Incepta Pharma Pte. Ltd, Myanmar

Incepta Pharma Pte. Ltd, Myanmar Incepta - Innovative Concept Into Practice

A new generation of pain relief is launching soon.Effective against pain and inflammation.Designed to be gentler on your...
01/09/2026

A new generation of pain relief is launching soon.

Effective against pain and inflammation.Designed to be gentler on your gut and heart.

Something better is coming.
Stay tuned.


နှာစေး၊ နှာပိတ်ဝေဒနာရှင်များအတွက် Lutisone ( Fluticasone Nasal Spray ) ✨အမြဲတမ်း နှာခေါင်းတရှုံ့ရှုံ့ ဖြစ်နေလို့ အလုပ်မှ...
29/08/2026

နှာစေး၊ နှာပိတ်ဝေဒနာရှင်များအတွက် Lutisone ( Fluticasone Nasal Spray ) ✨
အမြဲတမ်း နှာခေါင်းတရှုံ့ရှုံ့ ဖြစ်နေလို့ အလုပ်မှာ အာရုံမရဘူးဖြစ်နေလား ?
Allergic Rhinitis ကြောင့် အလုပ်မှာ အာရုံစိုက်မရပဲ ခဏခဏ နှာချေ ၊ နှာရည်ယို ၊ နှာခေါင်းပိတ်တာ တွေ ဖြစ်နေရင် Lutisone ကိုဆောင်ထားလိုက်နော် …..

Lutisone ကတော့ Fluticasone Propionate လို့ခေါ်တဲ့ စတီးရွိုက် ပါဝင်တဲ့ဆေးဖြစ်ပါတယ်။

ဒါကြောင့်မို့ Lutisone ကိုဆိုရင် Allergy (ဓာတ်မတည့်ခြင်း) ကြောင့်ဖြစ်တဲ့ နှာခေါင်းပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးနိင်ပါတယ်နော်။

*အထူးသတိပြုရမှာကတော့*
• ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲဖို့ အကြုံပြုတိုက်တွန်းချင်ပါတယ်။
• နှာခေါင်းထဲမှာ အနာရှိနေရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

ကျန်းမာတဲ့ နေ့ရက်တွေကို အတူတူ ဖြတ်သန်းကြစို့! ❤️

ဩဂုတ်လသည် ခါးရိုးဆစ်အာရုံကြောနှင့် ကြွက်သားအားနည်းရောဂါ (Spinal Muscular Atrophy - SMA) အသိပညာပေးတဲ့လ ဖြစ်ပါတယ်🎗️💡 ၂၀၂၆ ...
27/08/2026

ဩဂုတ်လသည် ခါးရိုးဆစ်အာရုံကြောနှင့် ကြွက်သားအားနည်းရောဂါ (Spinal Muscular Atrophy - SMA) အသိပညာပေးတဲ့လ ဖြစ်ပါတယ်🎗️

💡 ၂၀၂၆ ခုနှစ်၏ ဦးတည်ချက်ဆောင်ပုဒ် -

"ပညာပေးခြင်း၊ အားပေးကူညီခြင်းနှင့် ပါဝင်ထောက်ပံ့မှုများမှတစ်ဆင့် SMA ဝေဒနာရှင်များ၏ ကြံ့ကြံခံနိုင်စွမ်းနှင့် ဘဝစွမ်းရည်များကို အတူတကွ မြှင့်တင်ကြပါစို့။" (Empowering Voices, Championing Strength and Inclusion)

🤔Spinal Muscular Atrophy (SMA) ဆိုတာ ဘာလဲ? 🤔

✅SMA ဆိုသည်မှာ ခါးရိုးဆစ်အာရုံကြောမကြီးရှိ မော်တာနျူရွန် (Motor Neurons) ဆဲလ်များ ချို့ယွင်းပျက်စီးမှုကြောင့် ကြွက်သားများ တဖြည်းဖြည်း အားနည်းပိန်လှီလာပြီး လှုပ်ရှားသွားလာမှုဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်စေသည့် မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။

သတိပြုရမည့် အဓိက လက္ခဏာများ -

👶ကလေးငယ်များတွင် ဦးခေါင်း မထောင်နိုင်ခြင်း၊ ထိုင်ရန်/လမ်းလျှောက်ရန် နှောင့်နှေးခြင်း

😔ကြွက်သားများ ပျော့ခွေပြီး အားမရှိခြင်း

🥴အသက်ရှူရခက်ခဲခြင်းနှင့် အစာမျိုချရခက်ခဲခြင်း

😨လှုပ်ရှားသွားလာမှုနှင့် ကြွက်သားထိန်းချုပ်မှုများ အားနည်းလာခြင်း

🤝စောစီးစွာသိရှိကုသမှု (Early Detection) ၏ အရေးပါမှု

SMA ရောဂါသည် စောစီးစွာသိရှိပြီး သင့်တော်သော အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ကုသမှုများ၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ (Physical Therapy) စနစ်တကျ ပြုလုပ်ပေးပါက လူနာများ၏ ဘဝအရည်အသွေး (Quality of Life) ကို သိသိသာသာ ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

💪 သင့်မိသားစုနှင့် ပတ်ဝန်းကျင်ရှိ ကြွက်သားနှင့် အာရုံကြောစနစ် ကျန်းမာရေးအတွက် အမြဲမပြတ် ဂရုစိုက်စောင့်ကြည့်ပေးပါ။

🌿 ကျန်းမာကြံ့ခိုင်သော ကြွက်သားစနစ်နှင့် ပိုမိုကောင်းမွန်သော နေ့ရက်များအတွက် —

❤️Myolax

24/08/2026

🌧️ မိုးတွင်းမှာ ချောင်းဆိုးနေပြီလား?
မိုးရာသီမှာ အအေးမိခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ infection တွေကြောင့် ချောင်းဆိုးခြင်း ဖြစ်တတ်ပါတယ်။ ချောင်းဆိုးနေချိန်မှာ ဒီလိုလေးတွေ ဂရုစိုက်ပေးပါ 👇
💧 ရေများများသောက်ပါ
လုံလောက်တဲ့ရေဓာတ်က ချွဲတွေကို ပိုမိုကျဲစေပြီး ချွဲထုတ်ရ လွယ်ကူစေနိုင်ပါတယ်။
☕ နွေးနွေးထွေးထွေးနေပါ
နွေးထွေးတဲ့ အရည်များ သောက်ပေးခြင်းက လည်ချောင်းမအီမသာဖြစ်မှုကို သက်သာစေနိုင်ပါတယ်။
🌬️ ဖုန်မှုန့်၊ မီးခိုးနဲ့ ဆေးလိပ်ငွေ့တွေကို ရှောင်ပါ
ဒါတွေက အသက်ရှူလမ်းကြောင်းကို ပိုမိုယားယံစေပြီး ချောင်းဆိုးခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
😴 အနားယူပါ
အိပ်ရေးဝဝအိပ်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်ဖို့ အချိန်ပေးပါ။
💊 ချွဲထူထူပါတဲ့ ချောင်းဆိုးဖြစ်ရင်
Mucolytic လိုမျိုးဆေး များကို သောက်သုံးပါ။
Mucolytic ဆေးဝါးများက ချွဲထူပျစ်နေတာတွေကို ပိုမိုကျဲစေပြီး ချွဲထုတ်ရ လွယ်ကူစေရန် ကူညီပေးနိုင်ပါတယ်။ Bromhexine သည် mucolytic agent တစ်မျိုးဖြစ်ပါတယ်။
⚠️ ချောင်းဆိုးတာ ကြာရှည်နေခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်နာခြင်း သို့မဟုတ် အဖျားမြင့်ခြင်းရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
🌧️ မိုးတွင်းမှာ ကျန်းမာရေးကို ဂရုစိုက်ပြီး ချောင်းဆိုးခြင်းကို မပေါ့ဆပါနဲ့။

🦟 ကမ္ဘာ့ခြင်နေ့ (World Mosquito Day) မှာ မိသားစုတိုင်း ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများမှ ကာကွယ်ကြစို့! 🌧️🗓️ဩဂုတ်လ (၂...
20/08/2026

🦟 ကမ္ဘာ့ခြင်နေ့ (World Mosquito Day) မှာ မိသားစုတိုင်း ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများမှ ကာကွယ်ကြစို့! 🌧️

🗓️ဩဂုတ်လ (၂၀) ရက်နေ့ဟာ "ကမ္ဘာ့ခြင်နေ့" ဖြစ်ပါတယ်။ မိုးရာသီမှာ ရေဝပ်တာတွေ များပြားတာကြောင့် ခြင်ကျားနဲ့ ခြင်အမျိုးမျိုး ပေါက်ဖွားမှု မြင့်တက်လာပြီး သွေးလွန်တုပ်ကွေး (Dengue)၊ ငှက်ဖျား (Malaria) နဲ့ ချီကွန်ဂွန်ယာ (Chikungunya) ရောဂါတွေ ကူးစက်ပြန့်ပွားနိုင်ခြေ အလွန်မြင့်မားပါတယ်။

👉မိမိနဲ့ မိသားစုဝင်များ ခြင်ကိုက်ခံရမှုမှ ကင်းဝေးပြီး ကျန်းမာစေဖို့ အောက်ပါ ကာကွယ်ရေးနည်းလမ်းများကို အတူတကွ လိုက်နာဆောင်ရွက်ကြစို့ -

✨ ၁။ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ခြင်ပေါက်ဖွားမှု နှိမ်နင်းခြင်း

✅ရေတင်ကျန်နိုင်သော တာယာဟောင်း၊ ဗူးခွက်၊ ပန်းအိုး နှင့် ရေအိုးများကို ပုံမှန် စစ်ဆေး ၊ဖုံးအုပ် သို့မဟုတ် သန့်ရှင်းပေးပါ။

✅"ဖုံး၊ သွန်၊ ခတ်၊ စစ်" နည်းလမ်းကို အမြဲကျင့်သုံးပါ။

✨ ၂။ ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်း

✅ညဘက် သာမက နေ့ဘက်တွင်ပါ ခြင်ထောင်ဖြင့် အိပ်စက်ပါ။

✅လက်ရှည်၊ ခြေရှည် အဝတ်အစားများကို ဝတ်ဆင်ပါ။

✅ခြင်ပြေးလိမ်းဆေး (Mosquito Repellent) သို့မဟုတ် စပရေးများ ပုံမှန် အသုံးပြုပါ။

✨ ၃။ အိမ်တွင်း ခြင်မဝင်အောင် တားဆီးခြင်း

✅ပြတင်းပေါက်နှင့် တံခါးများတွင် ခြင်ဇကာ (Mosquito Nets/Screens) တပ်ဆင်ပါ။

⚠️ သတိပြုရန်-
မိုးရာသီမှာ ပြင်းထန်ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား သို့မဟုတ် အဆစ်အမြစ်များ ကိုက်ခဲခြင်း၊ အော့အန်ခြင်း သို့မဟုတ် အနီစက်များ ထွက်လာပါက နီးစပ်ရာ ဆေးခန်း/ဆေးရုံသို့ ချက်ချင်း သွားရောက်ပြသပါ။

"လူကြီးမင်းတို့ရဲ့ အိမ်မှာရော မိုးရာသီ ခြင်အန္တရာယ်ကနေ ကာကွယ်ဖို့ ဘယ်လို နည်းလမ်းတွေကို အဓိက အသုံးပြုလေ့ရှိကြသလဲဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦး!"

19/08/2026

စိတ်ဖိစီးမှုများလာတဲ့အခါ နေ့စဉ်ဘဝအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ?

နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့
💼 အလုပ်တာဝန်များခြင်း
💰 ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှု
👨‍👩‍👧 မိသားစုနဲ့ ပတ်သက်တဲ့ ပြဿနာများ
❤️ လူမှုဆက်ဆံရေးဆိုင်ရာ အခက်အခဲများ
😴 အိပ်ရေးမဝခြင်း
⏰ နေ့စဉ်ဘဝရဲ့ ဖိအားများ
စတဲ့ အကြောင်းအမျိုးမျိုးကနေ စိတ်ဖိစီးမှုတွေစုပြုံလာတတ်ပါတယ်။

Stress တွေစုပုံလာတဲ့အခါ

🧠 အာရုံစူးစိုက်ရခက်ခြင်း
😴 အိပ်မပျော်ခြင်း၊ အိပ်စက်မှုပုံစံပြောင်းလဲလာခြင်း
😮‍💨 ပင်ပန်းနွမ်းနယ်ခြင်း
😠 စိတ်တိုလွယ်ခြင်း
💭 စိုးရိမ်ပူပန်မှုများလာခြင်း
❤️ ခန္ဓာကိုယ်ကျန်းမာရေးထိခိုက်ခြင်း
(ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း)
📉 နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာ
တွေကိုလည်းထိခိုက်လာနိုင်ပါတယ်။

🌿 Stress ကို လျှော့ချဖို့ နေ့စဉ်ဘဝမှာ ဘာတွေလုပ်နိုင်မလဲ?

Stress ကိုလျော့ချဖို့ နေ့စဉ် နေထိုင်မှုပုံစံကိုပြုပြင်ပြောင်းလဲပေးခြင်းကလည်း အရေးကြီးတဲ့အခန်းကဏ္ဍ မှာပါဝင်ပါတယ်
😴 1. အိပ်ရေးဝအောင် အနားယူပါ။
အိပ်ချိန်ပုံမှန်ထားပြီး အနားယူဖို့ လုံလောက်တဲ့အချိန်ပေးပါ။
🚶 2. ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းလို ပုံမှန်
လှုပ်ရှားမှုတွေ ပြုလုပ်ပါ။
🧘 3. Relaxation လုပ်ပါ။
အသက်ရှူလေ့ကျင့်ခန်း၊ meditation သို့မဟုတ် ကိုယ့်စိတ်ကို တည်ငြိမ်စေတဲ့ relaxation နည်းလမ်းတွေ လုပ်ကြည့်ပါ။
💬 4. ခံစားချက်တွေကို မျှဝေပါ။
ယုံကြည်ရတဲ့ မိသားစုဝင်၊ မိတ်ဆွေတွေနဲ့ စကားပြောပါ။ အားလုံးကို တစ်ယောက်တည်း ကြိတ်ပြီးမခံစားပါနဲ့။
📵 5. ကိုယ့်အတွက် အနားယူချိန်ထားပါ။
အလုပ်၊ ဖုန်း၊ social media တွေကနေ ခဏအနားယူပြီး ကိုယ်နှစ်သက်တဲ့အရာတွေ လုပ်ဖို့ အချိန်ပေးပါ။
🗓️ 6. အလုပ်နဲ့ နားချိန်ကို မျှတအောင် စီမံပါ။
လုပ်စရာတွေကို ဦးစားပေးသတ်မှတ်ပြီး တစ်ပြိုင်နက်တည်း အားလုံးစုပြုံလုပ်ဖို့ မကြိုးစားပါနဲ့။

Stress ကို လုံးဝရှောင်လွှဲဖို့ မလွယ်ကူပေမယ့် Stress ကို ကျန်းမာတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်တတ်ဖို့တော့ လေ့ကျင့်နိုင်ပါတယ်။ 🌱
Stress နဲ့ ဆက်စပ်တဲ့ လက္ခဏာတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး နေ့စဉ်ဘဝကို ထိခိုက်လာပါက Healthcare Professional နှင့် တိုင်ပင်ဆွေးနွေးပါ။
Take care of your mind.
Mental well-being matters.


🌍 ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ (World Humanitarian Day) 🤝✅လူသားတိုင်း၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် သက်သာချမ်းသာရေး...
19/08/2026

🌍 ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ (World Humanitarian Day) 🤝
✅လူသားတိုင်း၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် သက်သာချမ်းသာရေးတို့အတွက် စိန်ခေါ်မှုမျိုးစုံကြားမှ ပေးဆပ်ကူညီနေကြသူများအားလုံးကို Incepta Myanmar မှ လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။ ✨

✅ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Incepta အနေဖြင့်လည်း အရည်အသွေးမြင့်မားသော ဆေးဝါးများကို လူသားတို့၏ ကျန်းမာရေးအတွက် အစဉ်အမြဲ တစ်ဖက်တစ်လမ်းမှ အားဖြည့်ပါဝင်လျက်ရှိပါတယ်။

"သင့်ပတ်ဝန်းကျင်မှာ သို့မဟုတ် သင့်ဘဝမှာ လူသားချင်းစာနာစိတ်အပြည့်နဲ့ ကူညီပေးခဲ့ဖူးတဲ့ လေးစားစရာကောင်းသူတစ်ယောက်ယောက် ရှိပါသလား?" ထိုသူ၏ ကျေးဇူးတရားနှင့် လေးစားမှုကို ပေါ်လွင်စေရန် Mention ခေါ်ပြီး “Thank You” ဟု Comment တွင် ရေးသားဂုဏ်ပြုလိုက်ပါ။ ❤️

🌸 အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်ဟာ သူတို့ရဲ့ ဘ၀တစ်သက်တာမှာ ရင်သားကင်ဆာ ရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိထားတဲ့အတိုင်း ချစ်ရသူ...
18/08/2026

🌸 အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်ဟာ သူတို့ရဲ့ ဘ၀တစ်သက်တာမှာ ရင်သားကင်ဆာ ရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိထားတဲ့အတိုင်း ချစ်ရသူတွေထဲက မိန်းကလေး ၁ ယောက်တိုင်းအတွက်… 🌸

🗓️သြဂုတ်လ ၁၈ ရက်နေ့မှာ ကျရောက်တဲ့ World Breast Cancer Research Day (ကမ္ဘာ့ရင်သားကင်ဆာ သုတေသနနေ့) ဟာ စောစီးစွာ ရောဂါရှာဖွေနိုင်ဖို့နဲ့ ထိရောက်တဲ့ ကုသမှုတွေ ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေကြတဲ့ သုတေသနလုပ်ငန်းတွေကို ဂုဏ်ပြုတဲ့နေ့လေးပဲ ဖြစ်ပါတယ်။

ဒီနှစ် ရင်သားကင်ဆာ သုတေသနနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "Accelerating Breakthroughs, Transforming Lives" ဆိုတဲ့အတိုင်း၊ ဆန်းသစ်တဲ့ သုတေသနတွေ့ရှိချက်တွေကတစ်ဆင့် ရင်သားကင်ဆာ ဝေဒနာရှင်တွေရဲ့ သက်တမ်းနဲ့ လူနေမှုဘဝကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပေးနေပြီ ဖြစ်ပါတယ်။

🔬 သုတေသနတွေရဲ့ ကြိုးပမ်းမှုကြောင့် -
✅ဆန်းသစ်တဲ့ ကုသနည်းသစ်များ ပေါ်ပေါက်လာခြင်း
✅ပိုမိုတိကျတဲ့ စောစီးစွာ စစ်ဆေးမှုများ ပြုလုပ်နိုင်ခြင်း
✅ရင်သားကင်ဆာကို စောစီးစွာ သိရှိပါက သက်သာပျောက်ကင်းနိုင်ခြေ ပိုမိုမြင့်မားလာခြင်း တို့ ဖြစ်ပါတယ်။

📑 မိမိကိုယ်တိုင် ရင်သားစမ်းသပ် စစ်ဆေးနည်း (Breast Self-Examination) - အဆင့် (၃) ဆင့်

(အကောင်းဆုံးစမ်းသပ်ရန် အချိန် - ရာသီလာပြီး ၃ ရက်မှ ၅ ရက်အကြာ)

အဆင့် (၁) - မှန်ရှေ့တွင် ကြည့်ရှုခြင်း (Visual Check)
🔰မှန်ရှေ့တွင် တည့်မတ်စွာရပ်ပြီး လက်နှစ်ဖက်ကို ဘေးသို့ချကာ ရင်သား၏ ပုံသဏ္ဌာန်၊ အရွယ်အစားနှင့် အရေပြား ပြောင်းလဲမှု (ဥပမာ - ချိုင့်ဝင်ခြင်း၊ နီရဲခြင်း) ရှိမရှိ ကြည့်ပါ။
🔰ထို့နောက် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်၍ တစ်ကြိမ်၊ ခါးထောက်၍ တစ်ကြိမ် ပုံသဏ္ဌာန် ပြောင်းလဲမှုများကို စစ်ဆေးပါ။

အဆင့် (၂) - ရေချိုးရင်း သို့မဟုတ် မတ်တပ်ရပ်လျက် စမ်းသပ်ခြင်း (Physical Touch)
🔰လက်ချောင်းသုံးချောင်း (လက်ညှိုး၊ လက်လယ်၊ လက်သန်း) ၏ ထိပ်ပိုင်း (Finger Pads) ကို အသုံးပြုပါ။
🔰ဘယ်ဘက်ရင်သားကို စမ်းပါက ညာဘက်လက်ကို အသုံးပြု၍ စက်ဝိုင်းပုံစံ စမ်းသပ်ပါ။ (ဂျိုင်းအောက်မှသည် ရင်သားတစ်ပြင်လုံး ပါဝင်ရပါမည်)
🔰နို့သီးခေါင်းကို အသာလေး ညှစ်ကြည့်ပြီး ပုံမှန်မဟုတ်သော အရည် သို့မဟုတ် သွေး ထွက်မထွက် စစ်ဆေးပါ။

အဆင့် (၃) - ပက်လက်လှဲ၍ စမ်းသပ်ခြင်း (Lying Down)
🔰ပက်လက်လှဲပြီး စမ်းသပ်မည့်ဘက်၏ ပုခုံးအောက်တွင် ခေါင်းအုံး သို့မဟုတ် မျက်နှာသုတ်ပုဝါ ခေါက်ထည့်ထားပါ။
🔰အထက်ပါအတိုင်း လက်ချောင်းလေးများဖြင့် ညင်သာစွာ နှိပ်၍ အဖုအကျိတ် သို့မဟုတ် အသားမာ ရှိမရှိ အနှံ့ စမ်းသပ်ပါ။

💬 အသိပညာမျှဝေပြီး ချစ်ရသူတွေကို သတိပေးကြရအောင် -
"သင့်ရဲ့ အမေ၊ ညီမ၊ ဇနီး သို့မဟုတ် ချစ်ရသူတွေအတွက် ရင်သားကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိပေးစကား ဒါမှမဟုတ် အားပေးစကားလေး တစ်ခွန်းလောက် Comment မှာ ရေးခဲ့ပေးပါဦး!" 💬💬

👁️ National Eye Exam Month — Augustမျက်စိအမြင်အာရုံကောင်းနေတယ်လို့ ထင်ရုံနဲ့ Eye Exam မလိုတော့ဘူးလား? 🤔National Eye Exam...
17/08/2026

👁️ National Eye Exam Month — August

မျက်စိအမြင်အာရုံကောင်းနေတယ်လို့ ထင်ရုံနဲ့ Eye Exam မလိုတော့ဘူးလား? 🤔

National Eye Exam Month က ပုံမှန်မျက်စိစစ်ဆေးမှု (Regular Eye Check-up) ပြုလုပ်ဖို့ သတိပေးတဲ့ လအဖြစ် နှစ်စဉ် August လမှာ ကျင်းပလေ့ရှိပါတယ်။

အသက်အရွယ်၊ မျက်စိကျန်းမာရေး နဲ့ risk factors ပေါ်မူတည်ပြီး ပုံမှန်စစ်ဆေးသင့်ပါတယ်။ဒါကြောင့်မို့ ဘယ်အချိန်တွေမှာ 👁️ Eye Exam လုပ်သင့်သလဲ ဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

1. အမြင်အာရုံ ပြောင်းလဲလာတဲ့အခါ
2. မျက်စိညောင်းခြင်း၊ ခေါင်းကိုက်ခြင်း မကြာခဏဖြစ်တဲ့အခါ
3. အမြင်အာရုံမှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါ
4. မျက်စိရောဂါဖြစ်နိုင်ခြေ ပိုများသူများ (ဆီးချို ၊ သွေးချို ၊ အသက်အရွယ်ကြီးလာခြင်း ) တွေမှာ ဆိုရင် Eye Exam ကိုပုံမှန် လုပ်သင့်ပါတယ် ။

ခုလိုမျိုး 🔍 Early Detection တွေကပဲ Glaucoma (ရေတိမ်), Cataract (အတွင်းတိမ်) နဲ့ Macular Degeneration (မျက်စိအလယ်ဗဟိုမြင်ကွင်းပျက်စီးခြင်း) စတဲ့ မျက်စိရောဂါတွေကို အစောပိုင်းမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

✨ မျက်စိကျန်းမာရေးအတွက် လက္ခဏာပေါ်လာမှ စောင့်မနေပါနဲ့။
Regular Eye Exam တစ်ခုက သင့်မျက်စိနဲ့ ကျန်းမာရေးကို ပိုမိုဂရုစိုက်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။

👁️ See Clearly. Care for Your Eyes.

⚖️ ဝိတ်ချတာက အလှအပအတွက်ပဲလား?မဟုတ်ပါဘူး။ ❌အဝလွန်ခြင်း (Obesity) ဆိုတာ အလှအပဆိုင်ရာကိစ္စတစ်ခုထက်ပိုပြီး ရေရှည်ကျန်းမာရေးန...
14/08/2026

⚖️ ဝိတ်ချတာက အလှအပအတွက်ပဲလား?
မဟုတ်ပါဘူး။ ❌
အဝလွန်ခြင်း (Obesity) ဆိုတာ အလှအပဆိုင်ရာကိစ္စတစ်ခုထက်ပိုပြီး ရေရှည်ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ အဆီတွေ အလွန်အမင်း စုပုံလာတဲ့အခါ 👇
🔸 Type 2 Diabetes (ဆီးချိုရောဂါ)
🔸 သွေးတိုးရောဂါ
🔸 နှလုံးသွေးကြောဆိုင်ရာရောဂါ
🔸 Sleep Apnea (အိပ်နေစဉ် အသက်ရှူရပ်ခြင်း)
🔸 အဆစ်အမြစ်နာကျင်မှု
စတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာနိုင်ပါတယ်။

🌱 ဒါဆို Weight Management ကို ဘယ်လိုစမလဲ?
ဝိတ်ချဖို့ဆိုတာ အစာမစားဘဲနေဖို့ မဟုတ်ပါဘူး။
🥗 အာဟာရမျှတအောင် စားပါ။သကြားပါဝင်တဲ့ အချိုရည်တွေ၊ အဆီများတဲ့အစားအစာတွေကို
လျှော့ပါ။

🏃‍♀️ ပုံမှန်လှုပ်ရှားပါ။နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ပေးပါ။

😴 အိပ်ရေးဝအောင် အိပ်ပါ။ကျန်းမာတဲ့ နေထိုင်မှုပုံစံအတွက် အိပ်စက်ခြင်းကလည်း အရေးကြီးပါတယ်။

⚖️ တဖြည်းဖြည်းနဲ့ ကျန်းမာစွာ ဝိတ်လျှော့ပါ။အမြန်ပိန်ဖို့ထက် ရေရှည်ထိန်းသိမ်းနိုင်ဖို့က ပိုအရေးကြီးပါတယ်။


Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00

Telephone

+951203395

Alerts

Be the first to know and let us send you an email when Incepta Pharma Pte. Ltd, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Incepta Pharma Pte. Ltd, Myanmar:

Shortcuts

Share