29/05/2024
မင်မင်တို့ရဲ့ New Product လေးကတော့
သရက်သီးချိန်ကုန်တာတောင် စားနေလို့ရမဲ့🤤
🥭စိန်တလုံးသရက်ပျဉ်လေးပါရှင့် သန့်ရှင်းလတ်ဆတ်စွာလုပ်ထားတဲ့အပြင် သရက်သီးအနှစ်ကျိုတဲ့အချိန်မှာလည်း ထန်းလျက်၊သကြားမထည့်ထားတဲ့အတွက် Nature's Dessert သရက်သီးရဲ့သဘာ၀အရသာအတိုင်း ချိုမွှေးနေမှာအာမခံပါတယ်နော် 🥰 မင်မင်သရက်ပျဉ်စရောင်းဖြစ်တာကတော့ နိုင်ငံခြားပို့ပေးချင်လို့ လုပ်ပေးပါအုံး ဒီကဆိုဘာပဲဖြစ်ဖြစ်စိတ်ချရလို့ဆိုပြီးတောင်းဆိုကြလို့လုပ်ပေးဖြစ်တာလေးပါ အမှန်တော့အလုပ်အရမ်းရှုပ်ပါတယ် 🥲 အမြဲတမ်းကိုယ်တိုင်စားဖို့အတွက်ကိုသရက်ပျဉ်လုပ်တာပါ ခုလည်းရောင်းဖို့ဆိုပေမဲ့ ဖုန်သဲမ၀င်အောင် ယင်မနားအောင် သန့်ရှင်းစွာလုပ်ထားတာပါ အဲ့ဒါတော့စိတ်ချ🤗 အဲ့ဒါကြောင့် မကြော်ငြာရသေးခင် ကြားထဲမှာပစ္စည်းခဏခဏပျက်သွားပါသေးတယ် 😁 ခုလည်း အများကြီးမရသေးပါဘူးရှင့် မိုးလည်းရွာနေပြီ ဒီတခါကုန်ရင် ထပ်ရဖို့မသေချာတော့တာမို့မြန်မြန်လေးလှမ်းမှာလိုက်တော့နော်🙆🏻♀️
150 gram 1 ထုတ်ကို 3000ks ပါရှင်💜
Delivery 🚲🚲
ကြည့်မြင်တိုင် အလုံ 2000/-
စမ်းချောင်း လသာ လမ်းမတော် 2500/- တို့ကိုပို့ပေးပါတယ်ရှင်။ကြည့်မြင်တိုင်မှာဖုန်းလေးကြိုဆက်ပြီးလာယူလို့ရပါတယ်ရှင့်💜
်သီး #စိန်တလုံးသရက်သီး