ရွှေရောင်လင်း

ရွှေရောင်လင်း နွေနေပူ၊ မိုးလေသည်း၊ ဆောင်းချမ်းအေးလည်း၊ သင့်ကျန်းမာရေးအတွက်၊ အမြဲအသင့် ရှိနေမှာ၊ ရွှေရောင်လင်းပါ။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့…📌ယနေ့ကျရောက်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ရွှေရောင်လင်း မိသားစုမှ လှိုက်လှဲစွာ ဂ...
12/02/2026

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့…

📌ယနေ့ကျရောက်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို
ရွှေရောင်လင်း မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်…

#ရွှေရောင်လင်း � #2026

🎄 Merry Christmas from SYL Home Health Service! ✨ခရစ္စမတ်ရဲ့ ထူးမြတ်တဲ့နေ့လေးမှာ လူကြီးမင်းတို့ရဲ့ အိမ်ဂေဟာတိုင်းမှာ ပျေ...
25/12/2025

🎄 Merry Christmas from SYL Home Health Service! ✨

ခရစ္စမတ်ရဲ့ ထူးမြတ်တဲ့နေ့လေးမှာ လူကြီးမင်းတို့ရဲ့ အိမ်ဂေဟာတိုင်းမှာ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ အဓိကအကျဆုံးဖြစ်တဲ့ 'ကျန်းမာခြင်း' ဆုလာဘ်များ ပြည့်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ 🌟

ချစ်ရသူတွေနဲ့အတူ နွေးထွေးတဲ့ ခရစ္စမတ်ညလေးကို ဖြတ်သန်းနိုင်ကြပါစေရှင့်။ 🎅🎁"

#ကျန်းမာခြင်းသည်လာဘ်တစ်ပါး

🎊ကညီနံဉ်ထီဉ်သီ🎊ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ပြာသိုလဆန်း ၁ရက်နေ့ တွင်ကျရောက်သောကရင်အမျိုးသားတို့၏ နှစ်သစ်ကူးအခါသမယမှာ ကရင်တိ...
19/12/2025

🎊ကညီနံဉ်ထီဉ်သီ🎊

ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ပြာသိုလဆန်း ၁ရက်နေ့ တွင်ကျရောက်သော
ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးအခါသမယမှာ ကရင်တိုင်းရင်းသားများနှင့်အတူ သွေးချင်းညီကို မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ပျော်ရွှင်ဖွယ်ရာ
❝ ကရင်နှစ်သစ်ကူးနေ့လေး ❞ ပိုင်ဆိုင်နိုင်ပါစေလို့ ရွှေရောင်လင်းမိသားစုမှ ဆုမွန်ကောင်း ပို့သအပ်ပါတယ်ရှင့် ......

🇲🇲 အမျိုးသားနေ့ တို့မမေ့🇲🇲 (𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 )မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့  2025 ...
14/11/2025

🇲🇲 အမျိုးသားနေ့ တို့မမေ့🇲🇲
(𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 )

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့
2025 ခုနှစ် November လ 14 ရက်နေ့ တွင်
ကျရောက်သော (၁၀၅)ကြိမ်မြောက် *အမျိုးသားအောင်ပွဲနေ့*
အား ဂုဏ်ပြုကြိုဆိုရင်း...

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

#အမျိုးသားနေ့

ယနေ့ 4.11.2025 တွင်ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တွင် မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်၏ချမ်းသ...
04/11/2025

ယနေ့ 4.11.2025 တွင်ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တွင် မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ရွှေရောင်လင်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 🙏🏻🙏🏻🙏🏻

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဆိုတာဘာလဲ ❓ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဆိုတာ ယခင်က ဆီးချိုရောဂါ မရှိခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးမှာ ...
27/08/2025

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဆိုတာဘာလဲ ❓

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဆိုတာ ယခင်က ဆီးချိုရောဂါ မရှိခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးမှာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း စတင်တွေ့ရှိရတဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်မှု ဖြစ်စဉ်ကို ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်ရှိလာတဲ့ ဟော်မုန်းအချို့ (estrogen, cortisol, human placental lactogen) တွေဟာ အင်ဆူလင်ရဲ့ သွေးတွင်းသကြားဓာတ်ထိန်းညှိမှုကို ဟန့်တားတာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်လာပါတယ်။

ဖြစ်နိုင်ခြေမြင့်စေတဲ့ အချက်များကတော့
- မိသားစုထဲမှာ ဆီးချိုရောဂါရှိသူရှိခြင်း။
- အသက် ၂၅ နှစ်နှင့်အထက် (အထူးသဖြင့် ၃၅ နှစ်ကျော်) ကိုယ်ဝန်ဆောင်ခြင်း။
- ကိုယ်ဝန်မဆောင်မီက BMI က 30အထက်ရှိခြင်း သို့မဟုတ် အဝလွန်ခြင်း။

တွေ့ရများတဲ့ ကိုယ်ဝန်ဆောင် ဆီးချို လက္ခဏာ‌တွေကတော့...
ပုံမှန်ထက် ပိုမိုဆာလောင်ခြင်း၊ အစားတွေ ယခင်ကထက် ပိုစားလာခြင်း၊ ရေငတ်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ ပုံမှန်ထက် ဆီးပိုသွားခြင်း၊ မအီမသာဖြစ်ခြင်း ၊မျက်လုံးတွေ ဝေဝါးခြင်း၊
ခန္ဓာကိုယ်ယားယံခြင်း၊ ခြေကုန်လက်ပမ်းကျခြင်းတို့ပဲဖြစ်ပါတယ်။

မိခင်နှင့်ကလေးမှာခံစားရသောဆိုးကျိုးများ‌ကတော့
-ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre-eclampsia)
-ကလေးအလွန်အမင်းကြီးထွားခြင်း (Macrosomia) ကြောင့် မွေးဖွားရ ခက်ခဲစေပြီး ကိရိယာအကူအညီ (လေစုပ်၊ ညှပ်ဆွဲ) ဖြင့်မွေးရခြင်းကြောင့် ထိခိုက်ဒဏ်ရာရနိုင်ခြေများစေခြင်း
-ကလေးတွင် မွေးရာပါ ချို့ယွင်းချက်များ ပါလာနိုင်ခြင်း
-လမစေ့ပဲမွေးဖွားလာသောကလေးများတွင်အသက်ရှူလမ်းကြောင်းဆိုင်ရာခံစားရခြင်း
-ကလေးတွင်သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို
-ကိုယ်ဝန်ဆောင် ၂၄ – ၂၈ ပတ် အတွင်း *Oral Glucose Tolerance Test (OGTT) စစ်ဆေးခြင်း ။
- အစာမစားမီနှင့် အစာစားပြီး သွေးတွင်းသကြားဓာတ်ကို စစ်ဆေးခြင်း။
- ဆီးထဲတွင် သကြားဓာတ်ရှိမရှိ စစ်ဆေးခြင်းဖြင့်သိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရှိသူများအတွက် သွေးတွင်းသကြားဓာတ် ပုံမှန်အဆင့်မှာ
- အစာမစားမီ < 95 mg/dL
- အစာစားပြီး ၁ နာရီအကြာ < 140 mg/dL
- အစာစားပြီး ၂ နာရီအကြာ < 120 mg/dL ရှိရပါမယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို အောက်ပါနည်းလမ်းတွေနဲ့ ထိန်းချုပ်ကုသနိုင်ပါတယ်

- အစားအသောက်ထိန်းခြင်း
- သကြားဓာတ်နည်းပြီး အမျှင်ဓာတ်များတဲ့ အစားအစာများစားသုံး‌ခြင်း
- အသီးအရွက်၊ သစ်သီး၊ ဂျုံ၊ ပဲအမျိုးမျိုး စားသုံးခြင်း
- ကိုယ်အလေးချိန်ထိန်းခြင်း
- ပုံမှန်လမ်းလျှောက်ခြင်း၊ ရေကူးခြင်းကဲ့သို့သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
- သွေးတွင်းသကြားဓာတ် မကြာခဏစစ်ဆေးခြင်း
- အစားအသောက်နှင့် လေ့ကျင့်ခန်းတွေနဲ့ မထိန်းနိုင်ရင် အင်ဆူလင်(insulin)ထိုးခြင်း သို့မဟုတ် ဆေးသောက်ခြင်း။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဆိုတာ ကိုယ်ဝန်ဆောင်ကာလအတွင်းသတိထားရမည့်အရေးကြီးရောဂါတစ်ခုဖြစ်ပြီး၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း အစားအသောက်၊ အလေ့အကျင့်၊ သွေးတွင်းသကြားထိန်းချုပ်မှုမှန်မှန်လုပ်နိုင်ပါက မိခင်နဲ့ ကလေး နှစ်ဦးစလုံး အန္တရာယ်နည်းစေမှာပဲဖြစ်ပါတယ်။

#ကိုယ်၀န်ဆောင်ဆီးချို
#ရွှေရောင်လင်း
#ကျန်းမာရေးဗဟုသုတ

Malaria (ငှက်ဖျား) ဆိုတာက ခြင်မှတဆင့်ကူးစက်တတ်ပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး ကူးစက်ရောဂါများထဲမှ တစ်ခုပဲဖြစ်ပါတယ်။Plasmodiu...
21/08/2025

Malaria (ငှက်ဖျား) ဆိုတာက ခြင်မှတဆင့်ကူးစက်တတ်ပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး ကူးစက်ရောဂါများထဲမှ တစ်ခုပဲဖြစ်ပါတယ်။
Plasmodium လို့ခေါ်တဲ့ကပ်ပါးပိုးကြောင့်ဖြစ်ပြီး အနောဖလီးစ် (Anopheles) ခြင်မများကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်သောရောဂါပဲဖြစ်ပါတယ်။
ရောဂါပိုးသယ်ဆောင်ထားသော ခြင်ကိုက်ခံရခြင်းက‌နေ သွေးကြောထဲသို့ပိုးဝင်ရောက်ကာ အသည်းနှင့် သွေးနီဥဆဲလ်များမှတစ်ဆင့်အခြား‌သောအစိတ်အပိုင်းတွေဆီကို ကူးစက်ပြန့်နှံ့ကာ ပြင်းထန်သောငှက်ဖျားရောဂါကို ခံစားရခြင်းဖြစ်ပါတယ်

ရောဂါလက္ခဏာတွေကို သာမာန်ငှက်ဖျားနဲ့ ပြင်းထန်ငှက်ဖျားဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။

သာမန်ငှက်ဖျား (Uncomplicated Malaria) ရဲ့လက္ခဏာတွေကတော့ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်များခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ကလေးငယ်များတွင် တက်ခြင်း တို့ဖြစ်ပြီး
ပြင်းထန်ငှက်ဖျား (Severe Malaria) ရဲ့လက္ခဏာတွေကတော့ သတိလစ်ခြင်း၊ အသက်ရှုကြပ်ခြင်း၊သွေးအားနည်းခြင်း၊ အသည်းနှင့်ကျောက်ကပ်ပျက်စီးခြင်း၊ အသိဥာဏ်ချို့ယွင်းခြင်း၊ ကိုမာဝင်ခြင်းနဲ့နောက်ဆုံးအသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။

ငှက်ဖျားရောဂါကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးဟူ၍မရှိသေးတဲ့အတွက် ခြင်ကိုက်မခံရအောင်နေခြင်းကသာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
-ခြင်ကိုက် မခံရအောင် ခြင်ထောင်နဲ့အိပ်ခြင်း
-ခြင်ကိုက် မခံရအောင် အင်္ကျီလက်ရှည် ဘောင်းဘီရှည်တွေ ဝတ်ဆင်ခြင်း
-ခြင်ဆေးလူးခြင်း
-အိမ်အနားတွင်ရှိသောရေမြောင်းများအား ရေစီးရေလာကောင်းအောင်ဆောင်ရွက်ခြင်း တို့ဖြင့်လဲကာကွယ်နိုင်ပါတယ်။

မိမိတွင်ငှက်ဖျားရောဂါခံစားနေရပြီဟုသံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းတို့တွင် ငှက်ဖျားရောဂါစစ်ဆေးပြီး ဆေးကုသမှုအမြန်ဆုံးခံယူသင့်ပါတယ်။

#ငှက်ဖျားရောဂါ

*သွေးလွန်တုပ်ကွေးရောဂါ *သွေးလွန်းတုပ်ကွေး ရောဂါဟာ " Aedes aegypti " ဆိုတဲ့ခြင်ကိုက်ခံရတာမှတဆင့် ကူးဆက်တတ်တဲ့ရောဂါအမျိုးစ...
13/08/2025

*သွေးလွန်တုပ်ကွေးရောဂါ *
သွေးလွန်းတုပ်ကွေး ရောဂါဟာ " Aedes aegypti " ဆိုတဲ့ခြင်ကိုက်ခံရတာမှတဆင့် ကူးဆက်တတ်တဲ့ရောဂါအမျိုးစားဖြစ်ပြီး ရောဂါရှိသူရဲ့အနားမှာနေရုံနဲ့တော့ မကူးစက်နိုင်ပါ။

သွေးလွန်တုပ်ကွေးရောဂါရဲ့ အတွေ့များသောရောဂါလက္ခဏာတွေကတော့ အဖျားကြီးခြင်း၊‌ အော့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်တ၀ိုက်အနီစက်များထွက်ခြင်း၊ ကြွက်သားအဆစ်မြစ်များနာကျင်ခြင်း စသည့်ရောဂါလက္ခဏာများကိုခံစားရနိုင်ပါတယ်။

ဤရောဂါအတွက် သီးသန့်ကုသဆေးမရှိသေးပါဘူး။ ရောဂါလက္ခဏာများကို သက်သာစေရန် ပါရာစီတမောသောက်ခြင်း၊အတတ်နိုင်ဆုံးအနားများများယူခြင်း၊ ရေဓာတ်ဖြည့်တင်းစေဖို့ ရေများများသောက်ခြင်း၊ဆေးရုံတက်ကုသခြင်းများပြုလုပ်နိုင်ပါတယ်။ ရောဂါပြင်းထန်လာရင်တော့ ဆရာ၀န်နဲ့အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါမဖြစ်ဖို့ အကောင်းဆုံးကာကွယ်ရေးကတော့ခြင်ကိုက်မခံရအောင်နေထိုင်ခြင်းပဲဖြစ်ပါတယ်။
ခြင်ကိုက်မခံရန် ခြင်ဆေးလိမ်းခြင်း၊ အင်္ကျီလက်ရှည်ဝတ်ခြင်း၊ ခြင်ဆေးခွေထွန်းခြင်း၊အိမ်တွင် ရေအိုးများကို လုံအောင်ဖုံးခြင်း၊ခြင်ပေါက်ဖွားနိုင်တဲ့နေရာများကိုရှင်းလင်းခြင်းစသည့်တို့ကိုပြုလုပ်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါက တစ်ကြိမ်ထက် ပိုဖြစ်နိုင်ပြီး နောက်တစ်ကြိမ်တွင် ပိုမိုပြင်းထန်နိုင်ပါတယ်။
အသက် ၁၅ နှစ်အောက် ကလေးများ၊မွေးကင်းစကလေးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများက ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်‌ချေ ပိုများသောကြောင့် အထူးဂရုစိုက်ရန်လိုအပ်ပါသည်။

#သွေးလွန်တုပ်ကွေး

လူကြီးမင်းက Ultrasound (USG) ရိုက်ဖို့လိုအပ်နေပေမယ့် မိုးတွင်းရဲ့စိုစွတ်မှုတွေကြောင့် အပြင်မထွက်ချင်ဘူး🙍🏻Ultrasound ရိုက...
01/08/2025

လူကြီးမင်းက Ultrasound (USG) ရိုက်ဖို့လိုအပ်နေပေမယ့် မိုးတွင်းရဲ့စိုစွတ်မှုတွေကြောင့် အပြင်မထွက်ချင်ဘူး🙍🏻Ultrasound ရိုက်ဖို့အတွက် ဆေးရုံဆေးခန်းတွေမှာလဲ အကြာကြီးမစောင့်ချင်ဘူး ဆိုရင်တော့ ရွှေရောင်လင်းကိုခုပဲဆက်သွယ်လိုက်ပါ ☎️

Ultrasound ရိုက်ခြင်းဖြင့်...

✅အသည်း၊ ကျောက်ကပ်၊ သည်းခြေအိတ်၊ ပန်ကရိယ နှင့် သားအိမ် အစရှိတဲ့ကိုယ်တွင်းကလီစာများနဲ့ပက်သက်သောရောဂါများအားစစ်ဆေးနိုင်ခြင်း

✅အမျိုးသမီးများအနေနဲ့ ကိုယ်၀န်ရှ်ိမရှိသိနိုင်ခြင်း

✅ကိုယ်၀န်ဆောင်မိခင်များ မိမိသန္ဓေသားဖွံ့ဖြိုးမှု၊ အနေအထား၊ ရေမွှာရည်ပမာဏ၊ နှလုံးခုန်နှုန်းနဲ့ သားသား/မီးမီး ခွဲခြားသိရှိနိုင်ခြင်း

✅ကိုယ်၀န်ဆောင်မိခင်များ မိမိသန္ဓေသားမွေးဖွားမည့်ရက်ကိုခန့်မှန်းသိရှိနိုင်ခြင်းစသည်တို့ကို အချိန်တိုအတွင်းစစ်ဆေးနိုင်မှာပါ

🧑‍⚕️ဓာတ်မှန်ဆိုင်ရာဆရာ၀န်(Radiologist) ကိုယ်တိုင် အမေရိကန်နိုင်ငံထုတ် GE စက်ဖြင့်ရိုက်ကူးပေးမှာဖြစ်တဲ့အတွက် မှုန်ဝါးခြင်းမရှိပဲ တိကျမှန်ကန်တဲ့အဖြေရရှိမှာဖြစ်ပါတယ်💯👍

📌 Ultrasound ရိုက်ကူးခြင်းကို ရွှေရောင်လင်းဆေးခန်းတွင်လဲ နေ့စဉ်၀န်ဆောင်မှုရယူနိုင်ပါသည်။

#‌USG



#ရွှေရောင်လင်း

#အိမ်အရောက်၀န်ဆောင်မှု

Syphilis (ခေါ်) ကာလသားရောဂါဆိုတာ Treponema Pallidum လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပေါ်လာတာပါ။ အဓိကအားဖြင့် လိင်ဆ...
28/07/2025

Syphilis (ခေါ်) ကာလသားရောဂါဆိုတာ Treponema Pallidum လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပေါ်လာတာပါ။ အဓိကအားဖြင့် လိင်ဆက်ဆံရာမှတဆင့်ကူးစက်ပါတယ်။ ကာလသားရောဂါဆိုတာပျောက်ကင်းနိုင်တဲ့ရောဂါမျိုးဖြစ်ပြီး သေချာဆေးကုသမှုမခံယူရင်တော့ နောက်ဆက်တွဲပြဿနာတွေပြင်းထန်နိုင်ပါတယ်။
ကာလသားရောဂါက ရောဂါဖြစ်စဉ်အဆင့်ဆင့်ရှိပါတယ်။ ပထမအဆင့် (Primary)၊ ဒုတိယအဆင့် (Secondary)၊ ရောဂါခတ္တငုပ်သောအဆင့် (Latent) နဲ့ တတိယအဆင့် (Tertiary) တို့ပဲဖြစ်ပါတယ်။

ပထမအဆင့်မှာတော့ ရောဂါပိုးကူးတဲ့နေရာမှာ အနာဖြစ်တတ်ပါတယ်။ တစ်ခုထဲဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- အမျိုးသားအင်္ဂါ(pen*s)၊ အမျိုးသမီး အင်္ဂါ(vagina)၊ စအို (anus)၊ နှုတ်ခမ်း (lips)နဲ့ ပါးစပ် (mouth) စတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။
အနာပုံစံက အများအားဖြင့် နည်းနည်းမာပြီး ခပ်ဝိုင်းဝိုင်းပုံစံမျိုးနဲ့ နာကျင်မှုမရှိတတ်ပါဘူး။ အဲဒီအနာတွေက ဆေးကုသည်ဖြစ်စေ မကုသည်ဖြစ်စေ ‌၃ပတ် မှ ၆ ပတ်အတွင်းအနာကျက်တတ်ပါတယ်။ အနာပျောက်သွားရင်တောင် ကုသမှု ဆက်လက်ခံယူရမှာပါ။အဲလိုကုသမှသာ ဒုတိယအဆင့်ကို ဆက်မကူးမှာဖြစ်ပါတယ်။

ဒုတိယအဆင့် ရောက်ရင်တော့ အရေပြားမှာ အနီကွက်တွေ၊ ပါးစပ်၊ မိန်းမကိုယ်နဲ့ စအိုမှာ အနာတွေ ဖြစ်တတ်ပါတယ်။အထူးသဖြင့် အနီကွက်၊ အနီပြင်တွေ ခန္ဓာကိုယ်မှာ ပေါ်လာတာပါ။အဲဒီ အနီပြင်တွေကခြေဖဝါး၊ လက်ဖဝါးမှာ ပေါ်တတ်ပြီး allergic ကြောင့်ဖြစ်တဲ့အနီပြင်တွေလို မယားပါဘူး။ တစ်ခါတလေ ခပ်မှိန်မှိန်ပဲမို့ သတိမထားမိဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအနီပြင်တွေပေါ်တာအပြင် အောက်ပါ လက္ခဏာတွေပါ ခံစားရတတ်ပါတယ်။
– ဖျားခြင်း
– အကျိတ်များထွက်ခြင်း
– လည်ချောင်းနာခြင်း
– အမွှေးကျွတ်ခြင်း
– ခေါင်းကိုက်တတ်ခြင်း
– ပိန်သွားခြင်း
– ကြွက်သားတွေနာကျင်ခြင်း
– ခန္ဓာကိုယ်နုံးခြင်း
ကုသမှုသေချာခံယူရင်တော့ ဒီလက္ခဏာတွေသက်သာပြီး ပျောက်ကင်းသွားနိုင်ပါတယ်။

ဒုတိယအဆင့်အပြီး တတိယအဆင့်မရောက်ခင်မှာပဲ ရောဂါခတ္တခဏငုပ်သွားတဲ့အဆင့်ရှိပါတယ်။ ရောဂါပျောက်သွားပြီအထင်နဲ့ ဆေးကုသမှုမခံယူရင်တော့ ကာလသားရောဂါပိုးဟာ နှစ်ပေါင်းများစွာ ခန္ဓာကိုယ်ထဲ ဆက်ရှိနေမှာပဲဖြစ်ပါတယ်။

ရောဂါကုသမှုခံယူထားရင် ကာလသားရောဂါလူနာအများစုက တတိယအဆင့်ကို မပြောင်းတတ်ပါဘူး။ ဒီအဆင့်မှာတော့ နှလုံး၊ သွေးကြော၊ ဦးနှောက်နဲ့ အာရုံကြော‌တွေပါ ထိခိုက်နိုင်ပါတယ်။
တတိယအဆင့်ကာလသားရောဂါက ပြင်းထန်ပါတယ်။ ကာလသားရောဂါကူးစက်ပြီး ၁၀နှစ်ကနေ အနှစ်၃၀ အတွင်း ဖြစ်တတ်ပြီး ကိုယ်အင်္ဂါတွေကိုပျက်စီးစေကာ အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။

မည်သည့်အဆင့်မှာမဆို ပြနိုင်တဲ့ ကာလသားရောဂါရဲ့အဖြစ်များတဲ့ လက္ခဏာတွေကဝောာ့

ဦးနှောက်နဲ့ အာရုံကြော‌ထိသောကာလသားရောဂါ (Neurosyphilis)
– ခေါင်းအရမ်းကိုက်
– ကြွက်သားအားနည်း၊ လှုပ်ရှားမှုအားနည်း
– အာရုံမစိုက်နိုင်၊ အာရုံထွေပြား၊ မှတ်ဉာဏ်တွေမကောင်းတို့ ဖြစ်နိုင်ပါတယ်။

မျက်စိထိသော ကာလသားရောဂါ (ocular syphilis)
– မျက်လုံးအောင့်၊ နီ
– အမြင်အာရုံ ပြောင်းသွား (သို့) မမြင်ရတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။

နားထိသော ကာလသားရောဂါ (otosyphilis)
– အကြားအာရုံပျောက်ဆုံးသွားမယ်
– နားထဲ အသံတေ ညံစီနေမယ် (tinnitus)
– မူးဝေမယ်၊ ချာချာလည်အောင်မူးမယ် စသဖြင့် ခံစားရနိုင်ပါတယ်။

ကာလသားရောဂါရှိတာ ဘယ်လိုသိနိုင်မလဲ?
အများစုကတော့ သွေးစစ်(VDRL, TPHA) ပြီး သိနိုင်ပါတယ်။ အချို့ကတော့ အနာက သားငန်ရည်ကိုယူပြီးစစ်ပြီးလဲသိနိုင်ပါတယ်

ကာလသားရောဂါဟာတစ်ခါဖြစ်ဖူးရုံနဲ့ နောက်ထပ်မဖြစ်အောင် ခုခံအား မပေါ်သလို၊ တစ်ခါအပျောက်ကုပြီးလည်း မဆင်ခြင်ရင် ထပ်ဖြစ်နိုင်ပါတယ်။ ရောဂါရှိမရှိကတော့ စစ်ဆေးမှ သေချာသိမှာပါ။ ရောဂါပျောက်ကင်းမှုရှိမရှိကလည်း ဆရာ၀န်ညွှန်ကြားထားတဲ့အတိုင်း ပြန်စစ်ဖို့ လိုပါတယ်။


#ကာလသားရောဂါအကြောင်း

အသည်းရောင် အသားဝါ ဘီပိုးဆိုတာ သွေး၊‌ ချွေး နဲ့ တခြားသော လူ့ခန္ဓာကိုယ်မှထွက်သောအရည်များမှတဆင့်ကူးစက်တာဖြစ်ပြီး ကူးစက်ဖို့...
22/07/2025

အသည်းရောင် အသားဝါ ဘီပိုးဆိုတာ သွေး၊‌ ချွေး နဲ့ တခြားသော လူ့ခန္ဓာကိုယ်မှထွက်သောအရည်များမှတဆင့်ကူးစက်တာဖြစ်ပြီး ကူးစက်ဖို့အလားအလာအလွန်များတဲ့ ရောဂါတစ်မျိုးပါ။ များသောအားဖြင့် ရောဂါလက္ခဏာမပြတတ်ပဲ ရောဂါကျွမ်းမှ (သို့မဟုတ်) အကြောင်းအမျိုးမျိုးကြောင့်သွေးစစ်ရာကမှပေါ်လာတတ်တာမျိုးပါ။
ဘီပိုးဆိုတာ အသည်းရောင်ရာမှတဆင့် အသည်းခြောက်ပြီး နောက်ဆုံးအသည်းကင်ဆာထိဖြစ်နိုင်ပါတယ်။
အသည်းရောင်အသားဝါဘီပိုးကို ယနေ့အချိန်ထိအမြစ်ပြတ်ကုသနိုင်တဲ့ဆေးမပေါ်သေးပဲ ရောဂါပိုးဆက်လက်ကြီးထွားမလာနိုင်အောင်သာထိန်းချုပ်နိုင်သေးတာကြောင့် ကြိုတင်၍ ကာကွယ်ဆေးထိုးနှံထားခြင်းသည်သာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဘီပိုးကာကွယ်ဆေးကိုမဖြစ်မနေထိုးထားသင့်သူများကတော့
• မိမိနှင့်အတူနေမိသားစုမှာ ဘီပိုးရောဂါခံစားနေရသူရှိနေတဲ့အခါ
• ကျန်းမာရေး၀န်ထမ်းများ
• ဘီပိုးရှိတဲ့မိခင်မှမွေးဖွားလာမယ့်ရင်သွေးလေးများနဲ့
• နိုင်ငံရပ်ခြားသို့သွားရောက်အလုပ်လုပ်ကိုင်မယ့်သူများပဲဖြစ်ပါတယ်။
ဘီပိုးကာကွယ်ဆေးထိုးမယ်ဆိုရင် မိမိမှာ ဘီပိုးရှိ/မရှိ အရင်စစ်ဆေးရမှာဖြစ်ပြီး ပိုးမရှိမှသာကာကွယ်ဆေးထိုးလို့ရမှာဖြစ်ပါတယ်။

ဘီပိုးကာကွယ်ဆေးထိုးဖို့စုံစမ်းလိုပါက ရွှေရောင်လင်းရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့ 09408433377 နဲ့ 09408433399 ကိုအသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
ကာကွယ်ဆေးထိုးနှံခြင်းကို ဆေးခန်းတွင်သာမကအိမ်အရောက်ဝန်ဆောင်မှုလဲရရှိနိုင်ပါတယ်။

#ဘီပိုးကာကွယ်ဆေး

💢19 ဇူလိုင် မမေ့နိုင်💢ယနေ့ကျရောက်သော ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ကတော့ (၇၈)ကြိမ်မြောက် အာဇာနည်နေ့ပဲ ဖြစ်ပါတယ်။(၁၉၄၇)...
19/07/2025

💢19 ဇူလိုင် မမေ့နိုင်💢
ယနေ့ကျရောက်သော ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ကတော့ (၇၈)ကြိမ်မြောက် အာဇာနည်နေ့ပဲ ဖြစ်ပါတယ်။
(၁၉၄၇) ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ မနက် (၁၀) နာရီ (၃၇) မိနစ်အချိန်မှာ ကျဆုံးသွားလေသော အာဇာနည်ခေါင်းဆောင်ကြီးများအားလုံး ကို ရွှေရောင်လင်း မိသားစု မှ အောက်မေ့လွမ်းဆွတ် ဂါရဝပြုလိုက်ပါတယ်။

#အာဇာနည်နေ့


#ရွှေရောင်လင်း

Address

အမှတ် (၄၉/B), ကျိုက္ကဆံဘုရားလမ်း၊ သင်္ဃန်းကျွန်းစံပြဆေးရုံရှေ့၊
Yangon

Telephone

+959408433377

Website

Alerts

Be the first to know and let us send you an email when ရွှေရောင်လင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေရောင်လင်း:

Share