Yaung Chi Pharmacy

Yaung  Chi  Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yaung Chi Pharmacy, Medical and health, Yangon.

20/11/2025

Fertina Myanmar
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တိုင်းအတွက် အကောင်းဆုံးကိုယ်ဝန်ဆောင်အားဆေးဆို Fertina (ဖါတီးနား) ကိုသောက်ဖို့အတွက် ဘာကြောင့်ညွှန်းရတာလဲ?
Fertina (ဖါတီးနား)မှာ
✅ကိုယ်ဝန်ဆောင်မိခင်တွေအတွက်နေ့စဉ်လိုအပ်တဲ့ Folic acid 600 microgram ပါဝင်တာမို့ သန္ဓေသားကျန်းမာစေဖို့အထောက်အကူပြုပေးပါတယ်။
✅Hemoglobin synthesis ပါဝင်တာကြောင့် ရင်သွေးလေးရဲ့ Birth Defects များကိုပါကာကွယ်ဖို့ အထောက်အကူပြုပါတယ်။
✅Folic Acid အပြင် Iron နဲ့ B12ပြည့်စုံစွာပါဝင်တာမို့ Pregnancy anemia ကိုကြိုတင်ကာကွယ်ပြီးကုသပေးပါတယ်။
✅ Daily Recommended dose ဖြစ်တဲ့အတွက် Iodine 150microgrm ပါဝင်တာမို့ ရင်သွေးလေးရဲ့ brain & growth development နဲ့ မိခင်အတွက်လိုအပ်တဲ့ Thyroid Hormone Synthesis အတွက်ကိုစိတ်ချရပါတယ်။
✅Vit-B2 (Riboflavin), Vit-B5 (Pantothenic Acid) နဲ့ Vit-B6 (Pyridoxine) တို့လည်းပါဝင်တာမို့ ကိုယ်ဝန်ဆောင်ချိန်မေမေတို့စိတ်ညစ်ရတဲ့ (Pre-eclampsia) ၊ Morning sickness၊ ခြေထောက်ကြွက်တက်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေတာမို့ တစ်မျိုးတည်းနဲ့ပြီးပြည့်စုံစေပါတယ်။

#မေမေ့ရဲ့ပထမဆုံးလက်ဆောင်မွန်


ချောင်းဆိုး​​နေ​သောသူများအတွက်
20/02/2022

ချောင်းဆိုး​​နေ​သောသူများအတွက်

နှာ​စေးနှာ​ချေသမားများအတွက်
20/02/2022

နှာ​စေးနှာ​ချေသမားများအတွက်

#နှာစေးသက်သာစေမယ့်ဆေးတွေ
နှာစေး နှာချေ နှာရည်ယိုပါက နှာရည်ယိုစေနိုင်တဲ့ Histamine ဓာတ်တွေကို ပိတ်ဆို့ပေးတဲ့ Antihistamines ပါတဲ့ ဆေးတွေကို သောက်ရပါမယ်။

ချောင်းဆိုးတဲ့အခါမှာလည်း နှာရည်တွေယိုတဲ့အခါ အရှေ့ကို မယိုဘဲ လည်ချောင်းထဲ ယိုဆင်းတဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုးတာ ဖြစ်နိုင်လို့ ဒီလို ချောင်းဆိုးတာမျိုးဆိုရင်လည်း Antihistamines ဆေးတွေ သောက်သင့်ပါတယ်။

Antihistamine က အအေးမိပျောက်ဆေး၊ ချောင်းခြောက် ချောင်းဆိုးပျောက်ဆေးတို့မှာ ပါလေ့ရှိပါတယ်။ မသောက်ဘူးသူ မရှိသလောက် အသုံးများလှတဲ့ဆေးပါ။

Antihistamine ကို နှာစေးနှာရည်ယို အပြင်
ယားယံ၊ အဖုအပိမ့်ထွက်၊ အင်ပျဉ်ထွက် စတဲ့ ဓာတ်မတည့်လို့ဖြစ်တဲ့ လက္ခဏာတွေပေါ်ရင်လည်း သောက်လို့ရပါတယ်။
ဘယ်နေရာက ဘာလို့ယားယား ဒီဆေးကို အသုံးများကြပါတယ်။

---------------------------
Cetrizine (စီထရင်ဇင်း)
---------------------------
Antihistamine ထဲမှာ အပေးများ၊ အသုံးများတာက Cetrizine (စီထရင်ဇင်း) အမျိုးအစား ဆေးတွေပါ။
ဆေးဗူးတွေပေါ်မှာ Cetrizine လို့ရေးထားတတ်ပါတယ်။

ဈေးကွက်ထဲ အလွယ်ဝယ်ရနိုင်တဲ့ ဆေးနာမည်တွေက..
• Alatrol,
• Allercet,
• Cetzine,
• Cetrine,
• Cetrisav,
• Cetzilab,
• Rizin,
• Trizin,
• Set-10,
• Zyncet

--------------------------------------
တခြား Antihistamine အမျိုးအစားတွေ…
--------------------------------------
တခြား Antihistamine အမျိုးအစားတွေကတော့…
Brompheniramine, Chlorpheniramine, Diphenhydramine, Doxylamine, Fexofenadine, Levocetirizine, Loratadine စတာတွေ ဖြစ်ပါတယ်။

အလွယ်ဝယ်ရနိုင်တဲ့ ဆေးနာမည်တွေက..
• ဘာမီတွန် (Chlorphemanine Malenate)
• Alerday (Fexofenadine)
• Robitussin (Brompheniramine)
• Claritin (Loratidine)
• NyQuil (Doxylamine) တို့ပဲ ဖြစ်ပါတယ်။

--------------------------------------
Combination Pills (ဆေးပေါင်း)
--------------------------------------
တချို့ဆေးတွေကတော့ အအေးမိနှာစေးပျောက်ဆေးဆိုပြီး ပါရာစီတမော အကိုက်အခဲပျောက်ဆေးနဲ့ Antihistamine နှစ်မျိုးကို ပေါင်းထားတတ်ပါတယ်။
• ဥပမာ- Decolgen နဲ့ Fluza ပါ။

ဒီဆေးတွေ သောက်ထားရင် ပါရာစီတမောနဲ့ စီထရင်ဇင်းကို ထပ်သောက်စရာမလိုတော့ပါဘူး။
နှာပဲစေးပြီး မဖျားဘူးဆိုရင်လည်း ဒီဆေးတွေသောက်စရာမလိုပါဘူး။ စီထရင်ဇင်းနဲ့တင် လုံလောက်ပါတယ်။

---------------
သတိပြုရမှာက
---------------
တချို့ Antihistamine ဆေးတွေက အိပ်ငိုက်တတ်လို့
ကားမောင်းရမယ့်သူတွေ သတိထားရပါမယ်။ ❗

အားလုံးပဲ နေကောင်းကျန်းမာကြပါစေ
ချစ်ခင်လျှက်
Dr.Nu Myat Theingi Oo

ကဲ Covid နောက်မျိုးစိတ် တခုက လာ ပြန် ပြီ ဆိုတော့ မိမိ ကိုယ်တိုင် နှင့် မိသား စု တွေ အတွက် ကာကွယ်ခြင်း က ကုသခြင်း ထက် ပို...
20/01/2022

ကဲ Covid နောက်မျိုးစိတ် တခုက လာ ပြန် ပြီ ဆိုတော့ မိမိ ကိုယ်တိုင် နှင့် မိသား စု တွေ အတွက် ကာကွယ်ခြင်း က ကုသခြင်း ထက် ပိုကောင်း သည် ဆို သည့် အတိုင်း ကာကွယ် ကြ ပါစို့ ..

👉🏻 ကိုယ်ခံအားနည်းနေကြောင်း ဘယ် အချိန်တွင် သိနိုင်သလဲ
🍀မကြာခဏ အအေးမိဖျားနာလွယ် ပြီး သူများထက် ချူချာ လွယ်ခြင်းသည် အသိသာဆုံး လက္ခဏာ ဖြစ်ပါတယ် ။

👉🏻ကိုယ်ခံအား ကောင်းအောင်မည်သို့ ပြုလုပ်ရမည်နည်း ။
🍀အာဟာရမျှတစွာ နေထိုင်စားသောက်ပါ ၊ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ ၊ အိပ်ရေး ဝ ဝ အိပ်ပါ ၊ ရေများများသောက် ပါ ၊ မနက်ခင်း နေရောင် ခံယူပါ ၊ စိတ်ဖိစီးမှု လျှော့ချပါ။

👉🏻Covid မဖြစ်အောင် သောက်တဲ့ဆေး ရှိပါသလား ?
🍀 မရှိသေး ပါ ၊ ကာကွယ် ဆေး ပဲ ရှိပါတယ် ။

👉🏻 ကာကွယ်ဆေး ထိုးရင်ရော Covid မဖြစ်တော့ ဘူးလား ?
🍀 ဖြစ်နိုင်ပါသေးတယ်၊ ဒါပေမယ့်ရောဂါ ပြင်းထန်မှု နှုန်း နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို လျှော့ကျစေပါသည်။

🍀 Covid ရောဂါ ကူးစက်မှုမှကာကွယ်ရန် Mask တပ်ပါ ၊ လက်ဆေးပါ ၊ လူစုလူဝေး ရှောင်ပါ ၊ ကိုယ်ခံအား ကောင်းအောင်နေထိုင်ပါ ။

အစားအစာ တွင် ကိုယ်ခံအားကောင်းရန် မလုံလောက် ဘူး ဟု ယူဆ ပါ က ကိုယ်ခံအား ကောင်းစေသော ယုံကြည်စိတ်ချရသော Supplement (အားဆေး) များ သောက် ပါ။

ကိုယ်ခံအား အကောင်းဆုံး မြှင့်တင်ပေးနိုင်သော Quality ကောင်းမွန်သော Vitamin C 1000 mg ပါဝင်သည့် Nat C 1000 နှင့် Vitamin D 1000 IU ( 25 mcg) ပါဝင်သော Nat D ဆေးဘူး များ ဆိုင်တွင် ဝယ် ယူရရှိနိုင် ပါပြီ။



#​ရောင်ခြည်​ဆေးဆိုင်

Address

Yangon

Telephone

+959795185594

Website

Alerts

Be the first to know and let us send you an email when Yaung Chi Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yaung Chi Pharmacy:

Share