Swe Mon Clinic

Swe Mon Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Swe Mon Clinic, Medical and health, ဦးလွန်းမောင်လမ်းသွယ်၊ သလ္လဝတီလမ်း၊ ၇ မိုင်၊ မရမ်းကုန်းမြို့နယ်, Yangon.

 #နှစ်သစ်ဆုတောင်းနှစ်သစ်ရောက်လာ ဒီချိန်ခါပျော်ရွှင်အေးချမ်းကြပါစေမကောင်းတာပျောက်ကောင်းတာရောက်လိုရာမှန်သမျှပြည့်ပါစေခလုတ်...
17/04/2025

#နှစ်သစ်ဆုတောင်း

နှစ်သစ်ရောက်လာ ဒီချိန်ခါ
ပျော်ရွှင်အေးချမ်းကြပါစေ

မကောင်းတာပျောက်
ကောင်းတာရောက်
လိုရာမှန်သမျှပြည့်ပါစေ

ခလုတ်မထိဆူးမငြိ
လိုရာပန်းတိုင်ရောက်ပါစေ

လူအချင်းချင်းညစ်ပတ်ချင်း
ကင်းရှင်းလွတ်မြောက်ကြပါစေ

အကောင်းမှန်သမျှအကုန်ရ
ကိုယ်စိတ်တိုင်းကြဖြစ်ပါစေ

အလုပ်ကိစ္စမှန်သမျှ
ပြီးမြောက်ကြပါစေ

စီးပွားဥစ္စာရတနာ
ရှာတိုင်းဖွေတိုင်းရပါစေ

၉၆ ဖြာ နာရောဂါ
‌ကင်းရှင်းကြပါစေ

ကိုယ့်အချင်းချင်းညီညွတ်ရင်း
စိတ်တူဝမ်းမြောက်ပျော်ရွှင်ပါစေ

တစ်နှစ်ပတ်လုံး မေတ္တာသုံး
အားလုံးပျော်ရွှင်ငြိမ်းချမ်းကြပါစေ။

 # သတိပြုစရာ ကာလဝမ်းရောဂါ
05/07/2024

# သတိပြုစရာ ကာလဝမ်းရောဂါ

ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••

ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။

အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။

🔷ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း

မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။

🔷ရောဂါလက္ခဏာများ

အစောပိုင်းလက္ခဏာများမှာ

▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။

🔺မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။

🔷ကာကွယ်ခြင်း

မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။

◾ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။

◾လက်ဆေးပါ။

လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။

◾ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။

◾ယင်လုံအိမ်သာအသုံးပြုပါ။

◾အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။

🔷ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?

ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်သောက်ပါ။ ကလေးသူငယ်တွေ၊ ရောဂါအခံရှိတဲ့လူကြီးတွေကို မပေါ့လျော့စေချင်ပါဘူး။

🔺ဓာတ်ဆားရည်မှာ အမှတ်မှားကြတာက ဝမ်းလျှောရင်သောက်တဲ့ဓာတ်ဆားနဲ့ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားမှားကြတာပါပဲ။ ဝမ်းပျက်တဲ့အခါ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားသောက်လို့မရပါဘူး။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် WHO Formula နဲ့ထုတ်ထားတဲ့ဓာတ်ဆားထုပ်တွေကိုသောက်ရမှာပါ။

ကျွန်မသိသလောက် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆားတွေက BPI ဓာတ်ဆား၊ Relyte ဓာတ်ဆား၊ Peditral ဓာတ်ဆား၊ Pharolit ဓာတ်ဆားတွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတွေက ရေသန့် သို့မဟုတ် ကြိုချက်ပြီးအအေးခံထားသောရေ 1000ml နဲ့ဖျော်စပ်ရတာဖြစ်ပြီး Pharolit ဓာတ်ဆားကတော့ ကလေးတွေမှာအသုံးများပြီး ရေ 200ml နဲ့ဖျော်စပ်ရတာဖြစ်ပါတယ်။

မိမိဝယ်လာတဲ့ဓာတ်ဆားထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေးဆိုင်မှာသေချာမေးခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မှသာ ကုသမှု အကျိုးရလဒ်ရှိမှာပါ။ ဈေးကွက်ထဲမှာတော့ အထက်ပါဓာတ်ဆားထုပ်တွေသာအများဆုံးရှိတဲ့အတွက် ကျွန်မပြောတဲ့ info လေးကအသုံးဝင်မှာပါ။

နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နံပါတ် ၁ က ဓာတ်ဆားရည်ဖြစ်ပါတယ်။ ဓာတ်ဆားရည်မသောက်ဘဲ Probiotics တမျိုးတည်းသောက်လို့မရပါဘူး။ ဓာတ်ဆားရည်ကသာ အသက်ကယ်နိုင်မှာပါ။

🔷ဓာတ်ဆားရည်ပြုလုပ်နည်း

ဓာတ်ဆားထုပ်ဝယ်ယူလို့မရတဲ့နေရာတွေအတွက်ဖြစ်ပါတယ်။

◾ကြိုချက်ထားသောရေတစ်လီတာ(1000ml)ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတွင်းကုန်အောင်သောက်ပါ။ (ကိုးကား -WHO)

🔺ဝမ်းအရည်တွေတစ်နေ့ကို သုံးကြိမ်ထက်ပိုပြီးသွားတာကို ကုသမှုမခံယူဘူးဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပြန်ပြီးမဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေနိုင်ပါတယ်။

◾ရောဂါမပြင်းထန်ဘူးဆိုရင်တော့ အဓိကကဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီးအနှံဖျော်ရည်၊ ကြက်ပြုတ်ရည်သောက်လို့ရပါတယ်။ ရေများများသောက်ရပါမယ်။ ဓာတ်ဆားရည်ဟာ ဝမ်းလျှောလို့ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် သေချာသောက်ပေးရပါမယ်။ အစားစားပြီးတဲ့အခါမှာ ဓာတ်ဆား(သို့မဟုတ်)အရည်ကိုကြားထဲမှာ သောက်ပေးရပါမယ်။ မကြာခဏလည်းတစ်ငုံချင်းသောက်ပေးရပါမယ်။ ဝမ်းလျှောနေစဉ်မှာ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း အစားအစာတွေ ခေတ္တရှောင်ပေးပါ။

🔷အရေးကြီးတဲ့လက္ခဏာတွေကတော့

◾ကိုယ်အပူချိန် 101'F ထက်များခြင်း၊ နှစ်ဆယ့်လေးနာရီကျော်အောင်ကိုယ်ပူခြင်း

◾နှစ်ရက်ကျော်အောင်ဝမ်းလျှောခြင်း

◾ပျို့ခြင်း၊ အစားစားမရအောင်အန်ခြင်း

◾ဗိုက်ထဲမှရစ်ပြီးနာခြင်း

◾ရေဓာတ်ဆုံးရှုံးခြင်း (ခြေဖျား၊လက်ဖျားအေးစက်ခြင်း၊သွေးပေါင်ကျခြင်း၊ ရေအလွန်ငတ်ခြင်း၊ မူးဝေသတိလစ်ခြင်း)

ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လို့ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

5.7.24 ; 11:30PM

Edited 🔺 လတ်တလောပျံ့နှံ့နေသော ဝမ်းပျက်ဝမ်းလျှောသတင်းတွေကြောင့် Panic မဖြစ်စေချင်ပါဘူး။ ကာလဝမ်းရောဂါပိုးဟုတ်မဟုတ်လည်း ဘယ်သူမှအတည်မပြုသေးပါဘူး။ အခုဆောင်းပါးကို Educational Purpose အရသာ ဖတ်ရှုစေချင်ပါတယ်။ အခု မိုးရာသီမှာ Gastroenteritis လို့ခေါ်တဲ့ ရိုးရိုးဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ဘယ်လိုဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဒီနည်းလမ်းတွေအတိုင်း ကာကွယ်၊ သတိပြုလို့ရပါတယ်ရှင်။

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်

#ဝမ်းလျှောခြင်း
#ကာလဝမ်းရောဂါ

⚠️⚠️အခုတလော TB လူနာ တွေ တွေ့ရတာ ပြန်များလာပါတယ် ⚠️⚠️👉TB ဆို တရှောင် ရှောင် နာတာရှည် ဖျားမယ် ချောင်းဆိုး မယ် အစားအသာက်ပျက...
01/06/2024

⚠️⚠️အခုတလော TB လူနာ တွေ တွေ့ရတာ ပြန်များလာပါတယ် ⚠️⚠️
👉TB ဆို တရှောင် ရှောင် နာတာရှည် ဖျားမယ် ချောင်းဆိုး မယ် အစားအသာက်ပျက်ပြီး ပိန်လာမယ်
ကိုယ်ခံအားနည်းတဲ့ ကလေး လူကြီး တွေ နာတာရှည် လူနာ တွေ HIV ပိုးရှိသူ တွေ မှာ အဖြစ်များကြတယ် အဲလို သိထားကြတာ များပါတယ်
🛑ဒါပေမယ့် ခုတ လော တွေ့တဲ့ သူတွေ ကတော့ ရော ဂါအခံ မရှိတဲ့ လူငယ် တွေ လူလတ်ပိုင်း တွေ ဖြစ်ကြပြီး တွေ့နေကြ တရှောင်ရှောင် ဖြစ်တာမျိုး မဟုတ်ကြဘဲ အကောင်းကြီးကနေ အလုံး အကျိတ် တွေ ဖြစ် လို့ စစ်ရင်း နဲ့ TB တွေ့တာမျိုး ဓာတ် မှန်ရိုက်ကြည့်လို့ TB တွေ့တာမျိုး ရင်ဘတ်‌ အောင့် ဗိုက်နာ ပြီး ဓာတ်မှန် ရိုက်မှ TB ဖြစ်နေတာမျိုး တွေ တွေ့နေရပါတယ်
ချောင်းလဲ မဆိုး မဖျား အစားမပျက်ကြပါဘူး
လူငယ် တွေ ဆိုတော့ အလုပ်သွားကျောင်းသွားနဲ့ ကူးစက်လာကြပြီး မိမိဘာသာ မသိလိုက်ခင်မှာ ပဲ တခြားသူ တွေ အတူနေ အိမ်သား တွေ ကိုယ်ခံအားနည်းတဲ့ ကလေးတွေ လူကြီး တွေကို ပြန်ပြီး ကူးစက်နိုင်ကာ ရောဂါ ပိုမို ပြန့်ပွားနိုင်ပါတယ်
‼️ထို့ကြောင့် ရောဂါ တခုခုဖြစ်ပါကာ သေချာကုသမှု ခံယူသင့်ပါတယ် လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်
‼️TB ဆေး တွေကလဲ အလကား ရနေတုန်း ဖြစ်လို့ ဖြစ်လာခဲ့ရင် သေချာ ကုသမှု ခံယူပြီး ဆေး သေချာ သောက်ရပါမယ် ဆေး မှန်မှန် မသောက်လို့ ဆေးယဉ်ပါး တီဘီ ဖြစ်လာပါက ကုသရ ပိုမို ခက်ခဲလာပြီး ဆေးကြာရှည် သောက်ရခြင်း သင့်တော်သော ဆေး အလွယ်တကူ မရရှိခြင်း ရောဂါ ပိုမိုဆိုးရွားခြင်း ကုသလို့ မရနိုင်ခြင်း စတာတွေကြုံတွေ့ရနိုင်ပါတယ်
👉ဆေးသာ သေချာ သောက်ပါက ပျောက်ကင်းနိုင် သော ရောဂါ ဖြစ်လို့ ကြောက်မနေဘဲ ရှောင်ပုန်း မနေဘဲ ဆေးကုသမှု ပုံမှန် ခံယူရင်း တခြားသူ တွေကိုလဲ မကူးစက်ကြရအောင် သတိထား ဆင်ခြင် နေထိုင် ကြဖို့ လိုအပ်ပါတယ်။
⚠️အပြင်သွားရင် mask အမြဲ တပ်ရပါမယ် ‌‌
⚠️ချောင်းဆိုးလျှင် လက်ကိုင်ပဝါ တစ်ရှူး စသဖြင့် အုပ်ပြီး ဆိုးရပါမယ်
⚠️မိမိကိုယ်မှ ထွက်သော သလိပ် နှပ် အရည်များကို တစ်ရှူးဖြင့် သုတ် ပြီး အမှိုက်ပုံးထဲ သေချာ ပစ်ရပါမယ် ။
‼️ရောဂါ မရှိသူများ အနေဖြင့်လဲ လူစု လူဝေး လူထူထပ်တဲ့ နေရာ တွေ သွားလျှင် mask အမြဲ တပ်ပါ လက်ခဏ ခဏ ဆေးပါ
👉အာဟာရရှိ အောင် စားပါ
မိမိကစ မိသားစု တခုလုံး ပတ်ဝန်းကျင် တခုလုံး ကျန်းမာ အောင် ဝိုင်းဝန်း ကြိုးစားကြပါစို့




's_lung
Photos credit - google

ငဗစ်လား 🤔 # credit Dr. Phonesithulwin
27/05/2024

ငဗစ်လား 🤔
# credit Dr. Phonesithulwin

#လည်ပင်းတွေယား_ချောင်းဆိုးတယ်
#တချို့မှာအနံ့ပျောက်တာပြန်ဖြစ်လာတယ်
#သိသာတာကတော့အရမ်းနုံးချိနေတာပါပဲ
#ငဗစ်လေလား
ငဗစ်ခေါင်းပြန်ထောင်လာနေပုံရပါတယ် ဒါပေမယ့် Nasal Swab ကလည်း မစစ်ဖြစ်တော့တာမို့ အတိအကျတော့ မသိကြဘူးပေါ့
တချို့ စစ်တဲ့ သူတွေကတော့ Positive ပြန်ထွက်နေပါတယ်။
အိမ်နားနီးချင်းတွေမှာတော့ မျိုးကွဲအသစ်တွေ့နေပြီး Cases တွေ နည်းနည်းပြန်များလာနေပါတယ် Omicron ရဲ့ မြေး လို့ပြောကြပါတယ် FLiRT variant လို့ ခေါ်ပါတယ်
စိတ်ပူစရာလားဆိုတော့
အများကြီးကြောက်လန့်စရာမလိုပေမယ့် #မပေါ့ဆသင့်ပါဘူး
- ကျွန်တော်တို့ ကာကွယ်ဆေးတွေ ထိုးထားကြတယ်
- ရှေ့မှာလည်း မျိုးကွဲတချို့ကို ဖြစ်ဖူးထားကြတော့
ငဗစ်ကို တိုက်မယ့် ကိုယ်ခံအားအနည်းနဲ့ အများရှိနေပါတယ်။
#ဘာတွေခံစားရလဲ ❓
- ဖျားပါတယ် (100 ကျော်ပါတယ်) အများအားဖြင့် ၂-၃ ရက်လောက်ကြာပါတယ်
- နှာစေး နှာမွှန် နှာချေ ပါတယ်
- ချောင်းဆိုး ပါတယ်
- ကိုယ်လက်တွေညောင်းကိုက် ၊ နုံးချိနေတတ်ပါတယ်
- တချို့မှာ မူးနေတတ်သလို (အနည်းစုမှာ ချာချာလည်အောင်မူးတတ်ပါတယ်)
- လည်ချောင်းနာတာလည်း ရှိတတ်ပါတယ်
- တချို့မှာ E ပန်း
* ဒီတခါကတော့ အနံ့ပြန်ပျောက်ကြပါတယ်

လူငယ်တွေ မောကြပ်ပြီး သွေးတွင်း Oxygen ကျတဲ့အထိတော့ ဖြစ်တာမကြားရသေးပါဘူး

ဒါပေမယ့် အသက် ၇၀ - ၈၀ ကျော်လူကြီးတွေမှာတော့ Chest Infection- အဆုတ်ပိုးဝင်ခြင်း နဲ့ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်တာတွေ ရှိပါတယ် ၊
အသက်ကြီးတဲ့ အဘိုး/အဘွား တွေ နည်းနည်းမှိန်းသွားတာနဲ့ ဆရာဝန်ပြသပြီး ကုသမှုခံယူကြပါ။

ရောဂါအခံရှိသူ သွေးတိုး ဆီးချို အဝလွန် ကျောက်ကပ်အားနည်း ကိုယ်င်္အဂါအစားထိုးထားသူတွေ အသက် ၁၀ နှစ်အောက် ၅၀ အထက် တွေကတော့ အထူးသတိထားကြရပါမယ်
🚨 နေမကောင်းတာနဲ့ ဆရာဝန်ပြပါ ကုသမှုခံယူကြပါ 🚨

ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကတော့ အရမ်းစိတ်မပူကြဖို့ နဲ့ မပေါ့ဆကြဖို့ပါ

လက္ခဏာစပေါ်ပြီး (၅) ရက်အတွင်းသောက်လို့ရတဲ့ ဆေးတွေပေါ်နေပြီမို့ အသက်အရွယ်အရရော
ရောဂါအခံပါရှိနေရင် ကျွမ်းကျင်တဲ့ပညာရှင်ပြသဖို့ လိုအပ်ပါတယ်ဗျာ။

သာမန် ရောဂါအခံမရှိသူ လူငယ်များအနေနဲ့ ကတော့ ပုံမှန်စား ရေများများသောက် ကောင်းကောင်းနားရင် အဆင်ပြေကြမှာပါ။

#ဖျားနာဘာလုပ်ကြမလဲ ❓

https://www.facebook.com/share/rFBYBh9PmyEcsW5q/?mibextid=CTbP7E

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
08:00 pm/27.05.2024
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

17/04/2024

ဆွေမွန်ဆေးခန်းလေးကိုသကြင်္န် ကာလအတွင်းပိတ်ထားပီး မနက်ဖြန် နှစ်ဆန်းနှစ်ရက်နေ့ (၁၈.၄.၂၄)မှ စ၍ နေ့စဉ်ပုံမှန်ပြန်လည် ဖွင့်လှစ်ပါမည်

ဆေးခန်းဖွင့်ချိန်

နေ့စဉ် ညနေ ၅ နာရီမှ ၇ နာရီ

မနက်ပိုင်း ကြာသပတေး သောကြာ စနေ တနင်္ဂနွေ

မနက် ၈ နာရီမှ ၁၀ နာရီ

နှစ်သစ်အခါသမယမှာစိတ်ချမ်းသာကိုယ်ကျန်းမာပီးလိုအင်ဆန္ဒပြည့်ဝကြပါစေကြောင်း ဆွေမွန်ဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါ...
17/04/2024

နှစ်သစ်အခါသမယမှာ
စိတ်ချမ်းသာကိုယ်ကျန်းမာပီးလိုအင်ဆန္ဒပြည့်ဝကြပါစေကြောင်း ဆွေမွန်ဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏🙏🙏

☃️☃️ ရာသီဥတု က အေးလာပြီ နော် ရာသီ အကူးအပြောင်းမှာ အအေးမိ၊ နှာ စေး၊ ချောင်းဆိုး၊ ဖျားနာ တာတွေ ဖြစ်လာကြတယ်နော်။ပိတ်ရက်တွေ ...
29/12/2023

☃️☃️ ရာသီဥတု က အေးလာပြီ နော်
ရာသီ အကူးအပြောင်းမှာ
အအေးမိ၊ နှာ စေး၊ ချောင်းဆိုး၊ ဖျားနာ တာတွေ ဖြစ်လာကြတယ်နော်။
ပိတ်ရက်တွေ မှာ နေမ‌ေကာင်းဖြစ်ပြီး မပျော်မရွှင် မဖြစ်ရအောင်
👉 နွေးနွေးထွေးထွေး နေပါ
👉ရေများများ‌‌ သောက်ပါ
👉ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
👉လူထူထပ်တဲ့ နေရာ သွားလျှင် mask တပ်ပါ၊ လက်ခဏခဏဆေးပါ
👉အိပ်ရေးဝဝအိပ်ပါ
👉ပြည့်ပြည့်ဝဝ အနားယူပါ
👉 နေမကောင်းဖြစ်လျှင် ဆေးခန်းပြပါ
🍀🍀အထွေထွေ ရောဂါနှင့် ခွဲစိတ် ရောဂါ များအတွက် ဆွေမွန် ဆေးခန်း ရှိတယ် နော် 🍀🍀
❄️❄️ New year ပိတ်ရက်မှာ အားလုံး ပျော်ရွှင် ချမ်း မြေ့ကြပါစေ ❄️❄️
☃️☃️ HAPPY NEW YEAR 🕛🎊🎊
#ဆွေမွန်ဆေးခန်း
်းကုန်း
#အထွေထွေရောဂါကု‌‌
#ခွဲစိတ်အထူးကု

🏮🏮🏮HAPPY THADINGYUT To All! 🏮🏮🏮
29/10/2023

🏮🏮🏮HAPPY THADINGYUT To All! 🏮🏮🏮

Address

ဦးလွန်းမောင်လမ်းသွယ်၊ သလ္လဝတီလမ်း၊ ၇ မိုင်၊ မရမ်းကုန်းမြို့နယ်
Yangon

Opening Hours

Monday 17:00 - 19:00
Tuesday 17:00 - 19:00
Wednesday 17:00 - 19:00
Thursday 08:00 - 10:00
17:00 - 19:00
Friday 08:00 - 10:00
17:00 - 19:00
Saturday 08:00 - 10:00
17:00 - 19:00
Sunday 08:00 - 10:00
17:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Swe Mon Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share