်ချစ်တောက် ပူနေခြင်း၊ နောက်ကြောများ တောင့်တင်းပြီး ဇက်ကြော နှစ်ဖက် မလှည့်နိုင်အောင် ခိုင်နေခြင်းများ ယူပစ်သလို ပျောက်သွားလေသည်။

နောက်နေ့ အိပ်ရာထဲ လဲတော့မှာပဲဟု ထင်ထားသော သူငယ်ချင်းများ အံ့ဩသွားသည်။ ခွင့်မယူရဘဲ နောက်နေ့ ကျောင်း ပြန်တက်နိုင်သည်။ အလွန် လွယ်ကူသော်လည်း အစွမ်းထက်ပုံမှာ ကိုယ်တွေ့ ဖြစ်ပါသည်။ ယုံကြည်စွာ သုံးစွဲကြပါဟု တိုက်တွန်းပါသည်။

ကွမ်းရွက်ထဲကို လက်ဖတ်ခြောက် ထည့်ပြီး ကွမ်းယာလို ဝါးစားလိုက်ခြင်းသာ ဖြစ်ပါသည်။ အရသာ ဖန်ခါးသော်လည်း ခံစားနေရသော ဝေဒနာကို ယူပစ်သလို ပျောက်သွားစေပါသည်။ ယုံကြည်စိတ်ချစွာ သုံးစွဲပါဟု တိုက်တွန်းအပ်ပါသည်။

နွေရာသီနဲ့ ကြံရည်ပြဿနာ--------------------------မြန်မာပြည်မှာဖြစ်စေ ထိုင်းမှာဖြစ်စေ ကြံရည်သောက်ကြတဲ့ဓလေ့ကတော့ အတူတူပဲဗျ ...
21/03/2026

နွေရာသီနဲ့ ကြံရည်ပြဿနာ
--------------------------

မြန်မာပြည်မှာဖြစ်စေ ထိုင်းမှာဖြစ်စေ ကြံရည်သောက်ကြတဲ့ဓလေ့ကတော့ အတူတူပဲဗျ ...
မြန်မာပြည်မှာဆိုရင် သစ်ပင်အရိပ်ကောင်းကောင်းကြီးအောက်မှာ ကြံကြိတ်စက်နဲ့ အအေးဆိုင်မျိုးတွေ့ရင် တကယ့်ကို သဘာဝအဲယားကွန်းကြီးတွေ့သလိုပေါ့ ...
နေ့လည်နေ့ခင်း နွေရာသီရဲ့ အပူဒဏ်ကို ဖြေရှင်းဖို့ ကြံရည်အေးအေးလေး တစ်ခွက်ကလည်း တကယ့်ကို နတ်သုဒ္ဓါလိုပဲမဟုတ်လား ...
ပင်ပန်းနွမ်းနယ်တာတွေ ပြေပျောက်သွားပြီး အာဟာရဖြစ်စေတဲ့ ကြံရည်အေးအေးလေးတခွက်ဟာ တကယ့်ကိုကျေနပ်စရာကြီးပေါ့ ...
ဒါပေမယ့် ဒီလိုအကျိုးရှိတဲ့ကြံရည်ကနေ "အဆိပ်ရည်" တခွက်လည်း ဖြစ်သွားနိုင်တယ်ဆိုတာ သိကြရဲ့လား ...

ဒီလို အဆိပ်ရည်ဖြစ်ရတာက ကြံရည်ဆိုင်အများစုဟာ ကြံရိုးကို ကြံခြစ်နဲ့ အပေါ်ခွံတွေခြစ်ထုတ်ပြီးနောက် ကြံချောင်းတွေကို ရေတိုင်ကီကြီးထဲ စိမ်ထားလိုက်ကြတာက စတာပါပဲ ...
ကြံရည်ဆိုင်တွေရဲ့ရည်ရွယ်ချက်က ကြံတွေမခြောက်သွားဖို့နဲ့ ကြိတ်လိုက်ရင် အရည်ရွှမ်းပြီး ကြံရည်ပေါပေါရအောင်လို့ ရေတိုင်ကီထဲကို ကြံချောင်းတွေ ထည့်စိမ်ထားကြတာဖြစ်ပါတယ် ...
ကြံရဲ့သဘာဝက Sucrose, Glucose, Fructose တွေ ကြွယ်ကြွယ်ဝဝပါဝင်သလို ရေဓာတ်လည်း များပါတယ် ...
ဒါဟာ ဘက်တီးရီးယားတွေ မျိုးပွားဖို့အတွက် အကောင်းဆုံးအာဟာရတွေ ကြံရိုးထဲမှာရှိနေတာပါ ...
ဒီအထိ ပြဿနာမရှိသေးပါဘူး ...
အခွံခြစ်ပြီးသား ကြံရိုးတွေကို ရေတိုင်ကီပုံးထဲ ထည့်စိမ်လိုက်ပြီဆိုရင်တော့ ကြံရိုးထဲကို ပုံးထဲကရေတွေစိမ့်ဝင်သွားသလို ကြံရိုးထဲက အာဟာရတွေကလည်း ရေနဲ့ဓါတ်ပြုကြပြီး ဘက်တီးရီးယားတွေကို ဖိတ်ခေါ်ပါတော့တယ် ...
ရေနဲ့ ရေတိုင်ကီတွေဟာ မသန့်ရှင်းဘူးဆိုရင် ဘက်တီးရီးယားတွေဟာ ပျော်ပျော်ကြီးပေါက်ပွားလာကြပါတော့တယ် ...
နွေရာသီလို အပူရှိန် ၃၀ နဲ့ ၄၀ စင်တီဂရိတ်ဟာ ဘက်တီးရီးယားတွေကို မိနစ် ၂၀ တိုင်းမှာ တစ်ဆတိုးပွားနိုင်ပါတယ် ...
ရေထဲမှာ သုံးလေးနာရီလောက်စိမ်ထားတဲ့ ကြံရိုးတွေဟာ ဘက်တီးရီးယားတွေအပြည့်ပဲဆိုတာ သေချာသွားပါပြီ ...
အဲ့ဒီလိုကြံရိုးကိုယူပြီး ကြံကြိတ်စက်နဲ့ကြိတ်၊ ရလာတဲ့ကြံရည်ကို အားရပါးရသောက်လိုက်ပြီဆိုရင်တော့ ဘက်တီးရီးယားတွေကို မြိုချမိပြီပေါ့ ...

ရေစိမ်ထားတဲ့ ကြံရိုးတွေမှာ E. coli & Coliforms တို့လို မသန့်ရှင်းတဲ့ ရေတိုင်ကီနဲ့ လက်တွေကနေပါလာတတ်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ရောဂါပိုးမွှားတွေ ပေါက်ပွားနိုင်ပါတယ် ...
နောက်ထပ် Salmonella လို ဘက်တီးရီးယားတွေက အစာအဆိပ်သင့်ခြင်းနဲ့ အူရောင်ငန်းဖျား (Typhoid) ရောဂါကို ဖြစ်စေနိုင်ပါတယ် ...
Staphylococcus aureus လို ဘက်တီးရီးယားကျတော့ သူ့ဆီကထုတ်လိုက်တဲ့ အဆိပ်အတောက် (Toxin) ကြောင့် ကြံရည်သောက်ပြီး နာရီပိုင်းအတွင်းမှာတင် အန်ချင်သလိုဖြစ်တာ၊ ဗိုက်ရစ်နာတာတွေ ချက်ချင်း ဖြစ်စေတာပါ (ကိုယ်တိုင် ကြုံခဲ့ဖူးပါတယ်) ...
ကြံရည်ဆိုတာ သကြားရည်ပဲမို့ ခဏလေးနဲ့ Yeast နဲ့ Molds တွေပွားလာပြီး အချဉ်ပေါက် (Fermentation) ဖြစ်တတ်ပါတယ် ...
ဒါကြောင့် ကြံရည်က အနံ့တစ်မျိုးထွက်နေတာ ဒါမှမဟုတ် သောက်ပြီးရင် လေပွတာမျိုး ဖြစ်တတ်ပါတယ် ...
အထက်လန်အောက်ရှောလို ဝမ်းပျက်ဝမ်းလျှောတာတွေအထိ ဖြစ်နိုင်ပါသေးတယ် ...
ကြံရည်သောက်ရင် ဒါမျိုးတခုခု တကယ်ကြုံရမှာလားဆိုတော့ ကြံရည်ဆိုင်တွေ မသန့်ရှင်းရင် ကျိန်းသေပေါက် တခုမဟုတ်တခု ကြုံကြရပါလိမ့်မယ် ...

ကြံရည်ကြိုက်လို့ ဆိုင်မှာထိုင်သောက်ကြမယ်ဆိုရင် ဒါတွေကို အရင်လေ့လာပါ ...
ကြံရိုးတွေကို ရေတိုင်ကီပုံးထဲ အကြာကြီးစိမ်ထားရင် မသောက်ပါနဲ့ ...
ကြံကြိတ်သူရဲ့ တကိုယ်ရည်သန့်ရှင်းရေးကို လေ့လာပါ ...
ကြံကြိတ်စက်နဲ့ ပတ်ဝန်းကျင်ဟာ ယင်ကောင်နဲ့ အခြားသောအင်းဆက်တွေ ပျော်မြူးနေကြရင် မသောက်ပါနဲ့ ...
ရေသန့်ရေခဲမဟုတ်ပဲ အကြမ်းစားရေခဲတွေနဲ့ ကြံရည်ဖျော်တယ်ဆိုရင် မသောက်ပါနဲ့ (ရေခဲမသန့်လည်း ဝမ်းပျက်ပါတယ်) ...

ဘယ်လိုကြံရည်မျိုးကို သောက်သင့်သလဲ ...
ကြံခွံကို ရှေ့တင်ခြစ်၊ ရေဆေးကြောပြီး ကြိတ်တဲ့စက်ရော လူရောသန့်တယ်၊ ရေခဲကလည်းသန့်တယ်၊ ပတ်ဝန်းကျင်လည်း သန့်တယ်ဆိုရင် စိတ်ချလက်ချသောက်နိုင်ပါတယ် ...
ဒါမှမဟုတ် ကြံခွံကိုခြစ်ထားပြီး ရေမစိမ်ပဲ ရေခဲပုံထဲမှာ ရေခဲနဲ့ အတူတကွထားထားတဲ့ ကြံမျိုးဆိုရင်လည်း အန္တရာယ်ကင်းနိုင်ပါတယ် ...
ပွဲဈေးတန်းတွေမှာ တွေ့ရတတ်တဲ့ အသင့်ဖျော်ထားတဲ့ကြံရည်တွေဆို မသောက်ပါနဲ့ ...

ထိုင်းနိုင်ငံမှာလည်း ညစ်တီးညစ်ပတ်တွေဖြစ်လာကြပြီ ...
အရင်ကဆိုရင် ဒီလိုလမ်းဘေးဈေးသည်တွေကို ရာသီအလိုက် ဂရုပြုရမယ့် ကျန်းမာရေးသတိပေးချက်တွေ ဖြန့်ဝေလေ့ရှိတယ် ...
မနက်ကတော့ လမ်းဘေးဆိုင်တဆိုင်မှာ ရေတိုင်ကီပုံးထဲ ကြံရိုးတွေစိမ်ထားတာတွေ့လို့ ဒီစာကိုရေးပါတယ် ...
မြန်မာပြည်မှာရော ကြံရည်ယဉ်ကျေးမှုက ပြောင်းသွားပြီလား။

ကိုဇင်

#ကြံရည်
#ကျန်းမာရေး
#သန့်ရှင်းမှု
#ရောဂါပိုးမွှား

ကျောက်ကပ်ဟာ အသက် ၄၀ ကစပြီး ယိုယွင်းလာတတ်ပါတယ် — ဒါပေမဲ့ ဘာလက္ခဏာမှ ပြလေ့မရှိပါဘူး​လူအတော်များများက ထင်နေကြတာက -❌ ကျောက်က...
26/01/2026

ကျောက်ကပ်ဟာ အသက် ၄၀ ကစပြီး ယိုယွင်းလာတတ်ပါတယ် — ဒါပေမဲ့ ဘာလက္ခဏာမှ ပြလေ့မရှိပါဘူး
​လူအတော်များများက ထင်နေကြတာက -
❌ ကျောက်ကပ်ပျက်စီးရင် နာကျင်မယ်၊ ဖောရောင်မယ်၊ လက္ခဏာတစ်ခုခုပြမယ်ပေါ့။
ဒါပေမဲ့ တကယ့်အမှန်တရားကတော့...
⚠️ ကျောက်ကပ်ဟာ ကျွန်တော်တို့ သတိမထားမိဘဲ ၁၀ နှစ်လောက်အထိ တိတ်တဆိတ် ယိုယွင်းပျက်စီးသွားနိုင်ပါတယ်။
​အသက် ၄၀ ကျော်လာတဲ့အခါမှာ -
🔻 ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ နှစ်စဉ် တဖြည်းဖြည်း လျော့နည်းလာပါတယ်။
• ​ကိုယ်က ကျန်းမာသန်စွမ်းတယ်လို့ ထင်ရပေမဲ့လည်း...
• ​ဆီးချို၊ သွေးတိုး မရှိသေးရင်တောင်မှ...
• ​တစ်ခါမှ ဖျားနာတာမျိုး မရှိခဲ့ရင်တောင်မှ ဖြစ်နိုင်ပါတယ်။
​ပြဿနာက ဘာလဲဆိုတော့...
👉 ကျောက်ကပ်မှာ အရန်စွမ်းအင် အလွန်များပါတယ်။
ကျောက်ကပ် တစ်ဝက်လောက် ပျက်စီးသွားရင်တောင် ခန္ဓာကိုယ်က ဘာမှ "အချက်မပြ" သေးပါဘူး။
​တကယ်လို့ လက္ခဏာတွေ စပြလာပြီဆိုရင် -
• ​မောလွယ်ခြင်း
• ​ဖောရောင်ခြင်း
• ​ဆီးသွားတာ ပုံမှန်မဟုတ်ခြင်း
• ​သွေးတိုး ရုတ်တရက်တက်ခြင်း
ဒါတွေက ကျောက်ကပ်ဟာ အတော်လေးကို ပျက်စီးသွားပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

​📌 ဒီနေ့ကစပြီး လုပ်ဆောင်သင့်တဲ့အချက်များ (အထူးသဖြင့် အသက် ၄၀ ကျော်သူများ)
✔️ အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကျောက်ကပ်စစ်ဆေးပါ။
✔️ ကျောက်ကပ်က အချက်မပြခင်ကတည်းက အငန်လျှော့စားပါ။
✔️ ခဏခဏသောက်လေ့ရှိတဲ့ အကိုက်အခဲပျောက်ဆေးတွေကို သတိထားပါ။
✔️ ရေကို ပုံမှန်သောက်ပေးပါ။
✔️ လက္ခဏာပြတဲ့အထိ မစောင့်ပါနဲ့။
​ကျောက်ကပ်ဟာ ကြိုတင်သတိပေးလေ့မရှိပါဘူး။
ဒါပေမဲ့ သူ သတိပေးပြီဆိုရင်တော့... နောက်ကျသွားတတ်ပါတယ်။

​သင်က အသက် ၄၀ ကျော်ပြီဆိုရင် ဒါမှမဟုတ် သင့်မှာ ဒီအရွယ် ချစ်ရတဲ့သူတွေရှိရင် အချင်းချင်းသတိပေးဖို့ ဒီပိုစ်လေးကို မျှဝေပေးသင့်ပါတယ် 💙


MON SOUNG


#ကျောက်ကပ်

ညဘက် အိမ်သာခဏခဏထပြီး ဆီးသွားရတာကို စိတ်ပျက်နေသူတွေအတွက် ဒေါက်တာ အိတ္ထိရစ် (Dr. Itthirit) ရဲ့ ရေမှန်ကန်စွာသောက်သုံးနည်း လ...
24/01/2026

ညဘက် အိမ်သာခဏခဏထပြီး ဆီးသွားရတာကို စိတ်ပျက်နေသူတွေအတွက် ဒေါက်တာ အိတ္ထိရစ် (Dr. Itthirit) ရဲ့ ရေမှန်ကန်စွာသောက်သုံးနည်း လမ်းညွှန်ချက်...

✅ ​ဗဟုသုတရှိရှိ ရေသောက်ခြင်းနှင့် ဆီးသွားခြင်း
​ဒီဘက်ခေတ်မှာ လူတော်တော်များများဟာ "ရေများများသောက်ပါ" ဆိုတဲ့ တိုက်တွန်းချက်တွေကြောင့် ရေကို အလွန်အကျွံသောက်မိပြီး ကျန်းမာရေးပြဿနာတွေ ကြုံနေရပါတယ်။ အောက်ပါအချက်များကို တစ်ချက်ချင်း သေချာဖတ်ကြည့်ပေးပါ။

1. ​ဆီးဆိုသည်မှာ ကျောက်ကပ်က သွေးကိုစစ်ထုတ်ပြီး ယူရီးယား (Urea) နဲ့ ပိုလျှံနေတဲ့ ရေဓာတ်တွေကို ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။

2. ​ပုံမှန်အားဖြင့် ရေသောက်ပြီးနောက် ၄ နာရီခန့် ကြာရင် ခန္ဓာကိုယ်က ပြန်လည်စွန့်ထုတ်ပါတယ်။

3. ​ရေဓာတ်နည်းလွန်းရင် Dehydration (ရေဓာတ်ခမ်းခြောက်ခြင်း) ဖြစ်နိုင်သလို၊ များလွန်းရင်လည်း မကောင်းပါဘူး။

4. ​ရေဓာတ်လိုမလို သိနိုင်ဖို့ ဆီးရဲ့ သိပ်သည်းဆ (Specific Gravity) ကို တိုင်းတာရမှာဖြစ်ပေမဲ့ နေ့စဉ်ဘဝမှာတော့ ဒါက မလွယ်ကူပါဘူး။

5. ​ဒါကြောင့် ဆီးအရောင် ကို ကြည့်ရပါမယ်။ ဆီးဟာ ရေလိုကြည်တောက်မနေသင့်သလို (ရေများလွန်းခြင်း)၊ အဝါရင့်ရောင်လည်း မဖြစ်သင့်ပါဘူး (ရေဓာတ်ခမ်းခြောက်ခြင်း)။

6. ​တစ်နေ့တာ ရေသောက်ရမည့်ပမာဏ - မိမိကိုယ်အလေးချိန် × 30 (ဥပမာ- အလေးချိန် 60 kg ရှိရင် 60 × 30 = 1,800 cc သို့မဟုတ် 1.8 လီတာ)။ ဒီထက်ပိုသောက်ရင် ရေများလွန်းနေပါပြီ။

7. လေ့ကျင့်ခန်းလုပ်ရင်တော့ ဒီထက်ပိုသောက်နိုင်ပါတယ်။ ဆီးအရောင်ကိုပဲ အဓိကကြည့်ပါ။

8. ​ညဘက်မှာ ကျောက်ကပ်ကို နားခွင့်ပေးပါ။ အိပ်ခါနီး ရေအများကြီးမသောက်ပါနဲ့။ ကျောက်ကပ်ဟာ ရေသန့်စက်လိုပါပဲ၊ အလုပ်အရမ်းလုပ်ရရင် စက်ပျက်ပါလိမ့်မယ်။ လူမှာက လဲလှယ်ဖို့ အပိုပစ္စည်းမရှိတာ သတိပြုပါ။

9. ​ဆီးအရောင်ဟာ လွန်ခဲ့တဲ့ ၃-၄ နာရီက အခြေအနေကို ပြတာပါ။ အိမ်ပြန်ရောက်လို့ ဆီးသွားတဲ့အခါ အရောင်အရမ်းရင့်နေရင် လွန်ခဲ့တဲ့ ၃-၄ နာရီက ရေသောက်နည်းခဲ့တာကို ဆိုလိုပါတယ်။

10. ​တစ်ကြိမ်တည်းနဲ့ ရေ 500 cc ထက်ပိုမသောက်ပါနဲ့။ သွေးထဲမှာ ဆိုဒီယမ်ဓာတ် မမျှမတဖြစ်ပြီး ဦးနှောက်ရောင်ခြင်း၊ မူးဝေခြင်းနဲ့ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။

11. ​ရေဓာတ်ခမ်းခြောက်နေရင် တစ်ခါတည်း အတင်းအများကြီးမသောက်ဘဲ မိနစ် ၃၀ အတွင်း တဖြည်းဖြည်းချင်း ခွဲသောက်ပါ။

12. ​ခန္ဓာကိုယ်အတွက် အနည်းဆုံး လိုအပ်တဲ့ရေပမာဏဟာ တစ်နာရီကို 60 cc ခန့် ဖြစ်ပါတယ်။

13. ​ဒါကြောင့် မနက်နိုးတဲ့အခါ ညကအိပ်နေတဲ့ ၈ နာရီစာအတွက် 60 × 8 = 480 cc ခန့် သောက်ပေးသင့်ပါတယ်။

14. ​ဒါပေမဲ့ မနက်နိုးနိုးချင်း ရေကို အတင်းမော့မချပါနဲ့။ တစ်နာရီအတွင်း တဖြည်းဖြည်းချင်း သောက်ပေးပါ။

15. ​ခရီးသွားစရာရှိလို့ လမ်းမှာ ဆီးမသွားချင်ရင် ရေသောက်မယ့်အချိန်ကို သေချာတွက်ချက်ပါ။

16. ​အိပ်ခါနီး ၃ နာရီမှ ၃ နာရီခွဲအလို ကတည်းက ရေသောက်တာကို ရပ်ထားရပါမယ်။ ဒါမှ ခန္ဓာကိုယ်က ပိုလျှံရေတွေကို အိပ်မပျော်ခင် စွန့်ထုတ်နိုင်မှာဖြစ်ပြီး တစ်ညလုံး နှစ်ခြိုက်စွာ အိပ်ပျော်ပါလိမ့်မယ်။

17. ​ဥပမာ- ည ၁၁ နာရီအိပ်မယ်ဆိုရင် ည ၈ နာရီလောက်မှာ နောက်ဆုံးအကြိမ် ရေများများသောက်ထားနိုင်ပါတယ်။

18. ​အိပ်ခါနီး ၃ နာရီအတွင်းမှာတော့ ရေသောက်ချင်ရင် 100 cc ထက် ပိုမသောက်သင့်ပါဘူး။

19. ​အိပ်ခါနီး ရေ သို့မဟုတ် နွားနို့ အများကြီးသောက်ရင် မနက် ၂ နာရီ၊ ၃ နာရီမှာ နိုးလာတတ်ပြီး ပြန်အိပ်ဖို့ ခက်ခဲတတ်ပါတယ်။

20. ​ဆီးအိမ်ထဲမှာ ဆီး 100 cc လောက်ရှိရင်ကို ဆီးသွားချင်စိတ် စဖြစ်လာတာမို့လို့ ညဘက်နှစ်ခြိုက်စွာ အိပ်ချင်ရင် အိပ်ခါနီး ရေလျှော့သောက်ပါ။

21. ​(အမျိုးသမီးများအတွက်) ဆီးပြွန်ဟာ ၄ စင်တီမီတာပဲ ရှည်တာကြောင့် ဘက်တီးရီးယား ဝင်ရောက်ဖို့ အရမ်းလွယ်ပါတယ်။

22. ​ဒါကြောင့် ၃-၄ နာရီခြားတစ်ခါ ဆီးသွားချင်သည်ဖြစ်စေ၊ မသွားချင်သည်ဖြစ်စေ ဆီးအိမ်ထဲက ပိုးမွှားတွေကို ရှင်းထုတ်ဖို့ အိမ်သာသွားပေးသင့်ပါတယ်။ မဟုတ်ရင် ဆီးအိမ်ရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။

23. ​ရေလုံလုံလောက်လောက် သောက်မသောက် သိနိုင်တဲ့နည်းကတော့ ၃-၄ နာရီခြားတစ်ခါ ဆီးသွားချင်စိတ် ရှိရပါမယ်။

24. ​၃ နာရီထက် စောပြီး ခဏခဏသွားနေရရင် ရေများနေလို့ပါ။ ၄ နာရီကျော်တဲ့အထိ ဆီးမသွားချင်သေးရင် ရေသောက်နည်းနေလို့ပါ။

25. ​ဟင်းရည် သို့မဟုတ် ရေဓာတ်များတဲ့ အသီးအနှံတွေစားထားရင် ရေသောက်တဲ့ပမာဏကို လျှော့ချပေးရပါမယ်။

​ဒီအချက်အလက်တွေက သင့်ရဲ့ ညဘက်အိပ်စက်မှုကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

MON SOUNG


#ရေသောက်ခြင်း

ဆေးဝါးကို အားကိုးစရာမလိုဘဲ ဦးနှောက်သွေးကြောများကို သန့်စင်လိုက်ပါ။လက်၊ ခြေထောက် ထုံကျင်ခြင်းနှင့် မှတ်ဉာဏ်အားနည်းခြင်းအတ...
20/12/2025

ဆေးဝါးကို အားကိုးစရာမလိုဘဲ ဦးနှောက်သွေးကြောများကို သန့်စင်လိုက်ပါ။
လက်၊ ခြေထောက် ထုံကျင်ခြင်းနှင့် မှတ်ဉာဏ်အားနည်းခြင်းအတွက် ရိုးရှင်းသော အိမ်တွင်းနည်းလမ်း!

​ဦးနှောက်သွေ;ကြောတွေ ပိတ်ဆို့တာ၊ ကျဉ်;မြောင်းတာတွေကို သက်သာစေပြီး၊ လေဖြ'တ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးမပါဝင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးကို သိချင်ပါသလား...?
​လိုအပ်တာက ကြက်ဥအကာ၊ ကြက်သွန်နီနဲ့ ငရုတ်ကောင်းမှုန့် တို့ပဲဖြစ်ပါတယ်။ လက်ဖဝါး၊ လက်ချောင်း၊ ခြေထောက်တွေ မကြာခဏ ထုံကျင်တာ၊ မူးဝေတာ၊ မှတ်ဉာဏ်မကောင်းတာတွေ ခံစားနေရရင် ဒါကို အမြန်ဆုံး စမ်းစားကြည့်သင့်ပါတယ်။ ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့ နည်းလမ်းဖြစ်ပေမဲ့ အကျိုးကျေးဇူးကတော့ အံ့မခန်းပါပဲနော်။

​လက်တွေ့ အတွေ့အကြုံ မျှဝေခြင်း...။
​အသက်အရွယ်ကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ ဦးနှောက်သွေ;ကြောတွေ စတင်ကျဉ်;မြောင်းလာတဲ့ ဦးလေးတစ်ဦးရဲ့ အတွေ့အကြုံကို နားထောင်ကြည့်ရအောင်......
​"အရင်တုန်းက ကျွန်တော့် လက်တွေ၊ ခြေထောက်တွေ မကြာခဏ ထုံကျင်တယ်။ ခြေထောက်ကလည်း အားမရှိတော့တာကြောင့် အကြာကြီးလမ်းလျှောက်ရင် လဲတော့မလို ဖြစ်တယ်။ တချို့ရက်တွေဆို စကားပြောတာ မပီသဘူး၊ ခေါင်းမူးပြီး ဉာဏ်ရည်တွေ ထိုင်းမှိုင်းသလို ခံစားရတယ်။ ဆရာဝန်နဲ့ပြကြည့်တော့ ဦးနှောက်သွေးကြောတွေ စပြီး ကျဉ်းလာပြီလို့ ပြောတယ်။"

​"တစ်နေ့မှာ တူလေးတစ်ယောက်က ကြက်ဥအကာ၊ ကြက်သွန်နီနဲ့ ငရုတ်ကောင်းမှုန့်ကို ပေါင်းစားတဲ့ ဒီရိုးရှင်းတဲ့ နည်းလမ်းလေးကို စမ်းကြည့်ဖို့ အကြံပေးတယ်။ ပထမတော့ သာမန်အစားအစာတွေက ဘာများအကူအညီဖြစ်မှာလဲလို့ ထင်မိတာပေါ့။ ဒါပေမဲ့ ပိုကောင်းလာချင်တဲ့ စိတ်နဲ့ စမ်းစားကြည့်လိုက်တယ်။"

​"ကျွန်တော်က တစ်လကို ၇ ရက် ဆက်တိုက် စားတယ်။ စားပြီးနောက်ပိုင်းမှာ လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာ သိသိသာသာ သက်သာလာတယ်။ လမ်းလျှောက်ရတာ ပိုတည်ငြိမ်လာပြီး မှတ်ဉာဏ်လည်း ပိုကောင်းလာတယ်။ စကားပြောတာ ပိုပီသလာသလို အရင်လို ခေါင်းမူးတာမျိုး မဖြစ်တော့ဘူး။ ဆရာဝန်နဲ့ ပြန်ပြကြည့်တော့ အရင်ကထက် သွေးလည်ပတ်မှု ပိုကောင်းလာပြီလို့ ပြောတယ်။"

​"အခုဆိုရင် ကျွန်တော်က ဒီနည်းလမ်းကို လစဉ် ၇ ရက် ပုံမှန်စားပေးတယ်။ နေ့တိုင်းလည်း လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလေးတွေ လုပ်တယ်။ ဒီလိုလုပ်ပေးတာကြောင့် ဘဝသစ်တစ်ခု ပြန်စရသလိုပဲလို့ ခံစားရတယ်။"

​သွေ;ကြောပိတ်ဆို့ခြင်းနှင့် သွေ;ကြောကျဉ်;ခြင်းကို လျှော့ချရန် နည်းလမ်း
​ပါဝင်ပစ္စည်းနှင့် ပြုလုပ်နည်း
* ​ကြက်သွန်နီ ၄ လုံးကို ငရုတ်ကောင်းမှုန့်
စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောပြီး ညက်အောင် ထောင်းပါ။
* ​ထို့နောက် ကြက်ဥအကာ ၂ လုံး
(အနှစ်မပါဘဲ အကာသီးသန့်) နဲ့ ရောပါ။
* ​အရသာအတွက် ပဲငံပြာရည်အကြည် အနည်းငယ်ကို
ထည့်နိုင်ပါတယ်။
* ​အားလုံးကို သမအောင် ရောမွှေပြီးလျှင် ကျက်အောင်
ပေါင်းပါ။

​စားသုံးပုံ....
​မနက်ခင်းတွင် ဆန်ပြုတ်ပူပူဖြင့် ၇ ရက် ဆက်တိုက် စားပေးပါ။
​စားပြီးနောက် ချွေးတွေ အများကြီး ထွက်လာတာက ပိတ်ဆို့နေတဲ့ အဆီတွေကို ဖယ်ရှားပေးတဲ့ လက္ခဏာဖြစ်တယ်လို့ ယူဆရပါတယ်။
​ဦးနှောက်သွေးကြောတွေကို ပြန်လည်ကောင်းမွန်ပြီး သန့်စင်စေဖို့အတွက် လစဉ် ၇ ရက် ဆက်တိုက် ပုံမှန် စားသုံးပေးပါ။

​ဘယ်လိုလူတွေ စားသုံးသင့်လဲ......?
​ဒီနည်းလမ်းကို ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားသုံးနိုင်ပါတယ်။ အထူးသဖြင့်-
* ​လက်ဖဝါး၊ လက်ချောင်း၊ ခြေထောက် ထုံကျင်တတ်သူများ
* ​မူးဝေတတ်သူများ
* ​မှတ်ဉာဏ်အားနည်းလာသူများ ​အနေဖြင့်
အမြန်ဆုံး စမ်းစားကြည့်သင့်ပြီး လစဉ်ပုံမှန်စားပေးမယ်ဆိုရင် ဦးနှောက်သွေးကြောတွေကို သန့်စင်ပေးနိုင်ပါတယ်။

​ဒီပို့စ်ဟာ သင့်အတွက်ရော၊ သင်ချစ်ခင်ရတဲ့သူတွေအတွက်ပါ အကျိုးရှိမယ်လို့ ယုံကြည်ရင် တခြားသူတွေလည်း သိရှိပြီး ကျန်းမာစေဖို့ တစ်ယောက်တစ်လက် မျှဝေပေးဖို့ တောင်းဆိုချင်ပါတယ်။

​MON SOUNG

မနက်ခင်းမှာ အကြောဆန့်ခြင်းက ဘာကြောင့်ကောင်းတာလဲ“အတွင်းပိုင်းစနစ်” ကို ဦးခေါင်းမှခြေဖျားအထိ ပြန်လည်စတင် (Reset) ပေးသည်။ မ...
14/11/2025

မနက်ခင်းမှာ အကြောဆန့်ခြင်းက ဘာကြောင့်ကောင်းတာလဲ
“အတွင်းပိုင်းစနစ်” ကို ဦးခေါင်းမှခြေဖျားအထိ ပြန်လည်စတင် (Reset) ပေးသည်။

မနက်ခင်းမှာ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ရင်ကောင်းမလဲ။
​💪 ၁။ သွေးလည်ပတ်မှုကို နှိုးဆွခြင်း - သွေးလည်ပတ်မှုစနစ်ကို ဖွင့်ပေးခြင်း
​နာရီပေါင်းများစွာ ငြိမ်သက်စွာ အိပ်စက်ပြီးနောက် သွေးနှင့် သွေးရည်ကြည်များ စီးဆင်းမှု နှေးကွေးသွားသည်။
မနက်ခင်းတွင် အကြောဆန့်ခြင်းသည် သွေးနှင့် သွေးရည်ကြည်များ "စီးဆင်းရာလမ်းကြောင်းကို ဖွင့်ပေး" ပြီး ကောင်းမွန်စွာ လည်ပတ်စေသည်။
→ မျက်နှာ ကြည်လင်လာမည်၊ လက်နှင့်ခြေထောက်များ မအေးတော့၊ ဦးနှောက် ကြည်လင်လန်းဆန်းလာသည်။

​🦴 ၂။ အဆစ်များ၊ ကျောရိုးနှင့် တင်းမာနေသော ကြွက်သားများကို နှိုးဆွခြင်း
မနက်ခင်းမှာ ကြွက်သားများနှင့် အဆစ်များသည် မာကျော တောင့်တင်းနေတတ်ပါတယ်။
ညင်သာစွာ အကြောဆန့်ခြင်းက အဆစ်များကို ချောဆီထည့်ပေးပြီး ခါးနာ၊ လည်ပင်းနာ၊ ပခုံးနာခြင်းများကို ကာကွယ်ပေးသည်။
→ တစ်နေ့တာလုံး အသုံးမပြုမီ အဆစ်များအတွက် "ဆီဖြည့်ပေးခြင်း" နှင့် တူသည်။

​🧠 ၃။ အာရုံကြောစနစ်နှင့် ဦးနှောက်ကို အပြည့်အဝ နိုးထစေခြင်း
​ဖြည်းဖြည်းချင်း လှုပ်ရှားခြင်းနှင့် နက်ရှိုင်းစွာ အသက်ရှူခြင်းသည် ဦးနှောက်အား နိုးထရန် အချက်ပြမှုများ ပို့ပေးသည်။
→ အာရုံစူးစိုက်မှု ပိုကောင်းလာမယ်၊ စိတ်ခံစားချက် ကောင်းလာမယ်၊ စိတ်ဖိစီးမှု လျော့ကျပေးပြီး အန်ဒေါ်ဖင် ဟော်မုန်းများကို လှုံ့ဆော်ပေးသည်။

​❤️ ၄။ အတွင်းအင်္ဂါစနစ်များကို လှုံ့ဆော်ခြင်း
​အထူးသဖြင့် "ခန္ဓာကိုယ်ကို လှည့်၍ ဝမ်းဗိုက်ကို နှိပ်နယ်ခြင်း" ဖြင့် အကြောဆန့်ပါက အောက်ပါတို့ကို အကူအညီ ပေးသည်။
→ အသည်း၊ အူလမ်းကြောင်း၊ အစာချေစနစ်ကို လှုံ့ဆော်ပေးကာ မနက်ခင်းတွင် အလွယ်တကူ ဝမ်းသွားစေသည်။

​🌿 ၅။ ခန္ဓာကိုယ် စွမ်းအင် မျှတမှုကို ချိန်ညှိခြင်း
​ယောဂနှင့် အရှေ့တိုင်းဆေးပညာအရ မနက်ခင်း အကြောဆန့်ခြင်းသည် "စွမ်းအင်လမ်းကြောင်းများကို နှိုးဆွခြင်း" နှင့် တူသည်။ စွမ်းအင် ကောင်းမွန်စွာ စီးဆင်းစေပြီး မောပန်းနွမ်းနယ်မှု လျော့ကျကာ အသက်စွမ်းအား တိုးပွားစေသည်။

​ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်နိုင်လဲ။
၁။ ​သစ်ပင်ဟန် (Tree Pose)- တစ်ဖက် ၁၀ ကြိမ် အသက်ရှူ။
၂။ ​ခါးညွှတ် လက်နဲ့ ခြေထောက်ထိဟန် (Standing Forward Bend) - ၁၀ ကြိမ် အသက်ရှူ။
၃။ ​ဘေးတိုက် ဆန့်ထုတ်ဟန် (Side Stretch) - ၅ ကြိမ် အသက်ရှူ။
၄။ ​ခြေဖျားထောက်ခြင်း (Calf Raise) - ၁ မိနစ်။
၅။ ​လက်ဝှေ့ယမ်းခြင်း (Arm Swings) - ၁ မိနစ်။
၆။ ​လိပ်ပြာဟန် (Butterfly Pose) - ၁ မိနစ်။

​ဘယ်လိုလေ့ကျင့်ခန်းကို လေ့ကျင့်တယ်ဆိုတာ ရေးခဲ့ပါဦးနော်။

ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေ 🙏🏻

MON SOUNG

Address

Yangon

Telephone

+959767535350

Website

Alerts

Be the first to know and let us send you an email when Hanuman Herbal Health By AAL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hanuman Herbal Health By AAL:

Share