OSC Pharmacy

OSC  Pharmacy ဆေးဝါးမှန်ကန် စိတ်ချယုံကြည် OSC Pharmacy

🎗️𝐖𝐨𝐫𝐥𝐝 𝐎𝐯𝐚𝐫𝐢𝐚𝐧 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 🎗️နှစ်စဉ် မေလ (၈) ရက်နေ့ကို “𝐖𝐨𝐫𝐥𝐝 𝐎𝐯𝐚𝐫𝐢𝐚𝐧 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲" အဖြစ် သတ်မှတ်ပြီး ကျင်းပပြုလုပ်ကြပါတယ်...
08/05/2026

🎗️𝐖𝐨𝐫𝐥𝐝 𝐎𝐯𝐚𝐫𝐢𝐚𝐧 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 🎗️
နှစ်စဉ် မေလ (၈) ရက်နေ့ကို “𝐖𝐨𝐫𝐥𝐝 𝐎𝐯𝐚𝐫𝐢𝐚𝐧 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲" အဖြစ် သတ်မှတ်ပြီး ကျင်းပပြုလုပ်ကြပါတယ်။ 📅

ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “𝐍𝐨 𝐖𝐨𝐦𝐚𝐧 𝐋𝐞𝐟𝐭 𝐁𝐞𝐡𝐢𝐧𝐝," ဖြစ်ပါတယ်။
🤝 သားဥအိမ်ကင်ဆာဟာ သားဥအိမ်မှာ အစပျိုးသည့် ကင်ဆာအမျိုးအစားတစ်ခုဖြစ်တာကြောင့် အမျိုးသမီးများအတွက် စိုးရိမ်ရသည့် ကင်ဆာတစ်မျိုးလည်း ဖြစ်ပါတယ်။ 👩‍⚕️

သားဥအိမ်ကင်ဆာဆိုတာ အမျိုးသမီးတွေအတွက် သတိထားရမယ့် အကြောင်းအရာတစ်ခုဆိုတော့ ဘယ်လိုကာကွယ်ကြမလဲ၊ ဘာတွေ သတိထားရမလဲဆိုတာ ပြောပြပေးသွားပါမယ်။ ✨

သားဥအိမ်ကင်ဆာကို လုံးဝကာကွယ်နိုင်မယ့် နည်းလမ်းဆိုတာ မရှိသေးပေမဲ့ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို လျှော့ချလို့ရတဲ့ နည်းလမ်းလေးတွေတော့ ရှိပါတယ်။ 👇
💊 တားဆေးသောက်သုံးခြင်း
ကိုယ်ဝန်တားဆေးတွေကို ပုံမှန်သောက်သုံးသူတွေမှာ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ ဒါပေမဲ့ တားဆေးတိုင်းမှာ ဆိုးကျိုးလေးတွေ ရှိတတ်တာမို့ ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီလားဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့တော့ လိုပါတယ်နော်။🩺

👶 ကလေးယူခြင်းနှင့် နို့တိုက်ကျွေးခြင်း
အသက် (၃၀) မတိုင်ခင် ကလေးမွေးပြီး နို့ချိုတိုက်ကျွေးခဲ့တဲ့ မိခင်တွေမှာ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုနည်းတယ်လို့ သိရပါတယ်။ 🤱

🧬 မျိုးရိုးကို စစ်ဆေးခြင်း
မိသားစုထဲမှာ ရင်သားကင်ဆာ ဒါမှမဟုတ် သားဥအိမ်ကင်ဆာ ဖြစ်ဖူးတဲ့သူ ရှိရင်တော့ ပိုပြီး သတိထားရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးမှုတွေ လုပ်သင့်မလုပ်သင့် ဆွေးနွေးကြည့်တာ အကောင်းဆုံးပါပဲ။ 🏥

👩‍🦳 ပုံမှန် စစ်ဆေးမှု လုပ်ပေးခြင်း
သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေအနေနဲ့ ပုံမှန် စစ်ဆေးမှုတွေ လုပ်ပေးဖို့ လိုပါတယ်နော်။ တခါတလေ သားဥအိမ်က အရမ်းသေးတော့ စက်နဲ့ကြည့်ရင်တောင် မမြင်ရတာမျိုး ဖြစ်တတ်တာမို့ သွေးစစ်တာ၊ အဆင့်မြင့် စစ်ဆေးတာတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ဖို့ လိုပါတယ်။ 🔬
သားဥအိမ်ကင်ဆာလက္ခဏာများမှာ ⚠️
• ဝမ်းဗိုက် ဖောရောင်လာတာ၊ 🎈
• တင်ပါးဆုံရိုး နာကျင်တာ၊ ⚡
• အကြောင်းရင်းမရှိဘဲ ဝိတ်ကျသွားတာ၊ 📉
• အရမ်းကို မောပန်းနွမ်းနယ်နေတာ၊ 😫
• အစားနည်းနည်းစားတာနဲ့ ဗိုက်ပြည့်နေသလို ခံစားရတာ၊ 🍽️
• ဝမ်းချုပ်တာ ဒါမှမဟုတ် ဆီးမကြာခဏ သွားတာမျိုးတွေပါ။ 🚽
သားဥအိမ်ကင်ဆာက အစောပိုင်းမှာ လက္ခဏာ သိပ်မပြတတ်တာမို့ ကိုယ့်ကိုယ်ကို အမြဲဂရုစိုက်ပြီး မသင်္ကာတာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။ 👩‍⚕️💬

အထူးသဖြင့် သွေးဆုံးပြီးသော အမျိုးသမီးများ၊ မိသားစုတွင် ရောဂါရာဇဝင်ရှိသူများ၊ ကိုယ်ဝန်မဆောင်ဖူးသူ အမျိုးသမီးများက ရောဂါဖြစ်ပွားနိုင်ချေ ပိုများတာကြောင့် ပုံမှန် ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) လုပ်တဲ့အခါ အမျိုးသမီးရောဂါဆိုင်ရာ စစ်ဆေးမှုတွေကိုပါ ထည့်သွင်းပြုလုပ်သင့်ပါတယ်။ 🩺✨ အမျိုးသမီးများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။ ❤️🌷

#အမျိုးသမီးကျန်းမာရေး

Address

No. 137(D), Thudhamar Road, North Okkalapa Township
Yangon

Opening Hours

Monday 06:00 - 23:59
Tuesday 06:00 - 23:59
Wednesday 06:00 - 23:59
Thursday 06:00 - 23:59
Friday 06:00 - 23:59
Saturday 06:00 - 23:59
Sunday 06:00 - 23:59

Telephone

+959450868201

Alerts

Be the first to know and let us send you an email when OSC Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to OSC Pharmacy:

Share