Say Pin Yeik Pharmacy-ဆေးပင်ရိပ်ဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Say Pin Yeik Pharmacy-ဆေးပင်ရိပ်ဆေးဆိုင်

Say Pin Yeik Pharmacy-ဆေးပင်ရိပ်ဆေးဆိုင် Your wellbeing is our first priority.

09/04/2026

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သောကျန်းမာရေးအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

06/10/2025

အထူးဂရုစိုက်ကြပါ ဒီနေ့ လိုင်းပေါ်မှာအဲ့အကောင်သောင်းကျန်းလို့ တော်တော်ဆိုးဆိုးဖြစ်နေပါတယ်
ဆောင်းရာသီမှာ အဖြစ်များတဲ့ မီးပိုးကောင်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ

လတ်တလော ကာလအတွင်းမှာ မီးပိုးကောင် အကိုက်ခံရပြီး ဝေဒနာခံစားရသူများ ရှိလာခဲ့ပါတယ်။

ဒါကြောင့် မီးပိုးကောင် ကိုက်ခံရရင် ဘာတွေပြုလုပ်သင့်သလဲ ဘယ်လိုကာကွယ်ရမလည်း တင်ပြပေးလိုက်ပါတယ်ရှင်။

စကိုက်ခံရတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ?

စကိုက်ခံရပြီး ၁၂နာရီကနေ ၃၆ နာရီအတွင်းမှာ-

၁။ နီလာမယ်

၂။ မီးလောင်ထားသလို ရေကြည်ဖု ထလာမယ်

၃။ အမာရွတ်လို အဖတ်ဖတ်တွေ တက်လာနိုင်ပါတယ်

၄။ အနာကကိုက်လာမယ်

၅။ပြည်တည်မယ် စတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

သက်သာဖို့ အတွက်ရော ဘာတွေလုပ်ရမလဲ?

၁။ အကောင်နဲ့ ထိတွေ့တဲ့နေရာကို ချက်ချင်းရေကို အသုံးပြုပြီး စင်ကြယ်အောင်ဆေးပါ

၂။ ကိုက်ခံရတဲ့ နေရာကို ရေခဲရေဝတ်နဲ့ အရောင်ကျစေဖို့ ကပ်ပါ

၃။မပွတ်မိအောင်သတိထားပါ။ အနာပြဲပြီး အမာရွတ်ကျန်တတ်ပါတယ်။

၄။ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုက်ခံရတဲ့ အရေပြား ပတ်ချာလည်ကို Steroid ပါတဲ့ လိမ်းဆေး လိမ်းပါ။ သောက်ဆေး အနေနဲ့ Antihistamine တွေ သောက်သုံးနိုင်ပါတယ်။

ပျောက်ဖို့ကြာမြင့်ချိန်ကတော့ ၁ပတ်ကနေ ၃ပတ် ကြာနိုင်ပြီး အမာရွတ်လို အဖတ်ဖတ်တွေ တက်လာပြီးမှ ပျောက်သွားပါတယ်။

ဆောင်းရာသီမှာ မီးပိုးကောင်အန္တရာယ်ကို အားလုံး ဂရုစိုက်နိုင်ကြပါစေ။ ပြန်လည်မျှဝေသွားဖို့လည်း တောင်းဆိုပါရစေ ရှင်

မီးပိုးကောင်၏အဆိပ်ကြောင့်ဖြစ်သော အရေပြားနီရဲရောင်ရမ်းနာ

ပုံမှာပြထားသလိုမျိုး ဘာကြောင့်မှန်းမသိလိုက်ဘဲ အရေပြားပေါ်မှာ ပေါ်လာတာမျိုးပါ။

ထူးဆန်းတာက တံတောင်ဆစ်လို၊ ဒကောက်ကွေးလို နေရာမျိုးဆိုရင် Mirror image လိုမျိုး ၂ဖက်ဆင်တူဖြစ်တာပါ။ Kissing lesion လို့လဲ ခေါ်ပါတယ်။

တချို့က အရေကြည်ဖုလေးတွေ တန်းစီနေလို့ ရေယုန်လို့ ထင်တတ်ကြတယ်။

တချို့ကတော့ မီးပိုးကောင်ကိုက်တာလို့ပြောလေ့ရှိကြတယ်။
တကယ်တော့ ပုံမှာပြထားတဲ့ အင်းဆက် ပိုးကောင် ကြောင့်ဖြစ်တာပါ။

ဒါပေမယ့် ပုရွက်ဆိတ်တို့ ပျားကောင်တို့လို ကိုက်လို့ တုပ်လို့ဖြစ်တာတော့မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်က ထွက်တဲ့အဆိပ်တမျိုးနဲ့ ထိမိလို့ဖြစ်တာပါ။
အဲဒီ insect ပိုးကောင်ကို Rove Beetle လို့ခေါ်ပါတယ်။ Paederin ဆိုတဲ့ Toxin (အဆိပ်) ကို ထုတ်လို့ Paederus Beetle လို့လဲခေါ်ပါတယ်။
အဲဒီ Toxin ထိမိတဲ့နေရာတွေမှာ ရေကြည်ဖု (Blister) တွေနဲ့ အရေပြားနီရဲရောင်ရမ်းတာ (Dermatitis) ကိုဖြစ်စေတာပါ။
မီးရောင်က အဲဒီပိုးကောင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ဆောင်းတွင်းမှာတော့ အအေးဓာတ်ကြောင့် ထွက်လာတတ်ကြတာပါ။
ပိုးကောင်အကြီးရဲ့ အရွယ်အစားက အရှည် 7-10 mm ဗျက် 0.5-1 mm ရှိပါတယ်။ ဦးခေါင်းက အမဲရောင်၊ ခန္ဓာကိုယ်က အနီနဲ့အနက်ကြားရောင်ပါ။
အဲဒီပိုးကောင်ကို ဖိခြေ (Crush) လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က Paederin toxin အဆိပ်ရည် ထွက်လာပြီးအရေပြားကို ထိမိတဲ့ခါ ပုံမှာပြထားသလို ဖြစ်လာတတ်ပါတယ်။
ထိပြီး ၁ရက်လောက်ကြာမှ နီရဲပြီး အရည်ကြည်ဖုတွေ ဖြစ်လာတာပါ။
အဆိပ်အနဲအများပေါ် မူတည်ပြီး နီရဲရုံကနေ အရည်ကြည်ဖုကြီးတွေ အနီစင်းကြောင်းတစ်လျောက်လုံးပေါ်တာမျိုးထိဖြစ်ပါတယ်။
ပိုးကောင်အဆိပ် ပေနေတဲ့လက်နဲ့ မျက်စိနဲ့ တခြားနေရာတွေကို ပွတ်မိကိုင်မိရင်လဲ မျက်စိရောင်တာ ထိမိတဲ့နေရာတွေပါ ရောင်ကိုင်းတာ ဖြစ်နိုင်ပါတယ်။
မော်တော်ဆိုင်ကယ်စီးတဲ့သူတွေ မျက်နှာ၊ မျက်လုံးတို့နဲ့ ပိုးကောင်ရိုက်မိရင် တော်တော်ဆိုးဝါးနိုင်ပါတယ်။
တကယ်လို့ ပိုးကောင် ခန္ဓာကိုယ်ပေါ် တက်နေတာတွေ့ရင် လက်နဲ့သွားမကိုင်ပါနဲ့။ ဖိပြီးခြေမပစ်ပါနဲ့။ အမှတ်တမဲ့ ဖိခြေမိသွားရင် ထိတဲ့နေရာနဲ့ လက်ကို ဆပ်ပြာနဲ့ ရေများများနဲ့ ဆေးပစ်ပါ။
အဝတ်အစားတွေလဲ ချွတ်ပြီးလျှော်ပစ်ပါ။ အဆိပ်တွေပါသွားအောင်ပါ။

နီရဲပြီး ရောင်လာခဲ့ရင် Antihistamines, Topical steroid ဆေးတို့ကို ပေးလို့ရပါတယ်။

Creditဒေါက်တာလှမြတ်နွယ်(ရန်ကုန်ကလေးဆေးရုံကြီး)

ကျန်းမာရေး ဗဟုသုတများ မျှဝေပေးခြင်းဖြင့် လူတိုင်း အကျိုးရှိစွာ အသုံးချနိုင်ပါစေ 😊

12/07/2025

စီးပွါးတူတိုင်းရန်သူမဟုတ်ပါရှင်..
စီးပွားတူတွေများလေ
Creative ပိုဖြစ်လေပါ
ပင်လယ်ရေသောက်မကုန်ပါဘူး။

တစ်ဦးတည်း monopoly စနစ်က
ကျန်ခဲ့တာကြာခဲ့ပါပြီ

သူများလုပ်တဲ့အလုပ်မလို့
မလုပ်ချင်ဘူးမစဉ်းစားမိလိုက်ပါနဲ့။

ဒါဆိုဘာမှကို လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။
ကိုယ့်အတွေးနဲ့ ကိုယ် ၊
ကိုယ်မိတ်နဲ့ ကိုယ် ၊ ကိုယ့်ပုံစံနဲ့ ကိုယ်ပါပဲ။

အမျိုးအစားချင်းတူတောင် qualityချင်းမတူဘူး။

Qualityချင်းတူတောင် ထုပ်ပိုးမှုချင်းမတူဘူး။

ထုပ်ပိုးမှုချင်းတူရင်တောင်ဝန်ဆောင်မှုချင်းမတူဘူးနော်။

ဝန်ဆောင်မှုချင်းတူတောင် management system ချင်းမတူဘူး ။

Management systemချင်းတူရင်တောင်
location အလွယ်ရနိုင်ပုံချင်းမတူဘူး။

နောက် အဓိက တော့ ကံတရားချင်းလည်း မတူပါဘူး

ပြိုင်ဘက်မရှိတဲ့စျေးကွက်ဆိုတာလည်းမရှိဘူး ။
Townshipတစ်ခုထဲပြိုင်ဘက်မရှိရင် မြို့ထဲမှာ ပြိုင်ဘက်ရှိမယ်

တစ်မြို့လုံးဘယ်သူမှပြိုင်ဘက်မရှိရင် တခြားမြို့မှာ ပြိုင်ဘက်ရှိမယ်။

တစ်ခြားမြို့မှာပြိုင်ဘက်မရှိရင် တစ်ခြားနိုင်ငံမှာတော့ပြိုင်ဘက်ရှိမယ်။

တစ်ခုပဲ အတွေးတစ်ခုရတာနဲ့အကောင်အထည်ဖော်ပြီး လုပ်နိုင်အောင်သာလုပ်ပါနော်။

အတွေးကိုအတွေးထဲ ထားရင်တော့လက်တွေ့မှာ ဘာမှရမှာမဟုတ်။

တစ်ခုပဲ ဘာပဲလုပ်လုပ်စေတနာထားပြီးလုပ်
ရိုးရိုးသားသားလုပ် 👇🏻

လောကမှာကိုယ်ပေးတာ ကို ကိုယ်ပြန်ရတတ်တယ်တဲ့
ကံ ကံ၏အကျိုးဆိုတာတကယ်ရှိပါတယ်
မိမိရဲ့စိတ်နေစိတ်ထားကမိမိဘဝပဲရှင့်(အတိတ်ဘဝကံကြောင့် အဟောင်းစားနေသူတွေမပါ)ပါ

23/06/2025

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

မင်္ဂလာရှိသောနှစ်သစ် အခါသမယမှစရျ် 🩵စီးပွါးလာဘ်လာဘများတိုးပွါးကြပါစေ🩵ဘေးန္တရာယ်များကင်းရှင်းကြပါစေ 🩵ကပ်ကြီးသုံးပါးမှ ကင်း...
17/04/2025

မင်္ဂလာရှိသောနှစ်သစ် အခါသမယမှစရျ်

🩵စီးပွါးလာဘ်လာဘများတိုးပွါးကြပါစေ
🩵ဘေးန္တရာယ်များကင်းရှင်းကြပါစေ
🩵ကပ်ကြီးသုံးပါးမှ ကင်းဝေးကြပါစေ
🩵ကျန်းမာပျော်ရွှင်ကြပါစေကြောင်း

ဆေးပင်ရိပ်ဆေးဆိုင် မိသားစုမှ ဆုမွန်ကောင်းများတောင်းအပ်ပေးပါရစေရှင်🙏🙏🙏

04/03/2025

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသည်းရောင်အသားဝါ(အေ) ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် သတိပေးချက်ထုတ်ပြန်ခြင်း

28/01/2025

ကင်ဆာ ရောဂါနှင့် ပက်သက်သော နောက်ဆုံး
ထုတ်ပြန်ချက်။ ( လူတိုင်းဖတ်ကြည့်သင့်ပါတယ် )
--------------

ဒီအကြောင်းအရာကို သင့်ဘ၀မှာ အရေးပါတဲ့
လူတွေဆီ ပေးပို့ သင့်ပါတယ် ။
ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့ ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။

ဂျွန်ဟော့(ပ်)ကင်း(စ်) မှကင်ဆာရောဂါနှင့်
**********************************
ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။
**********************************

၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်)တွေရှိတယ်။ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိ ပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး။

ဆေးကုသခံယူပြီးနောက် ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာ
ကင်ဆာဆဲ(လ်)တွေ မရှိတော့ဘူးလို့ ဆရာ၀န်တွေကပြောတဲ့အခါ
လူတွေရဲ့ကိုယ်ထဲက ကင်ဆာဆဲ(လ်)တွေဟာ စစ်ဆေးသိရှိနိုင်တဲ့အရေအတွက်အထိ မရောက်ရှိသေးဘူးလို့သာ အဓိပ္ပါယ်သက်ရောက်ပါတယ်။

၂။ လူတစ်ယောက်ရဲ့ ဘ၀တသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ ၁၀ ကြိမ်အထက်အထိ ပေါ်ပေါက်ပါတယ်။

၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ် အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာ ဖျက်ဆီးခံရပြီး မပွားများနိုင်ပါဘူး၊ အကျိတ်လည်းမဖြစ်နိုင်ပါဘူး။

၄။ လူတစ်ယောက်ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာအဟာရအတော်များများချို
့တဲ့နေပြီ ဆိုတာကို ပြသတာပါဘဲ၊ ဒါဟာမျိုးရိုး၊ပတ်၀န်းကျင်၊အစားအစာနဲ့ လူနေမှုပုံစံစတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

၅။ ဒီလိုအဟာရမျိုးစတဲ့ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင်စားသောက်ပုံစံကို ပြောင်းလဲပြီး ဖြည့်စွက်အစား အစာတွေ စားပေးခြင်းဖြင့့်် ရောဂါပြီးစနစ်ကို အားကောင်းစေနိုင်ပါတယ်။

၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလို ရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့ မှာရှိတဲ့ အပွားမြန်တဲ့ ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ကျောက်ကပ်၊
အဆုတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။

၇။ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကို
ပျက်စီးစေသလို ကောင်းတဲ့ဆဲ(လ်)တွေ တစ်သျှုးတွေ၊ ကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်စေပါတယ်။

၈။ ဓါတ်ရောင်ခြည်(သို့)ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့ အများအားဖြင့်
အကျိတ်တွေ ကျုံ့သွားတတ်ပါတယ်၊
ဒါပေမယ့် ရေရှည်ကုသတဲ့အခါ ထိရောက်မှုကျဆင်းသွားပါတယ်၊အကျိတ်တွေ နောက်ထပ် မကြေပျက်တော့ပါဘူး။

၉။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေများလာတဲ့အခါ ရောဂါပြီးစနစ်ဟာ အားလျော့တာတွေ၊ပျက်စီးတာတွေ ဖြစ်ပေါ်လာပါတယ်။အဲ့ဒီအခါမှာ လူတွေဟာ
ရောဂါပိုး အမျိုးမျိုးကြောင့် ဖြစ်စေ နောက်ဆက်တွဲ အမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။

၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကို
ဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရခက်စေနိုင်ပါတယ်။
ခွဲစိတ်ကုသခြင်းဟာလည်း ကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ပြန့်နှံ့
့စေနိုင်ပါတယ်။

၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ သူတို့မျိုးပွားရာမှာလိုအပ်တဲ့ အဟာရတွေကိုဖြတ်
တောက်လိုက်ခြင်းပါဘဲ။

(က) သကြား။ ။သကြားဟာကင်ဆာရဲ့ အဟာရတစ်ခုပါဘဲ ။ သကြားကို ဖျက်လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်) တွေရဲ့ အဓိက အဟာရတစ်ခုကို ဖြတ်လိုက်သလိုပါဘဲ။ Nutra Sweet,Equal,Spoonful စတဲ့သကြား အစားထိုးပစ္စည်းတွေဟာ Aspartame ဆိုတဲ့အရာ ပါ၀င်တဲ့အတွက် လူကိုထိခိုက်စေနိုင်ပါတယ်။ သဘာ၀အစားအစာဖြစ် တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေးက ပိုကောင်းပါတယ်။

စားပွဲတင်ဆားဟာ
ဓာတုပစ္စည်း ရောထားတဲ့အတွက် ဖြူဖွေးနေတာပါ၊ ပင်လယ် နေလှမ်းဆားကပိုကောင်းပါတယ်။

(ခ) နို့ ။ ။ နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲ တွေ ထွက်စေပါတယ် ၊ အထူးသဖြင့်
အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ အကျိအချွဲတွေကို ကင်ဆာဆဲ(လ်) တွေ က စားသုံးနိုင်ပါတယ် ။ နို့အစားသကြားမပါတဲ့ ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်)တွေကို အစာပြတ်စေနိုင်ပါတယ်။

(ဂ) ကင်ဆာဆဲ(လ်)တွေဟာအက်ဆစ်(အချဉ်)၊ပတ်၀န်းကျင်မှာ
ပိုပွားနိုင်ပါတယ် ။ အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ်ကို အားပေးတယ် ။ အမဲသား၊၀က်သားထက် ငါးစားတာအကောင်းဆုံးပါဘဲ ။ ဒါမှမဟုတ် ကြက်သား နည်းနည်းစားနိုင်ပါတယ် ။ အသားတွေမှာ မွေးမြူရေးကသုံးတဲ့ ပဋိဇီဝဆေးတွေ ၊ ကြီးထွားဟော်မုန်းတွေနဲ့ ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ် ၊ ဒါတွေဟာ လူတွေ အထူးသဖြင့် ကင်ဆာရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။

(ဃ)လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။ ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။ အဆန် ။ အနှံ နဲ့ သစ်သီးအနည်းငယ်ကို အစား အစာရဲ့ ၈၀% အချိုးနဲ့ စားရင် ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine) အခြေအနေရောက်စေနိုင်တယ် ။ ကျန်၂၀% ကိုတော့ ပဲအပါအ၀င် ပြုတ်ထားတဲ့ အစားအစာတွေအဖြစ် စားသုံးနိုင်ပါတယ် ။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်အရည်ထဲ မှာ စွံမ်းအားမြင့် အင်ဆိုင်းတွေ ပါ၀င်တယ် ။ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပြီး ၁၅ မိနစ်အတွင်းမှာ ခန္ဓာကိုယ်က ဆဲလ်များဆီ ရောက်နိုင်တယ်။ ဆဲ လ်တွေကို အဟာရပြည့်စေပြီး ကျန်းမာတဲ့ဆဲလ် တွေအဖြစ် ဖွံဖြိုးဖို့ အားပေးတယ်။

ကျန်းမာတဲ့ဆဲလ် တွေ တည်ဆောက်ဖို့ စွမ်းအားမြင့်အင်ဆိုင်းတွေရရှိအောင်
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အရည်နဲ့့ မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို တနေ့နှစ်ကြိမ် သုံးကြိမ်လောက် စားသောက်သင့်တယ် ။အပူချိန်104’F (40’c)
ဆိုရင် အင်ဆိုင်းတွေပျက်စီးသွားနိုင်တယ်။

(င) ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်တွေကို ရှောင်ပါ။
လက်ဖက်ရည် ကြမ်း ( Green Tea ) ဆိုပိုကောင်းတယ်။ ကင်ဆာကို
ခုခံတဲ့ သတ္တိလည်းရှိတယ်။ ရေဆိုရင် သောက်ရည်သန့် ဒါမှမဟုတ်
သေချာစွာ စစ်ထားတဲ့ရေဟာ အကောင်းဆုံးပါဘဲ ဘုံပိုင်ရေမှာက သတ္တုအလေးစား (
Ileavy Metals ) တွေ၊ အဆိပ်အတောက်တွေ ပါလာတတ်တယ်။ ပေါင်းခံရည်ကျတော့
အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။

၁၂ ။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး အစာခြေအင်ဆိုင်းတွေ အများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ ပုတ်သွားပြီး အဆိပ်အတောက်တွေ ပိုမိုဖြစ်ပေါ်စေပါတယ်။

၁၃ ။ ကင်ဆာဆဲ(လ်) တွေမှာခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။ အသားကို လျှော့စားရင်ဖြစ်စေ၊ အသားမစား ဘဲနေရင်ဖြစ် ကင်ဆာဆဲ(လ်) ရဲ့ ပရိုတိန်းနံရံတွေကို တိုက်ခိုက်ဖို့ အင်ဇိုင်းတွေ ပိုမိုလာတဲ့ အတွက် ခန္ဒာ ကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်) (Killer Cells ) တွေဟာ ကင်ဆာဆဲ(လ်) တွေကို သုတ်သင်ဖို့ပိုလွယ်သွားပါတယ် ။

၁၄ ။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့် တားပစ္စည်း ( Antioxidants )
ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့
ဟာ ခန္ဒာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး သုတ်သင်ရေး ဆဲ(လ်)
တွေ အားသုတ်သင်စေနိုင်တယ်။ အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင် ( E )
ဟာလည်း ခန္ဒာကိုယ်မှာ ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ ၊ မလိုချင်တဲ့ဆဲ(လ်) တွေ ၊
ထိခိုက်ခံထားရတဲ့ဆဲ(လ်) တွေကို ရှင်းလင်းပစ်ရာမှာ ပံ့ပိုးပေးနိုင်းကြောင်း သိရပါတယ် ။

၁၅ ။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ် ကြောင့်ဖြစ်တာပါ

၁၆ ။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆီဂျင်များပြားတဲ့ ပတ်၀န်းကျင်မှာ မပွားများနိုင်ပါဘူး ။
နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း အသက်ပြင်းပြင်းရှုရှိုက်ခြင်းဟာ
ကိုယ်တွင်းရှိဆဲ(လ်) တွေ အထိ အောက်ဆီဂျင်များများရောက် စေနိုင်တယ်။
အောက်ဆီဂျင်ကုထုံး ( Oxygen Therapy ) ဟာကင်ဆာဆဲ(လ်) တွေကို
ချေဖျက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတခုပါဘဲ ။

(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။

(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ မထည့်ရန်။

(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ်ထုပ်ပိုးပြီး မသုံးရန် ။

ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ ဂျွန်ဟော့ (ပ်) ကင်း(စ်) က သတင်းလွှာမှာထုတ်ပြန်ခဲ့ပါတယ် ။ ဒီသတင်း အချက်အလက်တွေကို ဝေါ်(လ်) တာ ရိ (ဒ်) တပ်မတော်ဆေးဗဟိုဌာန ( Walter Reed Army Medical Center ) မှာလည်း ဖြန့်ဝေထားပါတယ်။ ဒိုင်အောက်ဆင်း ( Dioxin )
ဓာတုပစ္စည်းဟာကင်ဆာ ၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပါတယ် ။ ဒိုင် အောက်
ဆင်းဟာ ကျွန်တော် တို့ ခန္ဒာကိုယ်ထဲက ဆဲ(လ်) တွေအတွက် အလွန်ပြင်းထန်တဲ့ အဆိပ်တောက်ဖြစ်ပါတယ်။ ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့ ။ ဒိုင်အောက်ဆင်းတွေထွက်လာမှာမို့ပါ ။

ဒီ ကျန်းမာရေး ပြသနာကိုမကြာသေးခင်ကဘဲ ဒေါက်တာ အက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို ( Dr. Edward Fujumoto ) ဟာ ရုပ်သံ အစီးအစဉ်ကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။ သူဟာ Castle ဆေးရုံက Wellness Program ဆိုတဲ့ ကျန်းမားရေး အစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ် ။
သူဟာ ဒိုင်အောက်ဆင်းရဲ့ဆိုကျိုးတွေ ကို တင်ပြဆွေးနွေးထားပါတယ်။
ပလပ်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ အပူမပေးသင့်
ပါဘူး လို့ သူကပြောပါတယ်။

အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။ ပလပ်စတစ်ရယ် ၊ အဆီရယ် ၊ အပူချိန်မြင်မြင့်ရယ် ပေါင်းစပ်လိုက်ရင်
ဒိုင်အောက်ဆင်းတွေထွက်လာပြီး အစားအစာထဲ ရောက်ရှိသွားကာ နောက်ဆုံးမှာ
ခန္ဒာကိုယ်က ဆဲ(လ်) တွေထဲ ရောက်သွားပါတော့တယ်။ ပလပ်စတစ်အစား ဖန်ထည် ၊ ကြွေထည် စတာတွေ ( Glass, Corning Ware, Pyrex, Ceramic ……….)
ကို သူကသုံးခိုင်းပါတယ် ။ ဒိုင်အောက်ဆင်းမထွက်တော့ပါဘူး ။ ဒါကြောင့်
အသင့်စားသုံနိုင်တဲ့ အစားအစာတွေကို နွေးတဲ့ အခါ မူလ ဗူးခွက်တွေကို
မသုံသင့်ပါဘူး။

စက္ကူကို သုံးရင်လည်းမဆိုးဘူး ။ ဒါပေမယ့်
စက္ကထဲမှာဘာပါသလဲဆိုတာ မသိရဘူး။ ဖန်ထည် ၊ ကြွေထည်သုံးတာဘဲ ပိုဘေးကင်းပါတယ် ။
အသင့်စားသုံးနိုင်တဲ့ စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစား
စက္ကူတွေကို သုံးလာကြပါပြီ။ အဓိက အကြောင်းရင်းတစ်ခုကတော့ ဒိုင်အောက်ဆင်းပါဘဲ လို့ သူကပြောပါတယ် အစားအစာတွေကို ပလပ်စတစ် ပါးပါးနဲ့ ထုပ်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ ချက်ပြုတ် တာဟာလည်း အလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ် ။

မြင့်မာတဲ့ အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက် တွေထွက်ပြီး အစားအစာထဲရောက်ရှိစေပါတယ် ။ စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ် ။
ကျန်းမာချမ်းသာကျပါစေ




Credi

27/01/2025

ကာလသားရောဂါ (Syphillis)

ကာလသားရောဂါပိုးကူးစက်ခံရတဲ့အခါအောက်ပါလက္ခဏာများရှိလာနိုင်ပါတယ်

ပထမအဆင့်တွင် - လိင်အင်္ဂါတစ်ဝိုက် အနာပေါက်ခြင်း

ဒုတိယအဆင့်တွင် - ခန္ဓာကိုယ်တစ်ဝိုက် အနီကွက်များပေါ်ခြင်း၊ ဖျားနာကိုက်ခဲခြင်း၊ ကြွက်သားနာကျဉ်ခြင်း

လည်ချောင်းနာခြင်း၊ အကြိတ်များ ရောင်ယမ်းခြင်း

သေချာစွာကုသခြင်းမပြုပါက နှစ်ကြာလာသောအခါ တတိယအဆင့်တွင်

ဦးနှောက်၊အာရုံကြော၊မျက်လုံး၊နှလုံး၊သွေးကြော၊အသည်း၊အရိုးအဆစ် စသည်တို့ ပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။

**ဂနို ဆီးပူညောင်းကျရောဂါ Gonorrhoea ***

ရောဂါကူးစက်ခံရတဲ့အခါ အမျိုးသားတွေမှာ ရောဂါလက္ခဏာပိုပြီး ပြသလေ့ရှိပြီး

အမျိုးသမီးတွေမှာတော့ သိပ်သိသာလေ့ မရှိပါဘူး

ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေကတော့ -

ဒါပေမယ့် မိန်းကလေးတွေရဲ့ မိန်းမကိုယ်လမ်းကြောင်းဟာ တစ်ယောက်နဲ့ တစ်ယောက်မတူတာမို့

- ဆီးသွားရာမှာ ပူခြင်း၊ ကျဉ်ခြင်း

- လိင်အင်္ဂါမှ အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင် အရည်များ ဆင်းခြင်း

- ကပ္ပါယ်အိတ်တစ်ဝိုက် နာကျဉ်ခြင်း

အဖြစ်နည်းတဲ့ ရောဂါလက္ခဏာတွေကတော့ -

- စအိုယားယံခြင်း၊ နာကျဉ်ခြင်း

- စအိုမှ သွေးထွက်ခြင်း
- ဝမ်းသွားရာမှာ နာကျဉ်ခြင်း

သံသယရှိတယ်ဆိုရင်

နီးစပ်ရာ ဆေးခန်းမှာပြသပြီးကုသမှု ခံယူသင့်ပါပြီ

31/12/2024
🔔Norovirus Alert 🔔 Credit ✨Outbreak in Thailand is Reported.အရမ်းလည်း စိတ်မပူပါ နဲ့ဆိုသလို ပေါ့လည်း မပေါ့ကြစေလို။ တရုတ်န...
20/12/2024

🔔Norovirus Alert 🔔

Credit ✨

Outbreak in Thailand is Reported.

အရမ်းလည်း စိတ်မပူပါ နဲ့ဆိုသလို
ပေါ့လည်း မပေါ့ကြစေလို။

တရုတ်နိုင်ငံက စတင် ခဲ့ တဲ့ အစာအိမ် အူလမ်းကြောင်း Virus ပိုး Norovirus ဟာ ထိုင်းနိုင်ငံ ကို ရောက်ရှိနေပြီး ပတ္တရားနား က Rayong ဘက်မှာ လူပေါင်း (၁၄၀၀) ကျော် ကူးစက် ခံ ထား ရတယ် လို့
ထိုင်းကျန်းမာရေးဌာန က မနေ့ က အတည်ပြု ထုတ်ပြန် ခဲ့ ပါတယ်။

Norovirus ကို Winter Virus (သို့) ဆောင်းရာသီ မှာ ဖြစ်တတ်တဲ့ အစာအိမ်အူလမ်းကြောင်း ရောဂါ တမျိုးလို့ ခေါ်တွင်ကြပြီး ကမ္ဘာနဲ့ အဝှမ်း ပြန့်နှံ့တတ်သော ရောဂါ တမျိုးဖြစ်ပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်း ယောင်ယမ်းခြင်း ကို အဓိက ဖြစ်စေပါတယ်။

ကလေးသူငယ်များ နဲ့ အသက်အရွယိကြီးသူ များမှာ ပြင်းထန် ရေဓါတ်ခမ်းခြောက်ခြင်းကို ခံစားရနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်း ရောဂါ ပိုးဖြစ်၍ မသန့်ရှင်းသော ရေ၊ အစားအသောက် မှ ကူးစက်ပါတယ် ။
Virus ထိ တွေ့ထားတဲ့ မျက်နှာ ပြင်များကို ထိတွေ့ ကိုင်တွယ်မိပြီး ကိုင်တွယ်ထားသော လက်နဲ့ အစားအသောက်ပြင်ဆင် စားသောက်တဲ့အခါ ကူးစက်ပါတယ်။

အဖြစ်များ သော ရောဂါ လက္ခဏာများ

1️⃣ ဝမ်းလျှော

2️⃣ အန်

3️⃣ ဝမ်းဗိုက်ရစ်၍ နာကျင်ခြင်း

4️⃣ ချမ်းတုန် ဖျားခြင်း

5️⃣ကြွက်သား နာကျင် ကိုက်ခဲခြင်း

6️⃣ ပင်ပန်းနွမ်းနယ်ခြင်း

Virus ပိုးဖြစ်၍ ကုသ နိုင်တဲ့ ပိုးသတ်ဆေးဝါးမရှိသော်လည်း ရောဂါလက္ခဏာ အလိုက် သက်သာစေရန် ကုသခြင်းဖြင့် ရေဓါတ် ဆုံးရှူံးမှုကြောင့် အသက်သေဆုံး ရခြင်းမှ ကာကွယ်နိုင်ပါတယ်။

ဘယ်လို ကာကွယ်ရမလည်း??

အစားအသောက်ကို ကျက်အောင် ချက်ပြုတ်စားပါ

Norovirus ဟာ အရက်ပြန် ကို ခံနိုင်ရည်ရှိလို့ လက်ကို ဆပ်ပြာ နဲ့ ရေနဲ့ အသုံးပြု၍ မကြာခဏ ဆေးပါ။

Street food များ ကို တတ်နိုင်သလောက် ရှောင်ပါ။

⛑️ FIRST AID MEASURES ⛑️

ဖြစ်လာခဲ့လျင် ဘာလုပ်ရမလည်း???

1️⃣ ရေဓါတ် ဖြည့်တင်းပါ၊ ဓါတ်ဆားရည် အစရှိတဲ့ ရေဓါတ်ဖြည့် အရည် များသောက်သုံး၍ ရေဓါတ်ဖြည့်တင်းပါ

2️⃣ အာဟာရ ရှိအောင် မျှတ စွာ စားပါ။
ကျက်အောင် ချက်စားပါ။

3️⃣အနားယူပါ၊

4️⃣ အိမ်သာသုံးပြီးတိုင်း နှင့် အစာမစားခင် လက်ကိုဆပ်ပြာနဲ့ ရေအသုံးပြု၍ စက္ကန့် (၂၀) ကျော် သည်အထိ ဆေးကြောပါ။

5️⃣ မိမိ မှာ သံသယ လက္ခဏာများ ခံစားနေရပါလျင် အခြားမိသားစုဝင်များအတွက် အစားအသောက် ပြင်ဆင်ခြင်း လုံးဝ မပြုလုပ်သင့်ပါ။

☣️ DANGER SIGNS ☣️

ဘယ်အချိန် မှာ ဆရာဝန် ၊ ဆေးရုံဆေးခန်းကို အချိန်မှီ ဆက်သွယ်ရမလည်း??

1️⃣ (3) ရက်ထက် ပို၍ ခံစားနေရလျှင်

2️⃣ စားသမျှ သောက်သမျှ အကုန် ပြန် အန် နေလျင်

3️⃣ ပြင်းထန်စွာ ဝမ်းဗိုက်နာလျင်

4️⃣ *ရေငတ် ( Extreme Thirst )

*ဆီးမထွက် ( Reduced Urine )

*မျက်တွင်း ဟောက်ပက် ( Sunken eyes )

*သတိ မ ကပ် ( Confusion )

*နှုန်း ချိ ပျော့ခွေ ( Weakness & lethargy)

*အဖျားတက် နေ ( Fever )

စတဲ့ ပြင်းထန် ရေဓါတ်ခမ်းခြောက်ခြင်း၏ လက္ခဏာများ ရှိပါက

နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း တွင်ပြသ၍ ကုသမှု ခံယူပါ။

Thomas (Dr.)
Department of Medical Affair
International Medical Consultant

ကိုးကား;
CDC
World Health Organization
Mayo Clinic
NHS Inform



Photo credit to original owner.

Address

Thin Baw Seik Street, Seikkyi Khanaungtoe Township
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00

Telephone

09687662441

Website

Alerts

Be the first to know and let us send you an email when Say Pin Yeik Pharmacy-ဆေးပင်ရိပ်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share