06/08/2026
Nasopharynx လို့ခေါ်တဲ့ နှာခေါင်းနောက်ဘက်က နေရာလေးမှာဖြစ်ပွားတတ်တဲ့ကင်ဆာရောဂါဟာ ရှားပါးပေမယ့် စောစီးစွာ ကုသမှုခံယူလျှင် ပျောက်ကင်းနိုင်ခြေများတဲ့ ကင်ဆာရောဂါအမျိုးအစားဖြစ်ပါတယ်။
ပြီးခဲ့တဲ့ video ထဲမှာ နှာခေါင်းနောက်မှာဖြစ်တတ်တဲ့ ကင်ဆာရောဂါရဲ့ လက္ခဏာတွေကို အသေးစိတ်ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။
ဒီ video လေးမှာတော့
Nasopharyngeal carcinoma နှာခေါင်းနောက်ကင်ဆာရဲ့
- ကုသမှုတွေကို ဘယ်လိုရွေးချယ်ရမလဲ
- ကုသမှုမပြုမီ ဘာတွေကို စစ်ဆေးရမလဲ
- ကုသမှုတစ်ခုချင်းစီရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေက ဘာတွေလဲ
- ခွဲစိတ်ကုသရမလား
- ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ စတဲ့ အကြောင်းအရာတွေကို sharing လုပ်ပေးထားပါတယ်ရှင်။
အကယ်၍ မိတ်ဆွေမှာ နှာခေါင်းသွေးလျှံတာ၊ နှာခြေလိုက်တိုင်း နှာခေါင်းထဲက သွေးစလေးတွေ မကြာခဏပါနေတာ၊ နှာခေါင်းတစ်ဖက်ထဲအမြဲပိတ်နေတာ၊ လည်ပင်းမှာ အလုံးအကျိတ်တွေရှိနေတာ၊ နားအူနေတာနဲ့ နားတစ်ဖက်ထဲ ပိတ်ဆို့နေတယ်လို့ခံစားနေရတာ စတဲ့ လက္ခဏာတွေရှိနေမယ်ဆိုရင် ဒီ video လေးကို မပျက်မကွက် ကြည့်ပေးပါနော်။
Dr. Ei ENT channel မှာ အပတ်စဉ် နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ကျန်းမာရေးအသိပညာတွေကို မျှဝေပေးမှာမို့ channel လေးကို subscribe လုပ်ထားပေးပါနော်။
နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါများနှင့်ပတ်သက်ပြီး သိချင်တာတွေရှိရင်လည်း comment မှာ မေးထားလို့ ရပါတယ်ရှင်။ အချိန်ရသလောက် အတတ်နိုင်ဆုံး ဖြေပေးသွားမှာ ဖြစ်ပါတယ်ရှင်။
ခင်မင်မှုဖြင့်
Dr. Ei
.Ei #နား၊နှာခေါင်း၊လည်ချောင်းဆိုင်ရာကျန်းမာရေးအသိပညာ
#နှာခေါင်းသွေးလျှံခြင်း
#နှာခေါင်းပိတ်ခြင်း #ကင်ဆာရောဂါ #ကင်ဆာကုသခြင်း