Vlog By Dr.PT

Vlog By Dr.PT DR.PT Premium Quality Clothing (Homemade)

09 5140 922
09 765 140 922

DR.PT ဟာ မြန်မာနိုင်ငံအခြေစိုက် Local Brand တစ်ခုဖြစ်ပါတယ်။

Local Brand ဖြစ်တဲ့အလျှောက် ဝယ်ယူသူ customer များအတွက် ပေးရသောနှုန်းထားများ နှင့် အသင့်တော်ဆုံးသော qualified product များဖြစ်စေရန် ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။

"Be Proud With DR.PT"

"ကျွန်တော်တို့ရဲ့ DR.PT နှင့်အတူ အထာကျလိုက်ပါ"

Thank you for shopping with us!

ကိုယ်က ဘယ်လိုလူမျိုးလဲဆိုတာကို ဘာလို့များ စကားတွေအများကြီး ပြောနေမှာလဲ ? ☑️ ကိုယ့်ရဲ့ အနေအထားကို ပြောမပြလည်း သိစေဖို့ အလ...
28/03/2024

ကိုယ်က ဘယ်လိုလူမျိုးလဲဆိုတာကို ဘာလို့များ
စကားတွေအများကြီး ပြောနေမှာလဲ ?

☑️ ကိုယ့်ရဲ့ အနေအထားကို ပြောမပြလည်း သိစေဖို့ အလိုအပ်ဆုံးကတော့ အဝတ်အစားပါပဲ။

ယောကျာ်းတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့
သန့်ရှင်းသပ်ရပ်မှုကို အကောင်းဆုံးဖော်ပြနိုင်ဖို့
DR.PT ရဲ့ T shirt လေးတွေ ရှိထားရင်ရပြီပေါ့။

ဒါကြောင့် ရုံးသွား၊ ကျောင်းသွားကစလို့ Date night, TGIF တွေအထိ ပေါ့ပေါ့ပါးပါးနဲ့ အနေအထားမပျက်ရအောင် DR.PT ရဲ့ ESSENTIALS T shirt လေးတွေကို ရွေးချယ်လိုက်ပါ။

◾️100% ချည်သားစစ်စစ်
◾️ Size - L/XL/XXL
◾️ Premium Quality Sticker
◾️ Price - 12800 MMK

💌 Page Chatbox ( သို့မဟုတ် )
☎️ Phone : 09 5140 922 မှ မှာယူနိုင်ပါပြီ။









မတည်မြဲတဲ့လောကဓံတွေကြားထဲ ပိုင်ဆိုင်သူလေး ရှိနေရတာ ကံကောင်းခြင်းတစ်မျိုးပါပဲ။ ဒါပေမဲ့ လူအချို့က ကိုယ့်အပိုင်ကိုမှ တပ်မက်...
10/03/2024

မတည်မြဲတဲ့လောကဓံတွေကြားထဲ ပိုင်ဆိုင်သူလေး ရှိနေရတာ ကံကောင်းခြင်းတစ်မျိုးပါပဲ။

ဒါပေမဲ့ လူအချို့က ကိုယ့်အပိုင်ကိုမှ တပ်မက်တတ်ကြတယ်မဟုတ်ပါလား ? 😞

ဒီလိုလူတွေအတွက်ကတော့ စိတ်ပူမနေပါနဲ့။
ကိုယ့်အပိုင်လေးဖြစ်ကြောင်း ပိုင်ဆိုင်မှုကိုသက်သေပြဖို့ couple shirt လေးတစ်စုံရှိထားရင် ရပါပြီနော် !

DR.PT brand ရဲ့ အင်္ကျီတွေက Couple Shirt ဆိုပေမဲ့ ရိုးရိုး တီရှပ်တွေချည်းမဟုတ်ဘဲ ယောကျာ်းလေးရော မိန်းကလေးပါ အထာကျကျဝတ်နိုင်ဖို့ -

👕ယောကျာ်းလေးတွေအတွက် - Polo shirt
👚မိန်းကလေးတွေအတွက် - T Shirt စတဲ့
ခပ်မိုက်မိုက် Couple Set လေးတွေကို ရရှိနိုင်ပါတယ်။

✅ မိမိစိတ်ကြိုက် Sticker လေးတွေနဲ့လည်း အပ်နှံနိုင်သလို၊

✅ Boy to boy couple / Girl to girl couple လေးတွေပါ ဝတ်လို့ရအောင် အင်္ကျီလေးတွေအားလုံးဟာ ကျား၊မ မရွေးဝတ်နိုင်တဲ့ Unisex လေးတွေကို ထုတ်လုပ်ပေးထားပါတယ်နော်။

❤️ ချုပ်ရိုးချုပ်သား ပြောစရာမလိုဘဲ 99.99% ချည်သားစစ်စစ် ဖြစ်လို့ ရေလျှော် မကျုံ့၊ အရောင်မကျွတ်၊ အသီးမထတဲ့ grade A+ high quality ကို ခံစားရမှာ အသေအချာပါပဲ။

T shirt Size - S/M/L/XL
Apolo Shirt Size - S/M/L/XL/XXL

လွတ်လပ်ပေါ့ပါးတဲ့ချည်သားမို့ အခုလိုနွေရာသီအတွက် အထူးသင့်တော်ပြီး ချစ်သူလေးနဲ့ date တဲ့အခါမှာလည်း တစ်လောကလုံးကို ကိုယ့်အပိုင်ဖြစ်ကြောင်း အင်္ကျီလေးနဲ့တင် ကြွားနိုင်ပြီပေါ့ ! 😎💕

ဒါဆိုရင် ပိုင်ဆိုင်ကြောင်းပြဖို့ Couple Shirt လေးတွေကို DR.PT မှာ အခုပဲ မြန်မြန်လေး မှာယူလိုက်ပါနော်။

💌 Page Chatbox ( သို့မဟုတ် )
☎️ Phone : 09 5140 922 မှ မှာယူနိုင်ပါပြီ။

(ဈေးနှုန်းလေးများကို ပုံတစ်ပုံချင်းစီ အောက်တွင် ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ ✨)











゚viralシ

💗 ချစ်သူကို ပြုံးအောင်လုပ်ပေးခွင့်ရှိခိုက်မှာ DR.PT နဲ့ဂရုစိုက်လိုက်ပါ🙆 DR.PT Local Brand ရဲ့ product အားလုံးဟာ 99.99% ခ...
28/02/2024

💗 ချစ်သူကို ပြုံးအောင်လုပ်ပေးခွင့်ရှိခိုက်မှာ DR.PT နဲ့ဂရုစိုက်လိုက်ပါ

🙆 DR.PT Local Brand ရဲ့ product အားလုံးဟာ 99.99% ချည် စစ်စစ် ဖြစ်ပြီး ရေလျှော် မကျုံ့၊ အရောင်မကျွတ် ၊ အသီးမထ ဖို့အတွက်အာမခံပါတယ်။

👫 Local Brand ဖြစ်တဲ့အတွက် ချုပ်ရိုး ၊ ချုပ်သား အထူးကောင်းမွန်ပြီး ဝတ်ဆင်ရသူပေါ့ပါးလွတ်လပ်စေရန်အတွက် ထုတ်လုပ်ထားပါတယ်။

❤️ ဝယ်ယူသူ ကာကာလေးတို့အတွက် ပေးရတဲ့နှုန်းထားနဲ့တန်တဲ့ premium quality product ကိုရရှိစေဖို့ အထူးအာမခံပါတယ်။

💛ချစ်ရသူလေးနဲ့ Couple Brand လေးရှိထားဖို့

💌 Page Chatbox
(or)
☎️ Phone : 09 5140 922

ကို အခုပဲဆက်သွယ်လိုက်တော့နော်🥰

(ဈေးနှုန်းလေးများကို ပုံတစ်ပုံချင်းစီ အောက်တွင် ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ ✨)










#ချစ်သူ့လက်ဆောင်
゚viralシ

26/02/2024

ကိုကို ၊ မမ ၊ ညီလေး ၊ ညီမလေးတို့ အားလုံးအတွက် စတိုင်ကျကျ ၊ လှလှပပ ၀တ်ဆင်နိုင်တဲ့ Tshirt design ဆန်းလေးများပစ္စည်း instock ပါခင်ဗျာ 🥰🥰🥰

ဆိုဒ်အနေနဲ့ M,L,XL သုံးမျိုးရှိပြီး cutting ပိုင်းဆိုင်ရာခန္ဓာကိုယ်အချိုးအစားအလိုက် fit size
ဖြစ်ပါတယ်ခင်ဗျာ 💖💖💖

(ယခု T-shirt အမျိုးအစားမှာ Fit size ချုပ်သားဖြစ်တဲ့အတွက် အရပ်အလွန်ရှည်သူများအနေဖြင့် ခါးတိုသွားခြင်းများ မဖြစ်စေရန် ပစ္စည်းမ၀ယ်ယူခင် သေချာ မေးမြန်းပေးပါခင်ဗျာ ❗)

အသားအနေနဲ့ကတော့ ၉၉% ချည်ဖြစ်ပြီး ချုပ်ရိုးချုပ်သားအကောင်းဆုံးပြုလုပ်ပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်းဖြန့်ချီသော Local Brand ဖြစ်တဲ့အတွက် ထုတ်လုပ်သော အင်္ကျီ အမျိုးအစားတိုင်းတွင် ဂုတ်တံဆိပ် ၊ ရင်ဘတ်တံဆိပ်များ ပါရှိမှာဖြစ်ပြီး ဈေးနှုန်းအသင့်အတင့် နှုန်းထားဖြစ်ရဖို့အာမခံပါတယ်ခင်ဗျာ။

ပေးရတဲ့ဈေးနဲ့စိတ်တိုင်းကျစေရပါမယ်ခင်ဗျာ။

ကြာရှည်၀တ်ဆင်မယ်ဆိုရင်လဲ ရေလျှော် မကျုံ့ ချည်သီးမထပါ။

Couple Tshirt design လေးများလဲ instock ပါခင်ဗျ။
ချစ်သူနှစ်ဦးဆင်တူ၀တ်ဆင်လိုလျှင်လဲ design အတူ ဆိုဒ်အကြီး ၊ အသေးချိန်ညှိပေးပါတယ်ခင်ဗျာ👩‍❤️‍👨

ကိုကိုကြီးတို့အတွက် စာတန်းအလှ Tshirt များလဲ colour မျိုးစုံ instock ပါခင်ဗျာ 🙋

ယခု Tshirt လေးများအတွက်

🔸တစ်ထည်ဈေး - ၉၂၀၀

🔸ငါးထည်ဈေး - ၉၀၀၀

🔸ဆယ်ထည်ဈေး - ၈၈၀၀ ဖြစ်ပါတယ်ခင်ဗျာ။

ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေ ဖြစ်ပြီး အခြားမြို့များ အတွက် ကားဂိတ်တင်ပေးပြီး ကြိုတင်ငွေချေ ဖြစ်ပါတယ်ခင်ဗျာ။

မှာယူလိုပါက page cb (or) viber/telegram no +959 5140 922 / +959 765 140 922 သို့ဆက်သွယ် order တင်နိုင်ပါတယ်ခင်ဗျာ။

မှာယူလိုတဲ့ design လေးကိုလဲ screenshot လေးပို့ပြီးမှာယူပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

သိပ်မကြာခင် T-shirt တစ်ထည်ချင်းစီ ဖြန့်ပြထားတဲ့ video လေးတွေလဲတင်ပေးပါမယ်ခင်ဗျ ❤️❤️

အားလုံးအတွက်အလှပဆုံးတွေလက်ဆောင်ပေးနိုင်ဖို့ DR.PT homemade clothing ကိုသတိရလိုက်ပါ 💗💗💗








        သိပ်မကြာခင် အလှဆုံး ၊ ခေတ်အမီဆုံး ဒီဇိုင်းများနဲ့အတူ ပြန်လာခဲ့ပါမယ်ခင်ဗျာ ❤️❤️❤️
25/02/2024







သိပ်မကြာခင် အလှဆုံး ၊ ခေတ်အမီဆုံး ဒီဇိုင်းများနဲ့အတူ ပြန်လာခဲ့ပါမယ်ခင်ဗျာ ❤️❤️❤️

Check out DR.PT Homemade Clothing's video.

ကိုယ်၀န်ဆောင်သည်တွေမှာ ဖြစ်တဲ့ ဆီးချိုရောဂါ ဆိုတာဘာလဲ ? 🤷‍♂️ကိုယ်၀န်ဆောင်ဆီးချိုရောဂါ ဆိုတာ အမျိုးသမီးများအနေနဲ့ ကိုယ်၀န...
28/06/2023

ကိုယ်၀န်ဆောင်သည်တွေမှာ ဖြစ်တဲ့ ဆီးချိုရောဂါ ဆိုတာဘာလဲ ? 🤷‍♂️

ကိုယ်၀န်ဆောင်ဆီးချိုရောဂါ ဆိုတာ အမျိုးသမီးများအနေနဲ့ ကိုယ်၀န်ဆောင်နေစဥ် အချိန်အတွင်းမှာ ဖြစ်တတ်တဲ့ ခဏတာ ဆီးချိုရောဂါ ဖြစ်ပါတယ်။
ထိုအခြေအနေတွင် ဂရုတစိုက်ထိန်းသိမ်းခြင်း (သို့) ကုသမှု မရှိပါက ရေရှည် ဆီးချိုရောဂါ အဖြစ်သို့ ပြောင်းလဲနိုင်ပါတယ် ခင်ဗျာ ❗

ဘာကြောင့် ကိုယ်၀န်ဆောင် ဆီးချိုရောဂါ ဖြစ်ရတာလဲ ? 🤔

အမျိးသမီးများအနေနဲ့ ကိုယ်၀န်ဆောင်နေစဥ် ကာလအတွင်း ဟော်မုန်းများစွာ ထုတ်လုပ်ရပြီး ကိုယ်၀န်အတွက် လိုအပ်သော ဖြစ်စဥ်ပြောင်းလဲများစွာ ပြုလုပ်ရပါတယ်။
ထိုပြောင်းလဲမှုများကြောင့် ကိုယ်ခန္ဓာ ဆဲလ်များ၏ အင်ဆူလင် အပြည့်အ၀ သုံးစွဲနိုင်စွမ်းကို လျော့ကျစေပြီး အင်ဆူလင် လိုအပ်မှုများလာသောကြောင့် ဆီးချိုရောဂါ ဖြစ်စေခြင်းဖြစ်ပါတယ်။

❗ကိုယ်၀န်ဆောင်ဆီးချိုကြောင့် ကိုယ်၀န်ဆောင်နေစဥ် သွေးတိုးရောဂါ ဖြစ်နိုင်စွမ်းကိုလည်း တိုးစေပါတယ်။

♦ အချို့ အမျိုးသမီးများမှာတော့ ကိုယ်၀န်ရင့်မှ ဖြစ်ပေါ်တတ်ပြီး အချို့မှာတော့ ကိုယ်၀န်စတည်စဥ်မှ စဖြစ်တတ်ပါတယ်။

♦ ကိုယ်၀န်ဆောင်အမျိုးသမီးတိုင်းဖြစ်တတ်ခြင်း မဟုတ်ဘဲ ၁၀ ရာခိုင်းနှုန်းလောက်သာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

👶 ကိုယ်၀န်ဆောင်ဆီးချိုရောဂါ ရဲ့ နောက်ဆက်တွဲ ကလေးအပေါ် ထိခိုက်မှုများကတော့

(1) ကိုယ်ခန္ဓာ ပေါင်ပိုခြင်း ( ၉ ပေါင် သို့ အထက်)
(2) လစောမွေးခြင်းကြောင့် အသက်ရှင်ခြင်းဆိုင်ရာ ကိစ္စရပ်များ ထိခိုက်ခြင်း
(3) သွေးတွင်းသကြားဓာတ် ပုံမှန်ထက်နည်းခြင်း
(4) ဘ၀တစ်သက်တာ အတွက် Type 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြေများခြင်းတို့ ဖြစ်ပါတယ်။

ယခုလို ကိုယ်၀န်ဆောင်ဆီးချိုရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန်အတွက် ကိုယ်၀န်မဆောင်စဥ် အချန်ကာလကပင် အ၀လွန်ခြင်း နှင့် သွေးတွင်းအဆီဓာတ်များခြင်းတို့ကို အထူးသတိထား လျှော့ချသင့်ပါတယ် 😊
ကိုယ်၀န်ဆောင်နေစဥ် ဖြစ်ပွားခဲ့ပါကလည်း ဆရာ၀န်နဲ့သေချာတိုင်ပင်ပြီး သာယာသော မိသားစုဘ၀လေး ရရှိနိုင်ဖို့ ဂရုတစိုက်ကုသသင့်ပါတယ်ခင်ဗျာ 👨‍👩‍👦‍👦

"ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး” ဖြစ်တာမို့ ကျွန်တော်တို့ရဲ့ page လေးကနေ လူကြီးမင်းတို့အတွက် အကျိုးရှိတဲ့ ကျန်းမာရေးစာစဥ်များကို နေ့စဥ် နေ့တိုင်း တင်ဆက်ပေးနေမှာဖြစ်လို့ page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော် 🤗

ကျန်းမာအောင်နေဖို့မမေ့နဲ့နော် 💛💛💛



#ဆီးချိုသွေးချိုရောဂါ

ဆီးချိုရောဂါမှာ ဘာလို့ Type 1 နဲ့ Type 2 ဆိုပြီးနှစ်မျိုးရှိတာလဲ? 🤔Type 1 နဲ့ Type 2 ရဲ့ အဓိက ကွာခြားချက်တွေကတော့ ကျွန်တ...
27/06/2023

ဆီးချိုရောဂါမှာ ဘာလို့ Type 1 နဲ့ Type 2 ဆိုပြီးနှစ်မျိုးရှိတာလဲ? 🤔

Type 1 နဲ့ Type 2 ရဲ့ အဓိက ကွာခြားချက်တွေကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာ ဖြစ်စဥ်တွေအပေါ် အများအားဖြင့် မူတည်နေခြင်း ဖြစ်ပါတယ် ခင်ဗျာ 🙆‍♂️

♦Type 1 ဆီးချိုရောဂါတွင် ပန်ကရိယ (မုန့်ချိုအိတ်) မှ အင်ဆူလင် မထုတ်လုပ်နိုင်ခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ ကိုယ်ခန္ဓာ ရဲ့ ကိုယ်ခံအားစနစ်ကိုယ်တိုင် ပန်ကရိယ (မုန့်ချိုအိတ်) ထဲရှိ အင်ဆူလင်ထုတ်လုပ်ပေးသော အစ်(စ်)လက် (islet) ဆဲလ် များကို ပြန်လည် တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။

♦Type 2 ဆီးချိုရောဂါမှာတော့ ပန်ကရိယ (မုန့်ချိုအိတ်)ဟာ အင်ဆူလင်ထုတ်လုပ်မှု ယုတ်လျော့လာခြင်း ဖြစ်ပြီး ခန္ဓာကိုယ်မှ ထုတ်လုပ်ထားသော အင်ဆူလင်ကို သုံးစွဲနိုင်စွမ်း မရှိတော့ခြင်းဖြစ်ပါတယ်။

🔶Type 1 နဲ့ Type 2 ဆီးချိုရောဂါရဲ့ တူညီသောလက္ခဏာတွေကတော့

(1) ရေအလွန်ဆာခြင်း
(2) အလွန်ဆာလောင်ခြင်း (သို့) ဆာလောင်မှုဒဏ်မခံနိုင်ခြင်း
(3) အားကုန်နေခြင်း (သို့) ပင်ပန်းလွယ်ခြင်း
(4) အမြင်အာရုံဝေဝါးခြင်း
(5) ဆီးအလွန်သွားခြင်း
(6) ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း

🔶Type 2 ဆီးချိုရောဂါမှာတော့ ယခုထပ်ဖော်ပြပေးမယ့် လက္ခဏာလေးတွေကိုပါ ထပ်ခံစားရမှာဖြစ်ပါတယ်...

(1) မကြာခဏဖျားခြင်း (သို့) ကိုယ်ခံအားနည်းခြင်း
(2) အနာကျက်နှေးခြင်း
(3) လက် (သို့) ခြေထောက် များထုံကျဥ်ခြင်း ၊ အားလျော့ခြင်း
(4) သွားဖုံးပြဿနာဖြစ်ခြင်း
(5) အသားများယားယံခြင်း
(6) လိင်အင်္ဂါထောင်မတ်ခြင်းနှင့်ပတ်သက်၍ ပြဿနာရှိခြင်း

✅ Type 1 ဆီးချိုရောဂါဟာ
- မျိုးရိုးဗီဇ (genes)
- ဗိုင်းရပ်စ် (viruses)
- အစားအစာ (food)
- ဓာတုပစ္စည်းများနဲ့ထိတွေ့မှု (chemicals) တို့ကြောင့် ဖြစ်စေတတ်သည်ဟုယူဆနိုင်ပါသည်။

❗Type 2 ဆီးချိုရောဂါအနေနဲ့လည်း ​အချိန်ကာလကြာရှည်လာပါက Type 1 ဆီးချိုရောဂါအနေသို့ ပြောင်းလဲလာနိုင်ပါသည်။

❗Type 2 ဆီးချိုရောဂါဟာ အသက် ၄၅ နှစ်အထက်မှာ အဖြစ်များတတ်ပြီး အသက်ငယ်သူများတွင်လည်း အဝလွန်ခြင်း ၊ အချိုအစိမ့်အစားများခြင်း နှင့် မျိုးရိုးများကြောင့် ဖြစ်တတ်ပါသည်။

❗ဆီးချိုရောဂါမှာ ဂရုတစိုက်ကုသမှုမရှိပါက အသက်ရှင်ခြင်းဆိုင်ရာ ခန္ဓာကိုယ်တွင်း အင်္ဂါများကို ပျက်စီးစေပြီး ခန္ဓာကိုယ်တွင်းအာဟာရသုံးစွဲနိုင်မှု မညီမျှမှုကြောင့် ကိုမာ (coma) ဝင်ခြင်း နောက်ဆုံး အသက်အန္တရာယ်ဆုံးရှုံးခြင်း အထိဖြစ်နိုင်ပါသည်။

နက်ဖြန်ထပ်တွေ့ကြမယ်နော် 💛💛💛

"ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး” ဖြစ်တာမို့ ကျွန်တော်တို့ရဲ့ page လေးကနေ လူကြီးမင်းတို့အတွက် အကျိုးရှိတဲ့ ကျန်းမာရေးစာစဥ်များကို နေ့စဥ် နေ့တိုင်း တင်ဆက်ပေးနေမှာဖြစ်လို့ page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော် 🤗

ကျန်းမာအောင်နေဖို့မမေ့နဲ့နော် 💛💛💛



#ဆီးချိုသွေးချိုရောဂါ

ဆီးချို ၊ သွေးချို ရောဂါ ဖြစ်နေပြီဆိုတာ ဘယ်လိုသတိထားမိမလဲ? 🤔ဆီးချို ၊ သွေးချို ရောဂါဟာ ကျွန်​တော်တို့ရဲ့ ခန္ဓာကိုယ်မှာ စ...
26/06/2023

ဆီးချို ၊ သွေးချို ရောဂါ ဖြစ်နေပြီဆိုတာ ဘယ်လိုသတိထားမိမလဲ? 🤔

ဆီးချို ၊ သွေးချို ရောဂါဟာ ကျွန်​တော်တို့ရဲ့ ခန္ဓာကိုယ်မှာ စဖြစ်ပြီဆိုတာနဲ့ တစ်သက်တာကာလ သေဆုံးသည်အထိပါသွားမယ့် ရောဂါဖြစ်နေသေးတာမို့ အထူးသတိထားဖို့လိုပါတယ် 😊

ယခုအချိန်မှာ ဆီးချို ၊ သွေးချို ထိန်းဆေးများသာ ရှိနေသေးပြီး ရောဂါပျောက်ကင်းသည်အထိ ကုသနိုင်တဲ့ဆေး ရှာဖွေမတွေ့ရှိသေးတာကြောင့် ရောဂါမဖြစ်အောင် မိမိကိုယ်တိုင်ထိန်းသိမ်းသင့်ပါတယ် 🙅‍♂️

ဆီးချို ၊ သွေးချို ရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင် စားသောက်ရမလဲ ဆိုတာကိုတော့ မနက်ဖြန် ကျန်းမာရေးစာစဥ်မှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ 🙆‍♂️

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ဆီးချိုစဖြစ်တာကို သိနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးသွားပါမယ်ခင်ဗျာ။

(1) ညအချိန်တွင်ဆီးခဏခဏသွားခြင်း 🚽

(2) ပုံမှန်မဟုတ်ဘဲရေခဏခဏငတ်ခြင်း 🚰

(3) ဝိတ်တမင်ချခြင်းမဟုတ်ဘဲဝိတ်ရုတ်တရက်ကျသွားခြင်း 💁‍♂️(ဝိတ်ရုတ်တရက်ကျသွားရင်လဲမပျော်ကြနဲ့နော် 🤗)

(4) ဗိုက်ခဏခဏဆာခြင်း (သို့) ဆာလောင်မှုဒဏ်ကိုမခံစားနိုင်ခြင်း 🍽

(5) အမြင်အာရုံများမကြာခဏဝေဝါးတတ်ခြင်း🔎

(6) ပုံမှန်ထက်ပိုပင်ပန်းခြင်း (သို့) ပုံမှန်ထက်အားပိုလျော့ခြင်း 😞

(7) ခြေထောက် ၊ လက် များထုံကျဥ်ခြင်း (သို့) အားလျော့ခြင်း 🙍‍♂️

(8) အသားအရေများ အလွန် ခြောက်သွေ့လာခြင်း ✋

(9) ထိခိုက်ရှဒဏ်ရာ များ အလွယ်တကူ မပျောက်ခြင်း (သို့) အနာကျက်နှေးခြင်း ⌚

(10) ပုံမှန်ထက် ရောဂါပိုး ကူးစက်နိုင်မှုများခြင်း (သို့) နေမကောင်း ခဏခဏ ဖြစ်ခြင်း 🌡

ဒီလက္ခဏာတွေထဲက နှစ်ခု သုံးခု လောက် စာဖတ်သူရဲ့ ကိုယ်ခန္ဓာမှာဖြစ်နေရင်တော့ နီးစပ်ရာ ဆေးဆိုင် (သို့) ဆေးခန်းမှာ ဆီးချို ရှိ ၊ မရှိ သေချာပေါက် စစ်ဆေးသင့်ပါတယ်ခင်ဗျာ 😇

နက်ဖြန်ထပ်တွေ့ကြမယ်နော် 💛💛💛

"ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး” ဖြစ်တာမို့ ကျွန်တော်တို့ရဲ့ page လေးကနေ လူကြီးမင်းတို့အတွက် အကျိုးရှိတဲ့ ကျန်းမာရေးစာစဥ်များကို နေ့စဥ် နေ့တိုင်း တင်ဆက်ပေးနေမှာဖြစ်လို့ page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော် 🤗

ကျန်းမာအောင်နေဖို့မမေ့နဲ့နော် 💛💛💛



#ဆီးချိုသွေးချိုရောဂါဖြစ်နေပြီဆိုတာဘယ်လိုသိမလဲ?

🔰 ဆီးချို / သွေးချို ရောဂါ ဆိုတာဘာလဲ?ဆီးချို ၊ သွေးချိုရောဂါဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှ အင်ဆူလင် (insulin) လို့ခ...
25/06/2023

🔰 ဆီးချို / သွေးချို ရောဂါ ဆိုတာဘာလဲ?

ဆီးချို ၊ သွေးချိုရောဂါဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှ အင်ဆူလင် (insulin) လို့ခေါ်တဲ့ ဟော်မုန်း အလုံအလောက် မထုတ်နိုင်တာ (သို့မဟုတ်) ထုတ်ထားတဲ့ အင်ဆူလင် ကိုမသုံးစွဲနိုင်တော့တာကြောင့်ဖြစ်ရတဲ့ရောဂါဖြစ်ပါတယ်။

🔶 အင်ဆူလင် (insulin) ဆိုတာဘာလဲ?

အင်ဆူလင် ဆိုတာကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ပန်ကရိယ (pancreas) လို့ခေါ်တဲ့ မုန့်ချိုအိတ်ကနေ ထုတ်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။

🔶 အင်ဆူလင် (insulin) ကဘာလုပ်ပေးတာလဲ?

အင်ဆူလင်က ကျွန်တော်တို့စားသုံးလိုက်တဲ့ အာဟာရ တွေထဲက ဂလူးကို့စ် (glucose) ဆိုတဲ့ သကြားဓာတ်ကို သွေးစီးကြောင်းထဲကနေ ခန္ဓာကိုယ်ရဲ့ ဆဲလ် (cell) တွေထဲရောက်အောင် ကူညီပေးတဲ့ ဟော်မုန်း (hormone) ဖြစ်ပါတယ်။

🔶 အင်ဆူလင်ချို့တဲ့လာရင် (သို့) ကောင်းကောင်းအလုပ်မလုပ်ရင်ဘာဖြစ်လဲ?

ကျွန်တော်တို့ခန္ဓာကိုယ်တွင်း သွေးစီးကြောင်းတွေထဲ ဂလူးကို့စ် (glucose) ဆိုတဲ့ အချိုဓာတ်တွေ စုပြုံလာပြီး ဆီးချိုတက်တယ် ဆိုတာဖြစ်လာပါတယ်။

❗ဆီးချိုရောဂါကို မထိန်းရင် ဘာတွေဆက်ဖြစ်လာမလဲ?

ဆီးချိုရောဂါဖြစ်ပွားနေမှန်းစသိတာနဲ့ ဆီးချို မတက်အောင် ထိန်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
မထိန်းခဲ့ရင် ကြီးမားတဲ့ ကျန်းမာရေးပြဿနာ များစွာ ဖြစ်လာနိုင်ပါတယ်။
နောက်ဆက်တွဲများအနေဖြင့် နှလုံးရောဂါ ၊ ကျောက်ကပ်ရောဂါ နဲ့ အမြင်အာရုံဆုံးရှုံးခြင်း တို့ဖြစ်လာနိုင်ပါတယ်။

"ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး” ဖြစ်တာမို့ ကျွန်တော်တို့ရဲ့ page လေးကနေ လူကြီးမင်းတို့အတွက် အကျိုးရှိတဲ့ ကျန်းမာရေးစာစဥ်များကို နေ့စဥ် နေ့တိုင်း တင်ဆက်ပေးနေမှာဖြစ်လို့ page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော် 🤗

ကျန်းမာအောင်နေဖို့မမေ့နဲ့နော် 💛💛💛



#ဆီးချိုသွေးချိုရောဂါ

Address

Thit Taw Street, Ahlone
Yangon
11121

Telephone

+9595140922

Website

http://t.me/DRPTpremiumclothing2

Alerts

Be the first to know and let us send you an email when Vlog By Dr.PT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share