12/05/2026
"ဖြူစင်သော မေတ္တာ၊ နွေးထွေးသော ဂရုဏာဖြင့် လူသားအကျိုးကို သယ်ပိုးနေကြသူများအား ဂုဏ်ပြုခြင်း" 🕊️🩺
ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၁၂) ရက်နေ့သည် သူနာပြုလောက၏ မိခင်ကြီးဟု တင်စားခေါ်ဆိုရသော "Florence Nightingale" ၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်ဝှမ်းတွင် သတ်မှတ်ကျင်းပသည့် "အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့" ပဲဖြစ်ပါတယ်။ ✨
ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကြီးတစ်ခုလုံး အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန်အတွက် -
🔹 မိမိတို့ တာဝန်ကျရာ ကဏ္ဍအသီးသီးမှ အားတက်သရော တာဝန်ထမ်းဆောင်နေကြသူများ၊
🔹 နာကျင်ခံစားနေရသော လူနာများကို မေတ္တာရှေ့ထား၍ နွေးထွေးစွာ ပြုစုစောင့်ရှောက်ပေးနေကြသူများ၊
🔹 ကျန်းမာရေးလောက၏ ရှေ့တန်းမှနေ၍ မနားမနေ စွမ်းစွမ်းတမံ ကြိုးပမ်းပေးနေကြသော...
ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာ/ဆရာမများ အားလုံးကို Lifecare Medical Services မှ အထူးပင် လေးစားဂုဏ်ပြုအပ်ပါသည်။ 🙏💙
Lifecare Medical Services မှ မြန်မာနိုင်ငံတစ်ဝန်းနှင့် တစ်ကမ္ဘာလုံးရှိ သူနာပြုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်းနှင့် မွန်မြတ်လှသော လူသားအကျိုးပြု လုပ်ငန်းများကို အောင်မြင်စွာ ဆက်လက်သယ်ပိုးနိုင်ကြပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌟