ကျန်းမာရေး နှင့် အထွေထွေဗဟုသုတ

  • Home
  • Myanmar
  • Yangon
  • ကျန်းမာရေး နှင့် အထွေထွေဗဟုသုတ

ကျန်းမာရေး နှင့် အထွေထွေဗဟုသုတ လူတိုင်း ကျန်းမာရေး နှင့်
အထွေထွေ ဗဟုသုတများကို
သိရှိစေရန်အတွက်ဖြစ်သည်။
(3)

နင့်ဟာက ဟုတ်ပါ့မလား မောင်လင်းရယ် ...ငါ့အသက် ၆၅‌ နှစ် ကျော် လာပြီ...အိုးတိုက် အိုးဆေး ၊ချေးတိုက် ချေးတွန်း အတွက်ပဲ..ဒီ အသ...
09/07/2026

နင့်ဟာက ဟုတ်ပါ့မလား မောင်လင်းရယ် ...
ငါ့အသက် ၆၅‌ နှစ် ကျော် လာပြီ...
အိုးတိုက် အိုးဆေး ၊ချေးတိုက် ချေးတွန်း အတွက်ပဲ..
ဒီ အသီးကို သုံးခဲ့တာ...

ခု နင်ပြောမှပဲ ဒီအသီးက ...?

ဒါနဲ့နေပါအုန်း နင်ပြောသလိုဆို ဟို ...ခါလန်းရွာက ဆီးချိုသမားတွေ စားနေတဲ့ အစေ့လေးတွေက
ဒီအသီးက အစေ့တွေပေါ့ ဟုတ်လား တဲ့။

အမှန်ပဲပေါ့ အရီးလေးရယ်...
ဒါကြောင့် ကျနော်က ပြောတာ...
အရီးလေးအိမ်နောက်မှ ပြုတ်သိပ်နေအောင်သီးနေတဲ့ သပွတ်ခါးသီးတွေ ရှိနေပါလျက်နဲ့...
ဘာကိစ္စ ပိုက်‌ဆံအကုန်ခံပြီး ဆီးချိုကျဆေး ‌
ဝယ်သောက်နေရတာတုန်း...?

ဟဲ့ ငါက ပေါက်ကရတွေ မစားရဲမသောက်ရဲ့လို့လေ..
ပြီးတော့ ခုလိုလည်း သိမှ မသိတာ...
ကောင်လေး တကယ်သက်သာတာရော ဟုတ်ရဲ့လား တဲ့။

အရီးမယုံရင် အမတင်မြတို့ညီမကို သွားမေးကြည့်ဗျာ။
သူတို့ကိုလည်း ဒီနည်းလမ်းပဲပေးထားတာ အဆင်ပြေနေပြီ။

ဆီးချိုဆိုတဲ့ရောဂါက အရှင်းပျောက်ဖို့ဆိုတာ အလွန်ခက်တယ်မို့လား..?
အဓိက က ဆီချိုပိုပြီးမတက်ဖို့နဲ့ ဖြည်းဖြည်းခြင်း လျော့ချသွားအောင် လုပ်နိုင်ရင် အဆင်ပြေတာပဲ။
ဒီ သပွတ်ခါးသီးအစေ့ကတော့ အဲ့ဒီလို လုပ်ပေးနိုင်တဲ့ အာနိသင် အပြည့်ရှိတယ်။

ဒီမှာအရီးလေး...
ဒီသပွတ်ခါးသီး အစေ့ကို အခွံခွာပြီး ပထမဆုံး စပြီးစားတဲ့နေ့မှာ ၂စေ့ စား၊
(စပြီး မစားခင် ဆီးချိုတိုင်းထား)
နောက်နေ့တွေမှာ နေ့စဉ် အစေ့ တစ်စေ့ ပုံမှန် စားပေး။
(၇ ရက် ပြည့်တဲ့အခါ ဆီးချိုပြန်တိုင်းကြည့်)
မူလတိုင်းထားတာထက် တိုးနေတာမျိုးဖြစ်ခဲ့ရင်
ကြိုက်သလိုသာ ပြော။
တခုတော့ရှိတယ် ကျနော်က အာမခံတယ်ဆိုတာနဲ့
မတည့်တာတွေတော့ မစားနဲ့ပေါ့။

မိတ်ဆွေတို့သိလား...?
ရွာထဲကမြက် ရွာနွားမစားဘူး ဆိုတဲ့ စကား...
အမှန်တော့ အဲ့ဒီစကားရဲ့ရည်ရွယ်ချက်က
အနားမှာရှိတဲ့အရာဆို တန်ဖိုးမထားချင်ကြတဲ့
အကောင်းမထင်ကြတဲ့ သူတွေကို နွားတွေလို့ ပြောတာ😎 (ဟိဟိ)
ကျနော်က မြက် ဖြစ်သည်ပေါ့🤣

ယုံကြည်လို့ပဲ လုပ်လုပ်
ငွေကုန်ကြေးကျ သက်သာလို့ပဲ လုပ်လုပ်
စမ်းသက်ကြည့်ချင်တံ့သဘောနဲ့
သံသယစိတ်နဲ့ပဲလုပ်လုပ်...
ကျနော်ပြောတဲ့နည်းလမ်းအတိုင်း လုပ်လိုက်လို့...
အရီးတို့လို အဆင်ပြေ သက်သာသွားခဲ့မယ်ဆိုရင်..

ကျေးဇူးတင်လိုက်တာ မောင်လင်းရေဆိုတဲ့ စကားက
ကျနော့်အတွက်တော့ အဖိုးအခ ရတာထက် ပိုပြီး..
ပီတိဖြစ်ရသလို နေ့စဉ်နဲ့အမျှ ဝေဒနာသက်သာကြောင်း၊ ကျေးဇူးတင်ကြောင်း လာရောက် ပြောဆိုသူတွေရှိလို့ စိတ်ချမ်းသာရပါတယ်။

ဆိုတော့..
မိတ်ဆွေတို့အနေနဲ့လဲ လိုအပ်ပါက စမ်းကြည့်ပါ။
ဆီးချိုရောဂါအတွက်မှ မဟုတ်ပါဘူး..?
သပွတ်ခါးသီးဟာ ကျန်းမားရေးအတွက် အလွန်အသုံးဝင်သလို အခြားသောရောဂါများစွာအတွက်လည်း အသုံးဝင်ပါတယ်။

လေဖျန်း လေဖြတ်ရောဂါဖြစ်မှာကြောက်တဲ့သူတွေ
သပွတ်အူကို ဆားကြမ်းနဲ့နှယ်ပြီး ခြေဖဝါးနဲ့
ခြေထောက်တလျောက် ‌ပွတ်တိုက်ပေးပါ။

ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ။

ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏

ချစ်ခြင်းမေတ္တာဖြင့်...
👤လယ်တွင်းသား
(ပန်းလောင်မြေ)

မှိုတက်တာမှန်သမျှ အန္တရာယ်ပါ
10/01/2024

မှိုတက်တာမှန်သမျှ အန္တရာယ်ပါ

အပြည့်အစုံဖတ်ရန် နှိပ်ပါ။

ယားနာ၊ အနာစက်နှင့် လက်သည်းပူလောင်ခြင်းတို့အတွက် ဆေးနည်းကောင်းလေး
10/01/2024

ယားနာ၊ အနာစက်နှင့် လက်သည်းပူလောင်ခြင်းတို့အတွက် ဆေးနည်းကောင်းလေး

အပြည့်အစုံဖတ်ရန် နှိပ်ပါ။

ပဲထောပတ်စားသုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
09/01/2024

ပဲထောပတ်စားသုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

အပြည့်အစုံဖတ်ရန် နှိပ်ပါ။

Address

Yangon

Telephone

+9513684488

Website

Alerts

Be the first to know and let us send you an email when ကျန်းမာရေး နှင့် အထွေထွေဗဟုသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share