Wellington Pharmacy Myanmar

Wellington Pharmacy Myanmar A trusted Pharmacy you can rely on for all your medical needs.

🎉 ဝယ်လင်တန်ရဲ့ နောက်ထပ်ဖွင့်လှစ်မယ့် ဆိုင်ခွဲအသစ်က ဘယ်မြို့နယ်မှာလဲ၊ ဘယ်နှစ်ဆိုင်မြောက်လဲဆိုတာခန့်မှန်းပြီး ဆုလက်ဆောင်တွ...
24/08/2026

🎉 ဝယ်လင်တန်ရဲ့ နောက်ထပ်ဖွင့်လှစ်မယ့် ဆိုင်ခွဲအသစ်က ဘယ်မြို့နယ်မှာလဲ၊ ဘယ်နှစ်ဆိုင်မြောက်လဲဆိုတာခန့်မှန်းပြီး ဆုလက်ဆောင်တွေ ကံစမ်းလိုက်ရအောင်... 🤩🥳

ဝယ်လင်တန်ရဲ့ နောက်ထပ်ဖွင့်လှစ်မယ့် ဆိုင်ခွဲအသစ်လေးရဲ့ မြို့နယ်ကိုတော့ ပုံမှာပြထားတဲ့ Emoji လေးကိုကြည့်ပြီး ခန့်မှန်းဖြေဆိုပါ။

▪️ဒီပို့စ်ကို Like & Share လုပ်ပါ။
▪️အဖြေ ၂ ခုနဲ့ အတူ Share ထားတဲ့ SS လေးလည်း တွဲပြီးမန့်ပေးပါ။

ဩဂုတ်လ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပါဝင်ဖြေဆိုနိုင်ပြီး အဖြေမှန်တဲ့ ကံထူးရှင် ၁၀ ဦးကို ၁၀,၀၀၀ ကျပ်တန်ဖိုးရှိ ဝယ်လင်တန်ရဲ့ လက်ဆောင်တွေကို လက်ဆောင်ပေးသွားမှာပါ။

အငြင်းပွားဖွယ်တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဝယ်လင်တန်မှ တာဝန်ရှိသူများရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။

အခုလို ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားမှုများပြားနေချိန်မှာ အိမ်တိုင်းဆောင်ထားသင့်တဲ့ BPI ဓါတ်ဆားထုပ်လေးကို ဝယ်လင်တန်...
21/08/2026

အခုလို ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားမှုများပြားနေချိန်မှာ အိမ်တိုင်းဆောင်ထားသင့်တဲ့ BPI ဓါတ်ဆားထုပ်လေးကို ဝယ်လင်တန်ဆိုင်တိုင်းမှာ အခမဲ့ရယူနိုင်ပါပြီ.. 💚

ဝယ်လင်တန်ဆိုင်တွေမှာ ဘာပဲဝယ်ဝယ်၊ ဘယ်လောက်ဖိုးပဲဝယ်ဝယ် လိုအပ်သူများ ဓါတ်ဆားထုပ်တစ်ထုပ်စီ အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့ကစပြီး သတ်မှတ်ထားတဲ့ ဝယ်လင်တန်ဆိုင်တွေမှာ ပစ္စည်းလက်ကျန်ရှိသလောက်ပဲ ရရှိမှာဖြစ်ပြီးဓါတ်ဆားထုတ် အခမဲ့ ရယူလိုတယ်ဆိုရင်တော့ ငွေမရှင်းခင် ငွေရှင်းကောင်တာမှာ ကြိုတင်အသိပေးဖို့ လိုအပ်ပါတယ်။

အငြင်းပွားဖွယ်တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက Wellington မှ တာဝန်ရှိသူများရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။

လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးသုံး ပစ္စည်းတွေကို အိမ်မှာပဲ အေးဆေးနားရင်း foodpanda ကနေ အလွယ်တကူ မှာယူလိုက်ပါ.. 💊✨ဩဂုတ်လ ...
20/08/2026

လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးသုံး ပစ္စည်းတွေကို အိမ်မှာပဲ အေးဆေးနားရင်း foodpanda ကနေ အလွယ်တကူ မှာယူလိုက်ပါ.. 💊✨

ဩဂုတ်လ ၂၁ ရက်မှ ၃၁ ရက်နေ့အတွင်း foodpanda app ကတစ်ဆင့် ဝယ်လင်တန် ဆေးဆိုင်မှာ ကျပ် ၁၆,၀၀၀ ဖိုးနဲ့အထက် မှာယူပြီး Promo Code မှာ "ZAYWAL" လို့ ထည့်သွင်းလိုက်တာနဲ့ ၃,၀၀၀ ကျပ် လျှော့ဈေး ချက်ချင်း ရရှိမှာပါ.. 🤩🛒

Voucher အရေအတွက် ကန့်သတ်ချက် ရှိတာမို့ ပူအေးမျှတ ကျန်းမာစေဖို့ လိုအပ်တဲ့ ဆေးဝါးလေးတွေကို အခုပဲ အမြန်ဆုံး မှာယူလိုက်ပါ.. 💖📦

ဈေးဝယ်သူ မိတ်ဆွေတွေ ကျန်းမာစွာ လှပ နိုင်စေဖို့ နေ့စဉ်အလှအပနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ မျက်နှာသစ်ဆ...
19/08/2026

ဈေးဝယ်သူ မိတ်ဆွေတွေ ကျန်းမာစွာ လှပ နိုင်စေဖို့ နေ့စဉ်အလှအပနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ မျက်နှာသစ်ဆေး၊ ရေချိုးဆပ်ပြာ၊ ရှန်ပူ၊ လိုးရှင်းနဲ့ ဆံပင်ပေါင်းဆေး အမျိုးအစားအစုံအလင်ကို ဝယ်လင်တန်ဆိုင်တိုင်းမှာ အထူးလျှော့ဈေးတွေနဲ့ ရရှိနိုင်ပါပြီ..

ဩဂုတ်လ ၃၁ ရက်နေ့အထိ လူကြိုက်များပြီး အရည်အသွေးမြင့်တဲ့ ပစ္စည်းမျိုးစုံကို ပစ္စည်းလက်ကျန်ရှိသလောက် ဈေးတန်တန်နဲ့ စိတ်ကြိုက်ဝယ်ယူနိုင်မှာဖြစ်လို့ လိုအပ်တာအားလုံး ဝယ်လင်တန်မှာ လာဝယ်လိုက်ပါ။

ဝယ်လင်တန် ဆေးဆိုင်မှာ ဆေးဝါးတွေ ပဲ ရတာ မဟုတ်ပါဘူး..  အိမ်တွင်းသန့်ရှင်းရေးနဲ့ ဆေးကြောလျှော်ဖွတ်ရေးအတွက် အရည်အသွေးအကောင်း...
18/08/2026

ဝယ်လင်တန် ဆေးဆိုင်မှာ ဆေးဝါးတွေ ပဲ ရတာ မဟုတ်ပါဘူး.. အိမ်တွင်းသန့်ရှင်းရေးနဲ့ ဆေးကြောလျှော်ဖွတ်ရေးအတွက် အရည်အသွေးအကောင်းဆုံး အစွန်းချွတ်ဆေး၊ အဝတ်လျှော်ဆပ်ပြာနဲ့ ရေချိုးခန်းသုံး ဆပ်ပြာ ပစ္စည်းမျိုးစုံကိုလည်း ဝယ်လင်တန်ဆိုင်တိုင်းမှာ ရရှိနိုင်ပါပြီ.. ✨

ဩဂုတ်လ ၃၁ ရက်နေ့အထိ ပစ္စည်းလက်ကျန်ရှိသလောက် လျှော့ဈေးတွေလည်းရရှိမှာဖြစ်လို့ အိမ်အသုံးအဆောင် သန့်ရှင်းရေးပစ္စည်းတွေကိုတစ်နေရာတည်းမှာ ဝယ်ယူနိုင်ဖို့ ဝယ်လင်တန်ကိုသာ အရောက်လာခဲ့ပါ။

ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေသာမက အိမ်တိုင်းမှာ နေ့စဉ်လိုအပ်တဲ့ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မုတ်ဆိတ်ရိတ်ဓား (ဂျုတ်)...
17/08/2026

ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေသာမက အိမ်တိုင်းမှာ နေ့စဉ်လိုအပ်တဲ့ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မုတ်ဆိတ်ရိတ်ဓား (ဂျုတ်) နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း စတာတွေကို လည်း ဝယ်လင်တန်ဆိုင်တွေမှာ အစုံအလင်ဝယ်ယူရရှိနိုင်ပါပြီ..

ဩဂုတ်လ ၃၁ ရက်နေ့အထိ ပစ္စည်းလက်ကျန်ရှိသလောက် လျှော့ဈေးတွေနဲ့ ရောင်းချပေးမယ့်အစီအစဉ်လည်းရှိတာကြောင့် အရည်အသွေးကောင်းမွန်ပြီး ယုံကြည်စိတ်ချရတဲ့ ပစ္စည်းမျိုးစုံကို မိသားစုသုံးအတွက်ရော ကိုယ်တိုင်သုံးအတွက်ပါ ဝယ်လင်တန်မှာ လာရောက်ဝယ်ယူလိုက်ပါ။

🧻✨ မိသားစုတိုင်း၊ အိမ်တိုင်းအတွက် အိမ်မှာသုံးသုံး၊ အပြင်သွားရင်ပဲ ယူသွားသွား အမြဲတမ်းအသုံးဝင်မယ့် g&g တံဆိပ် Wet Tissue ...
15/08/2026

🧻✨ မိသားစုတိုင်း၊ အိမ်တိုင်းအတွက် အိမ်မှာသုံးသုံး၊ အပြင်သွားရင်ပဲ ယူသွားသွား အမြဲတမ်းအသုံးဝင်မယ့် g&g တံဆိပ် Wet Tissue လေးတွေကို ဝယ်လင်တန်မှာ ဝယ်ထားလိုက်ပါ။

ဝယ်လင်တန်ဆိုင်တိုင်းမှာ ရရှိနိုင်ပြီး လွယ်အိတ်ထဲမှာပဲဖြစ်ဖြစ်၊ ဘောင်းဘီအိတ်ထဲမှာပဲဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ ဆောင်ထားလို့ရပါတယ်။

သန့်ရှင်းမှုကို ပိုမိုဂရုစိုက်ပြီး ကိုယ် နဲ့ ကိုယ့်ချစ်သူများ, မိသားစုများရဲ့ကျန်းမာရေး အတွက် ကြိုတင်ကာကွယ်လို့ရပြီပေါ့။ 💚

"လိုအပ်နေသူတို့ဖေးကူ Retail မိသားစုအလှူ" ဆိုတဲ့အတိုင်း Capital Retail, g&g Convenience Store, Wellington Pharmacy နဲ့ Ca...
15/08/2026

"လိုအပ်နေသူတို့ဖေးကူ Retail မိသားစုအလှူ" ဆိုတဲ့အတိုင်း Capital Retail, g&g Convenience Store, Wellington Pharmacy နဲ့ Capital လက်ကား မိသားစုများရဲ့ ကုသိုလ်ဒါနလေးကို မြင်တွေ့သူတိုင်း ကြည်နူးဝမ်းမြောက်နိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးပတောကျေးရွာမှာရှိတဲ့ ဝါးပတောဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ရာဟုလာဘုန်းတော်ကြီးကျောင်း) နဲ့

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၃၅ လမ်း၊ ၉၁ လမ်း၊ အမှတ် ၇ ရဲစခန်းအနီးမှာရှိတဲ့ စိန်ပန်းဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှာ ဆန်၊ g&g ကိတ်ခြောက်၊ အသင့်စားခေါက်ဆွဲထုပ်တွေနဲ့ ကလေးတွေအတွက် စာအုပ်တွေကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒီလိုအလှူဒါနတွေ ဖြစ်မြောက်လာတာဟာ အမြဲတမ်းအားပေးဝယ်ယူတဲ့ ချစ်ခင်လေးစားရတဲ့ ဈေးဝယ်သူတွေကြောင့်ပါပဲ။

ဆက်လက်ပြီးလည်း တခြားသော အကူအညီလိုအပ်တဲ့ နေရာတွေမှာ ပံ့ပိုးလှူဒါန်းသွားဖို့ စီစဉ်လျက်ရှိပါတယ် ဆိုတဲ့အကြောင်း ကြိုတင် အသိပေးလိုက်ပါတယ်ရှင်..

အားပေးဝယ်ယူခဲ့ကြတဲ့ မိတ်ဆွေများ အားလုံးလည်း ကုသိုလ်ထပ်တူရရှိအောင် သာဓုခေါ်နိုင်ကြဖို့အတွက် ကုသိုလ်အမျှ ပေးဝေငှအပ်ပါတယ်။





#မြန်မာ့အကောင်းဆုံးConvenienceStore

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ ဘာလဲ? ဝမ်းပျက်ဝမ်းလျှောလက္ခဏာတွေကို Wellington Pharmacy နဲ့အတူ လေ့လာလိုက်ကျရအောင်ဝမ်းရောဂါဖြ...
13/08/2026

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ ဘာလဲ?
ဝမ်းပျက်ဝမ်းလျှောလက္ခဏာတွေကို Wellington Pharmacy နဲ့အတူ လေ့လာလိုက်ကျရအောင်

ဝမ်းရောဂါဖြစ်လာရင် ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ?

• ဝမ်းပျော့ပျော့၊ အရည်ဝမ်းသွားခြင်း
• ပုံမှန်ထက် ဝမ်းသွားအကြိမ်ရေ များလာခြင်း
• ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း
• အန်ခြင်း သို့မဟုတ် ပျို့ခြင်း
• ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်များ ဆုံးရှုံးလာခြင်းကြောင့် အားနည်းခြင်း၊ မူးဝေခြင်း၊ ပါးစပ်(အာခေါင်)ခြောက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် ရေဓာတ်ဆုံးရှုံးခြင်း (Dehydration) က ဝမ်းလျှောရောဂါမှာ အရေးကြီးဆုံး သတိထားရမယ့်အချက်တစ်ခုပါ။

ဘယ်အချိန်မှာ ဆေးခန်းသွားသင့်လဲ?

ဝမ်းထဲမှာ သွေးပါလာခြင်း၊ ရေဓာတ်အလွန်အမင်းဆုံးရှုံးခြင်း လက္ခဏာများရှိခြင်း၊ အဖျားမြင့်ခြင်း၊ ဝမ်းလျှောတာ ဆက်လက်ဖြစ်နေခြင်း သို့မဟုတ် အခြေအနေပြင်းထန်လာခြင်းရှိပါက မိမိဘာသာဆေးသောက်ပြီး စောင့်မနေဘဲ နီးစပ်ရာ ဆေးခန်း/ဆေးရုံကို သွားရောက်ပြသပါ။

ကိုယ့်ကျန်းမာရေးက ကိုယ့်အတွက်တင်မဟုတ်ပါဘူး။
ကိုယ်ချစ်ရတဲ့မိသားစုအတွက်လည်း အရေးကြီးပါတယ်။

Wellington Pharmacy မှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဓာတ်ဆားရည် (ORS) နှင့် အခြားကျန်းမာရေးသုံးပစ္စည်းများ ရရှိနိုင်ပါတယ်။

မသေချာရင် မိမိဘာသာ ခန့်မှန်းမကုသဘဲ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဖို့ Wellington Pharmacy ကနေတိုက်တွန်းလိုက်ပါတယ်။


#ဝမ်းရောဂါ #ဝမ်းလျှော

Address

No. 14-E, Min Nandar Road, Dawbon Township
Yangon
11241

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Wellington Pharmacy Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wellington Pharmacy Myanmar:

Shortcuts

Share