MSC Specialist Clinic and Medical Laboratory

MSC Specialist Clinic and Medical Laboratory Specialist clinic, pharmacy and medical laboratory

Hospital bed for sale 3 crank Both motor and manual သုံးဆင့် ခေါက်လို့ရ ၊ အနိမ့်အမြင့် ချိန်လို့ရပါတယ်မော်တာနဲ့ အပြင် မီ...
06/03/2026

Hospital bed for sale
3 crank Both motor and manual
သုံးဆင့် ခေါက်လို့ရ ၊ အနိမ့်အမြင့် ချိန်လို့ရပါတယ်
မော်တာနဲ့ အပြင် မီးပျက်ရင်လည်း လက်လှည့်သုံးလို့ရပါတယ်
ဆေးရုံသုံးကုတင်ရောင်းလိုပါတယ်
လိုအပ်သော ဆရာ ဆရာမ များနှင့် ဆေးခန်းပိုင်ရှင်များ ဆက်သွယ်နိုင်ပါတယ်🙏🏻

Price - ၁၂ သိန်း ညှိနှိုင်း

09798909999


#ဆေးရုံကုတင်
#ဆေးခန်းသုံးကုတင်

02/10/2025

ကလေးက လိမ်တဲ့အခါ .... 🛑

ကလေးတွေလည်း လိမ်ပါတယ်။ သူတို့မှာလည်း လိမ်ရတဲ့ အကြောင်းရင်းလေးတွေ ရှိနေတတ်တယ်။ မလိမ်ဖို့ မသင်ပေးခင် ...

1️⃣ ဘာကြောင့်လိမ်လဲဆိုတဲ့ အကြောင်းရင်းကို ရှာပါ
ကလေးတွေ လိမ်တဲ့အကြောင်းရင်းကို မိဘက သိရှိ နားလည်ဖို့ လိုပါတယ်။ ကလေးတွေဟာ စိုးရိမ်လို့၊ ကြောက်လို့၊ မိဘရဲ့ အာရုံစိုက်တာ ခံချင်လို့ ဒါမှမဟုတ် အပြစ်တစ်ခုခုက လွတ်ဖို့ လိမ်တတ်ကြပါတယ်။

2️⃣ ကလေးနဲ့ မိဘကြား ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေး ရှိရမယ်
ကလေးကို သူတို့အနေနဲ့ မှန်မှန် ပြောပြရင်လည်း ဘယ်လိုအပြစ်မှ မရှိဘူးဆိုတာ နားလည်အောင် ရှင်းပြပါ။ ကလေးကို ယုံကြည်ပေးရင် သူတို့ရဲ့ ခံစားချက်တွေကို မလိမ်ညာဘဲ မိဘကို ပိုပြောလာပါလိမ့်မယ်။

3️⃣ လိမ်ခြင်းရဲ့ ဆိုးကျိုးတွေကို ရှင်းပြပါ
ကလေးကို လိမ်တာဟာ လူတွေကိုယ့်အပေါ်ထားတဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး လူမှုဆက်ဆံရေးမှာ ပြဿနာတွေ ဖြစ်စေနိုင်တယ်။ လိမ်တတ်တဲ့ သူတွေကို လူတွေက မယုံကြဘူးလို့ ပြောပြပေးပါ။ လိမ်မိတာကို မမိအောင် ထပ်ထပ်လိမ်ရတဲ့အတွက် စိတ်ပင်ပန်းရတာကိုလည်း နားလည်အောင် ရှင်းပြပါ။

4️⃣ အပြစ်မပေးပါနဲ့ သင်ကြားပေးပါ
ကလေးက အမှားကို သင်ခန်းစာယူပြီး ပြုပြင်နိုင်အောင် ကူညီပါ။ ဒီလိုမပြောဘဲ ဘယ်လို ဖြေရှင်းလို့ရလဲဆိုတာ ပြောပြ သင်ပြပေးသင့်တယ်။

5️⃣ အမှန်ကိုပြောဖို့ အားပေးပါ
ကလေးက မလိမ်ဘဲ အမှန်အတိုင်း ပြောဆို ပြုမူတဲ့အခါ ချီးကျူးပါ။ ဒါကို အားပေးခြင်းဖြင့် လိမ်ညာတာထက် မှန်ကန်တဲ့ လမ်းကြောင်းကို ကလေးက ပိုရွေးချယ်လာပါလိမ့်မယ်။

7️⃣ စံနမူနာဖြစ်စေ
မိဘတွေနဲ့ အုပ်ထိန်းသူတွေဟာ ကလေးတွေအတွက် စံနမူနာဖြစ်ပါတယ်။ ကလေးတွေကို မှန်ကန်တဲ့ အပြုအမူတွေ သင်ကြားပေးဖို့ ကိုယ်တိုင်ကလည်း အတတ်နိုင်ဆုံး နမူနာအဖြစ် နေပြပါ။

8️⃣ ကလေး မျက်ခြေမပြတ် အာရုံစိုက် လေ့လာပါ။
ကလေးရဲ့ အပြုအမူတွေကို လေ့လာပြီး ထပ်ခါတလဲလဲ လိမ်တာတွေ မဖြစ်အောင် ကူညီပေးပါ။ လိုအပ်ရင် ဆရာဝန်၊ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ်တွေ ရယူပါ။

9️⃣ စိတ်ရှည်သည်းခံပါ
ကလေးတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ သူတို့ရဲ့ အပြုအမူတွေ ပြောင်းလဲလာတတ်ပါတယ်။ လမ်းကြောင်းမှန်ပေါ်ရောက်အောင် မိဘက စိတ်ရှည်ရှည်နဲ့ သည်းခံပြီး သင်ကြားပေးပါ။ ကူညီပေးပါ။

ကလေးတွေဟာ သင်ယူနေဆဲဖြစ်တာကြောင့် သူတို့ရဲ့ အမှားတွေကို မိဘက နားလည်ပေးပြီး လိုအပ်တာကို ပြုပြင်နိုင်အောင် ကူညီပေးဖို့ လိုပါတယ်။

❤️နွယ်နီကံဝင်း❤️

28/08/2025


Individualized Approach to the Management of T2DM and Comorbidities : discover how to enhance patient outcomes with tailored strategies for type 2 diabetes management.

22/08/2025

#စီးပွါးတက်ချင်ကြိုတင်ပြင် 🍀❤️

၁။ မိုးလင်းလာရင်ဆူပူနေသောအိမ်မျိုးမဖြစ်ရဘူး။

၂။ ဟိုဟာမရှိဘူး ဒီဟာမရှိဘူး ကုန်ပြီလို့ ခနခနမပြောရဘူး။

၃။ ပွစိပွစိလုပ်တတ်တဲ့အကျင့်ကိုသတိထားပြုပြင်ပါ။

၄။ ကလေးအော်ဟစ်ငိုသံမကြားရအောင် ဂရုစိုက်ပြီးကြိုတင်ပြင်ဆင်ပေးပါ။

၅။ မနက်ည ပုံမှန်မြတ်စွာဘုရားရှင်အား သောက်တော်ရေ ကပ်လှူပေးပါ။ သက်ရှိထင်ရှားဘုရားရှင်ကိုရည်ရွယ်စိတ်ညွတ်ပြီး ဆွမ်းတော်ကပ်လှူပါ။

၆။ မိမိစိတ်ကို အမြဲဆန်းစစ်ပါ။

၇။ နေ့စဉ်စိတ်ငြိမ်းချမ်းအောင် တရားဓမ္မတို့ကို နာကြားပါ။

၈။ ဖိနပ်အစုတ်၊ ထီးအစုတ် ၊ ကျိုးပဲ့နေသော ပစ္စည်းများကို စွန့်ပစ်ပါ။ မလိုအပ်တာတွေကို အိမ်မှာမထားပါနှင့်။

၉။ လင်မယားစောစောစီးစီးစကားများရန်ဖြစ်မလုပ်မိပါစေနှင့်။

၁၀။ မနက်မိုးလင်းမှာကုသိုလ်တရားနဲ့အစပြုပါ၊ ညအချိန်မှာကုသိုလ်တရားနဲ့အိပ်ရာဝင်ပါ။

#မှတ်သားစရာများ

10/08/2025

"ရေရှည်မှာ ဘာဖြစ်မလဲ?" – လုပ်ငန်းခွင်နဲ့ လက်တွေ့ဘဝမှာ ဆုံးဖြတ်ချက်ကောင်းချင်ရင်
​+++++++++++++++++++++++

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ဘဝမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုခုချတော့မယ်ဆိုရင် လူတိုင်းမှာ ရှိတတ်တဲ့ စိတ်တစ်ခုရှိပါတယ်။ အဲဒါကတော့ "အခုချက်ချင်း အဆင်ပြေစေချင်တဲ့စိတ်" ပါပဲ။ ဥပမာ- ပင်ပန်းလာတဲ့အခါ အလုပ်ကနေ ထွက်လိုက်ချင်တာ၊ ပိုက်ဆံပေါ်လာရင် ကြိုက်တာဝယ်လိုက်ချင်တာမျိုးပေါ့။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်တွေက ရေရှည်မှာ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို တစ်ခါတလေ ကောင်းကောင်း မတွေးမိကြပါဘူး။

တကယ်တော့ အောင်မြင်တဲ့သူတွေရဲ့ လျှို့ဝှက်ချက်က "ရေရှည်အကျိုးဆက်ကို ကြိုတွေးပြီး ဆုံးဖြတ်နိုင်တာ" ပါပဲ။ အခုချက်ချင်း အဆင်ပြေအောင် လုပ်လိုက်တာထက် အနာဂတ်အတွက် ပိုကောင်းမယ့် လမ်းကိုရွေးချယ်နိုင်ဖို့ ဒီအတွေးအခေါ်ကို လက်တွေ့ဘဝနဲ့ လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချရမလဲဆိုတာ ဥပမာတွေနဲ့ ပြောပြပေးချင်ပါတယ်။

၁။ "ရေရှည်မှာ ဘာဖြစ်မလဲ?" ဆိုတဲ့ မေးခွန်းက ဘာကြောင့် အရေးကြီးတာလဲ?

ဆုံးဖြတ်ချက်တစ်ခုချတိုင်း "ဒီဆုံးဖြတ်ချက်က နောက် ၁ လ၊ ၆ လ၊ ၁ နှစ်နေရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲ?" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် အရင်မေးပါ။ ဒီမေးခွန်းက ကိုယ့်ကို ရေတိုအဆင်ပြေမှုကို ကျော်လွန်ပြီး ရေရှည်မှာ ဖြစ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို သေချာစဉ်းစားနိုင်အောင် ကူညီပေးပါလိမ့်မယ်။

ဥပမာအားဖြင့်-

• ​အလုပ်မှာ အချိန်ပို အလွန်အကျွံလုပ်ခြင်း → ရေတိုမှာ ပိုက်ဆံပိုရမယ်၊ အလုပ်ပြီးမယ်။ ဒါပေမဲ့ ၆ လလောက်ကြာတဲ့အခါ Burnout ဖြစ်ပြီး စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်လာမယ်။ နောက်ဆုံး အလုပ်စွမ်းဆောင်ရည် ကျဆင်းပြီး အလုပ်ထွက်ချင်စိတ် ဖြစ်လာနိုင်တယ်။

• ​လစဉ်လတိုင်း လစာကုန်တဲ့အထိ သုံးခြင်း → ရေတိုမှာ ပျော်ရွှင်ရမယ်။ ဒါပေမဲ့ ၁ နှစ်ကြာတဲ့အခါမှာတော့ ငွေကြေးစုဆောင်းမိတာ ဘာမှမရှိဘဲ ရုတ်တရက် အရေးပေါ်ငွေလိုတဲ့အခါမျိုးမှာ အခက်တွေ့နိုင်တယ်။

ဒါကြောင့် ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုပဲချချ "ရေရှည်မှာ ဘယ်လိုဖြစ်မလဲ?" ဆိုတာကို မေးဖို့ အရေးကြီးပါတယ်။

၂။ လုပ်ငန်းခွင်မှာ ဒီနည်းလမ်းကို ဘယ်လိုသုံးမလဲ?

(က) ပရောဂျက်အသစ်တစ်ခုကို လက်ခံ/ငြင်းပယ်တဲ့အခါ
​သင်က မန်နေဂျာတစ်ယောက်ဆိုပါစို့။ ရေတိုမှာ အမြတ်အစွန်းကောင်းကောင်း ရနိုင်မယ့် ဖောက်သည်အသစ်တစ်ခုကနေ ပရောဂျက်တစ်ခု ကမ်းလှမ်းလာတယ်။ ဒီအခါ "Yes" လို့ ချက်ချင်းမပြောဘဲ ဒီမေးခွန်းလေးတွေနဲ့ စဉ်းစားကြည့်ပါ။

• ​"ဒီဖောက်သည်နဲ့ ၁ နှစ်ဆက်လုပ်ရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းပုံရိပ် (Brand Image) ကို ထိခိုက်နိုင်သလား?"

• ​ဖောက်သည်က နာမည်ကောင်းရှိပြီး လုပ်ငန်းအချင်းချင်း ယုံကြည်မှုရှိတယ်ဆိုရင် Yes ပြောသင့်တယ်။

• ​ဒါပေမဲ့ ဖောက်သည်က စျေးသက်သာအောင်ပဲ တောင်းဆိုပြီး အလုပ်ရဲ့ အရည်အသွေး (Quality) ကို အမြဲတမ်း ညှိနေမယ်ဆိုရင် ရေရှည်မှာ သင့်ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကျဆင်းနိုင်တယ်။ ဒါဆို No ပြောတာက ပိုကောင်းတယ်။

• ​"ဒီပရောဂျက်က အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးပိုတက်လာမယ့် ပရောဂျက်မျိုးလား၊ ဒါမှမဟုတ် နောက်ပိုင်းမှာ ပြန်ပြင်ရမယ့် အလုပ်တွေ များနိုင်လား?"

• ​ပရောဂျက်က ရေရှည်မှာ အသစ်အသစ်တွေ ထပ်တိုးလို့ရမယ့် အလားအလာရှိလား၊ ဒါမှမဟုတ် အခုချက်ချင်း ပြီးသွားပြီး ဘာမှဆက်လုပ်စရာ မရှိတော့တာမျိုးလား ဆိုတာကို စဉ်းစားရမယ်။

(ခ) ဝန်ထမ်းခန့်တာ၊ ထုတ်တာမျိုးမှာ

​သင်က HR ဒါမှမဟုတ် Manager တစ်ယောက်အနေနဲ့ ဝန်ထမ်းတစ်ဦးရဲ့ စွမ်းဆောင်ရည် (Performance) မကောင်းလို့ အလုပ်ထုတ်ဖို့ စဉ်းစားနေတယ်ဆိုရင်...

• ​"ဒီဝန်ထမ်းကို အလုပ်ထုတ်လိုက်ရင် နောက် ၃ လအတွင်း ဝန်ထမ်းအသစ်ရှာဖို့၊ အင်တာဗျူးဖို့၊ လေ့ကျင့်ပေးဖို့ ကုန်ကျမယ့် အချိန်နဲ့ ငွေက ဘယ်လောက်ရှိမလဲ?"

• ​"ဒီဝန်ထမ်းကို နောက် ၆ လ Training ပေးရင် ပိုကောင်းလာနိုင်တဲ့ အလားအလာရှိမလား?"

​ဒီလိုမေးခွန်းတွေနဲ့ စဉ်းစားပြီးမှ ဆုံးဖြတ်တာက အကျိုးရှိပါတယ်။ ဥပမာ- အလုပ်စွမ်းဆောင်ရည် နည်းတဲ့ ဝန်ထမ်းကို ချက်ချင်းမထုတ်ဘဲ နောက်ထပ် ၃ လလောက် Training အစီအစဉ်တစ်ခုပေးပြီး စောင့်ကြည့်လိုက်တာက ရေရှည်မှာ ဝန်ထမ်းအသစ် ထပ်ခန့်ရမယ့် ကုန်ကျစရိတ်တွေထက် အများကြီး သက်သာနိုင်တယ်။

၃။ ကိုယ်ပိုင်ဘဝမှာ ဒီနည်းလမ်းကို ဘယ်လိုအသုံးချမလဲ?

(က) ငွေကြေးသုံးစွဲမှု ဆုံးဖြတ်ချက်များ

​လစာတစ်သိန်းရတဲ့အချိန်မှာ ဖုန်းအသစ် ၂ သိန်းတန်တစ်ခုကို အရစ်ကျနဲ့ ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်...

• ​"ဒီဖုန်းကို အရစ်ကျနဲ့ ဝယ်လိုက်ရင် နောက် ၃ လအတွင်း ကိုယ့်ရဲ့နေ့စဉ်စားသောက်ရေးအတွက် ငွေကြေးဖိစီးမှုတွေ ဖြစ်လာနိုင်မလား?"

• ​"တစ်နှစ်ကြာရင် ဒီဖုန်းက ငါ့အတွက် တကယ်လိုအပ်နေသေးလား၊ ဒါမှမဟုတ် အသစ်ထပ်ဝယ်ချင်စိတ် ဖြစ်နေဦးမလား?"

​ဒီမေးခွန်းတွေက သင့်ကို ရေတိုဆန္ဒကို ထိန်းချုပ်ပြီး ငွေရေးကြေးရေး ပိုမိုတည်ငြိမ်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

(ခ) အလုပ်ပြောင်းဖို့ ဆုံးဖြတ်တဲ့အခါ

​လက်ရှိအလုပ်က ပင်ပန်းပြီး အဆင်မပြေလို့ အလုပ်ပြောင်းဖို့ စိတ်ကူးနေတယ်ဆိုရင်...

• ​"ဒီအလုပ်ကနေ နောက် ၁ နှစ်နေရင် ငါ့ရဲ့ ကျွမ်းကျင်မှု (Skill Set) တွေ တိုးတက်လာနိုင်သေးသလား၊ ဒါမှမဟုတ် တစ်နေရာတည်းမှာပဲ ရပ်နေမှာလား?"

• ​"အခုပြောင်းလိုက်မယ့် အလုပ်အသစ်က လက်ရှိအလုပ်ထက် ရေရှည်မှာ ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ပေးနိုင်မလား၊ ဒါမှမဟုတ် အလုပ်ရဲ့သဘောသဘာဝက အခုလက်ရှိအလုပ်နဲ့ အတူတူပဲလား?"

ဒီလိုမေးခွန်းတွေနဲ့ သေချာဆန်းစစ်ပြီးမှ အလုပ်ပြောင်းတာက သင့်အတွက် ပိုကောင်းတဲ့ အလုပ်အကိုင်လမ်းကြောင်းကို ရွေးချယ်နိုင်စေပါလိမ့်မယ်။

နိဂုံး- ရေရှည်အတွက် တွေးပြီး အလေ့အကျင့်လုပ်ပါ။

အလုပ်မှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုချတိုင်း "၁ နှစ်ကြာရင် ဒီဆုံးဖြတ်ချက်က ငါ့အတွက် အကျိုးရှိနေဦးမလား?" ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အမြဲပြန်မေးပါ။

ရေတိုမှာ သက်သောင့်သက်သာဖြစ်ပေမဲ့ ရေရှည်မှာ ဒုက္ခပေးနိုင်တဲ့ အရာတွေကို ရှောင်ကြဉ်ပြီး ရေရှည်မှာ အကျိုးရှိစေမယ့် ဆုံးဖြတ်ချက်တွေသာ ချမှတ်နိုင်အောင် အလေ့အကျင့်လုပ်ပါ။ ဒါဆိုရင် သင်ဟာ အနာဂတ်အတွက် ပိုပြီး တည်ငြိမ်ပြီး အောင်မြင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာပါလိမ့်မယ်။

---

"ဒီဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိရင် Like, Follow & Share ပေးဖို့ မမေ့နဲ့နော်" 😊

Zar Ni Kyaw - Soft Skill Trainer

Be the Better You.



Address

Upper Kyee Myin Dine Road, Myanmar, Burma (Myanmar)
Yangon
11101

Telephone

+959750225527

Website

Alerts

Be the first to know and let us send you an email when MSC Specialist Clinic and Medical Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MSC Specialist Clinic and Medical Laboratory:

Shortcuts

Share