Wai Wai- Cosmetics and Clothes

Wai Wai- Cosmetics and Clothes ဝက်ခြံတွေကြောင့်စိတ်ညစ်နေမလား... မင်မင်နဲ့တွေ့ရင် ဝက်ခြံလဲပျောက်မယ်မျက်နှာလေးလဲ glow စေမယ်နော်

04/02/2023

ဝေအရမ်းကြွေနေရတဲ့ kota hair colourလေးတေပါရှင်

Skincare အသုံးပြုပုံ အဆင့်ဆင့်...... ☀️မနက်ပိုင်း (၁) မျက်နှာသစ်ပါ။(၂) Toner လိမ်းပါ။(၃) ပြီးရင်serum လိမ်းပေးပါ။(၄) အစိ...
01/02/2023

Skincare အသုံးပြုပုံ အဆင့်ဆင့်......

☀️မနက်ပိုင်း

(၁) မျက်နှာသစ်ပါ။
(၂) Toner လိမ်းပါ။
(၃) ပြီးရင်serum လိမ်းပေးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။
(၅) ပြီးရင် နေလောင်ကာ sunscreen လိမ်းပေးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

🌚ညပိုင်း

✅ညဖက် Skincare သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။
✅ဒါပေမယ့် sunscreen နဲ့ makeup လုံးဝမသုံးသင့်ပါ
✅အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။
✅အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။

🔥သတိပြုစရာ အချက်များ.......

(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ အခြား skincare တွေဆက်သုံးပါ။
(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။
(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် ဘာမှမသုံးဘဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်ပါတယ်။

crd

Morning 💦💦မနက်ခင်းကို ရေသောက်ပြီး စတင်မယ်.... 🏃‍♀️မိမိတို့ရဲ့ ကျန်းမာရေး အတွက်.... 💧 ရေ 💧 က အများကြီး ကူညီပေးတယ်....တခြာ...
31/01/2023

Morning 💦💦

မနက်ခင်းကို ရေသောက်ပြီး စတင်မယ်.... 🏃‍♀️

မိမိတို့ရဲ့ ကျန်းမာရေး အတွက်....
💧 ရေ 💧 က အများကြီး ကူညီပေးတယ်....

တခြားအချိန်တွေ အပြင် ရေသောက်သင့်တဲ့အချိန်
💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦

(အိပ်ယာထချိန်) ဝမ်းနဲ့ ကလီစာ သန့်စင်ပေးဖို့....

(အစာမစားမှီ) အစာချေရည် ပြင်းအားလျော့ချဖို့....

(ရေမချိုးမှီ) သွေးဖိအား/သေွးတိုး လျော့ချဖို့....

(အိပ်ယာ မဝင်မှီ) ရေဓာတ်ဖြည့်ဖို့ ....

ဒီနေ့ကစပြီး ရေသောက် မပျင်းရဘူးနော် 😽😽

28/01/2023

သကြႅန်ရောက်ပြန်အုံးမယ်

Morning တစ်နေ့တာကိုစိတ်ရွှင်လန်းစွာဖြင့်ဖြတ်သန်းနိုင်ပါစေရှင့်
25/01/2023

Morning တစ်နေ့တာကိုစိတ်ရွှင်လန်းစွာဖြင့်ဖြတ်သန်းနိုင်ပါစေရှင့်

မျက်နှာသစ်တဲ့ အခါတိုင်း ရှောင်ကြဉ်ရမယ့် နည်းလမ်း 7 ခု နေ့စဉ် မျက်နှာသစ်နေရင်းက အမှားတွေ လုပ်မိနေတာကို သိပါသလား။ မှန်ကန်တ...
24/01/2023

မျက်နှာသစ်တဲ့ အခါတိုင်း ရှောင်ကြဉ်ရမယ့် နည်းလမ်း 7 ခု

နေ့စဉ် မျက်နှာသစ်နေရင်းက အမှားတွေ လုပ်မိနေတာကို
သိပါသလား။ မှန်ကန်တဲ့ မျက်နှာသစ်နည်း မဟုတ်တဲ့အခါ မျက်နှာမှာ ဝက်ခြံတွေ၊ အဆီဖုတွေ ပေါက်တတ်ပါတယ်။

မျက်နှာကို ပုံမှန် ဂရုစိုက်နေပေမယ့် အသားအရေ ပျက်စီးနေတယ်လို့ ခံစားရတာက မျက်နှာသစ်နည်း မှားနေလို့ပါ။

ဒီလို မဖြစ်စေဖို့ မျက်နှာသစ်တဲ့အခါ ရှောင်ကြဉ်ရမယ့် နည်းလမ်းအချို့ကို ရေးသား ဖော်ပြလိုက်ပါတယ်ရှင်။

(၁)ကိုယ်တိုက်ဆပ်ပြာ မသုံးပါနဲ့

ခြေထောက်နဲ့ လက်တွေကို တိုက်တဲ့ ကိုယ်တိုက်ဆပ်ပြာမှာ အသားအရေကို ခြောက်သွေ့စေတဲ့ Alkaline PH ပါဝင်ပါတယ်။ သင်က နဂိုတည်းက အသားခြောက်တတ်တဲ့သူဆို မျက်နှာမှာ အရေပြား ပြဿနာ ဖြစ်စေတာမို့ သင့်အသားအရည်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်သုံးစွဲပါ။

(၂) မျက်နှာကို တအား မပွတ်တိုက်ပါနဲ့

ဆားဝက်ခြံတွေ၊ ချွေးပေါက်တွေ ပျောက်ချင်ဇောနဲ့ မျက်နှာကို အားနဲ့ကုတ်ခြစ်တာက မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ Scrub သုံးပြီး မျက်နှာကြေး (ဂျီး)ချွတ်တာမျိုးကို ၁ ပတ်မှာ ၁ ခါလောက်သာ လုပ်သင့်ပါတယ်။ မျက်နှာကို ပွတ်တိုက်တာများတဲ့အခါ အရေးကြောင်းနဲ့ အသားခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၃) နံနက်ပိုင်းမှာ မျက်နှာသစ်ပါ

အိပ်စက်ခြင်းက သင့်အသားအရေ ဆဲလ်ကို ပြန်လည်အားဖြည့်စေပေမယ့် အညစ်အကြေး၊ အဆီနဲ့ ပိုးမွှား တွေကတော့ ချွေးပေါက်အတွင်းမှာ ပိတ်မိနေနိုင်ပါတယ်။ အိပ်စက်နေတဲ့ ၈ နာရီ အတွင်းမှာ ခေါင်းအုံးက ဖုန်မှုန့်တွေ မျက်နှာမှာ ရှိနိုင်တာကြောင့် အိပ်ရာထတာနဲ့ မျက်နှာသစ်ပါ။

(၄) အရမ်းပူတဲ့ရေ မသုံးပါနဲ့

ရေနွေးနဲ့ မျက်နှာသစ်ခြင်းက အသားအရေအတွက် ကောင်းတာကြောင့် မျက်နှာသစ်မိတယ်ဆိုရင် အရမ်းပူတဲ့ ရေအစား ရေကြက်သီးနွေးလောက်နဲ့ဆို အဆင်ပြေပါတယ်။

(၅) Mask မသုံးခင် မျက်နှာသစ်ပါ

Face Mask သုံးမယ်ဆိုရင် သင့်မျက်နှာက ပြောင်ရှင်းပြီး သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ Mask က ဓာတ်တွေ သင့်အသားထဲ စိမ့်ဝင်စေဖို့ မျက်နှာကိုသစ်ပါ။

(၆) မျက်နှာသစ် ဆပ်ပြာနဲ့ မိတ်ကပ် မဖျက်ပါနဲ့

အခုခေတ် မိတ်ကပ်တွေက ရေစိုလည်း မပျက်၊ ချွေးထွက်လည်း မပျက်အောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ မိတ်ကပ်ဖျက်ဆေး မသုံးနိုင်ရင်တောင် Double Cleansing လုပ်ဖို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုထားပါတယ်။

(၇) မျက်နှာသုတ်ဖို့ အဝတ် သီးသန့်ထားပါ စိတ်အချရဆုံးက Tissue သုံးခြင်းပါပဲ

ခန္ဓာကိုယ်ကိုသုတ်တဲ့ တဘက်နဲ့ မျက်နှာကို မသုတ်မိအောင် သီးသန့်ထားပါ။ ခန္ဓာကိုယ်က ဘက်တီးရီးယား တွေက သင့်မျက်နှာ အသားအရေကို ပျက်စီးစေပါတယ်။

မျက်နှာမှာ ဝက်ခြံ၊ အဆီဖု ပေါက်နေတယ်ဆိုရင် အသားအရေကို အမှန်တကယ်ပဲ ဂရုစိုက်ဖို့ လိုအပ်နေတာမို့ နည်းလမ်း မှန်မှန်ကန်ကန်နဲ့ မျက်နှာသစ်ပြီး ဝင်းပစိုပြေတဲ့ မျက်နှာလေးရအောင်လုပ်ကြည့်ပါနော်။

Credit to Original Writer

23/01/2023

ဟိတ် သုံးကြည်ပါ့လား So & Kota လေးကို

22/01/2023

So& Kota လေးနဲ့ ​ေတွ့ရင် အရာရာပြောင်းလဲသွားမှာနော်

21/01/2023

လဝန်းလေးနဲ့တူတယ်မေ့ကိုလားကွယ်

19/01/2023

😘😘😘

💦 စနစ်တကျ အချိန်မှန်ရေသောက်ပီး ကျန်းမာရေး ဂရုစိုက်ပါ...Crd.
17/01/2023

💦 စနစ်တကျ အချိန်မှန်ရေသောက်ပီး ကျန်းမာရေး ဂရုစိုက်ပါ...
Crd.

Morning ပါရှင့်သဲတို့ရေ
17/01/2023

Morning ပါရှင့်
သဲတို့ရေ

Address

Yangon

Telephone

+959764792835

Website

Alerts

Be the first to know and let us send you an email when Wai Wai- Cosmetics and Clothes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share