The Bookman Café

The Bookman Café Amazing books on your way!

စိတ်ခံစားမှုတွေ အဆင်မပြေဖြစ်တဲ့အခါ၊ဘဝရဲ့အဆင်သင့်မှုတွေကနေ ပြုတ်ကျလာတဲ့အခါ၊အမှားတစ်ခုခုကို ပြုလုပ်မိတဲ့အခါအဲ့ဒီအရာတွေကို ...
09/03/2025

စိတ်ခံစားမှုတွေ အဆင်မပြေဖြစ်တဲ့အခါ၊ဘဝရဲ့အဆင်သင့်မှုတွေကနေ ပြုတ်ကျလာတဲ့အခါ၊အမှားတစ်ခုခုကို ပြုလုပ်မိတဲ့အခါ

အဲ့ဒီအရာတွေကို အချိန်အကြာကြီး
ပြန်ကြည့်မနေပါနဲ့။

တစ်ချို့အမှားတွေက ကိုယ့်အတွက်ဖြစ်တည်လာတဲ့ ဘဝရဲ့သွန်သင်ဆုံးမမှုတွေဖြစ်ပြီး အဖြစ်အပျက်အကြောင်းအရာတစ်ချို့ကို ကိုယ်က ရွေးချယ်လို့ရပေမယ့် တစ်ချို့ အဖြစ်အပျက်အကြောင်းအရာတွေက ကိုယ့်ကို ရွေးချယ်သွားတတ်ကြတယ်။

တစ်ခါတလေ အမှားတွေက ကိုယ်သွားမယ့် ပန်းတိုင်ရောက်ဖို့ ကိုယ့်ရဲ့စွမ်းရည်တွေကို မြှင့်တင်ပေးတဲ့အရာတွေလည်း ဖြစ်နေတတ်ပါတယ်။

လူတိုင်းက အမြဲမှန်မနေနိုင်ကြဘူးတဲ့...
ကိုယ်ကြုံတွေ့ရတဲ့ ဆုံးရှုံးမှုတွေကို ကိုယ့်တိုးတက်မှုအတွက် အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်လိုက်တဲ့အခါ ဆုံးရှုံးခြင်းနဲ့အမှားတွေကလည်း ကိုယ်ထင်သလောက်ခါးမနေကြတော့ဘူးဆိုတာ တွေ့မြင်ရပါလိမ့်မယ်။

အဆုံးထိ ကြည့်မြင်တတ်ရင် ဘဝက တိုတောင်းလွန်းပါတယ်။

မကောင်းတဲ့ စိတ်ခံစားမှုတွေဖြစ်စေတဲ့ အတွေး၊အကြံ၊အမြင်၊အပြောအဆို၊အလုပ်တွေအပေါ်မှာပဲ ခံစားရင်း ရှင်သန်ခြင်းတွေမကုန်လွန်ပါစေနဲ့...Shake off them!



April လမှာ ကံစမ်းမဲပေါက်တဲ့ အကောင့်ပိုင်ရှင် (၂)ဦးရှိပါတယ်...🤗🎊🎉🎁1) PhyoLucky No.18Mindfulness အကြောင်းတစေ့တစောင်း2)Aun...
09/04/2024

April လမှာ ကံစမ်းမဲပေါက်တဲ့ အကောင့်ပိုင်ရှင် (၂)ဦးရှိပါတယ်...🤗🎊🎉🎁

1) Phyo
Lucky No.18
Mindfulness အကြောင်းတစေ့တစောင်း

2)Aung Soe Moe
Lucky No.61
စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့်ကျရှုံးရတာလဲ

~အမည်
~ဖုန်းနံပါတ်
~နေရပ် လိပ်စာအပြည့်အစုံ
~နယ်မြို့မှဖြစ်ပါက သက်ဆိုင်ရာ ကားဂိတ်အမည် စတဲ့ အချက်အလက်တွေ The Bookman Cafe ရဲ့ Page Messenger ကို ပို့ပေးကြပါဦးနော်...❤❤❤

⛔ပို့ဆောင်ခပေးရန်မလို⛔

အောက်က ပုံမှာတော့ ဒီလမှာ မဲဖောက်ပေးခဲ့တဲ့စာအုပ်လေးတွေပါ။ပေါက်မဲမပါသေးဘဲ ကျန်နေတဲ့ Lucky No လေးတွေကို နောက်လထဲမှာ ထပ်ပေါင်းပြီး ကံစမ်းခွင့်ရမှာမို့ လစဥ်ဝင်ရောက်ကံစမ်းကြဖို့ဖိတ်ခေါ်ပါတယ်....



Hello!!! Bookman တို့ရေ...The Bookman Cafe' Page ကနေ ၂၀၂၄ ရဲ့ စတုတ္ထ အကြိမ်ကံစမ်းမဲ အစီအစဥ်လေးလာပါပြီ။အားလုံးအတွက် တန်ဖိ...
01/04/2024

Hello!!! Bookman တို့ရေ...
The Bookman Cafe' Page ကနေ ၂၀၂၄ ရဲ့ စတုတ္ထ အကြိမ်ကံစမ်းမဲ အစီအစဥ်လေးလာပါပြီ။

အားလုံးအတွက် တန်ဖိုးရှိတဲ့ အသိပညာ၊ဗဟုသုတရစေမယ့် စာအုပ် (၁၇)အုပ်ကို ကံစမ်းမဲဖောက်ပေးမှာ ဖြစ်ပါတယ်။

ပါဝင်ကံစမ်းလိုသူတွေအနေနဲ့...
ဧပြီလ (၁)ရက်နေ့ကနေ ဧပြီလ (၇)ရက်နေ့အတွင်း စာအုပ်ရဲ့ အတွင်း ပထမဆုံးစာမျက်နှာမှာ ရေးထားတဲ့ဂဏန်းတွေကို နံပါတ်စဉ်(၁)ကနေ (၁၀၀)အထိနံပါတ်တွေထဲက ခန့်မှန်းပြီး အခု Post အောက်မှာ Comment ရေးပေးရမှာပါ။

နံပါတ် တစ်ခုတည်းကို နှစ်ယောက်မန့်တာမျိုးဆိုရင်တော့ အရင်ဆုံးမန့်တဲ့ Comment ပိုင်ရှင်ကရမှာဖြစ်ပါတယ်။
Facebook Account တစ်ခုလျှင် နံပါတ်တစ်ခုသာမန့်ပေးရမှာဖြစ်ပါတယ်။

ကံစမ်းမဲပေါက်တဲ့သူတွေကို ဧပြီလ(၇)ရက်နေ့ညမှာ ကြေငြာပေးမှာဖြစ်ပါတယ်။

ကံစမ်းမဲ ပေါက်တဲ့ နံပါတ်ပိုင်ရှင်လေးတွေအနေနဲ့
~အမည်
~ဖုန်းနံပါတ်
~နေရပ် လိပ်စာအပြည့်အစုံ
~နယ်မြို့မှဖြစ်ပါက သက်ဆိုင်ရာ ကားဂိတ်အမည်
စတဲ့ အချက်အလက်တွေ The Bookman Cafe ရဲ့ Page Messenger ကို ပို့ပေးကြရမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်းမဟုတ်ပါက ကားဂိတ်(သို့)စာတိုက်ကတစ်ဆင့် ပို့ပေးပါမယ်။

⛔ပို့ခ ပေးဆောင်ရန်မလိုပါ။

Bookman တွေအားလုံး..ပါဝင်ကံစမ်းကြဖို့ ဖိတ်ခေါ်ပါတယ်....




#စာအုပ်ကံစမ်းမဲ
#လစဉ်ကံစမ်းမဲအစီအစဉ်

24/03/2024

လူတစ်ယောက် ပြောင်းလဲသွားဖို့ဆိုတာ အချိန် ဘယ်လောက်ကြာလဲ။

အင်း. . . အဲ့ဒါက နှစ်မျိုးခွဲပြောရလိမ့်မယ်။ပြောင်းလဲမူက နှစ်မျိုးရှိတယ်။

တချို့ပြောင်းလဲတယ်ဆိုတာက ပြောင်းလဲတတ်တဲ့ လောကနိယာမအတိုင်း မျောပါပြီး ပုံမှန်ပြောင်းလဲတာ။နောက်တစ်ခုက ကိုယ့်ရဲ့ ကံ၊ ဥာဏ်၊ ဝိရိယ အင်အား အခြေနေ တစ်အရပ်ရပ်ကို ဆွဲလှန်သလိုပြောင်းပစ်လိုက်တာ။ဒင်္ဂါးပြားလိုပေါ့။ခေါင်းကနေ ပန်းဖြစ်သွားအောင် Back to back ပြောင်းပစ်လိုက်တာမျိုး။

အဲ့ဒီ ပြောင်းလဲမှု မျိုးက ပြောမယ်ဆိုရင် အကျယ်ကြီးပါ။ဒါပေမယ့် ပြောင်းလဲဖို့ဆိုတာက အချိန်ကြာကြာမလိုပါဘူး။တစ်စက္ကန့် တစ်စက္ကန့် ပဲလိုတာပါ။မိုးပေါ်မှာ ကြယ်ကြွေ တယ်ဆိုပါတော့။ကြယ်ကြွေတာက ရှိတ်ခနဲဆိုတော့ တစ်စက္ကန့် လောက်ပဲကြာတယ်။

ဒါပေမယ့် မြင်လိုက်ရတဲ့သူနဲ့ မမြင်လိုက်ရတဲ့သူဆိုတာ နှစ်ပိုင်းကွဲကျန်ခဲ့သေးတယ်။အဲ့ဒီတစ်စက္ကန့်ဆိုတဲ့ အချိန်ကလေးက လူတွေကို နှစ်ခြမ်းခွဲသွားတယ်။အကျဉ်းသားတစ်ယောက်ကို ကြိုးမိန့်စီရင်တယ်ဆိုပါစို့။ကြိုးခလုတ်ကို ခလုတ်ဖြုတ်ချလိုက်တာက တစ်စက္ကန့်လောက်ပဲကြာတယ်။ဒါပေမယ့် ခုကလေးတင် ရှင်နေတဲ့သူက ခုကလေးတင် သေသွားရတယ်။

လူသေနဲ့လူရှင်ဆိုတဲ့ အခြေနေကို အချိန်လေး တစ်စက္ကန့်က ခွဲခြားသွားတာပဲ။လူတစ်ယောက်ရဲ့ရင်ထဲမှာ အသိဥာဏ်တစ်ခု ဖျက်ခနဲ လင်းပွင့်သွားတာလည်း ဘာမှမကြာလိုက်ဘူး။တစ်စက္ကန့်ပေါ့။ဒါပေမယ့် သူ့ဘဝတစ်ခုလုံးကို ဆွဲလှန်သွားလိုက်နိုင်တယ်။

သူ့ဘဝရဲ့ ရှေ့ပိုင်းအခြေအနေနဲ့ ပြောင်းလဲသွားပြီ နောက်ပိုင်းကာလကို အဲ့ဒီတစ်စက္ကန့်ကပဲ ခွဲခြားတာပဲ။အဲ့ဒီလို လျှပ်တပြက် အသိဥာဏ်ပွင့်တာကို Abrupt Englightenment လို့ခေါ်တယ်။

အဲ့ဒီအချိန်လေး တစ်စက္ကန့်ကို ရွှေစက္ကန့် The Golden Second လို့ခေါ်တယ်။

#တာရာမင်းဝေ
#သင်နှင့်နံနက်ခင်းကိုသာဝင်ခွင့်ပြုမည်
'

March လမှာ ကံစမ်းမဲပေါက်တဲ့ အကောင့်ပိုင်ရှင် (၃)ဦးရှိပါတယ်...🤗🎊🎉🎁1) Aye ChoLucky No.9မေတို့ဘဝ ဗီးနပ်(စ်)ကြယ်ဖြစ်ရလေအောင...
08/03/2024

March လမှာ ကံစမ်းမဲပေါက်တဲ့ အကောင့်ပိုင်ရှင် (၃)ဦးရှိပါတယ်...🤗🎊🎉🎁

1) Aye Cho
Lucky No.9
မေတို့ဘဝ ဗီးနပ်(စ်)ကြယ်ဖြစ်ရလေအောင်

2)Moe Pyae Pyae Aung
Lucky 15
အရင်းမစိုက်လှေထိုးလိုက်နှင့် လူစွမ်းလူစ

3)Thin Thin Mu
Lucky No.5
အကြံဥာဏ်ဖြင့်ကြီးပွားရေး

~အမည်
~ဖုန်းနံပါတ်
~နေရပ် လိပ်စာအပြည့်အစုံ
~နယ်မြို့မှဖြစ်ပါက သက်ဆိုင်ရာ ကားဂိတ်အမည် စတဲ့ အချက်အလက်တွေ The Bookman Cafe ရဲ့ Page Messenger ကို ပို့ပေးကြပါဦးနော်...❤❤❤

⛔ပို့ဆောင်ခပေးရန်မလို⛔

အောက်က ပုံမှာတော့ ဒီလမှာ မဲဖောက်ပေးခဲ့တဲ့စာအုပ်လေးတွေပါ။ပေါက်မဲမပါသေးဘဲ ကျန်နေတဲ့ Lucky No လေးတွေကို နောက်လထဲမှာ ထပ်ပေါင်းပြီး ကံစမ်းခွင့်ရမှာမို့ လစဥ်ဝင်ရောက်ကံစမ်းကြဖို့ဖိတ်ခေါ်ပါတယ်....



Hello!!! Bookman တို့ရေ...The Bookman Cafe' Page ကနေ ၂၀၂၄ ရဲ့ တတိယအကြိမ်ကံစမ်းမဲ အစီအစဥ်လေးလာပါပြီ။အားလုံးအတွက် တန်ဖိုးရ...
29/02/2024

Hello!!! Bookman တို့ရေ...
The Bookman Cafe' Page ကနေ ၂၀၂၄ ရဲ့ တတိယအကြိမ်ကံစမ်းမဲ အစီအစဥ်လေးလာပါပြီ။

အားလုံးအတွက် တန်ဖိုးရှိတဲ့ အသိပညာ၊ဗဟုသုတရစေမယ့် စာအုပ် (၁၇)အုပ် ကံစမ်းမဲဖောက်ပေးပါမယ်။

ပါဝင်ကံစမ်းလိုသူတွေအနေနဲ့...
မတ်လ (၁)ရက်နေ့ကနေ မတ်လ (၇)ရက်နေ့အတွင်း စာအုပ်ရဲ့ အတွင်း ပထမဆုံးစာမျက်နှာမှာ ရေးထားတဲ့ဂဏန်းတွေကို နံပါတ်စဉ်(၁)ကနေ (၁၀၀)အထိ
နံပါတ်တွေထဲက ခန့်မှန်းပြီး အခု Post အောက်မှာ Comment ရေးပေးရမှာပါ။

နံပါတ် တစ်ခုတည်းကို နှစ်ယောက်မန့်တာမျိုးဆိုရင်တော့ အရင်ဆုံးမန့်တဲ့ Comment ပိုင်ရှင်ကရမှာဖြစ်ပါတယ်။
Facebook Account တစ်ခုလျှင် နံပါတ်တစ်ခုသာမန့်ပေးရမှာဖြစ်ပါတယ်။

ကံစမ်းမဲပေါက်တဲ့သူတွေကို ဖေဖော်ဝါရီ(၇)ရက်နေ့ညမှာ ကြေငြာပေးမှာဖြစ်ပါတယ်။

ကံစမ်းမဲ ပေါက်တဲ့ နံပါတ်ပိုင်ရှင်လေးတွေအနေနဲ့
~အမည်
~ဖုန်းနံပါတ်
~နေရပ် လိပ်စာအပြည့်အစုံ
~နယ်မြို့မှဖြစ်ပါက သက်ဆိုင်ရာ ကားဂိတ်အမည်
စတဲ့ အချက်အလက်တွေ The Bookman Cafe ရဲ့ Page Messenger ကို ပို့ပေးကြရမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်းမဟုတ်ပါက ကားဂိတ်(သို့)စာတိုက်ကတစ်ဆင့် ပို့ပေးပါမယ်။

⛔ပို့ခ ပေးဆောင်ရန်မလိုပါ။

Bookman တွေအားလုံး..ပါဝင်ကံစမ်းကြဖို့ ဖိတ်ခေါ်ပါတယ်....




#စာအုပ်ကံစမ်းမဲ
#လစဉ်ကံစမ်းမဲအစီအစဉ်

လောကအနေနဲ့ ကြည့်မယ်ဆိုရင် မကောင်းတဲ့ဝစီကံဒုစရိုက်တွေဟာ အချင်းချင်း ညီညွတ်မှုတွေကို ဖျက်ဆီးပစ်နိုင်တယ်။မကောင်းတဲ့စကားကြော...
13/02/2024

လောကအနေနဲ့ ကြည့်မယ်ဆိုရင် မကောင်းတဲ့
ဝစီကံဒုစရိုက်တွေဟာ အချင်းချင်း ညီညွတ်မှုတွေကို ဖျက်ဆီးပစ်နိုင်တယ်။

မကောင်းတဲ့စကားကြောင့် လူတစ်ဦးရဲ့ဘဝဟာရစရာမရှိအောင် ကြေမွပျက်ပြုန်း သွားနိုင်တယ်။မကောင်းတဲ့စကားကြောင့် ဆက်ဆံမှုတွေကျဆင်းပြီး မိမိအလုပ်အကိုင်တွေပါ ပျက်စီးနိုင်တယ်။

မကောင်းတဲ့ဝစီကံမှုတွေဟာ တစ်ဦးနဲ့တစ်ဦး
တစ်ဖက်နဲ့ တစ်ဖက် သံသယတွေ ဖြစ်စေနိုင်တယ်။

ယုံကြည်မှု လေးစားမှုတွေကင်းသွားစေနိုင်တယ်။မကောင်းတဲ့စကားကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ , လူမျိုးတစ်မျိုးနဲ့တစ်မျိုးခိုက်ရန်ဒေါသတွေဖြစ် ဒီလိုဖြစ်ရာက ပျက်စီးမှုအမျိုးမျိုး ဆုံရှုံးနစ်နာမှုတွေ အမျိုးမျိုး ဖြစ်နိုင်တယ်။

ဒီတော့ မိမိကိုယ်မိမိ သတိပညာနဲ့ စောင့်ရှောက်ပြီးကိုယ့်ဘက်က မှန်တာကို ပြောမယ် သာယာနာပျော်ဖွယ်ကောင်းတဲ့ စကားကို ပြောမယ်ဆိုရင် လူမှုဒုက္ခတွေ လူမှုပြဿနာတွေ တော်တော်များများ လျော့နည်းသွားမှာပဲလို့ ခဏခဏ တွေးမိပါတယ်။

#နန္ဒာသိန်းဇံ
#မှန်သောစကားကိုဆိုခြင်းနှင့်ပတ်သက်သောမှတ်ချက်များ

10/02/2024

လူငယ်တိုင်းဖတ်သင့်တဲ့ အချက် (၁၅) ချက်

၁။မလိမ်ပါနဲ့
လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ၊
မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။

၂။လှည့်စား၊သစ္စာမဖောက်ပါနဲ့
အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။
လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလိုဖြစ်တတ်တယ်။

၃။မမုန်းပါနဲ့
ခဏတာရှင်သန်ရတဲ့ ဘဝေလးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။
ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။

၄။စိတ်မပူပါနဲ့
ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျို းဖြစ်တယ်။အကောင်းမြင်တတ်အောင် ကြိုးစားပါ။လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။ပြသနာ အစိတ်အပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။

၆။အမြင့်ဆုံးမှန်းပါ
ခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ဒါဟာရှင်သန်ခြင်းအရသာ တစ်မျိုးပဲ။

၇။လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါ
ကိုယ်မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာရင် ကိုယ်ပဲနာကျင်တတ်တယ်။
ပြီးတော့ တစ်ဖက်သားကိုလဲ မျော်လင့်ချက်တွေပေးပြီးပြန်မရုတ်သိမ်းပါနဲ့။
အကြီးမားဆုံး ရန်သူကို သင်ရတတ်တယ်။

၈။ရိုးစင်းစွာ ရှင်သန်ပါ
တန်ဖိုးကြီး နာရီ၀တ် ၊ ကားစီးနိုင်မှ လူရာ၀င်တာ မဟုတ်ဘူး။ရထားတဲ့ဘ၀ကို ပျော်ပျော်နေ ၊ကျေးဇူးတင်တတ်ပါစေ။ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာ။ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထား ပါ။

၉။များများပေးကမ်းပါ
ဒါဟာ လူ့ကျင့်၀တ်တစ်မျိုးဖြစ်တယ်။
ခင်မင်ရင်နှီးမှုမှာ များစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့မိတ်ဆွေတွေကို သင်ပြန်ရတတ်တယ်။

၁၀။အမြဲတမ်းပြုံးပါ
ဒါဟာ ပတ်၀န်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။

၁၁။လက်မလျှော့နဲ့
ဆင်ခြေမပေးပါနဲ့။မတွေးနဲ့။လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေ ဖြစ်တယ်။ စတဲ့ခရီးကို အဆုံးထိသွားနိူင်အောင်ကြိုးစားပါ။ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။

၁၂။လက်လွှတ်တတ်ပါ။
ဖူးစာမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကိုတွေ့မှာမဟုတ်ဘူး။

၁၃။အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါ
လူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘ၀ကိုနှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာနောက်တစ်ကြိမ် ဒီလို လုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။

၁၄။ဝေဖန်ခြင်းကို လက်ခံတတ်ပါ
တဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတစ်လေ အများကို ထောက်ပြတတ်တယ်။

၁၅။အချိန်ကို နေရာပေးပါ၊၊မစောင့်ပါနဲ့။
အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။ဒါပေမဲ့ အချိန်ကို မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။တွေးတောနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာပို ပီပြင်လာပါလိမ့်မယ်။

#မေတ္တာဖြစ်ပြန်လည်မျှဝေပါသည်
#ဗဟုသုတစာပေများ
'

February လမှာ ကံစမ်းမဲပေါက်တဲ့ အကောင့်ပိုင်ရှင် (၆)ဦးရှိပါတယ်...🤗🎊🎉🎁1)Nge LayLucky No.7စိတ်ချမ်းသာနည်း ၁၀၀2)Htin Kara M...
07/02/2024

February လမှာ ကံစမ်းမဲပေါက်တဲ့ အကောင့်ပိုင်ရှင် (၆)ဦးရှိပါတယ်...🤗🎊🎉🎁

1)Nge Lay
Lucky No.7
စိတ်ချမ်းသာနည်း ၁၀၀

2)Htin Kara Maung
Lucky 13
မီလျံနာမဖြစ်ချင်ဘူးလား

3)Kha Kha
Lucky No.17
Mindfulness အကြောင်းစေ့တစောင်း

4)Daw Thet Su Mon
Lucky No.23
အေးချမ်းချင်ရင် စိတ်ကိုပြင်

5)ဆူးလေး
Lucky No.36
တစ်သက်တာ အဖော်

6)Loather
Lucky No.77
မဖတ်ရ မြဲတတ်သည်

~အမည်
~ဖုန်းနံပါတ်
~နေရပ် လိပ်စာအပြည့်အစုံ
~နယ်မြို့မှဖြစ်ပါက သက်ဆိုင်ရာ ကားဂိတ်အမည် စတဲ့ အချက်အလက်တွေ The Bookman Cafe ရဲ့ Page Messenger ကို ပို့ပေးကြပါဦးနော်...❤❤❤

⛔ပို့ဆောင်ခပေးရန်မလို⛔

အောက်က ပုံမှာတော့ ဒီလမှာ မဲဖောက်ပေးခဲ့တဲ့စာအုပ်လေးတွေပါ။ပေါက်မဲမပါသေးဘဲ ကျန်နေတဲ့ Lucky No လေးတွေကို နောက်လထဲမှာ ထပ်ပေါင်းပြီး ကံစမ်းခွင့်ရမှာမို့ လစဥ်ဝင်ရောက်ကံစမ်းကြဖို့ဖိတ်ခေါ်ပါတယ်....



January လအတွက် ကံထူးရှင်တွေဆီ အသီးသီး​ရောက်ရှိသွားပြီးတဲ့ စာအုပ်တွေနဲ့မေတ္တာလက်ဆောင်လေးတွေပါ...😍❤
01/02/2024

January လအတွက် ကံထူးရှင်တွေဆီ အသီးသီး​ရောက်ရှိသွားပြီးတဲ့ စာအုပ်တွေနဲ့မေတ္တာလက်ဆောင်လေးတွေပါ...😍❤



Hello!!! Bookman တို့ရေ...The Bookman Cafe' Page ကနေ ၂၀၂၄ ရဲ့ ဒုတိယအကြိမ်ကံစမ်းမဲ အစီအစဥ်လေးလာပါပြီ။အားလုံးအတွက် တန်ဖိုး...
01/02/2024

Hello!!! Bookman တို့ရေ...
The Bookman Cafe' Page ကနေ ၂၀၂၄ ရဲ့ ဒုတိယအကြိမ်ကံစမ်းမဲ အစီအစဥ်လေးလာပါပြီ။

အားလုံးအတွက် တန်ဖိုးရှိတဲ့ အသိပညာ၊ဗဟုသုတရစေမယ့် စာအုပ် (၁၇)အုပ် ကံစမ်းမဲဖောက်ပေးပါမယ်။

ပါဝင်ကံစမ်းလိုသူတွေအနေနဲ့...
ဖေဖော်ဝါရီ (၁)ရက်နေ့ကနေ (၇)ရက်နေ့အတွင်း စာအုပ်ရဲ့ အတွင်း ပထမဆုံးစာမျက်နှာမှာ ရေးထားတဲ့ဂဏန်းတွေကို နံပါတ်စဉ်(၁)ကနေ (၁၀၀)အထိနံပါတ်တွေထဲက ခန့်မှန်းပြီး အခု Post အောက်မှာ Comment ရေးပေးရမှာပါ။

နံပါတ် တစ်ခုတည်းကို နှစ်ယောက်မန့်တာမျိုးဆိုရင်တော့ အရင်ဆုံးမန့်တဲ့ Comment ပိုင်ရှင်ကရမှာဖြစ်ပါတယ်။
Facebook Account တစ်ခုလျှင် နံပါတ်တစ်ခုသာမန့်ပေးရမှာဖြစ်ပါတယ်။

ကံစမ်းမဲပေါက်တဲ့သူတွေကို ဖေဖော်ဝါရီ(၇)ရက်နေ့ညမှာ ကြေငြာပေးမှာဖြစ်ပါတယ်။

ကံစမ်းမဲ ပေါက်တဲ့ နံပါတ်ပိုင်ရှင်လေးတွေအနေနဲ့
~အမည်
~ဖုန်းနံပါတ်
~နေရပ် လိပ်စာအပြည့်အစုံ
~နယ်မြို့မှဖြစ်ပါက သက်ဆိုင်ရာ ကားဂိတ်အမည်
စတဲ့ အချက်အလက်တွေ The Bookman Cafe ရဲ့ Page Messenger ကို ပို့ပေးကြရမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်းမဟုတ်ပါက ကားဂိတ်(သို့)စာတိုက်ကတစ်ဆင့် ပို့ပေးပါမယ်။

⛔ပို့ခ ပေးဆောင်ရန်မလိုပါ။⛔

Bookman တွေအားလုံး..ပါဝင်ကံစမ်းကြဖို့ ဖိတ်ခေါ်ပါတယ်....




#စာအုပ်ကံစမ်းမဲ
#လစဉ်ကံစမ်းမဲအစီအစဉ်

 #မွေးဖွားခြင်းမှသည်သုဂတိဘုံသို့လူ​တွေဟာ မိခင်ဝမ်းမှာသ​န္ဓေတည်ရာက​နေ လူအဖြစ်​မွေးဖွားလာပြီဆိုကတည်း ကိုယ်၊စိတ်၊ဝိညာဥ် ဆို...
23/01/2024

#မွေးဖွားခြင်းမှသည်သုဂတိဘုံသို့

လူ​တွေဟာ မိခင်ဝမ်းမှာသ​န္ဓေတည်ရာက​နေ လူအဖြစ်​မွေးဖွားလာပြီဆိုကတည်း ကိုယ်၊စိတ်၊ဝိညာဥ် ဆိုတာ ပါလာပြီးသားလို့ဆိုပါတယ်။

ဘယ်မိခင်ဝမ်းမှာ သ​​​​​န္ဓေတည်မယ်၊​ယောက်ျား မိန်းမဖြစ်တာ​တွေ၊​နေရာ​ဒေသ​ စတာ​တွေက ကိုယ့်အတိတ်ကံအ​ကြောင်းတရားက ​ရွေးချယ်ခဲ့ပြီးပါပြီ။

လူအဖြစ်​မွေးဖွားလာတဲ့ က​လေးအရွယ်မှာ ကိုယ်၊စိတ်၊ဝိညာဥ်​တွေက အနီးကပ်ဆုံးရှိခဲ့ကြတဲ့အခိုက်အတန့်​တွေပါပဲ။
ဖြူစင်တယ်၊အပြစ်ကင်းတယ်၊လိုချင်တာမရရင်ငိုပြမယ်၊အကြိမ်ကြိမ်လဲကျ​နေလည်း မိဘ​​တွေရဲ့ "ရပ်နိုင်​ပေ့"ဆိုတဲ့စကားကိုနား​​ထောင်ရင်း အကြိမ်ကြိမ်လမ်း​လျှောက်တတ်ဖို့ကြိုးစားခဲ့ကြတယ်။

ဒီအချိန်​​တွေဟာ ကိုယ်က စိတ်နဲ့ အကပ်နိုင်ဆုံးအချိန်​တွေပါပဲ။
လမ်း​လျှောက်ရင်းလဲကျတာကို ​လှောင်စရာလို့ သတ်မှတ်မယ့်သူ​တွေလည်း မရှိခဲ့ကြပါဘူး။

ဒီလိုနဲ့​ကျောင်းတတ်ရမယ့်အရွယ်ရောက်လာရင် ကြိုးစားရမယ်၊စာ​​တော်ရမယ်၊ပညာတတ်မှလူရာဝင်မယ်ဆိုတဲ့ အသိ​တွေကို ပတ်ဝန်းကျင်မိဘအသိုင်းအဝိုင်းက ရိုက်ထည့်​ပေးလိုက်တဲ့အခါ ယှဥ်ပြိုင်မှု​တွေနဲ့ကြိုးစားခဲ့ကြရပြန်တယ်။

​လမ်း​လျှောက်တတ်ဖို့ အကြိမ်ကြိမ်လဲကျရင်း ပြန်ထနိုင်ခဲ့တဲ့ က​လေးတစ်​ယောက်မှာ မ​တော်တဆခလုတ်တိုက်မိလို့ ​​ခြေ​ချော်လဲသွားရင်​တောင် တွဲကူရင်းပြန်ထူ​ပေးမယ့်အစား ​လှောင်​ပြောင်ကြမယ့်သူငယ်ချင်းတစ်သိုက်ကလည်း ရှိ​လာပါပြီ။

ဒီ​တော့ လဲကျရင် အ​လှောင်ခံရမှာစိုးတဲ့စိတ်နဲ့ ​နောက်ထပ်လဲကျလို့မဖြစ်ဘူးဆိုတဲ့ အသိကို ကိုယ့်ရဲ့က​လေးဦး​နှောက်မှာ ထပ်ဖြည့်လိုက်ရပြီ။​
"ငွေရှိမှ လူရာဝင်တယ်"ဆိုတဲ့ စကားစုတစ်ခုကို ကိုယ့်ဦး​နှောက်က စိစစ်သုံးသပ်မှုမရှိဘဲ မှတ်ထားလိုက်ပြန်ရပြန်တယ်။
"စိတ်ထား​ကောင်းဖို့က အဓိကပဲ" လို့​ပြောရင်လည်း အသိအမှတ်ပြုလက်ခံလိုက်ရပါတယ်။

ရုပ်​ချောမှ...ပညာတတ်မှ...ရွှေရှိမှ...ငွေရှိမှ...စတဲ့ သူတစ်ပါးသတ်မှတ်ချက်​​တွေ​အောက်မှာ အလွှာလွှာ​တွေဖန်တီးလာလိုက်တာ ကိုယ်ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိ​တော့​လောက်တဲ့အထိပါပဲ။

သူ့ကို မကူညီရင် ကိုယ့်ကိုအပြစ်မြင်မှာစိုးလို့ ကူညီလိုက်ရတာ​ရှိမယ်။
ကိုယ်က ကိုယ့်အတွက် ကိုယ်​မေ့ပြီး သူတစ်ပါးအ​ပေါ်အကြင်နာတရားပိုတတ်လို့ ကူညီလိုက်တာရှိမယ်။
ကူညီနိုင်လို့ ကူညီလိုက်ရတာရှိမယ်။
ဂုဏ်ရှိဖို့အတွက်၊လူမြင်​ကောင်းချင်တဲ့အတွက်၊သူတစ်ပါး မချစ်မှာ၊မ​လေးစားမှာ စိုးတဲ့အတွက်စတဲ့ စိတ်​တွေနဲ့ မျက်နှာဖုံး​တွေစွပ်ပြီး မပြုံးချင်တဲ့အခိုက်အတန့်​တွေလည်း ဟန်​ဆောင်ပြုံးတတ်လာခဲ့ကြတယ်။

ရင်ထဲကလာတဲ့ ကူညီချင်စိတ်အပြည့်မဟုတ်တဲ့ အရာ​တွေအတွက် တန်ပြန်ရမှုအချိုးမကျတဲ့အခါ ​ကိုယ်ဟာကျေးဇူးကန်းသူနဲ့​တွေ့ရတာပဲလို့ စိတ်​သောကဖြစ်ရပြန်တယ်။

ကိုယ့်ရဲ့လားရာဂတိ ​ကောင်းဖို့နဲ့ လူ့အသိုင်းအဝိုင်း​ကောင်းတစ်ခုဖန်တီးဖို့သိရမယ့် လိုအပ်တဲ့ ဥာဏ်ပညာ​တွေလိုတယ်။
ဘဝမကူးခင်မှာ အသက်ရှည်ရှည်​နေရင်း ကုသိုလ်ရိက္ခာ​တွေစုသွားကြဖို့ ကျန်းမာ​ရေး​ကောင်းဖို့လိုတယ်။
ဒါ​န​ကောင်းမှု​တွေပြုဖို့ ၊မိဘ​ကိုပြန်လည်လုပ်​ကျွေးပြုစုနိုင်ဖို့ ပစ္စည်းဥစ္စာ​တွေရှိဖို့လိုတယ်။
ဒါ​ပေမယ့် ကိုယ်အစစ်အမှန်​ပျောက်သွားပြီး သူတစ်ပါးသတ်မှတ်ချက်​တွေ​အောက်မှာပဲ နှစ်မြုပ်​နေရမယ့်အထိ​တော့မဟုတ်ဘူး​ပေါ့။

သူတစ်ပါး အချစ်ခံချင်တာထက် ကိုယ့်ကိုယ်ကို အရင်ချစ်ပါ။
သူတစ်ပါးချီးကျူးခံချင်တာထက် ကိုယ့်ကိုယ်ကိုအရင် ချီးကျူးနိုင်​အောင်​နေပါ။သူတစ်ပါး​လေးစားတာတာထက် ကိုယ့်ကိုယ်ကို အရင်​လေးစားပါ။
ရှိသင့်တဲ့ ​လောကပါလတရား​တွေကို​စောင့်ထိန်းရင်း မဖြစ်သင့်တာကို မလုပ်သင့်မှန်းသိတတ်တဲ့စိတ်ကို ​အရင်မွေးမြူပါ။
သင်ညာထက် ပညာတတ်(​အ​ကြောင်းအကျိုး၊အ​ကောင်းအဆိုး ​​ဝေဖန်ပိုင်းခြားသိမြင်နိုင်)ဖို့ ကြိုးစား​နေထိုင်ပါ။

အလွှာအလွှာ​တွေခွာချလိုက်ရင် ​သေခါနီးဘဝကူးပြီးပါမှာက ကိုယ်ပြုတဲ့ ​ကောင်းမှု၊မ​ကောင်းမှုနဲ့ကိုယ့်ရဲ့ဝိညာဥ်တစ်ခုပါပဲ။

ရာထူးဂုဏ်ပုဒ်၊စည်းစိမ်ဥစ္စာ၊ချစ်သူမုန်းသူ၊ရုပ်ရည်ရူပကာ ကိုယ့်ရဲ့ခန္ဓာက စလို့ ဘာမှယူသွားလို့မရတာအမှန်မို့ ဒီအရာ​တွေရှိခြင်း၊မရှိခြင်းအ​ပေါ် သူတစ်ပါး​တွေရဲ့ မှတ်ချက်ပြုထားလို့ ကိုယ့်ကိုယ်ကို ဖုံးလွှမ်းထားတဲ့အလွှာ​တွေကို ခွာချပါ။

​လောကီအမှန်တရား​တွေက မမြဲတဲ့အခါ ​နောက်ဆုံးလူအများစုဟာ အသက်ကြီး​​လာမှ ဘာသာ​ရေး​တွေထဲမှာ ​လောကုတ္တရာအမှန်တရားကို ရှာကြရစမြဲပါပဲ။

လူ့ဘဝမှာ ကိုယ့်ရဲ့ဖြစ်လိုမှု​တွေကို ရယူနိုင်​အောင်​ သူ​တော်​ကောင်းတရား​တွေနဲ့အညီ အကောင်းဆုံးကြိုးစားနိုင်ခွင့် အပြည့်အဝကိုယ့်မှာရှိပါတယ်။
တခြားသူ​တွေရဲ့ စကားလုံး​အောက်မှာ လမ်းဆုံးမ​နေဖို့ပဲလိုတာပါ။

အရာအားလုံးပြီးလို့ ဘဝအဓိပ္ပါယ်ကို ပိုပိုပြီးနားလည်သွားတဲ့အချိန်ကျရင်​တော့ ကိုယ်နဲ့စိတ်ကို ပိုင်ထားတဲ့ကိုယ့်ရဲ့ဝိညာဥ်​လေးကို သုဂတိ​ဘုံရောက်​အောင် ကြိုးစားရယူနိုင်သွားသူသာ ဖြစ်ပါရ​စေ...



'

Address

Pansoedan Street
Yangon

Telephone

+959795175389

Website

Alerts

Be the first to know and let us send you an email when The Bookman Café posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share