Linlatt Pharmacy Mingaladon

Linlatt Pharmacy Mingaladon ��ပစ္စည်းမှန်စျေးတန်တာ Linlatt Pharmacy ပါ

08/02/2026

✅✅ကို့ကလေးနဲ့ သင့်တော်တဲ့အားဆေး ဘယ်လိုရွေးတိုက်မလဲ?



-သေနှုန်းမြင့်တဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ (၅) ချက်�- အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့ နီပါ (Nip...
26/01/2026

-သေနှုန်းမြင့်တဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ (၅) ချက်�

- အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ် - မြန်မာတွေ ဘာတွေသတိထားရမလဲ? 🦇🚨

မင်္ဂလာပါ... ဒေါက်တာရဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်း သတင်းတွေမှာ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ နီပါ (Nipah Virus) ပြန်တွေ့နေရသလို၊ ထိုင်းနိုင်ငံဘက်ကလည်း သတိပေးချက်တွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် ကိုယ့်မြန်မာနိုင်ငံက ပြည်သူတွေလည်း ကြိုတင်သတိထားနိုင်အောင် ဒီဗိုင်းရပ်စ်အကြောင်းလေး အရေးပေါ် မျှဝေပေးချင်ပါတယ်။

Nipah ဆိုတာက သာမန်တုပ်ကွေးလိုလိုနဲ့ အသက်အန္တရာယ်အထိ ပေးနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ဒီရောဂါအတွက် အတိအကျ ကုသပျောက်ကင်းနိုင်တဲ့ ဆေးမရှိသေးသလို၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေး (Vaccine) လည်း ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။
သေဆုံးနှုန်းက (၄၀% ကနေ ၇၅%) အထိ မြင့်မားနိုင်တာမို့ လုံးဝပေါ့ဆလို့ မရပါဘူး။

🔍 ဘယ်လိုကူးစက်နိုင်လဲ?
အဓိကကတော့ တိရစ္ဆာန်ကနေ လူကို ကူးစက်တာပါ။

(၁) လင်းနို့များ
လင်းနို့တွေက အသီးမှည့်ရင် အရမ်းကြိုက်ပါတယ်။ သရက်သီး၊ မာလကာသီး စတာတွေပေါ့။
* ❌ အပင်အောက် ပြုတ်ကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။
* ❌ ငှက်ဆိတ်ရာ၊ အကောင်ကိုက်ရာ ပါတဲ့ အသီးဆိုရင် နှမြောပြီး လှီးထုတ်စားတာမျိုး လုံးဝ မလုပ်ပါနဲ့။ တစ်လုံးလုံး လွှင့်ပစ်လိုက်ပါ။ အဲ့ဒီအသီးမှာ လင်းနို့တံတွေးကနေတဆင့် ဗိုင်းရပ်စ်ပါလာနိုင်ပါတယ်။

လင်းနို့တွေက ထန်းရည်အိုးတွေမှာ လာတွဲခိုတတ်သလို၊ အိုးထဲကို အညစ်အကြေးစွန့်တာတွေ ရှိနိုင်ပါတယ်။
* ❌ ထန်းရည်အိုးဖွင့်ထားတာတွေကို သောက်တာက အရမ်းအန္တရာယ်များပါတယ်။

(၂) ရောဂါပိုးရှိတဲ့ ဝက် တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

(၃) ရောဂါပိုးရှိတဲ့ လူနာ ရဲ့ ခန္ဓာကိုယ်အရည် (တံတွေး၊ သွေး၊ ဆီး) နဲ့ အနီးကပ်ထိတွေ့မိရင်လည်း လူအချင်းချင်း ကူးစက်နိုင်ပါတယ်။

🚨 သတိထားရမည့် လက္ခဏာများ (Symptoms)
ဗိုင်းရပ်စ်ဝင်ပြီး (၄) ရက်ကနေ (၁၄) ရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။
1. ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း။
2. ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း။
3. အော့အန်ခြင်း၊ လည်ချောင်းနာခြင်း။
4. မောပန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း
5. အရေးကြီးဆုံးအဆင့် - ရောဂါရင့်လာရင် ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) ဖြစ်လာမယ်။ ခေါင်းမူးဝေမယ်၊ ကယောင်ကတမ်းဖြစ်မယ်၊ သတိလစ်မလိုဖြစ်မယ်။ ဒီအဆင့်ရောက်ရင် (၂၄) နာရီကနေ (၄၈) နာရီအတွင်း ကိုမာ (Coma) ဝင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

-လောလောဆယ် နီပါဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုသဆေးနဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါကြောင့် ကာကွယ်ခြင်းကသာ အထိရောက်ဆုံး ကုသမှုပါ။

🛡️ ဘယ်လိုကာကွယ်ကြမလဲ?

✅ (၁) အသီးအနှံများကို သတိထားစားသုံးပါ - အသီးတွေကို ရေစင်စင်ဆေးပြီးမှ စားပါ။ အခွံနွှာစားပါ။ ငှက်/လင်းနို့ ကိုက်ရာပါတဲ့ အသီးတွေကို လုံးဝ(လုံးဝ) မစားပါနဲ့။ မြေကြီးပေါ် ကြွေကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။

✅ (၂) လက်သန့်ရှင်းရေး - ဆပ်ပြာနဲ့ ရေကိုသုံးပြီး မကြာခဏ လက်ဆေးပါ။ အထူးသဖြင့် အစားမစာခင်နဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးချိန်မှာ လက်ဆေးပါ။

✅ (၃) ထန်းရည် - ထန်းရည်အိုးတွေမှာ လင်းနို့တွေ လာပြီးတွဲခိုနေတတ်တာကြောင့် သတိထား သောက်သုံးပါ။

✅ (၄) လူနာနှင့် ထိတွေ့မှု - ဖျားနာနေတဲ့လူနာကို ပြုစုရမယ်ဆိုရင် Mask တပ်ပါ၊ လက်အိတ်စွပ်ပါ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။

ဒီရောဂါက ကုဆေးမရှိပေမယ့် "ဆင်ခြင်မှု" နဲ့ ၁၀၀% ကာကွယ်လို့ ရပါတယ်။

ကျန်းမာရေးသတိ၊ အမျိုးသားသတိ ဆိုသလိုပဲ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်ကြပါခင်ဗျာ။

ဒီအကြောင်းအရာလေးကို ကိုယ်ချစ်ရတဲ့ သူတွေလည်း သိရအောင် Share လုပ်ပြီး သတိပေးလိုက်ကြပါ။


#နီပါဗိုင်းရပ်စ်

#ကျန်းမာရေး

#နီပါဗိုင်းရပ်စ် #ကျန်းမာရေးဗဟုသုတ
#ဒေါက်တာရဲ

25/01/2026

✅✅Digital စက်နှင့် သွေးပေါင်ချိန်နည်း


25/01/2026

✅✅
Digital သွေးပေါင်ချိန်စက်နှင့် သွေးပေါင်ချိန်နည်း
✅မင်မင်သိသလောက်မျှဝေပေးတာမို့ အကျိုးရှိခဲ့ရင် like and follow လုပ်ပေးပါအုန်းရှင့်🌼🌼


☎️09799951930(viber)

25/01/2026

🌼လူကြီးရော၊ ကလေးရော၊ဖိုးဖိုးဖွားဖွား နဲ့
ကိုယ်ဝန်ဆောင်မိခင်တွေ အစားမစားလို့ စိတ်ညစ်နေလား? ✅ဒါဆိုရင်တော့ Aminovit အားဆေးရည် ရှိတယ်နော်🥰
☎️09799951930(viber)🥰🥰
🌼၁ဘူး- 11000ks


📢📢📢မင်မင်တို့ဆိုင်မှာ COQ10 (USA)လေး ပြန်ဝင်ထားပါတယ်ရှင့်♥️♥️♥️ပစ္စည်းအများကြီးမရှိတာမို့ မြန်မြန်လေးလာမှာပေးပါနော်🥰🥰🌺၃၀...
20/01/2026

📢📢📢မင်မင်တို့ဆိုင်မှာ COQ10 (USA)လေး ပြန်ဝင်ထားပါတယ်ရှင့်♥️♥️♥️
ပစ္စည်းအများကြီးမရှိတာမို့ မြန်မြန်လေးလာမှာပေးပါနော်🥰🥰
🌺၃၀ပါ ၁ဘူး-22000ks
☎️09799951930(viber)
🌺Delivery ရောက်တဲ့မြို့တိုင်းကို ပို့ပေးပါတယ်ရှင့်🌺


🍀🍀Fame က အသစ်ထုပ်ထားတဲ့ ပဲပုပ်ဆေး☘️☘️💚ဘာအတွက်သောက်သင့်တာလဲ???💚✅သွေးဆုံးကိုင်ခြင်းနှင့် သွေးဆုံးပြီး အရိုးပွသူများအတွက် သ...
20/01/2026

🍀🍀Fame က အသစ်ထုပ်ထားတဲ့ ပဲပုပ်ဆေး☘️☘️
💚ဘာအတွက်သောက်သင့်တာလဲ???💚

✅သွေးဆုံးကိုင်ခြင်းနှင့် သွေးဆုံးပြီး အရိုးပွသူများအတွက် သဘာဝအတိုင်းရရှိသော ဟော်မုန်းဖြည့်စွက်ရန်၊ အိုမင်းရင့်ရော်မှုကို ကာကွယ်ရန်၊ ကိုလက်စထရောကျစေရန်နှင့် နှလုံးရောဂါကာကွယ်ရန်အတွက်။
သုံးစွဲရန်ပမာဏ - ၁၂ နှစ် နှင့် အထက် – တစ်နေ့လျှင် တစ်ခါသောက် ဆေးပြားတောင့် တစ်တောင့်မှ နှစ်တောင့် သောက်ပါ။ လိုအပ်ပါကတိုး၍ သောက်သုံးနိုင်ပါသည်။

✅၆၀ပါ၁ဘူး-
☎️09799951930(viber)




#အမြို့မြို့အနယ်နယ်ကိုပို့ပေးပါတယ်

19/01/2026

ခေါင်းကိုက်ခြင်းအမျိုးမျိုးအတွက်💙💙
Poldanmig


#ခေါင်းကိုက်ပျောက်ဆေး

🌼ဆီလကမ်းဇော်ဆီ🌼 💚သူကဘာတွေကောင်းတာလဲ???💚✅ဒူးနာ၊ခါးနာ၊ဇက်ကြောတက်၊ခေါင်းမူး၊ခေါင်းကိုက်၊လေဖြတ်၊လေဖြန်းခြင်းတွေကို နာကျင်တဲ့...
16/01/2026

🌼ဆီလကမ်းဇော်ဆီ🌼
💚သူကဘာတွေကောင်းတာလဲ???💚
✅ဒူးနာ၊ခါးနာ၊ဇက်ကြောတက်၊ခေါင်းမူး၊ခေါင်းကိုက်၊လေဖြတ်၊လေဖြန်းခြင်းတွေကို နာကျင်တဲ့နေရာမှာပွတ်လိမ်းပေးရုံနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်🌼🌼🌼

✅60ml ဘူးကြီး-26500ks
✅15ml ဘူးသေး-14500ks

☎️09799951930(viber)


#ဆီလကမ်းဇော်ဆီ

📣📢📢📣ဆေးဆိုင်အတွက် အရောင်ဝန်ထမ်း (မ) အလုပ်ခေါ်စာပါ✅ကျွမ်းကျင်မှုအပေါ်မူတည်ပြီး လစာပေးမည်။✅နယ်မှလူများလည်း နေစရာစီစဉ်ပေးသည...
14/01/2026

📣📢📢📣ဆေးဆိုင်အတွက် အရောင်ဝန်ထမ်း (မ) အလုပ်ခေါ်စာပါ
✅ကျွမ်းကျင်မှုအပေါ်မူတည်ပြီး လစာပေးမည်။
✅နယ်မှလူများလည်း နေစရာစီစဉ်ပေးသည်။

💚ဆိုင်လိပ်စာ💚
🍀အမှတ်(၁/က)၊ပြည်တော်သာ(၈)လမ်း၊ဝါယာလက်၊မင်္ဂလာဒုံ၊ရန်ကုန်


#ဆေးမျိုးစုံ

#လက်လီလက်ကား

#အလုပ်ခေါ်စာ

Address

Yangon

Telephone

+959799969259

Website

Alerts

Be the first to know and let us send you an email when Linlatt Pharmacy Mingaladon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share