Art By Katy

Art By Katy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Art By Katy, Yangon.

20/05/2026

Yangon Booking တွေအားလုံးကိုနားလိုက်ပါပီ
နောက်လဲလူရင်းတွေကိုကလွဲလို့
ပြန်လာရေးဖို့မရှိပါ ☺️
အစကတလလုံးရေးမလို့ အခုတော့ အဆင်မပြေမှုအတွက် sorry ပါ
ကိုယ့်client ဟောင်းတွေနဲ့ပြန်ဆုံချင်တာအဓိကပါ
ကိုယ်စခဲ့တဲ့နေရာလေး အဲ့ထဲကလာရေးနေကြ loyal ဖြစ်တဲ့
စိတ်ထားကောင်းတဲ့clients တွေကိုလွမ်းလို့ သတိရလို့
အမြဲတမ်း “ဘယ်တော့ပြန်လာမှာလဲ” “Katy နဲ့ပဲရေးချင်တာ”
အဲ့စာလေးတွေအတွက် တခြားမှာနေနေခဲ့ရတဲ့ 3 နှစ်လုံးသတိရနေရတာ ပြန်လာလို့ရမဲ့ way မျိုးစုံလဲရှာတယ်
ရတာနဲ့ ပြန်လာတာ…

Tattoo ရေးတဲ့သူတွေမှာ apprenticeship (တနည်းအားဖြင့်ဆို လက်စမ်းနေဆဲ လက်ရာတက်ဖို့လေ့ကျင့်နေဆဲ skill ဖြည့်နေရဆဲ ) Experienced Artist , Qualified artist ဆိုပီးရှိပါတယ်

Tattoo မရေးခင်ကိုယ် affordable ဖြစ်တဲ့ စျေးနဲ့ အဆဖြစ်တဲ့ စျေးနဲ့ အဆင်ပြေမဲ့ tattoo ရေးသူထဲကရှာပါ
ကိုယ်တတ်နိုင်တဲ့ပညာခသည် 10 တန်ဆို 10 နဲ့ရေးရလဲဖြစ်တဲ့ လေ့ကျင့်နေဆဲ apprenticeship သမားတွေကိုရှာပါ
လိုချင်တော့ကျ Victoria Lee ရဲ့ tattoo လက်ရာ
စျေးကကျ သိန်းဂဏန်းအောက်ပဲပေးချင်တာ ဆိုပီး
Experienced Artist , Qualified artist တွေကိုခေါင်းသွားမစားကြပါနဲ့

Tattoo artist တွေက ပုံတပုံလှဖို့ အမြင်နဲ့တင်မဟုတ်ပဲ ရေးထားသမျှအပ်ချက်တိုင်းဆေးညီဖို့၊
-အနာမဖြစ်ဖို့
-ဆေးမကျွံဖို့
-ဆေးကျန်လှဖို့
-ပိုးမဝင်ဖို့
-ပုံမပျက်ဖို့
-Skin မပျက်စီးဖို့
-ပုံထွက်လှဖို့ ညီညာဖို့

အဲ့တာတွေအားလုံး အဆင်ပြေတဲ့အထိရေးနိုင်ဖို့အများကြီးကျင့်ရတယ်😁 လပြတ်သင်တန်းသွားတက်တိုင်း
Tattoo အသားပေါ်ထင်အောင်တော့ ရေးတတ်လာမယ်
ခုနပြောတဲ့အချက်တွေအထိ Skin သဘောတရား
Skin problems တွေအားလုံးကို handle လုပ်ပီး All perfect ဖြစ်နေဖို့ သင်တန်းဆင်းတိုင်းမရေးနိုင်ဘူး
အဲ့တာမှာ Experienced artist နဲ့ကွာခြားတာ

-Experienced artist က ဒီ ပြသနာ ဒီလိုဖြစ်တာ
ဘယ်လိုရေးရမယ် ဘယ်လိုကိုင်တွယ်ရမယ်ကောင်းကောင်းသိတယ် အလွဲမှားနည်းမယ်
တခုခုလွဲမှားမှုဖြစ်လဲ တာဝန်ယူပီးဘယ်လိုကိုင်တွယ်ပေးရမလဲသိတယ် ထိပ်တန်း artist ကြီးတွေကိုမမှီနိုင်ရင်တောင်စိတ်မဆင်းရဲစေရဘူး hygiene နဲ့ပတ်သက်လို့လဲအားလုံးနားလည်တယ်

-Apprenticeship သမားကတော့
တကျပ်ရလဲရေးပါ့မယ် တပြားမှမပေးလဲ skin ရဖို့အရေးကြီးလို့ရေးပါ့မယ် လုပ်ရတယ် skin လိုချင်တာကိုး😌ဒီလိုနဲ့မှာကျ
လွဲမှားသွားရင်တော့ ကံကောင်းရင်
“တောင်းပန်ပါတယ်အမ” ပြောလိမ့်မယ်😂
အဆင်ပြေသွားတဲ့သူတွေလဲရှိပါတယ် junior လေးတွေကိုစိတ်ဓာတ်ကျအောင်ပြောတာမဟုတ်ပါဘူး (ကိုယ်တွေလဲ ဒီလိုဘဝကလာခဲ့ရတာပါ)

-Qualified artist ဆိုတာကတော့
tattoo project အနေနဲ့ ကိုယ်ပိုင်ဟန်တွေရေးမယ်
ငွေပေးတိုင်းလဲမရေးဘူး ကိုယ်ကြိုက်တာမဟုတ်ရင်အချိန်ကုန်ခံမရေးဘူး booking ယူဖို့လဲ လချီနှစ်ချီစောင့်ရတယ် သူကြိုက်တဲ့ ပညာကြေးခေါ်မယ်
သူ့လက်ရာသည်လဲ တသက်လုံးအထိလှပနေပါလိမ့်မယ်
သူတို့ဖန်တီးတဲ့ project အတွက်လနဲ့ချီအချိန်ယူရတယ်
copy right ဆိုတာတွေအထိကျယ်ပြန့်တယ် သူများနိုင်ငံတွေမှာ artist တွေအတွက်အဲ့လို law တွေနဲ့ cover လုပ်ထားတယ်
မရေးနိုင်ရင် ခေါင်းသွားမစားပါနဲ့

ရေးခံရသူဘက်က ဒီနားလေးမှာဒီလိုလေးပဲ
လို့ပြောတာတော့လွယ်ပါတယ်
လွယ်သပဆို စက်ဝိုင်းလေးကိုဘောပင်နဲ့ပဲဝိုင်းနေအောင်ရေးကြည့်ပါ သို့မဟုတ် မျဉ်းဖြောင့်တကြောင်းကိုပေတံမပါပဲ curve ဖြစ်နေတဲ့skin မှာဆွဲကြည့်ပါနော်

Apprenticeship ကနေ experienced artist ဖြစ်ဖို့
အချိန် 12 months - 3 years အထိလိုပါတယ်
ဒီနားမှာဒါလေးပဲဆိုတာကို လှပအောင်ရေးဖို့
ခနလေးပဲဟာကို ဆိုတာကို လှပအောင်ရေးဖို့
သူတို့ 3 နှစ်နီးပါး ရင်းထားရပါတယ်
Qualified artist ကြိုက်တဲ့ပုံလာ ကြိုက်တဲ့အထာလာ
အကုန်ရေးနိုင်ပီးသားပဲ ဆိုတာဖြစ်ဖို့ 3-5 years at least အချိန်ရင်းရတယ်

ဒါကိုယ့်တဦးတယောက်ထဲအတွက်ပြောတာမဟုတ်ပဲ
တခြားသော junior artist လေးတွေအထိပါ
ကြိုးစားသလောက်အရာထင်မလာတဲ့ career လို့စိတ်ဓာတ်မကျစေချင်တာ
ကိုယ့် guest tour တွေလုပ်တဲ့အခါ
artist ကြေးသည် သိန်းဂဏန်းအောက်ဆင်းတာမရှိပါဘူး ၁ စက်ပဲရေးရေး ၁ မှုန်ပဲရေးရေး ဟုတ်ပါတယ်
မြန်မာမှာတော့ အခြေအနေအရ ယူပေးတဲ့စျေးဆိုတာ
ဟာသလောက်ပဲရှိတယ်
တချို့ client တွေကိုဆို
ယူကိုမယူချင်တာ mood က ပျော်နေရတာ
အဲ့တော့ ရေးရတဲ့ပုံကလဲစေတနာပိုလို့ လှနေရော
သူတို့ပြန်သွားတဲ့ထိ စိတ်ပျော်နေရရော
… chemistry မိလွန်းလို့ ပင်ပန်းတာလဲမသိသာ
တချို့ကိုဆို Artist ကြေးကို ရက်ကူးသွားတဲ့အထိမတောင်းမိဘူး
အဲ့လိုလူတွေကိုဆို ငွေမရလဲဖြစ်တယ်
ကိုယ်နေဖို့ထိုင်ဖို့ စားသောက်ဖို့ transportation ကအစ အလျှံအပယ်စီစဉ်ပေးတာတောင် artist ကြေးမှာ လျှော့ယူမယ်ဆို အဆူခံရသေးတဲ့အပြင် ပေးတဲ့အခါ tips ပါ တလေးတစားပေးတာ
ဒီနေ့ထိလဲ Artist industry မှာ humble ဖြစ်အောင်အမြဲနေထိုင်ပါတယ်
ဘယ်တုန်းကမှလဲ ဒီလောကထဲစရောက်ထဲက

“client ခေါ်လာပေးဦးနော်
ငါ့ကိုကြော်ငြာပေးပါဦးနော် “ မလုပ်ခဲ့ဖူးဘူး
သူငယ်ချင်းမိတ်ဆွေတွေကိုဆိုလဲ
“ငါ့ကို အဲ့လို promote မလုပ်ပေးနဲ့ မမိတ်ဆက်နဲ့
နင်တို့သူငယ်ချင်းမို့ရောက်လာတာဆိုတာမလိူချင်ဘူး
ငါ့ art work ကြောင့်ရောက်လာတာပဲလိုချင်တယ်
ငါရေးတာလှရင် အဆင်ပြေရင် ဒါဘယ်သူရေးပေးတာလဲဆိုတာက promote လုပ်စရာမလိုတဲ့ဂုဏ်
(လက်ဦးဆရာမကသင်ပေးခဲ့တာလေးပါ)
ဘယ်နေရာသွားသွားမကြော်ငြာရပဲ ကြိုက်တဲ့သူကရေးလိမ့်မယ် ဒါမှလဲ
ကိုယ်နဲ့အဆင်ပြေတဲ့ client ကြုံရမှာကိုး Respect အပြည့်ရှိမှာလေ အဆင်မပြေလို့မရေးလဲစိတ်မဆိုးဘူး” လို့ သူငယ်ချင်းတွေကိုအမြဲမှာတယ်
အကြောက်ဆုံးကလဲအဲ့တာပဲ
မလုပ်ချင်ဆုံးကတော့

“ဘယ်သူ့သူငယ်ချင်းဆိုတဲ့နာမည်
သုံးပီး ခေါင်းစားခွင့် privilege ရထားသလို စားတော့တာ ပီးရင် အဲ့”ဘယ်သူ့သူငယ်ချင်း”ဆိုတာထပ်သုံးပီးပဲ
၁၀၀ တန်ကို ၁ ကျပ်စစ်တာ မိတ်ပျက် 🥹
ကြောက်ပါတယ် ဘယ်သူ့သူငယ်ချင်းတို့ရယ် 🤣
😂 နောက်တမျိုးအဆိုးဆုံးကတော့

“ ငါတို့ကပိုက်ဆံပေးခိုင်းတာ ငါတို့လိုချင်တဲ့အချိန်အတိုင်းပေး
ငါတို့လာချင်တဲ့အချိန်ရေးပေး” စကားပြောရင် mutual respect ရော reciprocity ရောမရှိဘူး

အဲ့လိုတွေဆိုရင်လဲမရေးဘူး🫸🏻

ကိုယ်က mood နဲ့အလုပ်လုပ်တဲ့ artist ပါ
တမိသားစုလုံးကိုထမင်းကျွေးဖို့ဒီအလုပ်လုပ်တဲ့သူမဟုတ်ဘူး ပျော်လို့ဝါသနာကြီးလို့ဒီလောကထဲရောက်လာတာ
အာရုံမလာတော့ရင်ဘယ်လောက်ရရဆက်ကိုမလုပ်ချင်တော့တာ
မြန်မာပြည်မှာ လူမွဲနေကြတာမဟုတ်ပဲ စိတ်ဓာတ်မွဲနေကြတာဖြစ်
ကပ်သက်ပီးသူများအချိန်ကို waste ပီးတန်ရာတန်ကြေးမပေးချင်လို့ ပိုချမ်းသာသွားတာမရှိပါဘူး
ဒါမဲ့
နောက်လဲမလာနဲ့ လာလဲမနောက်နဲ့
ဘယ် artist ကိုမှလဲမလုပ်နဲ့

Mingalaparr, Yangon 🇲🇲 It feels so good to be back in the city. To everyone who’s been waiting 💁🏻‍♀️my bookings for the ...
06/05/2026

Mingalaparr, Yangon 🇲🇲
It feels so good to be back in the city.
To everyone who’s been waiting 💁🏻‍♀️
my bookings for the third week of May are now OPEN ✨🧏🏻‍♀️

18 ရက်နေ့ကစပီး new appointments တွေပြန်လက်ခံပါမယ်🤍
အလည်ပဲပြန်လာတာမလို့ limited slots only ပါ🙌🏻

Tik tok : https://www.tiktok.com/?_r=1&_t=ZS-967pU4VzQwO

Lettering Artworks Done in 📍Bangkok 🇹🇭 🇹🇭 Bangkok schedule 🗓️ Availability: NOW - 28APRIL 2026🇲🇲 Yangon schedule 🗓️Avail...
23/04/2026

Lettering Artworks

Done in 📍Bangkok 🇹🇭

🇹🇭 Bangkok schedule 🗓️
Availability: NOW - 28APRIL 2026

🇲🇲 Yangon schedule 🗓️
Availability: MAY 2026

•ART BY KATY•

BANGKOK မှာ ဒီလအတွက် Booking 4 ရက်လောက်ပဲရတော့မယ်နော် 🫶🏻🕰️🛎️
20/04/2026

BANGKOK မှာ ဒီလအတွက် Booking 4 ရက်လောက်ပဲရတော့မယ်နော် 🫶🏻🕰️🛎️

🇲🇲Yangon GUEST Tour : ☁️WEEK 2 IS OPEN! 🗓️If you’ve been waiting to get tattooed by me while I’m in town, “””THIS IS YOU...
20/04/2026

🇲🇲Yangon GUEST Tour : ☁️WEEK 2 IS OPEN! 🗓️

If you’ve been waiting to get tattooed by me while I’m in town, “””THIS IS YOUR SIGNNN🪧🕰️”””

Week 1 sold out faster than I expected 🫶🏻
I am now opening up my final dates for the second week of my guest work here in Myanmar 🇲🇲
Don't miss out on my only homecoming dates for this year ✈️

📥 DM to secure your session 📲

Yangon ဒုတိယ week အတွက် booking စဖွင့်ပါပီ🤍
Slots တွေက ယူကြတာမြန်လို့ first come,first servedပါ💁🏻‍♀️

SEE YOU 🔜

FAV BLACKWORKS 📍Bangkok 🇹🇭 🇹🇭 Bangkok schedule 🗓️ Availability: NOW - 28APRIL 2026🇲🇲 Yangon schedule 🗓️Availability: MAY...
18/04/2026

FAV BLACKWORKS 📍Bangkok 🇹🇭

🇹🇭 Bangkok schedule 🗓️
Availability: NOW - 28APRIL 2026

🇲🇲 Yangon schedule 🗓️
Availability: MAY 2026

•ART BY KATY•

10/04/2026

“THE ROOFTOP TATTOO SESSION”

I’ve always wanted to create something special here before the next travel chapter begins.
Huge thanks to my friends for being part of this project and making it happen on such a beautiful evening🌆🤍

⋆˚✿˖° Art By Katy ⋆˚✿˖°

Katy is back in Bangkok , thailand 🇹🇭 .April bookings are opening 🗓️🛎️Sigilism style done by Katy 🖊️🔖 Pre book only 📋   ...
06/04/2026

Katy is back in Bangkok , thailand 🇹🇭 .
April bookings are opening 🗓️🛎️

Sigilism style done by Katy 🖊️

🔖 Pre book only 📋

I’m in Vietnam 🇻🇳 Ho Chi Minh city for a quick visit and have a couple of days available to tattoo  . I’ll be guesting a...
31/03/2026

I’m in Vietnam 🇻🇳 Ho Chi Minh city for a quick visit and have a couple of days available to tattoo .
I’ll be guesting at a local studio in HCMC with a few open spots for minimal and fine-line work only✍️.

Aries client မှန်းသိရင် ပို chemistry မိပီ 😆🤭🤭Really had the great time while doing this tattoo for her 😻💖 မနက်ဖြန်ဆိုရင...
20/03/2026

Aries client မှန်းသိရင် ပို chemistry မိပီ 😆🤭🤭
Really had the great time while doing this tattoo for her 😻💖

မနက်ဖြန်ဆိုရင် ချစ်ဖို့အကောင်းဆုံး sign Aries ♈️ လေးတွေ
ရာသီရောက်ရှိလို့လာပီဖြစ်ပါတယ် 😁🧏🏻‍♀️
ဒို့ Aries လေးတွေ Aries season စတဲ့ရက်ကနေ
အစစ အရာရာ ကံကောင်းပျော်ရွှင်အဆင်ပြေပါစေ 🤍🧸🪄

မနက်ဖြန် မွေးနေ့မို့ page reply လေးတွေ သဘက်ခါမှပြန်ပေးပါမယ်နော် 😻🫶🏻

♈️

Address

Yangon

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 16:00
Sunday 10:00 - 16:00

Telephone

+959968665059

Website

Alerts

Be the first to know and let us send you an email when Art By Katy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share