24/08/2026
အအေးမိတာ၊ ဓာတ်မတည့်တာ၊ ရာသီဥတုအပြောင်းအလဲတွေကြောင့် နှာပိတ်တဲ့ဝေဒနာကို လူအများ ကြုံတွေ့ရတတ်ပါတယ်။ 🤧🍂
နှာမပွင့်တဲ့အခါ အသက်ရှူရခက်တာ၊ အိပ်မပျော်တာ၊ နေရထိုင်ရမသက်မသာ ဖြစ်တာကြောင့် နှာခေါင်းကို အားပြင်းပြင်းနဲ့ အတင်းညှစ်ထုတ်ဖို့ ကြိုးစားမိတတ်ပါတယ်။ 😮💨
ဒါပေမယ့် နှာခေါင်းကို အတင်းအားစိုက်ပြီး ညှစ်တာက ကောင်းမွန်တဲ့နည်းလမ်းတော့ မဟုတ်ပါဘူး။ 🚫
📌အားပြင်းပြင်းနဲ့ နှာညှစ်ရင် ဘာတွေဖြစ်နိုင်လဲ❓
နှာခေါင်းကို အလွန်အကျွံအားစိုက်ပြီး ညှစ်လိုက်တဲ့အခါ နှာခေါင်းအတွင်း ဖိအားမြင့်တက်သွားနိုင်ပါတယ်။
ဒီဖိအားကြောင့်—👇 👇 👇
🩸 နှာခေါင်းအတွင်း သွေးကြောငယ်လေးတွေ ထိခိုက်ပြီး သွေးယိုနိုင်ပါတယ်။
🦻 နားအူတာ၊ နားမအီမသာဖြစ်တာ၊ နားအောင့်တာတွေ ဖြစ်နိုင်ပါတယ်။
😣 အချို့လူတွေမှာ မျက်နှာတစ်ဝိုက်နဲ့ နှာခေါင်းဘေးတွေမှာ ဖိအားများသလို၊ နာကျင်သလို ခံစားရနိုင်ပါတယ်။
✅ နှာပိတ်တဲ့အခါ ဘယ်လိုလုပ်သင့်လဲ❓
နှာပိတ်နေတဲ့အချိန်မှာ နှာခေါင်းကို အားပြင်းပြင်းနဲ့ မညှစ်ဘဲ—👇
✔️ တစ်ဖက်ချင်းစီကို ဖြည်းဖြည်းချင်း ညှစ်ထုတ်ပါ။ 🌬️
✔️ ရေဓာတ်လုံလောက်အောင် သောက်ပါ။ 💧
✔️ လုံလောက်တဲ့ အနားယူမှု ရယူပါ။ 🛌
✔️ အခုပြောပြပေးတဲ့ အချက်လေးတွေအတွင်း ပြုလုပ်ပေမယ့် လက္ခဏာတွေ မသက်သာဘဲ ဆက်ဖြစ်နေရင် သင့်တော်တဲ့ ကုသမှုအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ တိုင်ပင်ပါ။ 👩⚕️💊
နှာပိတ်တာကို မြန်မြန်သက်သာချင်တဲ့ စိတ်နဲ့ အတင်းအားစိုက်ပြီး နှာညှစ်တာထက် မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဂရုစိုက်တာက ပိုအရေးကြီးပါတယ်။ 🌱
ကျန်းမာရေးကို ဂရုစိုက်တဲ့ အလေ့အထကောင်းတွေက မလိုအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ 🛡️
သတိပြုရန် ⚠️
နှာပိတ်တာက ရက်အတော်ကြာ မသက်သာခြင်း၊ အဖျားကြီးခြင်း၊ မျက်နှာပြင်းပြင်းထန်ထန် နာကျင်ခြင်း၊ သို့မဟုတ် နှာခေါင်းသွေးယိုတာ မကြာခဏဖြစ်ခြင်းတို့ ရှိပါက ဆရာဝန်နှင့် စစ်ဆေးတိုင်ပင်သင့်ပါတယ်။ 🩺🏥
#ကျန်းမာရေးဗဟုသုတ