Hammer Of Thor myanmar

Hammer Of Thor myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hammer Of Thor myanmar, Medical and health, South Okkalapa Township, Yangon.

USAပစ္စည်းအစစ်အမှန်|စျေးနှုန်းမှန်ကန်စွာဖြင့် ကုမ္ပဏီဘောင်ချာနှင့်သာရောင်းချပေးနေပါသည်|မြန်မာပြည်အနှံ့ပစ္စည်းရောက် ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပီးပြည်ပနိုင်ငံများကိုလည်းပို့ဆောင်ပေးပါသည်
☎️ဆက်သွယ်မှာယူရန် 09-769029177(Viber+Telegram)

သွေ:တိုး ဆီးချို အာရုံကြော အတွက်ငရံ့ပတူ နှင့်ကျန်းမာရေး+++++++++ဟင်းတမယ်အနေနဲ့ရောအေးခါး ဓါတ်စာ အနေနဲ့ရော အရွက်ကို ပြုတ်စ...
24/08/2026

သွေ:တိုး ဆီးချို အာရုံကြော အတွက်ငရံ့ပတူ နှင့်ကျန်းမာရေး
+++++++++
ဟင်းတမယ်အနေနဲ့ရောအေးခါး ဓါတ်စာ အနေနဲ့ရော အရွက်ကို ပြုတ်စား ကြော်စားပါက ကိုယ်ပူ ချောင်းဆိုး လေနာနှင့်မီးယပ်သွေ:ခဲ၊ သွေ:ကျန်တို့ကို ကြေပျက်၍ ကျစေသည်။

အရွက်ကိုပြုတ်၍ သုပ်စားပါက လေကောင်း ဝမ်းမှန်စေသည်။

အမြစ်ကိုသွေ:၍ ချင်းခြောက်မှုန့်နှင့်ရောပြီး ရေနွေးနှင့်သောက်ပါက အဆုတ်နာပျောက်၏။

အစေ့ကို လူပျိုနာကြောင့်ဖြစ်သော အဆစ်ရောင် ရောဂါများအတွက် အသုံးပြုသည်

မြန်မာဆေ:ကျမ်းများအလိုအရ ငရံ့ပတူ အမြစ်နှင့် အရွက်သည် ပူ၊ခါး သော အရသာရှိ၏။ ကြေညက်၍ ပူသော ဂုဏ်သတ္တိရှိ၏။ သွေ:ကို ကြွစေပြီး လေကို ရစေသည်။

တိုင်းရင်းဆေ:သမားတော်များကအရွက်နှင့် အမြစ်တို့ကို သန်ကျဆေ: အနာကြီးရောဂါဆေ:များနှင့် မီးယပ်ဆေ: များဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။

အမြစ်နှင့် ဖော်စပ်သောဆေးသည် ဒူလာ၊ ညောင်းကျ၊ ပန်းနာ၊ ရင်ကျပ်၊ ချောင်းဆိုး၊ အကို*က်အခဲ ကို ပျောက်ကင်းစေနိုင်သည်။

အာရုံကြော ကျန်းမာစေနိုင်တယ်

အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်၊ multiple sclerosis (MS)တွေလိုမျိုး ကျန်းမာရေးပြဿနာတွေကို ကင်းစေဖို့ ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် အာရုံကြောတွေ ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

အသက်အရွယ်ကြောင့်ဖြစ်တဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကင်းစေဖို့ဆိုရင် ငါးရံ့ပတူရွက် စားပေးလို့ ရပါတယ်။

ဆီးချို ကာကွယ်ပေးနိုင်တယ်

အမျိုးအစား ၂ ဆီးချိုကလည်း တော်တော်လေး အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာပါ။

ဒီကျန်းမာရေးပြဿနာကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် သက်သာစေဖို့ပဲဖြစ်ဖြစ် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ အဝမလွန်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ဆီးချိုအပါအဝင် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

သွေ:တိုး ကာကွယ်ပေးနိုင်တယ်

သွေ:တိုးတာကလည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။

သွေ:တိုးကြောင့် နှလုံးရောဂါ၊ နှလုံးသွေ:ကြောကျဉ်းတာတွေကို ခံစားရနိုင်ပါတယ်။

သွေ:တိုးသက်သာစေဖို့နဲ့ သွေ:တိုးကာကွယ်ဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

က*င်ဆာ သက်သာစေနိုင်တယ်

က*င်ဆာက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာတဲ့ ကျန်းမာရေး ပြဿနာပါ။

က*င်ဆာက ဆဲလ်တွေ ထိန်းချုပ်မရနိုင်အောင် ပွားလာရာကနေတဆင့် အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ပြင်းထန်လာပါတယ်။

ဒီက*င်ဆာတွေကို ဖြစ်နိုင်ခြေ လျှော့ချဖို့အတွက် ဖြစ်ဖြစ်၊ သက်သာစေဖို့ ဖြစ်ဖြစ် ငါးရံ့ပတူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

တစ်နေ့တာ လှုပ်ရှားမှုအတွင်း ထိတွေ့မိတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို ထိခိုက်မှု ကင်းစေဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာက တစ်ရှူးတွေနဲ့ ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေနဲ့ က*င်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် ကျန်းမာရေး မထိခိုက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

လေ့လာမှုတွေအရကတော့ ငါးရံ့ပတူရွက်က ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့အတွက် စားသုံးပေးလို့ ရပါတယ်။

ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်

နှစ်စဉ် ကမ္ဘာတလွှားမှာ ဗိုင်းရပ်စ်ပိုးတွေ အမျိုးမျိုးကူးစက်နေပါတယ်။ ဒီလိုမျိုး ဗိုင်းရပ်စ်တွေ ကူးစက်တာကြောင့် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားကြရပါတယ်။

ဒါကြောင့် ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

အရောင်ကျစေနိုင်တယ်

ထိခိုက်မှုကြောင့် ဖြစ်ဖြစ်၊ ပိုးဝင်ကူးစက်မှုကြောင့်ဖြစ်ဖြစ် အရေပြားပေါ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကိုရော၊ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုပါ သက်သာစေဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

နာတာရှည် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေ ရောင်ရမ်းတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

အသည်း ကျန်းမာစေနိုင်တယ်

Bioactive ဒြပ်ပေါင်းတွေ ဖြစ်တဲ့ (phenolics၊ tannins၊ flavonoids၊ alkaloids၊ terpenoids၊ saponins နဲ့ sterols)တို့ ပါဝင်နေတာကြောင့် အသည်းကို ထိခိုက်စေမှုတွေကနေ ကာကွယ်ပေးပါတယ်။

အသည်းက အဆိ.ပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

ဆေ:ဝါးတွေ၊ အယ်လ်ကိုဟောနဲ့ အခြားသော အရာတွေကြောင့် အသည်း ထိခိုက်တာတွေ ကင်းစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

နှလုံးကို ဒုက္ခပေးနေတဲ့ "အဆီဆိုး ၅ မျိုး” ++++++++++နှလုံးကျန်းမာရေးအတွက် "အဆီ" တိုင်းက မကောင်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် အ...
24/08/2026

နှလုံးကို ဒုက္ခပေးနေတဲ့ "အဆီဆိုး ၅ မျိုး”
++++++++++
နှလုံးကျန်းမာရေးအတွက် "အဆီ" တိုင်းက မကောင်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဆီအမျိုးအစား တချို့ကတော့ သွေ:ကြောတွေကို တစစ ပျက်စီးစေပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို မြင့်တက် စေပါတယ်။ အဲဒါတွေက ဘာတွေလဲ..
________________________________________
၁။ ထရန့်စ်ဖက်
ဒါကတော့ အစားအစာတွေ တာရှည်ခံပြီး အရသာရှိအောင် အပင်ဆီကို ဓာတုဗေဒနည်းနဲ့ အသွင်ပြောင်းထားတဲ့ လူလုပ်အဆီတွေပါ။ထောပတ်အတုလို့ လူသိများတဲ့ မာဂျရင်းနဲ့ မုန့်လုပ်ရာမှာသုံးတဲ့ "အဖြူရောင် အဆီခဲ" တွေမှာ Trans Fat အများဆုံး ပါပါတယ်။
• ဘယ်လို အစားအစာတွေမှာ တွေ့ရသလဲ - ဆီကြော်မုန့်တွေ (Fast Foods)၊ အသင့်စား ကိတ်မုန့်၊ ၊ ဒိုးနတ်၊ အာလူးကြော်ထုပ်တွေ။
• ဘာကြောင့် အန္တရာယ်ရှိလဲ - မကောင်းတဲ့ ကိုလက်စထရော (LDL) ကို တက်စေပြီး၊ ကောင်းတဲ့ ကိုလက်စထရော (HDL) ကို ကျဆင်းစေပါတယ်။
သတိပြုရန် - "အန္တရာယ်အရှိဆုံး အဆီဖြစ်တဲ့အတွက် တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။"

၂။ ပြည့်ဝဆီ (Saturated Fat)
ပြည့်ဝဆီက အဆိ.ပ်အတောက် မဟုတ်ပေမယ့် အလွန်အကျွံ စားရင်တော့ သွေ:ကြောထဲမှာ အဆီခဲတွေ ပိတ်ဆို့လာစေနိုင်ပါတယ်။
• ဘယ်လို အစားအစာတွေမှာ တွေ့ရသလဲ - ထောပတ်၊ နို့ခဲ၊ ဝက်သားလို အဆီများတဲ့ အသားတွေ၊ ဝက်အူချောင်းနဲ့ အသားပြားတွေ။
• အုန်းဆီနှင့် စားအုန်းဆီ - အပင်ထွက်ဆီဖြစ်ပေမယ့် ပြည့်ဝဆီ (Saturated Fat) မြင့်မားစွာ ပါဝင်တာကြောင့် အလွန်အကျွံစားသုံးခြင်းကို သတိပြုရပါမယ်။
• ဘာကြောင့် အန္တရာယ်ရှိတာလဲ - မကောင်းတဲ့ ကိုလက်စထရော (LDL) ကို တက်စေပြီး၊ သွေးကြောထဲမှာ အဆီခဲတွေ ပိတ်ဆို့လာစေနိုင်ပါတယ်။
အကြံပြုချက် - လုံးဝမစားဘဲ နေစရာမလိုပေမယ့် အလွန်အကျွံမဖြစ်အောင် အချိုးအစားကို လျှော့ချပြီး အသင့်အတင့်ပဲ စားသုံးသင့်ပါတယ်။

၃။ Triglyceride (ထရိုင်ဂလစ်စရိုက်) အဆီ။
ဒါက အစားအစာထဲက အဆီတင်မကဘဲ သကြားနဲ့ ကစီဓာတ် အစားများရင်လည်း တက်လာတတ်တဲ့ အဆီဖြစ်ပါတယ်။
• ဘာကြောင့်တက်တာလဲ - သကြားအလွန်အကျွံစားခြင်း၊ အချိုရည်များ၊ အရက်သောက်ခြင်းနှင့် လှုပ်ရှားမှုနည်းခြင်း။
"အန္တရာယ် - ထရိုင်ဂလစ်စရိုက် မြင့်မားနေရင် သွေ:ကြောနံရံတွေကို ထူလာစေပြီး နှလုံးရောဂါဖြစ်စေ နိုင်ရုံသာမက အသက်အန္တရာယ်ရှိတဲ့ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) ကိုပါ ဖြစ်စေနိုင်ပါတယ်။"

၄။ အကြိမ်ကြိမ် ပြန်ကြော်ထားတဲ့ ဆီများ။
လမ်းဘေးစာတွေမှာ အသုံးများတဲ့ ဆီဟောင်းတွေဟာ ဓာတ်တိုးခြင်း (Oxidation) ကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။
• အကျိုးဆက် - ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုဖြစ်စေပြီး သွေ:ကြောနံရံတွေကို တိုက်ရိုက် ပျက်စီးစေပါ တယ်။
"ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီ" ဖြစ်ရင်တောင် အကြိမ်ကြိမ် ပြန်ကြော်ရင် အဆီဆိုး ဖြစ်သွား တတ်ပါ တယ်။

၅။ အသင့်စား အစားအစာများထဲက "ဖုံးကွယ်ထားတဲ့ အဆီ"
ပြုပြင်ထားတဲ့ အစားအစာ (Ultra-processed foods) တွေမှာ အဆီဆိုး၊ ဆားနဲ့ သကြားတွေ အများကြီး ပါဝင်နေတတ်ပါတယ်။
• ဥပမာ - အသင့်စား ခေါက်ဆွဲခြောက်၊ အာလူးကြော်ထုပ်၊ အသင့်စား အေးခဲစာများ။
သတိပြုရန် - ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ ထမင်းကြော်၊ ဆီချက်နဲ့ ခေါက်ဆွဲကြော် တွေမှာလည်း ပြည့်ဝဆီနဲ့ ဆီဟောင်းတွေ ပါဝင်နေတတ်ပါတယ်။ ဒါ့အပြင် ကစီဓာတ်နဲ့ ဆီ ပေါင်းစပ်သွားတဲ့အတွက် သွေ:ထဲက Triglyceride ကို အလွယ်တကူ မြင့်တက်စေပါတယ်။
________________________________________
အဆီကို မစားပဲနေမယ့်အစား အဆီဆိုးတွေကို (တတ်နိုင်သမျှ) "အဆီကောင်း" တွေနဲ့ အစားထိုးလိုက်ပါ -

ထောပတ်အစား သံလွင်ဆီ သို့မဟုတ် (အသင့်အတင့်)နှမ်းဆီ၊မြေပဲဆီ၊နေကြာဆီ ကို သုံးပါ။
အာလူးကြော်အစား အစေ့အဆန် (Nuts) တွေကို စားပါ။
ဝက်သားလို အသားတွေအစား ငါး ကို ပိုစားပေးပါ။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

"ကျောက်ကပ်ရောဂါအတွက် ရေဝါးမြက်ပင်"ကျောက်ကပ်ပျက်စီး၍ ရောဂါခံစားနေရသော ဝေဒနာရှင်များအတွက် အဖိုးတန်သော ဆေ:နည်းကောင်းလေးတစ်ခ...
20/08/2026

"ကျောက်ကပ်ရောဂါအတွက် ရေဝါးမြက်ပင်"
ကျောက်ကပ်ပျက်စီး၍ ရောဂါခံစားနေရသော ဝေဒနာရှင်များအတွက် အဖိုးတန်သော ဆေ:နည်းကောင်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။
+++++++++--
အောက်ပါပုံတွင် တွေ့မြင်ရသောအပင်သည် ရေဝါးမြက်ပင်ခေါ် ဂမုန်းလေးပင် သို့မဟုတ် စွေကျူချောင်ပင် ဖြစ်ပါသည်။

ရေဝါးမြက်ပင်၏ အရွက်သည် ဘဲဥပုံစံကဲ့သို့ အဝိုင်းဒေါင့် ဖြစ်သည်။ အပေါ်ဘက် အစိမ်းရောင်၊ အောက်ဘက် ပန်းခရမ်းရောင် ဖြစ်သည်။ ပင်စည်မှ အမြှစ်ပေါက်သည်။ အရသာသည် ချိုအေးနေသည်။ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှားစသည့် အရှေ့တောင်အာရှနိုင်ငံများတွင် အများဆုံးပေါက်သည်။ လယ်ကန်သင်းနှင့် ရေစိုစွတ်သော
နေရာတို့တွင် ပေါက်သည်။

ဆေ:အဖြစ် ပြုလုပ်နည်း-

(၁) အရွက်နှင့်အပင်များကို ၂၅၀ ဂရမ်(၁၅ ကျပ်သား)ခန့် ရေစင်အောင်ဆေ:ထားပါ။

(၂) ရေ မတ်ခွက် ၃ ခွက် ၁ ခွက် တင်အောင် မီးလျှော့ထား၍ မြေအိုးဖြင့် ၂ နာရီခန့်အထိ ကျိုပါ။

(၃) ၄င်းဆေ:ရည်ကို မတ်ခွက်တစ်ခွက်စာ တစ်နေ့တစ်ခွက် သောက်ပါ။

(၄) တစ်ပတ်ခန့် ဆက်တိုက်သောက်ပေးပါက ကျောက်ကပ်ရောဂါ သိသာစွာ သက်သာလာမည်။ ပျောက်ကင်းသည့်အထိ ရက်ခြားပြီး ဆက်သောက်နိုင်ပါသည်။

(၅) ပိုနေသောအရွက်များကို ရေရှည်အထားနိုင်ရန် နေရိပ်တွင် အခြောက်ခံထား၍ လေလုံသော ဗူး၊ ပုလင်းတို့ဖြင့် ထည့်ထားပါ။

၄င်းဆေ:ကို သောက်သုံးခြင်းဖြင့် ကျောက်ကပ်ရောင်ခြင်း၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ အသည်းရောင်ခြင်း၊ အူနှင့်အစာအိမ်ရောင်ခြင်းတို့ကိုပါ သက်သာပျောက်ကင်းစေပါသည်။ ကိုယ်တွေ့ပျောက်ကင်းခဲ့သည့်အတွက် ဘေးထွက်ဆိုးကျိုးမရှိပါ။

ကျောက်ကပ်ဝေဒနာရှင်များ သက်သာပျောက်ကင်း၍ ကျန်းမာချမ်းသာကြပါစေ။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

"အမြဲပင်ပန်းနေတယ်... အဆစ်တွေ ကို*က်တယ်... မျက်နှာမှာ အနီကွက်ပေါ်လာတယ်... ဒါတွေက သာမန်မဟုတ်ဘူးဆိုတာ သင်သိပါသလား?"++++++++...
20/08/2026

"အမြဲပင်ပန်းနေတယ်... အဆစ်တွေ ကို*က်တယ်... မျက်နှာမှာ အနီကွက်ပေါ်လာတယ်... ဒါတွေက သာမန်မဟုတ်ဘူးဆိုတာ သင်သိပါသလား?"
+++++++++
"အလုပ်ပင်ပန်းလို့ပဲ..."

"ဗီတာမင်ဓာတ်နည်းလို့ပဲ..."

"အိပ်ရေးမဝလို့ပဲ..."လို့ ထင်နေတဲ့ ဒီလက္ခဏာတချို့ရဲ့ နောက်ကွယ်မှာ Systemic Lupus Erythematosus (SLE) လို့ခေါ်တဲ့ ကိုယ်ခံအားစနစ် ဖောက်ပြန်ရောဂါ (Autoimmune Disease) တစ်မျိုး ရှိနေနိုင်ပါတယ်။

SLE က ရိုးရိုးအရေပြားရောဂါ မဟုတ်သလို အဆစ်ရောဂါတစ်ခုတည်းလည်း မဟုတ်ပါဘူး။

ပုံမှန်ဆိုရင် ကိုယ်ခံအားစနစ် (Immune System) က ဗိုင်းရပ်စ်၊ ဘက်တီးရီးယားလို ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် SLE ဖြစ်လာတဲ့အခါ ကိုယ်ခံအားစနစ်က ကမောက်ကမ ဖြစ်ပြီး ကိုယ့်ရဲ့ သွေ:သားရင်း ဖြစ်တဲ့ ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ရန်သူလို မှားယွင်းတိုက်ခိုက်ပါတော့တယ်။

ဒါကြောင့် SLE ဟာ အရေပြား၊ အဆစ်၊ ကျောက်ကပ်၊ နှလုံး၊ အဆုတ်၊ သွေ:ဆဲလ်တွေနဲ့ အာရုံကြောစနစ် အပါအဝင် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများစွာကို ထိခိုက်စေနိုင်ပါတယ်။

SLE ရဲ့ အစောပိုင်းလက္ခဏာတွေ

၁။ မျက်နှာမှာ လိပ်ပြာပုံ အနီကွက်ပေါ်လာခြင်း

SLE လူနာတချို့မှာ နှာတံနဲ့ ပါးနှစ်ဖက်ကို ဖြတ်ပြီး လိပ်ပြာပုံစံ (Butterfly Rash) အနီကွက်တွေ ပေါ်လာနိုင်ပါတယ်။

နေရောင်ထဲ ထွက်ပြီးနောက် ပိုသိသာလာတတ်ပါတယ်။

သတိပြုရန် : Butterfly Rash မရှိလို့ SLE မဟုတ်ဘူးလို့ မဆိုနိုင်သလို Butterfly Rash ရှိတိုင်းလည်း SLE လို့ မဆုံးဖြတ်နိုင်ပါဘူး။

၂။ အဆစ်ကို*က်ခြင်း၊ မနက်ခင်း တောင့်တင်းခြင်း

လက်ချောင်း၊ လက်ကောက်ဝတ်၊ ဒူးနဲ့ ခြေကျင်းဝတ်တွေမှာ ရောင်ရမ်းနာကျင်တာ၊ မနက်အိပ်ရာထချိန် မိနစ် ၃၀ ကျော်အထိ တောင့်တင်းနေတာမျိုး ဖြစ်နိုင်ပါတယ်။

၃။ အမြဲပင်ပန်းနုံးချည့်နေခြင်း

အလုပ်မများပေမယ့် အားမရှိတာ၊ နုံးချည့်တာ၊ ဖျားချင်သလို ခံစားရတာတွေဟာ SLE ရဲ့ အဖြစ်များတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

၄။ ဆံပင်ကျွတ်ခြင်း၊ ပါးစပ်အနာ ဖြစ်ခြင်း

အကြောင်းမသိဘဲ ဆံပင်အလွန်ကျွတ်လာတာ၊ ပါးစပ်ထဲမှာ အနာတွေ မကြာခဏဖြစ်တာကိုလည်း တွေ့ရနိုင်ပါတယ်။

၅။ နေရောင်ခြည်နဲ့ မတည့်ခြင်း (Photosensitivity)

နေပူထဲ ခဏထွက်ရုံနဲ့ အနီကွက်တွေ ပိုဆိုးလာတာ၊ အသားအရေ ပူစပ်ပူလောင်ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။

၆။ အတွင်းအင်္ဂါများကို ထိခိုက်နိုင်ခြင်း

SLE က အရေပြားတင်မကဘဲ...

ကျောက်ကပ်ရောင်ရမ်းခြင်း (Lupus Nephritis)

နှလုံးနှင့် အဆုတ်ရောင်ရမ်းခြင်း

သွေ:ဆဲလ်အရေအတွက် လျော့နည်းခြင်း

အာရုံကြောစနစ် ထိခိုက်ခြင်း တို့အထိ ဖြစ်နိုင်တာကြောင့် စောစောသိပြီး ကုသဖို့ အလွန်အရေးကြီးပါတယ်။

ဘယ်သူတွေမှာ ပိုအဖြစ်များလဲ?
==========================

အသက် ၁၅ မှ ၄၅ နှစ်ကြား အမျိုးသမီးများ

မိသားစုတွင် Autoimmune Disease ရာဇဝင်ရှိသူများ

အခြား Autoimmune ရောဂါရှိသူများ

သို့သော် အမျိုးသားများနဲ့ ကလေးများမှာလည်း ဖြစ်နိုင်ပါတယ်။

ကုသလို့ရလား?
================

လက်ရှိအချိန်မှာ SLE ကို အမြစ်ပြတ်ပျောက်ကင်းစေတဲ့ ဆေ: မရှိသေးပါဘူး။

ဒါပေမယ့်...

စောစောရောဂါရှာဖွေခြင်း

မှန်ကန်တဲ့ကုသမှုခံယူခြင်း

ဆေ:ကို ပုံမှန်သောက်ခြင်း

ပုံမှန်နောက်ဆက်တွဲ စစ်ဆေ:ခြင်း တို့ဖြင့် ရောဂါကို ကောင်းစွာ ထိန်းချုပ်နိုင်ပြီး လူနာအများစုဟာ ပုံမှန်ဘဝကို ဆက်လက်နေထိုင်နိုင်ကြပါတယ်။

SLE ရှိနေတယ်လို့ သံသယရှိရင် ဘာတွေလုပ်သင့်လဲ?

Rheumatologist (လေးဖက်နာအထူးကုဆရာဝန်) နဲ့ အမြန်ဆုံး ပြသပြီး လိုအပ်တဲ့ သွေ:စစ်၊ ဆီးစစ်နဲ့ အခြားစစ်ဆေးမှုတွေကို ပြုလုပ်ပါ။

ဆရာဝန်ညွှန်ကြားတဲ့ ဆေ:ကို ပုံမှန်သောက်ပါ။ သက်သာလာတယ်ဆိုပြီး ကိုယ့်သဘောနဲ့ ဆေးမရပ်ပါနဲ့။

နေရောင်ခြည်ကို ကာကွယ်ပါ။ Sunscreen လိမ်းပါ၊ ထီးဆောင်းပါ၊ လက်ရှည်အင်္ကျီဝတ်ပါ။

အိပ်ရေးဝဝအိပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။ စိတ်ဖိစီးမှုနဲ့ အိပ်ရေးမဝတာတွေက ရောဂါပြန်လည်ပြင်းထန်လာစေနိုင်ပါတယ်။

မျှတတဲ့ အစားအသောက်ကို စားသုံးပြီး ဆေ:လိပ်နဲ့ အရက်ကို ရှောင်ကြဉ်ပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ငါးနဲ့ Omega-3 ပါဝင်တဲ့ အစားအစာတွေကို မျှတစွာ စားသုံးပေးပါ။

ဆရာဝန်ချိန်းဆိုတဲ့အတိုင်း Follow-up ပြန်ပြပြီး ပုံမှန်စစ်ဆေ:မှုခံယူပါ။

နောက်ဆုံး သတိပေးချင်တာက အဆစ်ကို*က်တာ၊ မောပန်းတာ၊ ဆံပင်ကျွတ်တာ၊ မျက်နှာမှာ အနီကွက်ပေါ်တာ ဒီလက္ခဏာတွေကို တစ်ခုချင်းကြည့်ရင် သာမန်ပြဿနာလို့ ထင်ရနိုင်ပါတယ်။

ဒါပေမယ့် လက္ခဏာအများအပြား တစ်ပြိုင်နက် ဖြစ်လာတဲ့အခါ SLE ရဲ့ သတိပေးချက် ဖြစ်နေနိုင်ပါတယ်။

စောစောသိခြင်းက ကိုယ့်ခန္ဓာ အင်္ဂါအစိတ်အပိုင်းတွေကို ပိုကာကွယ်နိုင်ပါတယ်။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

ဘေးအိမ်က ဦးလေးတစ်ယောက်ဟာ နေ့စဉ်လိုလို အရက်ကို အလွန်အကျွံ သောက်သုံးခဲ့တာကြောင့် ကျန်းမာရေးတွေ တစ်စစ လုံးပါးပါးခဲ့ရပါတယ်။ ...
18/08/2026

ဘေးအိမ်က ဦးလေးတစ်ယောက်ဟာ နေ့စဉ်လိုလို အရက်ကို အလွန်အကျွံ သောက်သုံးခဲ့တာကြောင့် ကျန်းမာရေးတွေ တစ်စစ လုံးပါးပါးခဲ့ရပါတယ်။ အစာအိမ်များ ပျက်စီးပြီး ရင်ပူခြင်း၊ အက်ဆစ်ပြန်ဆန်တက်ခြင်း တို့ကြောင့် ညဘက်မှာ ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ဆီးတွေဟာလည်း နောက်ကျိပြီး အမြှုပ်ထနေတာ ကို တွေ့ရပါတယ်။

ဒီလို မြင်မကောင်းအောင် ဖြစ်နေတာကို မကြည့်ရက်နိုင်တော့တဲ့ အန်တီမာလာက ဦးလေးကို ရုံးပတီသီး ကို စမ်းပြီး စားကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မယုံနိုင်စရာကောင်းလောက်အောင်ပဲ... ရက်သတ္တပတ် ၇ ရက်အတွင်းမှာပဲ ဦးလေးဟာ လူသစ်တစ်ယောက်လို ပြန်လည် နိုးကြားလာခဲ့ပါတယ်။

ဦးလေးဟာ မနက်တိုင်း ရုံးပတီသီး အစိမ်း ၅-၆ တောင့်ကို ပုံမှန် စားသုံးခဲ့ပါတယ်။ တစ်ခါတရံ ပြုတ်ပြီး၊ တစ်ခါတရံ ကင်ပြီး မငြီးငွေ့ရအောင် တစ်လှည့်စီ လုပ်စားခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာပဲ ဦးလေးက "ငါ အသစ်တစ်ဖန် ပြန်လည် အသက်ရှင်သန်လာသလိုပဲ" လို့ ဝမ်းသာအားရ အော်ဟစ် ပြောဆိုခဲ့ပါတယ်။
တကတငမသတကဆပတပမကမကတငတသသတသနနသနပနက
ရုံးပတီသီး စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့...
ဗိုက်ရှင်းပြီး ဗိုက်ပူ၊ ဗိုက်အောင့်တာတွေ ပျောက်ကင်း သွားခြင်း။

ဆီးတွေ ကြည်လင်လာတာ (ပရိုတင်းယိုစိမ့်မှု သက်သာလာခြင်း)။

ဝမ်းမှန်လာခြင်း။

သွေ:တွင်းသကြားဓာတ် ကျဆင်း လာခြင်း။

သွေ:ပေါင်ချိန်လည်း တည်ငြိမ် လာခြင်း။

အကောင်းဆုံး အကျိုးကျေးဇူးကတော့ ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်ပြီး မနက်နိုးလာရင် တစ်နေကုန် လန်းဆန်းတက်ကြွ နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အစာအိမ်ရောဂါ၊ အက်ဆစ်ပြန်ဆန်တက်တာ၊ ပရိုတင်းယိုစိမ့်တာ သို့မဟုတ် ဝမ်းချုပ်တတ်သူများဆိုရင် ဒီနည်းလမ်းကို စမ်းပြီး စားသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ရုံးပတီသီးရဲ့ အဓိက အစွမ်းသတ္တိ...
ရုံးပတီသီးရဲ့ အဓိက အစွမ်းကတော့ သူ့ထဲမှာ ပါဝင်တဲ့ အချွဲဓာတ်ပဲ ဖြစ်ပါတယ်။ ဒီအချွဲဓာတ်က...

အစာအိမ်နံရံကို အချွဲလွှာဖြင့် ဖုံးအုပ်ပေး ပြီး အကာအကွယ်ပေးသည်။

အူလမ်းကြောင်းကို သန့်ရှင်းစေ သည်။

အသည်းနဲ့ ဦးနှောက်ကိုလည်း အားကောင်းစေ သည်။

ကယ်လ်စီယမ်၊ ဗီတာမင်နှင့် အမျှင်ဓာတ် တွေလည်း အစုံပါဝင်သည်။

အရေးအကြီးဆုံးကတော့ ကိုယ်တွင်းရှိ သန်ကောင်တွေကိုလည်း ဖယ်ရှားပေး နိုင်ပါသေးသည်။

ဒီလိုမျိုး အိမ်နောက်ဖေးမှာ အလွယ်တကူ စိုက်ပျိုးရရှိနိုင်တဲ့ ကောင်းနိုးရာရာ ဆေ:စွမ်းကောင်းလေးတွေကို ဘယ်မှ အဝေးကြီး သွားရှာနေစရာ မလိုပါဘူး။ ကျွန်တော်တို့ အိမ်အနီးအနားမှာတင် အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်...
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

ခြေလှမ်းတိုင်းမှာ နာကျင်နေပြီလား? ဖနောင့်နာခြင်းကို အမြစ်ပြတ်ကုသနိုင်မယ့် သဘာဝဆေ:နည်းများမနက်အိပ်ရာနိုးလို့ ခြေလှမ်းစလှမ...
18/08/2026

ခြေလှမ်းတိုင်းမှာ နာကျင်နေပြီလား? ဖနောင့်နာခြင်းကို အမြစ်ပြတ်ကုသနိုင်မယ့် သဘာဝဆေ:နည်းများ
မနက်အိပ်ရာနိုးလို့ ခြေလှမ်းစလှမ်းလိုက်တာနဲ့ ဖနောင့်က စူးခနဲ အောင့်တက်လာတာမျိုး ခံစားနေရပြီလား? လမ်းလျှောက်တိုင်း ဒုက္ခရောက်နေလို့ အကို*က်အခဲပျောက်ဆေ:တွေကိုပဲ အားကိုးနေရတယ်ဆိုရင် ခဏလောက် ရပ်နားပြီး ဒီသဘာဝကုထုံးလေးတွေကို လက်တွေ့စမ်းသပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
ဖနောင့် ဘာကြောင့်နာတာလဲ?
ဖနောင့်နာရခြင်းရဲ့ အဓိကလက်သည်က Plantar Fasciitis လို့ခေါ်တဲ့ ခြေဖဝါးအမြှေးပါး ရောင်ရမ်းခြင်း ကြောင့် ဖြစ်ပါတယ်။
ကိုယ်အလေးချိန် များလွန်းခြင်း။
ဖိနပ်အသားမာမာများ အမြဲစီးခြင်း။
အလေးအပင် မတာများခြင်း။
ဒီအချက်တွေကြောင့် ဖနောင့်အရိုးနုတွေ ဒဏ်ဖြစ်ပြီး ရေရှည်မှာ အရိုးအတက်ထွက်ခြင်း (Heel Spur) အထိ ဖြစ်လာနိုင်ပါတယ်။ ဆေ:သောက်တာက ခေတ္တပဲ သက်သာစေပေမယ့် အမြစ်ပြတ်ဖို့ဆိုရင် သွေ:လည်ပတ်မှုကောင်းမွန်ပြီး အရောင်ကျစေဖို့ လိုအပ်ပါတယ်။
၁။ မကျည်းသီးမှည့်နှင့် ဆားကုထုံး (အပြင်ပိုင်းလိမ်းဆေ:)
ရှေးလူကြီးတွေ အစဉ်အဆက် သုံးစွဲခဲ့တဲ့ ဒီနည်းလမ်းဟာ ရောင်ရမ်းမှုကျစေဖို့ တကယ်ကို ထိရောက်ပါတယ်။
လိုအပ်သည့်ပစ္စည်းများ -
မကျည်းသီးမှည့်အနှစ် - အနည်းငယ်
ဆားကြမ်း (သို့မဟုတ်) ဆားခါး - ၁ ဇွန်း
ပတ်တီး (သို့မဟုတ်) အဝတ်စသန့်သန့်
ပြုလုပ်ပုံ -
မကျည်းသီးမှည့်ကို ဆားနဲ့ရောနယ်ပြီး အနှစ်ပြုလုပ်ပါ။ (မီးအေးအေးနဲ့ နွေးရုံလေး အပူပေးရင် ပိုပြီးသိသာပါတယ်)။
ညအိပ်ခါနီးမှာ နာကျင်နေတဲ့ ဖနောင့်ပေါ်ကို အနှစ်များများ အုံပေးပါ။
ပတ်တီးလေးနဲ့ သေချာစည်းပြီး တစ်ညလုံး ထားလိုက်ပါ။
မနက်ပိုင်းမှာ ရေနွေးနွေးလေးနဲ့ စင်ကြယ်အောင် ဆေးကြောပါ။
အကျိုးကျေးဇူး: မကျည်းသီးရဲ့ အက်ဆစ်ဓာတ်နဲ့ ဆားရဲ့အစွမ်းက ရောင်ရမ်းမှုကို လျင်မြန်စွာ လျော့ကျစေပါတယ်။ (၃) ရက်ခန့် ဆက်တိုက်လုပ်ပေးခြင်းဖြင့် ထူးခြားမှုကို ခံစားရမှာပါ။
၂။ သောက်သုံးနိုင်မယ့် သဘာဝအားဖြည့်ဆေ:များ
အပြင်ကအုံရုံတင်မကဘဲ အတွင်းပိုင်းကနေ အရောင်ကျစေဖို့ အောက်ပါနည်းလမ်း (၂) မျိုးကိုလည်း တွဲဖက်လုပ်ဆောင်နိုင်ပါတယ်။
ချင်း (Ginger) နှင့် ပျားရည်: ချင်းကို ရေနွေးနဲ့ပြုတ်ပြီး ပျားရည်တစ်ဇွန်းထည့်ကာ နေ့စဉ်သောက်ပေးပါ။ ချင်းမှာပါတဲ့ Gingerol ဓာတ်က ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို သက်သာစေပါတယ်။
နနွင်းနှင့် နွားနို့: ညအိပ်ခါနီး နွားနို့ပူပူထဲ နနွင်းမှုန့်အနည်းငယ် ထည့်သောက်ပါ။ နနွင်းမှာပါတဲ့ Curcumin ဟာ သဘာဝအကိုက်အခဲပျောက်ဆေ: ဖြစ်တာကြောင့် အရိုးအတက်ကြောင့် နာကျင်တာကို သိသိသာသာ သက်သာစေပါတယ်။

အကြံပြုချက်
ဒီကုထုံးလေးတွေ လုပ်နေစဉ်အတွင်းမှာ အိမ်ထဲမှာပဲဖြစ်ဖြစ် ဖိနပ်အိအိညံညံလေးကို အမြဲတမ်း စီးပေးဖို့ မမေ့ပါနဲ့ဦးနော်။
ဒီဆေ:နည်းလေးက ငွေကုန်ကြေးကျမရှိဘဲ တကယ်ထိရောက်တာကြောင့် ဖနောင့်နာဝေဒနာ ခံစားနေရတဲ့ မိဘ၊ ဘိုးဘွားနဲ့ သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါဦး။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

ခန္ဓာကိုယ်တွင်း သွေ:လေလည်ပတ်မှု အားနည်းပြီး ခြေဖျားလက်ဖျားတွေ မကြာခဏ ထုံကျင်တတ်လို စိတ်ညစ်နေရပါသလား။ ဒါတင်မကဘဲ အစာစားပြီ...
16/08/2026

ခန္ဓာကိုယ်တွင်း သွေ:လေလည်ပတ်မှု အားနည်းပြီး ခြေဖျားလက်ဖျားတွေ မကြာခဏ ထုံကျင်တတ်လို စိတ်ညစ်နေရပါသလား။ ဒါတင်မကဘဲ အစာစားပြီးရင် လေပွတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ပျိုအန်ချင်တာနဲ့ အစာအိမ်အက်ဆစ်ပြန်တက်တဲ့ (GERD) ဝေဒနာတွေကြောင့် နေရထိုင်ရ ခက်ခဲနေသူတွေအတွက် အိမ်မှာပဲ အလွယ်တကူ လုပ်သောက်နိုင်တဲ့ သဘာဝဆေ:မြီးတိုနည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။
ဒီဆေ:နည်းဟာ သွေ:လေစီးဆင်းမှုကို ကောင်းမွန်စေရုံတင်မကဘဲ ခန္ဓာကိုယ်ထဲက အဆီပိုတွေကို ဖယ်ရှားပေးပြီး အစာခြေစနစ်ကိုလည်း အထူးကောင်းမွန်စေပါတယ်။ ချွေးထွက်သန်စေပြီး သလိပ်ကို ကြေစေတာမို သောက်ပြီးတာနဲ့ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားစေမယ့် နည်းလမ်းလေးပဲ ဖြစ်ပါတယ်။
လိုအပ်သည့် ပါဝင်ပစ္စည်းများ
ပင်စိမ်း (အရိုး၊ အရွက်၊ အပွင့် အားလုံးပါဝင်ရပါမည်) - တစ်ဆုပ်စာခန့်
ဂျင်းတက် (ပါးပါးလှီးပြီးသား) - ၁၅ ဖတ်ခန့်
သန့်ရှင်းသောရေ - ၁.၅ လီတာ
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ပင်စိမ်းပင်များနှင့် ဂျင်းတက်များကို စင်ကြယ်အောင် ရေဆေ:ထားပါ။
၂။ ထိုနောက် အိုးတစ်လုံးထဲတွင် ရေ ၁.၅ လီတာထည့်ပြီး ပြင်ဆင်ထားသော ပင်စိမ်းနှင့် ဂျင်းများကို ထည့်ပါ။
၃။ မီးဖိုပေါ်တင်၍ အချိန် (၁၀) မိနစ်ခန့် ဆူပွက်အောင် သေချာတည်ပေးပါ။
သောက်သုံးရန် နည်းလမ်း
နံနက်စာနှင့် ညစာ စားသောက်ပြီးချိန်တိုင်းတွင် ခပ်နွေးနွေးလေးဖြစ်နေတဲ့ ဆေ:ပြုတ်ရည်ကို ကော်ဖီပန်းကန်လုံး (၁) လုံးစာခန့် ပုံမှန်သောက်သုံးပေးရပါမယ်။
ဒီသဘာဝဆေ:ရည်ကို နေ့စဉ်ရက်ဆက် ပုံမှန်သောက်သုံးပေးသွားမယ်ဆိုရင်တော့ ခြေဖျားလက်ဖျား ထုံကျင်ကို*က်ခဲတာတွေအပြင် အထက်ပါ ဝေဒနာတွေအားလုံး တဖြည်းဖြည်းနဲ့ အံ့သြစရာကောင်းလောက်အောင် သက်သာပျောက်ကင်းသွားပါလိမ့်မယ်ရှင်။ တကယ့်ကို ကိုယ်တိုင်သောက်သုံးပြီး ထိရောက်မှုရှိလို အများအပြား သက်သာဖူးတဲ့ ဆေ:နည်းကောင်းဖြစ်တာမို အိမ်မှာပဲ အလွယ်တကူ ပြုလုပ်သောက်ကြည့်ဖို တိုက်တွန်းပေးလိုက်ရပါတယ်နော်
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

အသက်အရွယ်ကြောင့်ပဲဖြစ်စေ၊ အလုပ်ခွင်မှာ မတ်တပ်ရပ်ရတာ ကြာလို့ပဲဖြစ်စေ +++++++++ခြေသလုံးနဲ့ ပေါင်တွေမှာ အကြောစိမ်းတွေ ထောင်...
16/08/2026

အသက်အရွယ်ကြောင့်ပဲဖြစ်စေ၊ အလုပ်ခွင်မှာ မတ်တပ်ရပ်ရတာ ကြာလို့ပဲဖြစ်စေ
+++++++++

ခြေသလုံးနဲ့ ပေါင်တွေမှာ အကြောစိမ်းတွေ ထောင်တက်လာတာ၊ အကြောထုံးတာ (Varicose Veins) တွေဟာ ကြည့်ရဆိုးရုံတင်မကဘဲ ခြေထောက်ကိုပါ လေးလံထိုင်းမှိုင်းပြီး နာကျင်စေပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းလေးကတော့

"အကြောထုံး ပျောက်ကင်းစေတဲ့ဆေ:" လို့တောင် တင်စားရလောက်အောင် ထိရောက်တဲ့ သဘာဝကုထုံးတစ်ခုပဲ ဖြစ်ပါတယ်

ခွဲစိတ်စရာမလို၊ ငွေကုန်ကြေးကျ သက်သာစွာနဲ့ ဖောင်းကြွနေတဲ့ အကြောတွေကို တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားစေမှာပါ။

လိုအပ်တဲ့ ပစ္စည်းများ

ကြက်သွန်ဖြူ - ၆ တက် (ပါးပါးလှီးထားပါ)
သံပရာရည် သို့မဟုတ် လိမ္မော်ရည် - အနည်းငယ်
သံလွင်ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်ပုံ အဆင့်ဆင့်

၁။ ဖန်ပုလင်းသန့်သန့်တစ်ခုထဲသို့ လှီးထားတဲ့ ကြက်သွန်ဖြူ၊ သံလွင်ဆီနဲ့ သံပရာရည်တို့ကို ထည့်ပါ။

၂။ ပုလင်းကို လုံအောင်ပိတ်ပြီး (၁၂) နာရီခန့် နှပ်ထားပေးပါ
၃။ အသုံးမပြုခင် ပုလင်းကို သေချာလှုပ်ပြီး ဆေးရည်ကို လက်ချောင်းလေးတွေနဲ့ တို့ယူပါ။

၄။ အကြောထုံးနေတဲ့ နေရာတွေကို စက်ဝိုင်းပုံစံအတိုင်း (၁၅) မိနစ်ခန့် အသာအယာ နှိပ်နယ်ပေးပါ။

၅။ ပြီးရင်တော့ ပတ်တီး သို့မဟုတ် အဝတ်သန့်သန့်လေးနဲ့ ပတ်ထားပြီး တစ်ညသိပ်ထားနိုင်ရင် ပိုမိုထိရောက်ပါတယ်။

ဒီနည်းလမ်းကို နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးမယ်ဆိုရင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ဖောင်းကြွနေတဲ့ အကြောတွေ သက်သာသွားပြီး ခြေထောက်တွေ ပေါ့ပါးလာတာကို ခံစားရမှာပါ

သဘာဝနည်းလမ်းဖြစ်လို့ ဘေးဥပါဒ်လည်း ကင်းဝေးစေပါတယ်နော်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

ရှေးခေတ်က ဆေ:ခန်းနဲ့ဝေးတဲ့အရပ်မှာ အဖိုးအဖွားတွေဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် မီးဖိုချောင်သုံးပစ္စည်းတွေကိုပဲ အသုံးပြုခဲ့ပ...
14/08/2026

ရှေးခေတ်က ဆေ:ခန်းနဲ့ဝေးတဲ့အရပ်မှာ အဖိုးအဖွားတွေဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် မီးဖိုချောင်သုံးပစ္စည်းတွေကိုပဲ အသုံးပြုခဲ့ပါတယ်။ အထူးသဖြင့် သွေ:ခဲတာ၊ သွေ:ကြောပိတ်တာ၊ လက်ဖျားခြေဖျားထုံတာမျိုး ဖြစ်လာရင် အိမ်မှာအလွယ်ရတဲ့ ဂျင်းနဲ့ကြက်သွန်ဖြူကိုပဲ အားထားခဲ့ကြပါတယ်။
ဂျင်းမှာအပူဓာတ်ပါလို့ သွေ:လည်ပတ်မှုကိုကောင်းစေပြီး လက်ဖျားခြေဖျားတွေကို နွေးထွေးစေပါတယ်။
ကြက်သွန်ဖြူကတော့ ရှေးလူကြီးတွေ သွေ:တွင်းအဆီကျဖို့နဲ့ သွေ:မခဲအောင်၊ သွေ:ကြောမပိတ်ဖို့ သုံးစွဲခဲ့ကြပါတယ်။
ဒီနှစ်မျိုးပေါင်းပြီး ပုံမှန်သောက်ပေးရင်...
သွေ:လည်ပတ်မှု ပိုကောင်းလာမယ်။
လက်ဖျားခြေဖျားထုံတာတွေ သက်သာမယ်။
သွေ:ကြောပိတ်တာတွေ လျော့နည်းလာမယ်။
ကိုယ်ခန္ဓာနွေးပြီး ဦးခေါင်းပေါ့ပါးလန်းဆန်းမယ်လို့ အဖိုးအဖွားတွေ ဆိုဆုံးမခဲ့ပါတယ်။
ဖော်စပ်နည်းလွယ်ပါတယ်
ဂျင်းအစို ၅-၆ ချပ်လှီးပါ။
ကြက်သွန်ဖြူ ၂-၃ မြွှာထုပါ။
ရေ ၁ လီတာနဲ့ ၁၀ မိနစ်ပြုတ်ပါ။
မနက် (သို့မဟုတ်) ညအိပ်ရာဝင် နွေးနွေးသောက်နိုင်ပါတယ်။
"အပူအစပ်ဓာတ်တွေဟာ သွေ:ကောင်းကောင်းစီးစေပြီး ကိုယ်ခန္ဓာထုံကျင်တာသက်သာစေတယ်" လို့ အဘွားပြောဖူးပါတယ်။
ဒီခေတ်မှာတောင် ဒီရှေးနည်းလေးတွေ အဖိုးတန်ဆဲပါ။ ကျန်းမာရေးအတွက် တစ်ခွက်စမ်းသောက်ဖို့ တိုက်တွန်းပါတယ်နော်
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

လက်ထုံ ခြေထုံခြင်း၊ သွေ:ပျစ်ပြီး သွေ:စီးဆင်းမှု မကောင်းခြင်း၊ အမြဲ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်စိပြာဝေပြီး...
14/08/2026

လက်ထုံ ခြေထုံခြင်း၊ သွေ:ပျစ်ပြီး သွေ:စီးဆင်းမှု မကောင်းခြင်း၊ အမြဲ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်စိပြာဝေပြီး ရံဖန်ရံခါ မူးလဲချင်သလိုဖြစ်ခြင်း သို့မဟုတ် ချောင်းဆိုးပြီး သလိပ်ကပ်ကာ စိတ်အနှောင့်အယှက်ဖြစ်ကာ အသက်ရှူရခက်နေပါက "ပင်စိမ်း၊ ဂျင်း နှင့် ကြက်သွန်ဖြူ" ပြုတ်ရည်ကို သောက်သုံးကြည့်ပါ။
ပင်စိမ်း - ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်ကာ ခန္ဓာကိုယ်တွင်းရှိ အဆိ.ပ်အတောက်များကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးသည်။
ဂျင်း- ခန္ဓာကိုယ်ကို နွေးထွေးစေပြီး သွေ:လည်ပတ်မှုကို ကောင်းမွန်စေသည်။
ကြက်သွန်ဖြူ - နှလုံးနှင့် သွေ:ကြောကျန်းမာရေးကို အထူးကောင်းမွန်စေသည့် အာနိသင်များ ပါဝင်သည်။
ဆေ:နည်းနှင့် အသုံးပြုပုံ
ပါဝင်ပစ္စည်းများ - ပင်စိမ်းရွက် ၁ ဆုပ်၊ ဂျင်းအရင့် ပါးပါးလှီးထားသော အကွင်း ၅ - ၆ ကွင်း၊ ကြက်သွန်ဖြူ ဓားပြားရိုက် ၃ - ၅ တက်။
ပြုလုပ်ပုံ - ပါဝင်ပစ္စည်းများကို ရေ ၁ လီတာဖြင့် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ဆူအောင်ပြုတ်ပါ။
သောက်သုံးရန်အညွှန်း - တစ်နေ့လျှင် ၁ ခွက်မှ ၂ ခွက်၊ နံနက်နှင့် ညနေ အစာမစားမီ နွေးနွေးလေး သောက်သုံးပေးနိုင်ပါသည်။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

Address

South Okkalapa Township
Yangon
112211

Telephone

+959769029177

Website

Alerts

Be the first to know and let us send you an email when Hammer Of Thor myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share