True health care သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း

  • Home
  • Myanmar
  • Yangon
  • True health care သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း

True health care သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း Home health care service
contact us 09794915195

!!!!!ဝန်ထမ်း အမြန်အလိုရှိသည်!!!!!🔔We are hiring for GLACÉ Aesthetics & Medispa Lounge🔔Beauty Therapists or Nurse aids - ...
14/10/2025

!!!!!ဝန်ထမ်း အမြန်အလိုရှိသည်!!!!!
🔔We are hiring for GLACÉ Aesthetics & Medispa Lounge🔔
Beauty Therapists or Nurse aids - 5posts (female, LGBT)
sale & marketing - 3posts
📨Requirements

- အသက် (18 နှစ်- 30နှစ် ) အတွင်း ရုပ်ရည်ပြေပြစ်မှုသွက်လက်ချက်ချာမှုရှိရပါမည်။
-ဗဟန်း(ဆေးခန်း)နှင့် အနီးတဝိုက်တွင်နေထိုင်သူကို ဦးစားပေးပါမည်။
-အကျင့်စာရိတ္တ ကောင်းမွန်ရမည်
- အလှအပရေးရာကုထုံးများကိုစိတ်ဝင်စားပြီး customers အားစိတ်ရှည်စွာရှင်းပြနိုင်ရပါမည်။
- Social Media ကျွမ်းကျင်စွာအသုံးပြုတတ်သူကိုဦးစားပေးပါမည်။
- သင်လွယ်တတ်လွယ်၍ သွက်လက်ချက်ချာမှုရှိကာ လူမှုဆက်ဆံရေးပြေပြစ်ကောင်းမွန်သူဖြစ်ရပါမည်။
- အလုပ်ချိန် (9:30AM- 6:00PM)
-တပတ် ၁ရက်နားရက်ရမည်။(monday closed)
-Spa သို့မဟုတ် အလှအပရေးရာဆေးခန်းတွင် အလုပ်အတွေ့အကြုံရှိသူ ဦးစားပေးပါမည်။(အတွေ့အကြုံမရှိသူများလဲ လျှောက်ထားနိုင်ပါသည်)
- လစာ - အခြေခံလစာ-3သိန်း(အတွေ့အကြုံအပေါ်မူတည်၍ လစာညှိနှိုင်းပေးပါမည်)
+အစမ်းခန့်ကာလ၃လ**** ပြီးမြောက်ပါက (ကော်မရှင်+bonus+++)
- အစမ်းခန့်ကာလ (၃) လ ပြီးလျှင် အနည်းဆုံး ၁နှစ် လုပ်ကိုင်နိုင်ရပါမည်။

စိတ်ဝင်စားသူများ
- CV form အပြည့်အစုံ (မူရင်း)
- အိမ်ထောင်စုဇယားမိတ္တူ
- မှတ်ပုံတင်မိတ္တူ
- လိုင်စင် ဓာတ်ပုံ ၂ပုံတို့ကို

Viber - 09 795253170 သို့ CV form နှင့်တကွ ပူးတွဲပေးပို့လျှောက်ထားနိုင်ပါသည်။
Gmail - [email protected]

*****Interviews အောင်သည်နှင့် တပြိုင်နက် အလုပ်တန်းဝင်နိုင်မည့်သူကို ဦးစားပေးပါမည်*****

ဆေးခန်းလိပ်စာ - အမှတ်(၆) မြေညီထပ်၊ အနောက်ရွှေဂုံတိုင်(၄)လမ်း ၊ Sevilla Residence ရှေ့ ၊ ဗဟန်းမြို့နယ်၊ ရန်
ကုန်မြို့။

Google map📍- https://l.facebook.com/l.php?u=https%3A%2F%2Fmaps.app.goo.gl%2FGEJ411wi2PpfaMgW9%3Fg_st%3Difm%26fbclid%3DIwZXh0bgNhZW0CMTEAAR1bl7riKbMucDocZeoJJHk7QqYKP1eu6F58gwmJr-7ppFKcoIFMp4J_gOg_aem_aR5FDbtRRM7WFbD9zuYs1w&h=AT0aIPzkiz_dnL4zb0YsL9s5DtNFlukGzv4rPimgYWrbcsvjCC2xcE28LCynhA7qqjrfCv-gruXRpXSyyjWViGkd8Z0e89wRb8Ak-yCPxfC_jfxicPF1Nd8A6iXk6xyGJO3ya-E661Il2wE&s=1

Find local businesses, view maps and get driving directions in Google Maps.

30/04/2025

ဘာကြောင့် စာဖတ်ဖို့လိုသလဲ...

ဆရာကြီးဦးအောင်သင်းရဲ့
ကျွန်တော်အကြိုက်ဆုံးထဲက
အကြိုက်ဆုံးစကား

လူနဲ့တိရစ္ဆာန်
ဘယ်သူသာလဲမေးရင်
လူကသာတယ်လိုပဲဖြေကြတယ်
စဉ်းစားကြည့်ရအောင်...

မြင်းလောက်အပြေးသန်သလား?

ဆင်လောက်ခွန်အားကြီးသလား?

ငါးလောက်ရေကူးကျွမ်းသလား?

ကျီးကန်တို့လဒတို့လောက်
မျက်စိလျှင် လား?

အယ်ဇေးရှင်းခွေးလောက်
အနံ့ခံကောင်းလား?

ကျွန်တော်တို့က
အဖွဲ့အစည်းနဲ့ဘာနဲ့ညာနဲ့
စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့

ပျားတွေလောက်မစည်းလုံးဘူးနော်

ပျားတွေဟာသိပ်ဝီရိယကောင်းတယ်

ပန်းပွင့်မညိုးခင်
မနက်စောစော
ကတည်းက လုံ့လစိုက်ပြီး
အလုပ်လုပ်တယ်

ပျားတစ်ကောင်ဟာ
ပန်းဝတ်ရည်ကိုတွေ့လာရင်
သတင်းလာပို့တယ်

သူကဦးဆောင်ခေါ်သွားတယ်
နောက်ကပျားတွေကလည်း
ထပ်ကြပ်မကွာလိုက်တယ်
သူတို့ယူလာတဲ့ဝတ်ရည်ကို
သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်
ဘယ်ပျားကမှမခိုးဘူး ။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ

ရှဉ့်လျှောက်လို့ရအောင်
လမ်းချန်ပေးထားတယ်

သူများသွားလမ်းပိတ်မထားဘူး
လူတွေလို ဘယ်သူသေသေ
ပြီးပြီးရောဆိုတဲ့
စိတ်ယုတ်မရှိဘူး
ပျားအုံကိုထိရင်
အသေခံကာကွယ်တယ်
ကြည့်စမ်း

ပျားတွေနိုင်ငံတော်သည်
ဘယ်လောက်အားကျဖို့ကောင်းလဲ
ဘယ်လောက်အတုယူဖို့ကောင်းလဲ
ကောင်းပြီး ဆက်စဉ်းစားကြရအောင်
လူတွေဟာတိရစ္ဆာန်တွေထက်
ဘယ်နေရာသာသလဲ
အဖြေထုတ်ကြည့်ရင်
်သုံးမျိူးပဲရှိတယ်

၁.အလှအပကိုခံစားတတ်ခြင်း
ဖန်တီးတတ်ခြင်း

၂.ကိုယ့်ကျင့်တရားရှိခြင်း

၃.ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း
ဥာဏ်ပညာရှိခြင်း

လူတွေဟာအလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်
တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်

မကောင်းတာကောင်းတာသူတို့မသိဘူး
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး
လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင်
တိရစ္ဆာန်နဲ့မခြားနားဘူး
ကျိုးကြောင်းဆင်ခြင်ဥာဏ်
ပညာကြီးတယ်

ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်

ကိုယ့်ထက်အားကြီးတဲ့ဆင်ကို
ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်

မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ်
လှည်းတပ်ဆွဲခိုင်းတယ်

ရေကူးကျွမ်းတဲ့ငါးကို
ငါးမျှားချိတ်နဲ့များတယ်
ပိုက်နဲ့ဖမ်းတယ်

ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်
ဒါဘာလို့လဲ
လူတွေကတိရစ္ဆာန်တွေထက်
အကျိူးအကြောင်းဆင်ခြင်နိုင်လို့
ဥာဏ်ပညာကြီးလို့ပေါ့
လူတွေကတိရစ္ဆာန်တွေအပေါ်
လွှမ်းမိုးနိုင်တာဟာ
ဥာဏ်ပိုကြီးလို့

ဒါဆိုရင်လူအချင်းချင်းရော
သေချာစဉ်းစားကြည့်
လူတွေမှာလည်း
ပညာကြီးတဲ့လူက
ပညာနည်းတဲ့သူကို
လွှမ်းမိုးနိုင်မှာပေါ့

သူများနိုင်ငံမှာသွားပြီး
ပညာသင်ရတယ်

သူများနိုင်ငံမှာသွားပြီး
အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ

ဒါကိုတို့နိုင်ငံက လူတွေက
အခုချိန်ထိပညာကို
တန်ဖိုးထားရကောင်းမှန်းမသိဘူး..

အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့

အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများခေါင်းပုံဖြတ်တာမခံရအောင်
သူများလူလည်ကျတာမခံရအောင်
သူများအနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ ။

စာဖတ်ရမှာပေါ့
စာဖတ်တယ်ဆိုတာ
သူများအမှား
ကိုယ်ဆက်မမှားအောင်လုပ်တာ
သူများအတွေအကြုံ
ကိုယ့်အတွေအကြုံအဖြစ်
ရယူတာ..

စာဖတ်တဲ့နေရာမှာ
ဦးနှောက်ကို ခွန်အားဖြစ်စေမယ့်
စာမျိူး များများဖတ်ပါ ။

ဘဝကိုဦးနှောက်ကဦးဆောင်တာ
အသိပညာရစေမယ်စာတွေ
များများဖတ်စေချင်တယ်

ဆရာကြီးအားလေးစားလျက်....

Credit....

18/12/2024

❤ ပြုစုစောင့်ရှောက်ခံရခြင်းမှာ နွေးထွေးမှုက အခရာ အကျဆုံးဖြစ်လို့ နွေးထွေးမှုတွေ လွှမ်းခြုံထားတဲ့ ပြုစုစောင့်ရှောက်မှုတွေအတွက် True Health Care က တာဝန်ယူပါရစေ …

👯 မွေးကင်းစမှ စ၍ သားသားမီးမီးများအတွက် နွေးထွေးစွာ ပြုစုစောင့်ရှောက်ရန် ကျွမ်းကျင်သော Baby Sister များနှင့်

👴👵 သက်ကြီးရွယ်အို ဖိုးဖိုးဖွားဖွားများအတွက် မိသားစုသဖွယ် အနီးကပ်ပြုစုရန် သူနာပြုအကူများ လိုအပ်နေပါသလား

💉💉 အချိန်ပိုင်းဆေးသွင်း ဆေးချိတ်ဖို့လိုအပ်နေပါသလား

ဒီလို ကျန်းမာရေးစောင့်ရှောက်မှုတွေကို တစ်နေရာတည်း ရရှိနိုင်ဖို့ TRUE HEALTH CARE မှ အချိန်ပြည့် ဝန်ဆောင်မှုများ ပေးနေပါပြီရှင် …

TRUE HEALTH CARE ရဲ့ အမြဲ မပြောင်းလဲတဲ့ ဆောင်ပုဒ်ကတော့ 👇👇
"စာနာ ကူညီ ပြုစုမည် " ဆိုတဲ့အတိုင်း ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှု ၊ မိသားစုသဖွယ် နွေးထွေးမှုတွေကို ရယူဖို့ အခုပဲ ဆက်သွယ်လိုက်ကြရအောင်နော်… 😊

Please Contact Us :

☎ : 09 794915195 ,
:09695221569 [email protected]
🏡 ကျောက်မြောင်းစျေးမှတ်တိုင် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

🚨🚨
06/07/2024

🚨🚨

လစဥ်မပျက် True Health care မိသားစုရဲ့ ကုသိုလ်လေးပါ
03/01/2024

လစဥ်မပျက် True Health care မိသားစုရဲ့ ကုသိုလ်လေးပါ

အလုပ်ခေါ်စာ (Vacancy Announcement)📢📢Registered Nurse ( သူနာပြု ကျား/မ) လိုအပ်နေ၍ ခေါ်ယူခြင်း ဖြစ်ပါတယ်ခင်ဗျာ ကန့်သတ်ဦးရ...
27/10/2023

အလုပ်ခေါ်စာ (Vacancy Announcement)📢📢

Registered Nurse ( သူနာပြု ကျား/မ) လိုအပ်နေ၍ ခေါ်ယူခြင်း ဖြစ်ပါတယ်ခင်ဗျာ

ကန့်သတ်ဦးရေ (၁၂) ဦး
- ရန်ကုန် (၈) ဦး
- မန္တလေး (၄) ဦး
လစာ - ညှိနှိူင်း

- သူနာပြုတက္ကသိုလ်မှ ဘွဲ့ရထားသူ ဖြစ်ရပါမယ်
- အနည်းဆုံးလုပ်သက် (၂ )နှစ် ရှိထားရပါမယ်
- အခြေခံသူနာပြုလုပ်ရိုးလုပ်စင်နှင့် အရေးပေါ်ကုသနည်းတို့ကို တတ်သိနားလည်ပြီးသူ ဖြစ်ရပါမယ်
- ကွန်ပျူတာ ကျွမ်းကျင်သူ ဖြစ်ရပါမယ်
အသေးစိတ်သိရှိလိုပါက Page Messenger or
Viber 09799499952 မှာ ဆက်သွယ်မေးမြန်းနိုပါတယ် ခင်ဗျာ

ဂရုစိုက်ကြပါ အမျိုးတို့
02/10/2023

ဂရုစိုက်ကြပါ အမျိုးတို့

30/09/2023

အလုပ်ခေါ်စာ(Vacancy Announcement)📢📢

Registered Nurse ( သူနာပြု ကျား/မ) လိုအပ်နေ၍ ခေါ်ယူခြင်း ဖြစ်ပါတယ်ခင်ဗျာ
အလုပ်ကို စိတ်ပါ၀င်စား၍ လျှောက်ထားချင်တယ်ဆိုရင် အောက်ပါအချက်လေးတွေ သိထားရပါမယ်
- သူနာပြုတက္ကသိုလ်မှ ဘွဲ့ရထားသူ ဖြစ်ရပါမယ်
- အနည်းဆုံးလုပ်သက် (၂ )နှစ် ရှိထားရပါမယ်
- အခြေခံသူနာပြုလုပ်ရိုးလုပ်စင်နှင့် အရေးပေါ်ကုသနည်းတို့ကို တတ်သိနားလည်ပြီးသူ ဖြစ်ရပါမယ်
- ကွန်ပျူတာ ကျွမ်းကျင်သူ ဖြစ်ရပါမယ်
- အသက်အရွယ် ကန့်သတ်ထားခြင်း မရှိပါ

အသေးစိတ်သိရှိလိုပါက Page Messenger or
Viber 09799499952 မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ

THC မှ ဒါနပြုပေးဖို့ စဥ်းစားမိလို့ပါ📣📣ဒါနပြုပေးမယ်ဆိုတာ ငွေကြေး ဥစ္စာတွေမဟုတ်ဘဲ ယခုလို နိုင်ငံရေးအခြေအနေတွေကြောင့် ခက်ခဲ...
27/09/2023

THC မှ ဒါနပြုပေးဖို့ စဥ်းစားမိလို့ပါ📣📣

ဒါနပြုပေးမယ်ဆိုတာ ငွေကြေး ဥစ္စာတွေမဟုတ်ဘဲ ယခုလို နိုင်ငံရေးအခြေအနေတွေကြောင့် ခက်ခဲနေတဲ့အချိန်မှာ အားလုံး စိတ်တွေလည်း လေးလံပြီး အဆင်မပြေကြတာတွေလည်း ရှိကြမယ် ထင်ပါတယ်......
ဒါ့ကြောင့်မို့ ကျွန်တော့်တို့ THC Team ကနေပြီး
တစ်ဖက်တစ်လမ်းက Counseling လုပ်ပေးချင်မိလို့ပါ
အဆင်မပြေတာလေး​​တွေလာရင်ဖွင့်လို့ရပါတယ် လူမှုရေး၊
စီးပွားရေး၊ ကျန်းမာရေး အစရှိသဖြင့်ပေါ့နော်
တတ်နိုင်သလောက် ပြန်လည် ဖြေကြားပေးပါ့မယ် ခင်ဗျ
အပြန်အလှန် စကားလက်စုံပြောကြသလိုပေါ့😇
#ငွေကြေးအခမဲ့ပါနော်
privacy ကို အပြည့်အဝတာဝန်ယူပါတယ်ခင်ဗျာ

Address

Yangon
11181

Website

Alerts

Be the first to know and let us send you an email when True health care သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share