ဆရာမြင့် - စကြာမင်း အရိုးကျီးပေါင်းရောဂါအထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ဆရာမြင့် - စကြာမင်း အရိုးကျီးပေါင်းရောဂါအထူးကုဆေးခန်း

ဆရာမြင့် - စကြာမင်း အရိုးကျီးပေါင်းရောဂါအထူးကုဆေးခန်း မင်္ဂလာပါ
Contact Us ☎ 0973197524, 019691091
သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သာယာသောနေ့လေးဖြစ်ပါစေ 🙏

23/07/2026
ဆေးနှင့် ကျန်းမာရေး********************ဆေးနှင့် ကျန်းမာရေး- ခွဲခြားသိမြင်မှသာ ရောဂါပျောက်ကင်းမည် ဖြစ်သည်။ယနေ့ခေတ်ကာလတွင်...
28/06/2026

ဆေးနှင့် ကျန်းမာရေး
********************
ဆေးနှင့် ကျန်းမာရေး- ခွဲခြားသိမြင်မှသာ ရောဂါပျောက်ကင်းမည် ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် ဆေးဝါးနည်းပညာများ အလွန်အဆင့်မြင့်တက်လာသော်လည်း လူအများစုကြားတွင် မှားယွင်းသော အယူအဆတစ်ခု ခိုင်မြဲနေဆဲဖြစ်သည်။ ၎င်းမှာ "ရောဂါတစ်ခုခုဖြစ်လာပါက ဆေးသောက်လိုက်လျှင် ပြီးပြီ၊ ရောဂါပျောက်သွားမည်" ဆိုသည့် အယူအဆပင်ဖြစ်သည်။ အမှန်စင်စစ် ဆေးဝါးနှင့် ကျန်းမာရေးဆိုသည်မှာ မတူညီသော သဘောတရားနှစ်ခုဖြစ်ပြီး ၎င်းတို့၏ ဆက်စပ်မှုကို နားလည်မှသာ ရောဂါဘယမှ ကင်းဝေးနိုင်မည်ဖြစ်သည်။

ဆေးဝါး၏ တာဝန် (၃) ရပ်

ဆေးဝါးတစ်မျိုး၏ စွမ်းဆောင်ရည်ကို အဓိကအားဖြင့် အချက် (၃) ချက်ဖြင့် သတ်မှတ်နိုင်ပါသည်။

၁။ ကာကွယ်ခြင်း (Prevention) ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ရန်။
၂။ သက်သာစေခြင်း (Relief) ရောဂါလက္ခဏာများကို လျော့ပါးစေရန်။
၃။ ပျောက်ကင်းစေခြင်း (Cure) ရောဂါကို အမြစ်ပြတ်ကုသရန်တို့ဖြစ်သည်။

ဆေးဝါးများသည် အထက်ပါအတိုင်း စွမ်းဆောင်နိုင်သော်လည်း ၎င်းတို့သည် ခန္ဓာကိုယ်၏ "အထောက်အပံ့” သာ ဖြစ်သည်။ ရောဂါကုသရေးဗျူဟာအတွက် ထောက်ကူပေးရသည့် ကရိယာသာဖြစ်သည်။ ကုသရေး၏ မြေပြင်( ခန္ဓာကိုယ်နှင့်စိတ်) ကို ထိန်းသိမ်းပြုပြင်ခြင်းမူ မမှန်ကန်ပါက အောင်ပွဲမရနိုင်သကဲ့သို့၊ ဆေးဝါးသာကောင်းပြီး လူနေမှုပုံစံ (Lifestyle) မမှန်ကန်ပါက ရောဂါသည် ဆေးဘယ်မျှလောက်ပင်ကောင်းနေစေကမူ မည်သည့်အခါမျှ အရှင်းပျောက်ကင်းမည်မဟုတ်ပေ။

လူနေမှုပုံစံသည် အဓိကသော့ချက်

ရောဂါဖြစ်ပွားရခြင်း၏ အရင်းမြစ်မှာ ကျွန်ုပ်တို့၏ နေ့စဉ်နေထိုင်မှုပုံစံများထဲတွင် ရှိနေတတ်သည်။ ဥပမာအားဖြင့်- အစားအသောက်၊ အိပ်စက်ချိန်၊ စိတ်ဖိစီးမှုနှင့် လှုပ်ရှားမှု နည်းပါးခြင်းတို့ဖြစ်သည်။ ဆေးဝါးသည် ရောဂါလက္ခဏာကို ခဏတာ ထိန်းချုပ်ပေးနိုင်သော်လည်း၊ ရောဂါကို ဖြစ်စေသော "နေထိုင်မှုပုံစံ အမှားများ" ကို ပြင်ဆင်မပေးနိုင်ပါ။ ထိုကဲ့သို့ နေထိုင်မှုပုံစံများ မပြင်ဆင်ပါက ဆေးဝါး၏ အာနိသင်သည် ရေရှည်တွင် အရာရောက်မည်
မဟုတ်ပေ။ ဒါကိုဆေးယဉ်ပါးခြင်းဟုဆိုနေကြခြင်းဖြစ်သည်။

အထူးသဖြင့် နာတာရှည်ရောဂါများ (Chronic Diseases) ဖြစ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အရိုးကျီးပေါင်းရောဂါကဲ့သို့သော ရောဂါများတွင် ဤအချက်သည် ပိုမိုအရေးကြီးသည်။ ဆေးဝါးကို အားကိုးရုံဖြင့် ဤရောဂါများကို ထိန်းချုပ်ရန် ခက်ခဲပါသည်။ ဆရာများညွှန်ကြားသည့် ဆေးဝါးကို မှီဝဲသကဲ့သို့၊ မိမိကိုယ်တိုင်ကလည်း အစားအသောက်ကို ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းနှင့် စိတ်ကို အေးချမ်းအောင် ထားခြင်းတို့ဖြင့် ရောဂါကို ဝိုင်းဝန်းကုသမှသာ အကောင်းဆုံးရလဒ်ကို ရရှိနိုင်မည်ဖြစ်သည်။

ဥပမာ- အရိုးကျီးပေါင်းရောဂါတွင် အဓိကဖြစ်စေသည့်အကြောင်းရင်းတွေထဲက အစားအသောက်နှင့် နေထိုင်မှုပုံစံကြောင့် အဓိကဖြစ်လာခြင်းဖြစ်သည်။ ထိုကျီးပေါင်းရောဂါကို ဆေးချည်းပဲ အားကိုးနေကြပြီး ရောဂါဖြစ်ပွါးစေသည့် နေထိုင် စားသောက်မှုပုံစံများကို ကာယကံရှင်များက မထိန်းချုပ်ပါလျင် ဆေးဘယ်လောက်စွမ်းနေစေဦးတော့ ရောဂါက ထပ်ခါထပ်ခါဖြစ်ပေါ်နေစေသည့်အတွက် ရောဂါသည် ပျောက်ကင်းသက်သာရန်အလွန်ပင် ခက်ခဲခဲပါသည်။

ရောဂါတစ်ခု သက်သာပျောက်ကင်းစေရန်ကား…
၁။ လူနာ
၂။ ဆရာ
၃။ ဆေး
၄။ သူနာပြု
ဆိုသည့် ပါဒကြီး ၄ ပါး ပြည့်စုံမှသာ သက်သာပျောက်ကင်းစေတာဖြစ်ပါသည်။ တစ်ခုခုက ချို့ယွင်းနေခဲ့လျင် ရောဂါအပေါ်သက်ရောက်မှုက နည်းစေပါသည်။

အနှစ်ချုပ်ရသော် ဆေးသည် ကုသပေးသည့် "နည်းလမ်း" ဖြစ်ပြီး၊ ကျန်းမာရေးသည် ကျွန်ုပ်တို့ (လူနာရှင်တွေဘက်က) တည်ဆောက်ယူရမည့် "ဘဝနေထိုင်မှုပုံစံ" ဖြစ်သည်။ ဆေးဝါးကို အားကိုးလွန်းပြီး မိမိ၏ နေထိုင်မှုပုံစံကို လျစ်လျူရှုခြင်းသည် ရောဂါကို အမြစ်မပြတ်စေဘဲ သက်တမ်းရှည်စေရုံသာ ဖြစ်တတ်သည်။ အချို့ရောဂါများသည် တစ်ခါဖြစ်ဖူးခဲ့လျင် ပြန်ဖြစ်ရန် အလွန်ပင်လွယ်ကူစေပါသည်။ ဆေးသောက်၊ ဆေးကုလိုက်လျင် ရောဂါကသက်သာပျောက်ကင်းသွားသော်လည်း ရောဂါရှင်များက နေထိုင်မှုပုံစံတွေ မှားယွင်းစွာကျင့်သုံးနေပါက ရောဂါပြန်ဖြစ်နေမည်သာဖြစ်သည်။ ဤအခါ ဆေးကရောဂါအပေါ် မထိရောက်ဖူးဆိုသည့် လွဲမှားစွာ တွေးမြင်ယူဆသွားတတ်ပါသည်။

ထို့ကြောင့် ဆေးသောက်ခြင်းသည် ရောဂါကုသခြင်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်း သတိပြုပါ။ ကျန်းမာရေးအတွက် အမှန်တကယ် လိုအပ်သည်မှာ -

• မှန်ကန်သော ဆေးဝါးရွေးချယ်မှု
• နေထိုင်မှုပုံစံကို ပြောင်းလဲခြင်း
• ရောဂါအကြောင်းကို နားလည်သဘောပေါက်ခြင်း

ဤအချက်သုံးချက် ပေါင်းစပ်မိမှသာလျှင် ရောဂါများ ပျောက်ကင်းသက်သာပြီး ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်။

ဆရာမြင့်(စကြာမင်း)

ဤအချက်သုံးချက် ပေါင်းစပ်မိမှသာလျှင် ရောဂါများ ပျောက်ကင်းသက်သာပြီး ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်။

21/06/2026

စာအုပ်ဆိုင်တိုင်းပေါ် ရောက်နေပါပြီ…

06/06/2026

Address

No. F/666, Thudamar Road, North Okkalapa
Yangon
11031

Opening Hours

Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+95973197524

Alerts

Be the first to know and let us send you an email when ဆရာမြင့် - စကြာမင်း အရိုးကျီးပေါင်းရောဂါအထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဆရာမြင့် - စကြာမင်း အရိုးကျီးပေါင်းရောဂါအထူးကုဆေးခန်း:

Shortcuts

Share