PYAE WA Pharmacy

PYAE WA Pharmacy Pharmacy

-နှစ်ဖက်ချွန်အားဆေး သောက်မယ်ဆိုရင် ……….  (ကောင်းကျိုး/ဆိုးကျိုး အစုံအလင်)မင်္ဂလာပါခင်ဗျာ... ဒေါက်တာရဲ ပါ။ ဒီနေ့တော့ ကျွန...
04/01/2026

-နှစ်ဖက်ချွန်အားဆေး သောက်မယ်ဆိုရင် ……….

(ကောင်းကျိုး/ဆိုးကျိုး အစုံအလင်)

မင်္ဂလာပါခင်ဗျာ... ဒေါက်တာရဲ ပါ။

ဒီနေ့တော့ ကျွန်တော်တို့မြန်မာပြည်မှာ လူကြီးလူငယ်မရွေး တော်တော်လေးရင်းနှီးပြီးသားဖြစ်တဲ့ "နှစ်ဖက်ချွန်" လို့ လူသိများတဲ့ ဆေးအကြောင်းလေး ပြောပြပေးချင်ပါတယ်။

တော်တော်များများက "အားမရှိရင် ဒါလေးဖောက်သောက်လိုက်၊ အားပြည့်တယ်" ဆိုပြီး သောက်လေ့ရှိကြပါတယ်။ တကယ်ရော လူတိုင်းနဲ့ တည့်ရဲ့လား။ ဆက်ဖတ်ကြည့်လိုက်ရအောင်။

🟢 (နှစ်ဖက်ချွန်အားဆေး) ဆိုတာ ဘာလဲ
သူက သာမန်အားဆေးသက်သက် မဟုတ်ပါဘူး။ အဓိကအားဖြင့် သံဓာတ် (Iron) ပါဝင်သလို ကြေးနီဓာတ် (Copper) နဲ့ မန်ဂနိစ် (Manganese) တို့ ပေါင်းစပ်ထားတဲ့ သွေးအားဖြည့်ဆေးရည် တစ်မျိုးဖြစ်ပါတယ်။

🟢 ဘယ်လိုလူတွေ သောက်သင့်လဲ
ဒီဆေးက အောက်ပါအချက်တွေရှိမှ သောက်သင့်တဲ့ ဆေးပါ။

✅ သံဓာတ်ချို့တဲ့လို့ သွေးအားနည်းနေသူများ (Iron Deficiency Anemia): မျက်ခမ်းဖြူဖျော့နေမယ်၊ မောပန်းလွယ်မယ်၊ ဆံပင်ကျွတ်မယ်၊ ရင်တုန်မယ် စတဲ့လက္ခဏာတွေရှိပြီး သွေးစစ်ကြည့်လို့ သွေးအားနည်းနေမယ်(သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်း) ဆိုရင်သောက်သင့်ပါတယ်။

✅ ကိုယ်ဝန်ဆောင်မိခင်များ: ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်လိုအပ်ချက်များလာလို့ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နိုင်ပါတယ်။

✅ ခွဲစိတ်ကုသမှု ခံယူထားသူများ: ခွဲစိတ်မှုကြောင့် သွေးဆုံးရှုံးမှုများထားသူတွေ ပြန်လည်သောက်သုံးသင့်ပါတယ်။

🔴 ဘယ်သူတွေ လုံးဝ (လုံးဝ) မသောက်သင့်ဘူးလဲ
ဒါက အရေးအကြီးဆုံးအချက်ပါပဲ။

❌ Thalassemia (သာလာဆီးမီးယား) လို့ခေါ်တဲ့ မွေးရာပါ သွေးအားနည်းရောဂါ) ရှိသူများ:
ဒီရောဂါရှိသူတွေက ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ ပုံမှန်ထက် ပိုများနေတတ်ပါတယ်။ ထပ်သောက်လိုက်ရင် သံဓာတ်အဆိပ်သင့်ပြီး အသည်းနဲ့ နှလုံးကို ထိခိုက်စေနိုင်လို့ လုံးဝမသောက်ရပါဘူး။

❌ သံဓာတ် ပုံမှန်ရှိနေသူများ: ဘာရောဂါမှမရှိဘဲ အားဆေးသဘောမျိုးနဲ့ ရေရှည်စွဲသောက်ရင် သံဓာတ်ပိုလျှံပြီး ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ပါတယ်။

⚠️ သောက်သုံးခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

* ကောင်းကျိုး: သံဓာတ်ချို့တဲ့သူတွေအတွက် သွေးအားအမြန်တက်စေတယ်။ အရည်ပုံစံဖြစ်လို့ စုပ်ယူမှုအားကောင်းတယ်။

* ဆိုးကျိုး (ဘေးထွက်လက္ခဏာများ):
* ဝမ်းအရောင် မည်းသွားတတ်ပါတယ် (ဒါက ပုံမှန်ပါပဲ၊ မလန့်ပါနဲ့)။
* သွားအရောင် ညိုမည်းတတ်ပါတယ် (ဒါကြောင့် ပိုက် (Straw) လေးနဲ့ စုပ်သောက်တာ ပိုကောင်းပါတယ်)။

* တချို့လူတွေမှာ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဝမ်းချုပ်တာ သို့မဟုတ် ဝမ်းလျှောတာမျိုး ဖြစ်တတ်ပါတယ်။

💡 အကြံပြုချက်

နှစ်ဖက်ချွန်ဆေး သောက်မယ်ဆိုရင် အစာမစားခင် (သို့) အစာစားပြီး ၂ နာရီလောက်ခြားပြီး သောက်တာ အကောင်းဆုံးပါ။ Vitamin C ပါတဲ့ သံပုရာရည်၊ လိမ္မော်ရည်တို့နဲ့ တွဲသောက်ရင် သံဓာတ်စုပ်ယူမှု ပိုကောင်းစေပါတယ်။ (ကော်ဖီ၊ လက်ဖက်ရည်နဲ့တော့ တွဲမသောက်ရပါဘူးနော်)။

ကိုယ့်မှာ သွေးအားနည်းတာက သံဓာတ်လိုလို့လား၊ တခြားအကြောင်းအရင်းကြောင့်လားဆိုတာ သေချာစစ်ဆေးပြီးမှ သောက်သုံးကြဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။

-(စာဖတ်သူမိတ်ဆွေတို့ထဲမှာရော အားရှိအောင်ဆိုပြီး နှစ်ဖက်ချွန်ဆေးကို နေ့တိုင်းသောက်နေတဲ့သူတွေ ရှိလား... ရှိရင် Comment မှာ မန့်ခဲ့ပေးပါဦးနော် )

-ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုဖို့ Dr. Ye Page ကို See First လုပ်ထားဖို့ မမေ့နဲ့နော်။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

#ကျန်းမာရေးဗဟုသုတ #သွေးအားနည်းရောဂါ

လာနီညာအရှိန်ကြောင့် ထူးကဲအအေးပိုမယ့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာလာမယ့် ဇန်နဝါရီ ၈ ရက်မှ ၁၃ ရက်နေ့အ...
04/01/2026

လာနီညာအရှိန်ကြောင့် ထူးကဲအအေးပိုမယ့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာ

လာမယ့် ဇန်နဝါရီ ၈ ရက်မှ ၁၃ ရက်နေ့အတွင်း ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသအချို့ကို လာနီညာက ပို့လွှတ်လိုက်တဲ့ ပစိဖိတ်သမုဒ္ဒရာထဲက လေအေးတွေဟာ အရှိန်ကောင်းကောင်းနဲ့ အရှေ့ဘက်ကနေ ဖြတ်ကျော်ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ရက်ပိုင်းအတွင်း နေ့ရောညပါ ထူးထူးခြားခြား သိသိသာသာ အအေးပိုပါလိမ့်မယ်။ အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်က လေပြင်းလေအေးတွေလည်း တိုက်ခတ်ပါလိမ့်မယ်။ မြန်မာပြည်မှာတော့ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယား၊ ရှမ်းအရှေ့ပိုင်း၊ ရှမ်းတောင်ပိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းအရှေ့ခြမ်းတို့က ၈ ရက်နေ့ကစပြီး အရင်အေးလာမှာဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မကွေးတိုင်းအောက်ပိုင်း၊ ရခိုင်တောင်ပိုင်းတို့က ၁ရက်၂ရက် နောက်ကျပြီး အေးလာပါမယ်။ လက်ရှိမှာလည်း အေးနေပါတယ်ဆိုတဲ့ဒေသများ အဲ့ရက်ပိုင်းမှာ ဒီထက်ပိုအေးလာပါမယ်။

မသိသေးသူများ သိရအောင် ပြန်လည်မျှဝေပေးပါ...
ဖတ်ရှုသူအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းကြပါစေခင်ဗျာ...

4-01-2026/12:00PM
#ဒေါက်တာစိုင်းခွန်အာကာ

Address

No. B/16, Main Road Of Pyi Taw Thar Quarter, Hlegu
Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959973992094

Website

Alerts

Be the first to know and let us send you an email when PYAE WA Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PYAE WA Pharmacy:

Shortcuts

Share