Doctors' House Call - အိမ်ပင့် ဆရာဝန်

  • Home
  • Myanmar
  • Yangon
  • Doctors' House Call - အိမ်ပင့် ဆရာဝန်

Doctors' House Call - အိမ်ပင့် ဆရာဝန် အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုရယူရန် 09757936477 သို့ ယခုပဲ ဆက်သွယ်လိုက်ပါ

💦 မင်္ဂလာရှိသော သင်္ကြန်အခါသမယဖြစ်ပါစေ 💦နှစ်ဟောင်းမှ အညစ်အကြေးများ သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်သွားသလို၊ လူကြီးမင်းတို...
14/04/2026

💦 မင်္ဂလာရှိသော သင်္ကြန်အခါသမယဖြစ်ပါစေ 💦
နှစ်ဟောင်းမှ အညစ်အကြေးများ သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်သွားသလို၊ လူကြီးမင်းတို့၏ မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဆန်းပါစေကြောင်း Doctors’ Housecall (အိမ်တိုင်ရာရောက် ဆရာဝန်) မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

နှစ်သစ်မှာ ရောဂါဘယကင်းဝေးပြီး ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။ သင်္ကြန်ကာလအတွင်း အပူဒဏ်ကြောင့် နေမကောင်းဖြစ်ခြင်းများမှ ကင်းဝေးစေရန် ရေများများသောက်ပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြပါရန်လည်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

ကျန်းမာရေးကိစ္စများအတွက် လိုအပ်ပါက ကျွန်ုပ်တို့ထံ အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

📞 09 757 936 477

နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးပြောင်းတဲ့ အချိန်မှစပြီး အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေစီးပွါး လာဘ်လာဘများ တိုး...
01/01/2026

နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးပြောင်းတဲ့
အချိန်မှစပြီး အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
စီးပွါး လာဘ်လာဘများ တိုးတက်ပေါများပါစေ
ဘေးအန္တရာယ် အပေါင်း ကင်းရှင်းပါစေ
ကောင်းကျိုး လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့
နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


#အိမ်ပင့်ဆရာဝန်
# happynewyear

ကျွန်တော်တို့ရဲ့ အိမ်ပင့်ဆရာဝန် page မှ အိမ်ပင့်ဝန်ဆောင်မှုများကို ဆက်လက်ဝန်ဆောင်မှု ပေးနေဆဲဖြစ်ပါသည် ခင်ဗျာမိဘပြည်သူမျာ...
16/12/2025

ကျွန်တော်တို့ရဲ့ အိမ်ပင့်ဆရာဝန် page မှ အိမ်ပင့်ဝန်ဆောင်မှုများကို ဆက်လက်ဝန်ဆောင်မှု ပေးနေဆဲဖြစ်ပါသည် ခင်ဗျာ

မိဘပြည်သူများ သိရှိနိုင်ရန် အသိပေး အကြောင်းကြားအပ်ပါသည်

Page လေးတွင်လည်း content များ ပြန်တင်ပေးသွားမယ့် အကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်

သတိထားနိုင်ကြဖို့ပါ။***************************Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)တရုတ်ပြည်မှာတော့ စဖြစ်န...
20/12/2024

သတိထားနိုင်ကြဖို့ပါ။
***************************
Norovirus infection
(နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)

တရုတ်ပြည်မှာတော့ စဖြစ်နေပြီဟု သတင်းများသိရ။

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)
ကဘာလဲ။

နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း က ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး ချက်ပြုတ် ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့် မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်းဖြစ်ပါတယ်။ ]

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း ဟာ အလွန်အတွေ့ရများပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။

လက္ခဏာများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့ –
မူးဝေခြင်း
အော့အန်ခြင်း
ဝမ်းဗိုက်နာကျင်ခြင်း
အရည်ဝမ်းသွားခြင်း
ကိုယ်လက်မအီမသာ ဖြစ်ခြင်း
တငွေ့ငွေ့ဖျားခြင်း
ကြွက်သားများ နာကျင်ခြင်း
ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီ အတွင်း ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ပြန်ကောင်းပြီး နောက်ထပ် ၂ ပတ်လောက်ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့နိုင်တဲ့ အတွက် သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာအထိ ကျန်ရှိနေနိုင်ပါတယ်။

နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တချို့လူတွေမှာတော့ လူကောင်းအတိုင်းပဲ ဖြစ်ပြီး ဘယ်လို လက္ခဏာမှ မပြပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်တွေကတော့ တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲမှာ ကျန်ခဲ့တာ ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတစ်ခုခုနဲ့ ပတ်သက်ပြီး ပူပန်စရာ တစ်ခုခုရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ရက်အတော်ကြာအောင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ မပျောက်ဘူးဆိုရင် ဆရာဝန်ပြပါ။ အန်တာ၊ သွေးဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန်ပြပါ။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)
ကိုဘာတွေကဖြစ်စေသလဲ။

ဘာတွေက နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်းကို ဖြစ်စေသလဲ။
မသန့်ရှင်းတဲ့ ဖျော်ရည်နဲ့ အစားအစာတွေကို စားသောက်မိတဲ့ အခါ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတတ်ပါတယ်။ အစိမ်း သို့မဟုတ် ကျက်အောင်ချက်မထားတဲ့ ကမာကောင်တွေနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစိမ်းတွေကလည်း ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပစ္စည်း သို့မဟုတ် နံရံကို ထိလိုက်ပြီး နှာခေါင်း၊ ပါးစပ်၊ မျက်စိ တွေကို ထိလိုက်မယ် ဆိုရင် ရောဂါပိုး ကူးစက်ခံရတတ်ပါတယ်။

ဖြစ်နိုင်ခြေများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)
ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ။

နိုရိုဗိုင်းရပ်စ်ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။
နည်းစနစ်တကျ သပ်ရပ်သန့်ရှင်းမှုရှိနေအောင် လုပ်မထားတဲ့ အစာကို စားမိခြင်း
မူကြို၊ နေ့ကလေးထိန်းကျောင်း တွင် တက်ရောက်ခြင်း
နီးကပ် ကျပ်သိပ်စွာ နေထိုင်ရခြင်း (ဥပမာ – ကလေးထိန်းသည့်နေရာများ)
လူအများအပြား နီးကပ်စွာ နေထိုင်လေ့ရှိသော ဟိုတယ်များ၊ ရီဆော့များ၊ ပင်လယ်ကူးသင်္ဘောများ သို့မဟုတ် အခြား နေရာများ
နိုရိုဗိုင်းရပ်စ်ကူးစက်ခံထားရသော လူတစ်ယောက်ယောက် နှင့် ထိမိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု။
*********************************
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)
ကို ဘယ်လိုအတည်ပြုပါသလဲ။

ဆေးစစ်တာက ရောဂါလက္ခဏာတွေ အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဝမ်းနမူနာကို ကြည့်ပြီး နိုရိုဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ မမျှတတဲ့ ရောဂါခုခံမှု စနစ် ဒါမှမဟုတ် တခြားရောဂါ အခြေအနေတွေရှိမယ်ဆိုရင် နိုရိုဗိုင်းရပ်စ် ရှိမရှိကို စစ်ဖို့ ဝမ်းနမူနာ ယူခိုင်းပါလိမ့်မယ်။

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)
ကို ဘယ်လိုကုသပါသလဲ။

နိုရိုဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်ပိုးတွေလိုပဲ ပဋိဇီ၀ ဆေးတွေကို မဖြုံပါဘူး။ ဘက်တီးရီးယားသတ်တဲ့ ဘယ်သောက်ဆေးကမှ နိုရိုဗိုင်းရပ်စ်ကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေး ကောင်းတဲ့ လူတွေမှာ ဆိုရင် ဗိုင်းရပ်စ်တွေ ကင်းစင်သွားဖို့ ရက်အနည်းငယ်လောက်သာ ကြာပါတယ်။ လူအများစုကတော့ ဗိုင်းရပ်စ်ကြောင့် ဝေဒနာ တာရှည်ခံစားရတာမျိုး မရှိပါဘူး။

ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ အတွက် အရည်အများကြီး အထူးသဖြင့် ရေ နဲ့ အချိုရည်တွေကို သောက်ပါ။ ကလေးတွေကို ကုန်ခမ်းသွားတဲ့ အရည်နဲ့ အီလက်ထရိုလိုက်တွေ ပြန်ဖြည့်ပေးဖို့ ရေဓါတ်ဖြည့်အချိုရည်တွေ တိုက်ပါ။ သကြားပါတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဝမ်းပျက်ဝမ်းလျှောခြင်း ပိုဆိုးလာနိုင်ပါတယ်။ အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေကလည်း ရေဓါတ်ကုန်ခမ်းစေပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ ရပ်နေတဲ့ အခါမှာ မူးဝေခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဆီးနည်းနည်းသာသွားခြင်း တို့ပါဝင်ပါတယ်။ ရေဓါတ်ကုန်ခမ်းနေတဲ့ ကလေးတွေကတော့ အိပ်ချင်နေပြီး ငိုတဲ့ အခါမှာလည်း မျက်ရည် မထွက်သလောက် ဖြစ်နေပါလိမ့်မယ်။

ဂေးဒေါ့စ် က “တချို့ လူတွေကတော့ နှုံးခွေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါလိမ့်မယ်။ အဲ့ဒါ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အီလက်ထရိုလိုက် ပမာဏ မမျှတာတော့တဲ့ အတွက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆိုရင် ဆေးဝါးကုသမှု ခံယူရပါမယ်။ “

တကယ်လို့ ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုကို ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ပြပါ။ တစ်ခါတစ်လေ intravenous (IV) fluid တိုက်ဖို့ လိုပါတယ်။

နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံး

နိုရိုဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံးက တွေဖြစ်မလဲ။
အောက်မှာ ဖော်ပြထားတဲ့ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်းကုထုံးတွေက နိုရိုဗိုင်းရပ်စ်ကူးစက်တာကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

တကယ်လို့ မိသားစုဝင်တွေထဲမှာ ငယ်ရွယ်တဲ့ ကလေးတွေ ရှိမယ်ဆိုရင် ရေဓါတ်အားဖြည့်ဖျော်ရည်တွေ ဝယ်သောက်သင့်ပါတယ်။ လူကြီးတွေက အားကစားလုပ်တဲ့ အချိန်မှာ သောက်တဲ့ ဖျော်ရည်တွေကို သောက်နိုင်ပါတယ်။ သကြားပမာဏ အများအပြားပါတဲ့ အရည်တွေ ဥပမာ – အသင့်သောက်အချိုရည်တွေ နဲ့ အသီးဖျော်ရည်တွေက ဝမ်းလျှောဝမ်းပျက်ခြင်းကို ပိုဆိုးစေပါတယ်။

နူးညံ့ပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ နည်းနည်းချင်းစီ အစာစားခြင်းက အော့အန်ခြင်းကို သက်သာစေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုရင် –
စွပ်ပြုတ်
ကစီဓါတ်ပါဝင်တဲ့ အာလူး၊ ခေါက်ဆွဲ၊ ထမင်း၊ ခရက်ကာ စသည်..
ငှက်ပျောသီး
ဒိန်ချဉ်
အသီးအရွက်ပြုတ်
နိုရိုဗိုင်းရပ်စ်ရောဂါဟာ အရမ်းကူးစက်လွယ်ပါတယ်။ လူတိုင်းဟာ တစ်ကြိမ်မက ကူးစက်နိုင်ပါတယ်။

ကူးစက်ခြင်းကို ကာကွယ်ဖို့ ။

အိမ်သာတက်ပြီးတိုင်း၊ ဒိုင်ယာပါလဲပြီးတိုင်း လက်ကိုသေချာဆေးပါ။
မသန့်ရှင်းတဲ့ ရေ နဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ နေမကောင်းတဲ့သူချက်ပြုတ်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။
ပင်လယ်စာတွေကို ကျက်အောင်ချက်ပါ။
နိုရိုဗိုင်းရပ်စ်တွေ လေထဲ မကျန်ရစ်အောင် အန်ဖတ်တွေနဲ့ ဝမ်းတွေကို သေချာစွန့်ပစ်ပါ။ တစ်ခါသုံး အိတ်တွေကိုသုံးပြီး သေချာထုတ်ပိုးပြီး ပစ်ပါ။
ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ ကြမ်းခင်းနေရာတွေကို ကလိုရင်းပါတဲ့ အစွန်းချွတ်ဆေးတွေနဲ့ တိုက်ချွတ်ဆေးကြောပါ။ လက်အိပ်စွပ်ပါ။
အိမ်မှာနားပါ။ ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင်မှာ သင့်ဆီကနေ တစ်ခြားတစ်ယောက်ဆီ ရောဂါပိုးကူးနိုင်ပါတယ်။ ကလေးတွေ အနေနဲ့လည်း အိမ်မှာပဲ နေသင့်ပါတယ်။
ရောဂါလက္ခဏာတွေ သေချာမပျောက်သေးသရွေ့ ခရီးမထွက်ပါနဲ့။

COPY

သီတင်းကျွတ် အခါ သမယတွင် လူသား အားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများဖြင့်ပြည့်စုံပြီး အေးချမ်းသော ဘဝများ ရရှိန...
17/10/2024

သီတင်းကျွတ် အခါ သမယတွင် လူသား အားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများဖြင့်ပြည့်စုံပြီး အေးချမ်းသော ဘဝများ ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

#အိမ်ပင့်ဆရာဝန်

ကျန်းမာရေးကောင်းမွန်စေရန် လိုက်နာစရာ အချက် ၅ချက်၁။ အာဟာရမျှတစွာစားသောက်ပါ။ အစာအုပ်စု ၃ခုလုံး မျှတစွာ ပါဝင်အောင်စားပေးပါ။...
16/10/2024

ကျန်းမာရေးကောင်းမွန်စေရန် လိုက်နာစရာ အချက် ၅ချက်

၁။ အာဟာရမျှတစွာစားသောက်ပါ။ အစာအုပ်စု ၃ခုလုံး မျှတစွာ ပါဝင်အောင်စားပေးပါ။

၂။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ပေးပါ။
တစ်နေ့လျှင် မိနစ် 30ခန့် တစ်ပတ်လျှင် ၃ရက်ခန့် အနည်းဆုံး လုပ်ပေးရန်။

၃။ အိပ်ရေးဝအောင်အိပ်ပါ။ လုံလောက်သော အိပ်ချိန်ထားပါ။

၄။ ရေဓါတ် လုံလောက်စွာဖြည့်တင်းပါ။

၅။ စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျှော့ချပါ။

သင်ရော အထက်ပါအချက်များထဲမှ ဘယ်နှချက် လုပ်ဖြစ်နေပါလဲ?


#အိမ်ပင့်ဆရာဝန်

Mpox virusသိရန်ဆောင်ရန် ရှောင်ရန်  #အိမ်ပင့်ဆရာဝန် #မျောက်ကျောက်ရောဂါ
28/08/2024

Mpox virus

သိရန်
ဆောင်ရန် ရှောင်ရန်


#အိမ်ပင့်ဆရာဝန်
#မျောက်ကျောက်ရောဂါ

🚨သတိပြုစရာ မျောက်ကျောက်ရောဂါ🚨Page လေးမှာ စာတွေ မတင်ဖြစ်တာလည်းကြာနေလို့ အားလုံးသိချင်နေတယ်လို့ထင်တဲ့ မျောက်ကျောက်ရောဂါ mp...
21/08/2024

🚨သတိပြုစရာ မျောက်ကျောက်ရောဂါ🚨

Page လေးမှာ စာတွေ မတင်ဖြစ်တာလည်းကြာနေလို့ အားလုံးသိချင်နေတယ်လို့ထင်တဲ့ မျောက်ကျောက်ရောဂါ mpox အကြောင်းလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ

What is Monkey Pox? မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ?

အာဖရိကတိုက်နိုင်ငံတွေနဲ့ အခြားသောနိုင်ငံတွေမှာ လူတွေအစုလိုက်သေဆုံးမှုဖြစ်နေတဲ့ မျောက်ကျောက်ရောဂါ ကို World Health Organisation (WHO) က public health emergency of international concern - ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါပြီ။ အခုအချိန် မြန်မာပြည်မှာ မျောက်ကျောက်ရောဂါ အတည်ပြုဓါတ်ခွဲ လူနာမတွေ့သေးပေမယ့် မြန်မာနိုင်ငံနဲ့ အနီးဆုံး ထိုင်းနိုင်ငံအပြင် တစ်ခြားအရှေ့တောင်အာရှနိုင်ငံတွေမှာပါ ပျံ့နေတဲ့အတွက် ခရီးသွားမယ့်သူတွေကော၊ ခရီးမသွားပေမယ့်လည်း ဗဟုသုတအနေနဲ့ ကြိုတင်ကာကွယ်လို့ရအောင်၊ သီက အားလုံးဖတ်လို့ရအောင် အကျဉ်းချုံးလေးဒီနေ့ sharing လုပ်ပေးမှာဖြစ်ပါတယ်။

➡️ မျောက်ကျောက်ရောဂါ ပိုး အကြောင်း

-Orthopox virus လို့ခေါ်တဲ့ ပိုးရှိနေသော rodents အနွယ်ဝင် တိရစ္တာန်တွေဖြစ်တဲ့ ကြွက်မျိုးစိတ် အမျိုးမျိုးနဲ့ ရှဉ့်မျိုးနွယ်ဝင်တွေက နေကူးစက်တတ်ပါတယ်။ ဒီအကောင်တွေကို စားရင်ဖြစ်ဖြစ်၊ သူတို့အမွှေးတွေ သွေးတွေ အရည်တွေကိုထိမိရင်ဖြစ်ဖြစ်၊ အကိုက်ခံရလို့ဖြစ်ဖြစ် ကူးစက်ပါတယ်။ ဒါကတော့ animal to human transmission ပေါ့။ မျောက်ကျောက်ေရောဂါလို့ခေါ်တာကတော့ 1958 မှာ မျောက်မျိုးနွယ်ဝင် တွေကစတွေ့လို့ပါ။ ဒါပေမယ့် ပိုး ရဲ့ source ကတော့ still unknown ဖြစ်ပါတယ်။
-လူအချင်းချင်းကတော့ အသက်ရှူလမ်းကြောင်းကတစ်ဆင့်၊ ခန္ဓာကိုယ်အရည်တွေကတစ်ဆင့်၊ လိင်ဆက်ဆံမှုကတစ်ဆင့်၊ မျောက်ကျောက်အနာဖေးတို့ သွေးတို့ ပြည်အရည်တို့ကတစ်ဆင့်ကူးစက်နိုင်ပါတယ်။ ဒါက human to human transmission ပါ။
-ရောဂါပိုးကူးစက်ခံနေရတဲ့သူအသုံးပြုတဲ့ အသုံးအတောင်ပစ္စည်းတွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါသေးတယ်။

➡️ ရောဂါလက္ခဏာများ

-ရောဂါပိုး ဝင်ပြီး ၁-၂ပတ်အကြာမှာ လက္ခဏာတွေပြတတ်ပါတယ်။ အထူးသဖြင့်ကိုယ်ခံအားကျနေတဲ့သူတွေမှာ ဆိုရင်ပိုပြင်းထန်နိုင်ပြီး ပိုအချိန်ကြာကြာလက္ခဏာတွေရှိနိုင်ပါတယ်။
-အချို့သောရောဂါအခြေအနေများကြောင့် ကိုယ်ခံအားချထားရသူတွေ၊ နာတာရှည်ရောဂါဝေဒနာရှင်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကိုယ်ခံအားနည်းရောဂါရှိသူတွေက ပိုပြီးအထူးသတိပြုသင့်ပါတယ်။
-ရောဂါလက္ခဏာတွေကတော့ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ လည်ပင်းနာ၊ ကြွက်သားတွေနာ၊ နုံးပြီး သာမန်တုပ်ကွေးလက္ခဏာတွေအပြင် ကျောက်ကြီးရောဂါ (chicken pox) လိုမျိုးရေကြည်ဖုအဖုအပိန့်တွေခန္ဓာကိုယ်အနှံ့ထွက်လာနိုင်ပါတယ်။ လက္ခဏာတွေကတော့ တစ်ချို့က အဖုအပိန့်ထွက်တာနဲ့ စနိုင်ပေမယ့်တစ်ချို့ကတော့ ဖျားတာနာတာနဲ့လည်းစနိုင်တယ် ၊ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူးနော်။
-ရောဂါပိုးရှိမရှိစစ်ဆေးဖို့ကတော့ ရောဂါပိုးရှိတဲ့သူရဲ့ခန္ဓာကိုယ်အရည် ဒါမှမဟုတ် အနာကထွက်တဲ့ရေကြည်တို့သွေးတို့က sample ယူပြီး polymerase chain reaction PCR နဲ့ ဓါတ်ခွဲခန်းမှာ အတည်ပြုမှရမှာပါ။

➡️ ကုသခြင်း

-အခုအချိန်ထိ specific treatment မရှိသေးပါဘူး။ လက္ခဏာတွေကိုပဲ ကုသပြီး ကိုယ်ခံအားကောင်းအောင်နေရမှာပါ။
-ကိုယ်ခံအားကောင်းတဲ့သူတွေမှာရောဂါလက္ခဏာ လုံးဝမပြတာဖြစ်ဖြစ်၊ ပါးပါးလေးပဲပြတာဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားကျတဲ့သူတွေမှာတော့ အပေါ်ကပြောတဲ့ပြင်းထန်လက္ခဏာမျိုးဖြစ်နိုင်ပါတယ်။ အများစုကတော့ ၂-၃ ပတ်လောက်အတွင်းအလိုလိုသက်သာသွားနိုင်တယ်။
-Symptomatic treatment အနေနဲ့ ကိုယ့်ကိုယ်ကို မျောက်ကျောက်ရောဂါရှိနေပြီလို့ သံသယရှိရင် အိမ်မှာ ပဲနေမယ်၊ အပြင်သွားရင် mask သေချာတပ်မယ်၊ လက်ခဏခဏဆေးမယ်၊ အစာအာဟာရသေချာမျှတအောင်စားပြီးအရည်များများသောက်မယ်၊ အဖုအပိန့်တွေကို ပိုးမဝင်အောင်ကုတ်ဖဲ့တာတွေမလုပ်ပဲ ယားနာမျိုးရှိရင် calamine လို anti histamine topical lotion လိမ်းလို့ရပါတယ်။ အမာရွတ်မကျန်ချင်ရင်အနာဖေးတွေကို ခွါတာကုတ်တာမျိုးမလုပ်ပဲ သူ့အလိုလိုကွာကျတဲ့ထိ စိတ်ရှည်ရှည်စောင့်ပေးပါနော်။

➡️ နောက်ဆက်တွဲဆိုးကျိုးများ

-ကိုယ့်ကိုယ်ကိုယ် မျောက်ကျောက်ရောဂါဖြစ်နေပြီလို့ သံသယရှိရင် ဆရာဝန်၊ ဆေးရုံဆေးခန်းတွေကို အမြန်ဆုံးသွားရောက်ပြသဖို့ အကြံပေးပါတယ်။ သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေက
🔔 နမိုးနီးယားလို့ခေါ်တဲ့ ပြင်းထန်အဆုတ်ယောင်ရောဂါ
🔔နှလုံးကြွက်သားယောင်ခြင်း
🔔ဦးနှောက်အမြှေးပါးယောင်ခြင်း
🔔Sepsis လို့ခေါ်တဲ့ ကိုယ်တွင်းအ င်္ဂါတွေထိပြင်းထန်ရောဂါပိုးပျံ့နှံ့ခြင်း တို့ဖြစ်နိုင်ပါတယ်။

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေ။


#အိမ်ပင့်ဆရာဝန်

#မျောက်ကျောက်ရောဂါ



Resources:
www.who.int (world health organization)
www.cdc.gov (centres for disease comtrol and prevention)
www.nhs.uk (national health service - united kingdom)

မိမိနှင့် မိသားစုကို ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်ပါ2024 အတွက် တုပ်ကွေးကာကွယ်ဆေး ထိုးနိုင်ပါပြီPh 09757936477ဆက်သွယ်စု...
04/06/2024

မိမိနှင့် မိသားစုကို ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်ပါ

2024 အတွက် တုပ်ကွေးကာကွယ်ဆေး ထိုးနိုင်ပါပြီ

Ph 09757936477

ဆက်သွယ်စုံစမ်းနိုင်ပါသည်


#အိမ်ပင့်ဆရာ၀န်


#ရာသီတုပ်ကွေး
#ရာသီတုပ်ကွေးကာကွယ်ဆေး

ဒီ post မှာတော့ ဆီးပိုက်နဲ့ ပတ်သက်တာလေးတွေ မျှဝေပေးသွားပါမယ်ဗျမေး - ဆီးပိုက်ကို ဘယ်လို အချိန်တွေမှာ ထည့်ရမှာလဲ။ဖြေ - ဆီး...
21/05/2024

ဒီ post မှာတော့ ဆီးပိုက်နဲ့ ပတ်သက်တာလေးတွေ မျှဝေပေးသွားပါမယ်ဗျ

မေး - ဆီးပိုက်ကို ဘယ်လို အချိန်တွေမှာ ထည့်ရမှာလဲ။
ဖြေ - ဆီးပိုက်ထည့်ဖို့လိုမလိုကိုတော့ သက်ဆိုင်ရာ ဆရာဝန် သူနာပြုဆရာမများက ဆုံဖြတ်လေ့ရှိပါတယ်။
ပုံမှန်အားဖြင့် ဆီးပိုက်ထည့်ရန် လိုအပ်လေ့ရှိသူများကတော့
- သဘာဝနည်းဖြင့် ဆီးမသွားနိုင်သူများ
- ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ ဆီးလမ်းကြောင်း ခွဲစိတ်ကုသမှုခံယူထားသောလူနာများ
- ပုံမှန် ဆီးထသွားရန် ခက်ခဲသောလူနာများ ၊ နာတာရှည် အိပ်ယာပေါ် လဲနေသူများ
- နေ့စဉ် ဆီးပမာဏ မည်မျှထွက်သည်ကို တိုင်းရန်လိုအပ်သောလူနာများ
စသည်တို့ဖြစ်ပါတယ်။

မေး - ဆီးပိုက်ထည့်ပြီး လူနာများတွင် ဘာတွေကို ဂရုစိုက်ရမလဲ။
ဖြေ - ဆီးပိုက် စီးဆင်းမှုကောင်းရန် ရေတနေ့ ၁၀ ဖန်ခွက်ခန့် သောက်သင့်ပါတယ်။
ဆီးပိုက်ကိုင်တိုင်း လက်ဆေးပြီးမှကိုင်ရန်
ဆီးပိုက်ကို ဆီးစပ်အောက်နိမ့်သောနေရာတွင်သာထားရန်
ဆီးပိုက်အား ဖိမိ ပိမိနေဖြင်းများ မရှိရန် ဂရုစိုက်ရန်
ဆရာဝန်ညွန်ကြားချက် မပါပဲ ပိုက်အား အတင်းဆွဲမဖြုတ်ရန်
ဆီးပိုက်ထည့်ထားသော အရေပြားနေရာအား နေ့စဉ် ဆပ်ပြာသို့ betadine ဖြင့် ဆေးရန်
ဝမ်းသွားပြီးတ်ိုင်းလည်း သန့်ရှင်းရေးသေချာလူပ်ပေးရန်

မေး - ဆီးပိုက်ကို ဘယ်လောက်တခါ လဲပေးသင့်လည်း။
ဖြေ - ပုံမှန်အားဖြင့် ဆီးပိုက်ကို တစ်လခန့်ကြာပါက အသစ်တခုနဲ့ လဲသင့်ပါတယ်
လိုအပ်ပါက ၂ပတ်တခါ လဲသင့်ပါတယ် ( မိမိတို့ မိသားစုဆရာဝန်ဖြင့် တိုင်ပင်ပြီး လဲသက့်ပါတယ် )

မေး - ဘယ်ချိန်ဆို ထည့်ထားတဲ့ဆီးပိုက်မှာပြဿနာရှိပြီလဲ။
ဖြေ - ဆီးထဲသွေးပါရင်
- ဆီးအရောင် အရမ်းနောက်လာလျှင် အနည်လို အဖတ်များ ပါလာရင်
- ဆီစပ်ကိုက် ခါးကိုက် ချမ်းတုန်ဖျား လာရင်
- ဆီးပိုက်မှ ဆီးယိုစိမ့်မှုများလာရင်
အထက်ပါ အချက်များရှိနေရင်တော့ မိသားစု ဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်သော
ကုသမှု ခံယူသင့်ပါတယ်။

ဆီးပိုက်နဲ့ ပတ်သက်တဲ့ ပုံလေးတွေလည်း အောက်မှာ ပြပေးထားပါတယ်ဗျ

ဒါလေးတွေကတော့ အဖြစ်များတာလေးတွေ ဖေါ်ပြထားတာဖြစ်ပြီး တခြားသိချင်တာတွေ ရှိရင်လည်း အားမနာပဲ မေးမြန်းဆွေးနွေးနိုင်ပါတယ်ဗျ။

အားလုံး နေကောင်းကျန်းမာကြပါစေ။


#အိမ်ပင့်ဆရာဝန်

Address

Yangon

Telephone

+959757936477

Website

Alerts

Be the first to know and let us send you an email when Doctors' House Call - အိမ်ပင့် ဆရာဝန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Doctors' House Call - အိမ်ပင့် ဆရာဝန်:

Share