Mental Playground

Mental Playground The space for self-discovery and gaining self-awareness through different approaches.

ကိုယ့်ကိုကိုယ်ပြန်လည်ရှာဖွေဖို့ 𝐌𝐞𝐞𝐭 𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 𝐖𝐢𝐭𝐡𝐢𝐧 - 𝐒𝐞𝐥𝐟 𝐝𝐢𝐬𝐜𝐨𝐯𝐞𝐫𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ✨          တစ်နေ့တစ်နေ့ များပြားတဲ့ အလုပ်...
18/05/2026

ကိုယ့်ကိုကိုယ်ပြန်လည်ရှာဖွေဖို့ 𝐌𝐞𝐞𝐭 𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 𝐖𝐢𝐭𝐡𝐢𝐧 - 𝐒𝐞𝐥𝐟 𝐝𝐢𝐬𝐜𝐨𝐯𝐞𝐫𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ✨

တစ်နေ့တစ်နေ့ များပြားတဲ့ အလုပ်တာဝန်တွေ, မိသားစု နဲ့ ပတ်ဝန်းကျင်ကြားမှာ အလိုက်သင့်နေရတဲ့ ဖိအားတွေ, ကိုယ့်ကိုလာရိုက်ခတ်နေတဲ့ ပြင်ပလောကဓံတွေကြောင့် ကိုယ့်အတွင်းထဲမှာ ရှိနေတဲ့ “ ကိုယ်ဆိုတဲ့ ဖြစ်တည်မှုလေးကို မေ့လျော့ထား, မေ့လျော့သွားရတဲ့ အခိုက်အတန့်လေးတွေ ကျွန်မတို့အားလုံးမှာ ရှိတတ်ကြပါတယ်…😔

ဒီလိုမျိုး ရှင်သန်ရုန်းကန်ရင်းနဲ့ အကြောင်းတစ်ခုခု တိုက်ဆိုင်လာတိုင်းမှာ -
💬 ငါက ဘယ်သူလဲ ?
💬 ငါ့ရဲ့ ရှင်သန်ဖြစ်တည်မှု အစစ်အမှန်လေးက ဘာလဲ ” ဆိုတဲ့ မေးခွန်းလေးတွေ ပေါ်ပေါ်လာတတ်တယ်ဆိုရင် အဖြေရှာဖွေဖို့ လမ်းစလေးတစ်ခုအဖြစ် 𝐌𝐞𝐞𝐭 𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 𝐖𝐢𝐭𝐡𝐢𝐧 - 𝐒𝐞𝐥𝐟 𝐝𝐢𝐬𝐜𝐨𝐯𝐞𝐫𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေးမှာ ပါဝင်ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

🌿ဒီ Workshop လေးမှာ ကိုယ့်အတွက် စစ်မှန်တဲ့ဘဝအဓိပ္ပာယ် နှင့် ကိုယ်တန်ဖိုးထားရတဲ့ life values တွေကို 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐨𝐫 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐀𝐝𝐯𝐨𝐜𝐚𝐭𝐞 - 𝐌𝐚 𝐒𝐮 ရဲ့ 𝗚𝘂𝗶𝗱𝗲𝗱 𝗝𝗼𝘂𝗿𝗻𝗮𝗹𝗶𝗻𝗴 ကနေ တစ်ဆင့် ရှာဖွေရင်း ကိုယ့်ရဲ့ အတွင်းထဲက Inner Self လေးနှင့် အချိန်တခဏတာလောက် ဆုံတွေ့နိုင်မှာပါ။

𝐌𝐚 𝐒𝐮 ကတော့ Trauma နဲ့ Self-Development အပိုင်းတွေကို အထူးပြုပြီး Self-Awareness နဲ့ Self Help Training တွေကိုသင်ကြားပေးနေသူ ဖြစ်သလို clinical counseling hours 3,000 ကျော်အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။

Workshop လေးက လူဦးရေအကန့်သတ်လေးရှိတာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် အမြန်ဆုံး Page Messenger ကနေ စာရင်းသွင်းလိုက်နော်…✨

𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥 📌

📆𝐃𝐚𝐭𝐞 : 𝟕𝐭𝐡 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟔 ( 𝐒𝐮𝐧𝐝𝐚𝐲 )
⏰𝐓𝐢𝐦𝐞 : 𝟕:𝟎𝟎 - 𝟗:𝟎𝟎 𝐏𝐌 ( 𝐌𝐌 𝐭𝐢𝐦𝐞𝐬 )
💻𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐙𝐨𝐨𝐦
💸 𝐅𝐞𝐞𝐬 : 𝟐𝟓,𝟎𝟎𝟎 𝐦𝐦𝐤 𝐨𝐧𝐥𝐲

13/05/2026

တစ်နေ့တာကို စတင်ရင်း ကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေလုပ်ဖို့ Laptop ကိုဖွင့်, အစည်းအဝေးတွေတက်, email တွေကို အကြောင်းပြန်ရင်း ကိုယ့်ရဲ့ အတွင်းထဲက အသံလေးတစ်ခုက -
“ ဘာလို့ အရာအားလုံးက ဒီလောက်တောင် လေးလံနေရတာလဲ 😣😮‍💨” လို့ မေးခွန်းထုတ်မိတဲ့ အခိုက်အတန့်တွေ ရှိခဲ့ဖူးလား??

Burnout ဆိုတာ ကာလရှည်ကြာတဲ့ စိတ်ဖိစီးမှုတွေ, စိတ်ရောကိုယ်ပါ အားအင်ကုန်ခမ်းရတာမျိုး၊ တစ်ခါတစ်ရံမှာ သိသိသာသာ ပေါ်ပေါ်ထင်ထင် ရောက်လာတာမျိုး မဟုတ်ဘဲ တဖြေးဖြေးချင်းနဲ့ -

💢ကိုယ်လုပ်နေကျအရာတွေ ဆက်လုပ်ဖို့ Motivation ရှိမနေတော့တာ
💢 ဘယ်လောက်အနားယူယူ အားအင်ကုန်ခမ်းနေတာ
💢 ထစ်ကနဲဖြစ်တာနဲ့ စိတ်မရှည်တာ, အနီးနားကအရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အလှမ်းဝေးနေတာ
💢 ရိုးရှင်းလွယ်ကူတဲ့ အရာလေးတွေအပေါ်မှာတောင် အာရုံစူးစိုက်ဖို့ ခက်ခဲတာ စတာလေးတွေကို ကြုံတွေ့ရတတ်ပါတယ်။

ဒီလိုအချိန်မှာ “ ငါက ပျော့ညံ့လို့, ငါက ကြိုးစားသင့်သလောက် မကြိုးစားနေလို့ ”ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ် အပြစ်မတင်မိဖို့အရေးကြီးပါတယ် ✨

****************************************
လုပ်ငန်းခွင်တွေမှာ လုပ်ငန်း ရဲ့ productivity ကောင်းခြင်း, Deadlines မှီပြီးစီးအောင်မြင်မှုရှိခြင်း, Results ကောင်းမွန်ခြင်း စတာတွေကို ဦးစားပေး ဂုဏ်ပြုကြသလ်ို
လုပ်ဆောင်မှုတစ်ခုချင်းဆီရဲ့ နောက်ကွယ်မှာရှိနေတဲ့ Employee ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ဂရုစိုက်ပေးဖို့လည်း အလွန်အရေးကြီးပါတယ် 🌱

Mental Playground ရဲ့ အတွေ့အကြုံရှိ Facilitators တွေ ဦးဆောင်သွားပေးမယ့် Employee Wellbeing & Assistance workshops (online /offline) တွေမှာ တစ်ဦးချင်းသာမက Teams တွေမှာ ကြုံရတတ်တဲ့ Burnout အကြောင်းပိုသိနားလည်ဖို့, emotional awareness တည်ဆောက်နိုင်ဖို့ နှင့် အတူတကွ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဆက်ဆံရေး နှင့် လုပ်ငန်းခွင် တိုးတက်မှုတွေ ရရှိနိုင်ဖို့ စတဲ့ Goals / Objectives တွေနှင့် ကိုက်ညီအောင် ရည်ရွယ်ပြီး customized workshop design ဖန်တီးပေးလျက်ရှိပါတယ်။

Employee Wellbeing Service အသေးစိတ်အတွက် အောက်ပါလင့်ကနေ ဖတ်ရှုလေ့လာနိုင်ပါတယ် …
https://mentalplaygroundmm.com/services/employee-well-being/

You don’t have to carry everything alone.
Sometimes, a small conversation can be the beginning of feeling lighter again 💛

သို့... မေမေတို့  အချို့နေ့ရက်တွေမှာ ပင်ပန်းနွမ်းနယ်ပြီး မသေချာမရေရာမှုတွေနဲ့ စိတ်ရောလူပါအားကုန်တဲ့ အချိန်အခါတွေကို ကြုံ...
10/05/2026

သို့... မေမေတို့

အချို့နေ့ရက်တွေမှာ ပင်ပန်းနွမ်းနယ်ပြီး မသေချာမရေရာမှုတွေနဲ့ စိတ်ရောလူပါအားကုန်တဲ့ အချိန်အခါတွေကို ကြုံတတ်ကြတယ်နော်..

ဒီလိုရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်မိကြသလို၊ "ဒီထက်ပိုပြီး ကောင်းကောင်းလုပ်နိုင်ခဲ့ရင် ကောင်းမှာ" လို့ တွေးမိတာလည်း ရှိကြမှာပါ 💔

ဒါကြောင့် Mental Playground အနေနဲ့ Remind လုပ်ချင်တာက

“ မေမေတို့က အများကြီးကြိုးစားနေတာဖြစ်သလို… မေမေတို့ပေးနေတဲ့ချစ်ခြင်း, အားထုတ်မှုနှင့် အတူတူအနားရှိပေးနေတာတွေက ပြီးပြည့်စုံခြင်းထက်ကို ပိုပြီးအဓိပ္ပာယ်ရှိလှပနေတယ် ” ဆိုတာကို သတိရစေချင်ပါတယ် 💛

ခက်ခဲတဲ့ နေ့ရက်တွေမှာတောင် လက်မလျှော့ဘဲ အကောင်းဆုံးရပ်တည်နွေးထွေးမှုပေးတဲ့ မေမေတွေတိုင်းကို ကျေးဇူးတင်ပါတယ် ✨

မေမေတစ်ယောက်မှာလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့၊ အနားယူဖို့ နဲ့ ကြင်နာမှုတွေကို လက်ခံရယူဖို့ ထိုက်တန်တယ်ဆိုတာကိုလည်း မမေ့နဲ့နော်….💕

#2026

လူတစ်ယောက်ထဲမှာပဲ မတူကွဲပြားတဲ့ Personalities တွေနဲ့ နောက်ထပ်အပိုင်းများစွာ ရှိနေနိုင်တယ်ဆိုတာကို ယုံကြည်ကြလား ?  အခု မျ...
08/05/2026

လူတစ်ယောက်ထဲမှာပဲ မတူကွဲပြားတဲ့ Personalities တွေနဲ့ နောက်ထပ်အပိုင်းများစွာ ရှိနေနိုင်တယ်ဆိုတာကို ယုံကြည်ကြလား ?

အခု မျှဝေမယ့် content ဖြစ်တဲ့ 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫 / 𝐃𝐢𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐯𝐞 𝐈𝐝𝐞𝐧𝐭𝐢𝐭𝐲 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫 (𝐃𝐈𝐃) ဆိုတာကတော့ လူတစ်ကိုယ်ထဲမှာပဲ နှစ်မျိုး သို့ နှစ်မျိုးထက်ပိုတဲ့ ဖြစ်တည်မှု ( Identity ) , ကိုယ်ရည်ကိုယ်သွေး ( Personality ) တွေ သီးခြားကွဲပြားစွာတည်ရှိနေတဲ့ Mental Health Condition တစ်ခုဖြစ်ပါတယ်။

နေ့စဉ် ဘဝကို အများဆုံး Handle လုပ်နေတဲ့ ပင်မကိုယ်ရည်ကိုယ်သွေး Identity လည်းရှိပြီး မတူညီတဲ့ အချိန်အပိုင်းအခြားတွေမှာ ထွက်ပေါ်လာတတ်တဲ့ အခြားသော ကိုယ်ရည်ကိုယ်သွေးတွေလည်းရှိတတ်ပါတယ်။ ဒီလို မတူကွဲပြားစွာ ခွဲထွက်နေတဲ့ Personalties တွေကို “ Alters ” လို့လည်းခေါ်ဆိုပြီး Alter တစ်ခုချင်းစီမှာ ရှိနေနိုင်တဲ့ အသက်အရွယ်, ကျား/မ, နာမည်, စရိုက်လက္ခဏာ, အပြုအမူအပြောအဆို, နေထိုင်မှု Lifestyle တွေလည်း မတူညီကွဲပြားနေတတ်ပါတယ်။

ဥပမာ - လူတော်တော်များများကြည့်ဖူးတဲ့ Split , Fightclub, The Three Faces of Eve စတဲ့ ရုပ်ရှင်ကားတွေမှာ Multiple Personality Disorder ရှိသူတွေအကြောင်းကို မြင်တွေ့နိုင်ပြီး, မြန်မာဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ဝင်းဦးရဲ့ ဆောင်းအိပ်မက်ရုပ်ရှင်မှာလည်း မြင်တွေ့နိုင်ပါတယ်။ ဖြစ်ရပ်မှန်ကို မှီငြမ်းထားတဲ့ Split ကားထဲက Character မှာဆိုရင် 23 Personalties တောင်ရှိနေတာဖြစ်ပါတယ်။

ဘာကြောင့် 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫 ဖြစ်ရတာလဲ ?

ဖွံ့ဖြိုးစအရွယ် ငယ်ရွယ်တဲ့ကလေးဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာဖြစ်စေတဲ့အခင်းအကျင်းတွေ, abuse လုပ်ခံရတာတွေ, စိတ်ပိုင်းဆိုင်ရာ လစ်လျူရှုခံရတာတွေ, ပြင်းထန်ကြာရှည်တဲ့ စိတ်ဖိစီးမှုဝေဒနာ, စတဲ့ ကလေးတစ်ယောက်အတွက် မခံစားနိုင်လောက်အောင် နာကျင်ရတဲ့အခါမျိုးမှာ အဲဒီနာကျင်စရာ ကောင်းတဲ့ အဖြစ်အပျက်တွေကနေ လွတ်မြောက်ဖို့အတွက် "ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့ ယန္တရား" (Coping Mechanism) အနေနဲ့ စိတ်ကို အပိုင်းပိုင်း ( Alters ) တွေ ခွဲထုတ်လိုက်တာ ဖြစ်ပါတယ်။

စိတ်ပညာအမြင်အရ ဒီ Alters တွေက ကလေးဘဝ စိတ်ဒဏ်ရာကြောင့် တစ်ခုတည်းအဖြစ် မပေါင်းစည်းနိုင်ဘဲ ကွဲထွက်သွားတဲ့ "စိတ်ရဲ့ အစိတ်အပိုင်းများ" သာ ဖြစ်တယ်လို့ ယူဆထားပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပေမယ့် ယေဘုယျ လက္ခဏာများ အနေဖြင့် -

✔️Identity Changes : မတူညီတဲ့ နေထိုင်ပြောဆိုမှုပုံစံတွေဖြစ်တယ်, လူတစ်ဦးထဲပေမယ့် နောက်ထပ်လူတစ်ဦးပြောင်းလဲနေသလို အသံ, လေယူလေသိမ်း, ကြိုက်နှစ်သက်မှုစတာတွေက အစပြောင်းလဲနေတတ်တယ်။

✔️ Memory Gap : Alter တစ်ခုကနေ တစ်ခု ပြောင်းလဲနေတာကြောင့် အချို့သူတွေအနေနဲ့ သူလုပ်ခဲ့,ပြောခဲ့တဲ့အရာတွေကို မမှတ်မိတာ, ကိုယ်မသိတဲ့နေရာတွေကို ရောက်နေတာ စတာတွေကို ခံစားရတတ်တယ်။

✔️ Feeling Disconnected from self : ကိုယ့်ကိုကိုယ်မသိနေတော့ဘူး, ကိုယ့်ကိုကိုယ်နဲ့ကိုယ့်ဘေးဝန်းကျင်နဲ့ပါ ကင်းကွာနေသလို ခံစားရတတ်တယ်။

✔️ Mood Fluctuations: ပြင်းထန်ပြီး မြန်ဆန်တဲ့ စိတ်ပြောင်းလဲမှုဖြစ်တာ, depression, anxiety နှင့် panic attacks တွေကြုံရတတ်ပါတယ်။

✨အနီးနားပတ်ဝန်းကျင်က လူ‌တွေအနေနဲ့ ဘယ်လိုဖေးမမှုလုပ်နိုင်မလဲ ?

�🌱အသိမှားတွေမဖြစ်အောင် ရောဂါလက္ခဏာအကြောင်းကို သေချာစွာနားလည်အောင် လေ့လာဖတ်ရှုပြီး လိုအပ်နိုင်တဲ့ဖေးမမှုမျိုး ပြုလုပ်နိုင်ပါတယ်။ �

�🌱 ကိုယ်က တည်ငြိမ်မှုရှိရှိထားပြီး ဝေဖန်ပိုင်းဖြတ်မှုမလုပ်ဘဲ နားလည်ကြင်နာမှုနဲ့ Safe Space တစ်ခုပေးပြီး အတူတူရှိနေပေးလို့ရပါတယ်။ �

�🌱 လိုအပ်တဲ့ Treatment ရယူနိုင်ဖို့အတွက် အကူညီပေးတာ, ရနိုင်တဲ့ Resources တွေကို ရှာဖွေပေးတာ စတာလေးတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ �

❓𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐇𝐞𝐥𝐩 ကို ဘယ်အချိန်ယူသင့်လဲ ?

✔️Memory loss မကြာခဏဖြစ်လာခြင်း
✔️ကိုယ့်ကိုယ်ကို မထိန်းနိုင်သလိုခံစားရခြင်း
✔️Daily life / work / relationship ထိခိုက်လာခြင်း
✔️Severe anxiety or depression
✔️Self-harm thoughts
✔️Trauma symptoms ပြင်းထန်လာခြင်း စတာတွေမှာ ရယူနိုင်ပါတယ်။

အရေးကြီးဆုံးက Multiple Personality Disorder ရှိမရှိကို self-diagnose မလုပ်ဘဲ အတွေ့အကြုံရှိ licensed psychologist သို့ psychiatrist နဲ့ တိုင်ပင်ဆွေးနွေးမှု assessment ရယူဖို့ဖြစ်ပါတယ်။
အတွေ့အကြုံရှိ Psychiatrist, Therapist တွေနှင့် ဆွေးနွေးမှုရယူချင်သူတွေအတွက် Mental Playground မှာ မေးမြန်းစုံစမ်းလို့ရပါတယ်။

𝐅𝐨𝐥𝐥𝐨𝐰 & 𝐒𝐭𝐚𝐲 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐞𝐝 𝐰𝐢𝐭𝐡 𝐌𝐞𝐧𝐭𝐚𝐥 𝐏𝐥𝐚𝐲𝐠𝐫𝐨𝐮𝐧𝐝

Website: https://mentalplaygroundmm.com
YouTube: https://youtube.com/-j23?si=YjR2mXOdMqhsseUo
Telegram Channel: https://t.me/mentalplaygroundmyanmar TikTok: https://www.tiktok.com/?_t=ZS-8yOvfYsGWk3&_r=1
LinkedIn: https://www.linkedin.com/company/mental-playground/

📩We have sent email to selected person !ရွေးချယ်ခံရတဲ့ သူ ၄ ဦးကို email ကနေ အကြောင်းကြားထားပါပြီ , စိတ်ဝင်စားလျှောက်ထားသ...
06/05/2026

📩We have sent email to selected person !ရွေးချယ်ခံရတဲ့ သူ ၄ ဦးကို email ကနေ အကြောင်းကြားထားပါပြီ , စိတ်ဝင်စားလျှောက်ထားသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် 😊 နောက် free coaching တွေလည်း ထပ်ရှိဦးမှာမို့
Mental Playground page ကို Like and follow လုပ်ထားဖို့မမေ့နဲ့နော် 🤍

𝐅𝐫𝐞𝐞 - 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐟𝐨𝐫 𝟑 𝐩𝐞𝐫𝐬𝐨𝐧𝐬 ( 𝐁𝐚𝐭𝐜𝐡 7 )

ယခု လာမယ့် May - June အတွက် Free - coaching Batch 7 အနေနှင့် လူ 3 ဦးကိုရွေးချယ်ပြီး တစ်ယောက်စီကို 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧 3 ကြိမ်စာ အခမဲ့ Online Coaching လုပ်‌ပေးသွားဖို့ရှိပါတယ်။

ဒီ 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧 လေးမှာတော့ 𝐒𝐞𝐥𝐟-𝐚𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬, 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐆𝐫𝐨𝐰𝐭𝐡 နှင့် 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐛𝐚𝐥𝐚𝐧𝐜𝐞 ကို အဓိက Focus လုပ်သွားမှာပါ

𝐖𝐡𝐨 𝐰𝐢𝐥𝐥 𝐛𝐞 𝐲𝐨𝐮𝐫 𝐠𝐮𝐢𝐝𝐞?

𝐌𝐞𝐧𝐭𝐚𝐥 𝐏𝐥𝐚𝐲𝐠𝐫𝐨𝐮𝐧𝐝 𝐅𝐨𝐮𝐧𝐝𝐞𝐫 - 𝐍𝐨𝐫𝐚 မှ Coach လုပ်ပေးမှာဖြစ်ပါတယ်။ 𝗖𝗣𝗣𝗖 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 𝗖𝗼𝗮𝗰𝗵 တစ်ဦးဖြစ်သလို 2021 ခုနှစ်မှစလို့ 𝐈𝐅𝐒 (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐅𝐚𝐦𝐢𝐥𝐲 𝐒𝐲𝐬𝐭𝐞𝐦𝐬) 𝐒𝐞𝐥𝐟-𝐭𝐡𝐞𝐫𝐚𝐩𝐲 ကို လေ့လာသင်ယူပြီး လက်တွေ့ကျင့်သုံးလာခဲ့သူလည်း ဖြစ်ပါတယ်။

𝐖𝐡𝐚𝐭 𝐭𝐨 𝐄𝐱𝐩𝐞𝐜𝐭?

Integrated approaches နှင့် သွားမှာဖြစ်သလို ကိုယ်သွားချင်တဲ့ Goals and Needs ပေါ်မှာ မူတည်ပြီး လိုအပ်သလို မတူညီတဲ့ tools တွေကို သုံးသွားမှာဖြစ်ပါတယ်။

𝐇𝐨𝐰 𝐭𝐨 𝐉𝐨𝐢𝐧?

Coaching ယူဖို့ စိတ်ဝင်စားတယ်ဆိုရင် အောက်က ပေးထားတဲ့ registration form မှာ အချက်အလက်လေးဖြည့်သွင်း ရုံပါပဲ။ ဖြည့်သွင်းထားတဲ့အချက်အလက်တွေပေါ်မူတည်ပြီး ရွေးချယ်သွားမှာပါ။

ရွေးချယ်ခံရသူတွေကို Mail ဖြင့် ပြန်အကြောင်းကြားပေးမှာဖြစ်သလို Process အကြောင်းကို ပိုနားလည်ဖို့ 1:1 Intro Session လေး အရင်ဆုံး လုပ်ပေးသွားဦးမှာဖြစ်ပါတယ်။

Registration Form ကို May 5 ရက်နေ့ထိပဲ လက်ခံသွားမှာပါ။

လျှောက်ထားမယ်ဆိုရင် " Interesting " လို့ Comment မှာ ရေးခဲ့ရုံနဲ့ လျှောက်ရမယ့် Registration Link လေးတွေကို ပို့ပေးသွားမှာပါ...

𝐋𝐞𝐭’𝐬 𝐛𝐞𝐠𝐢𝐧 𝐭𝐡𝐞 𝐣𝐨𝐮𝐫𝐧𝐞𝐲 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫 !!

🌟 7 Signs You’re Becoming Emotionally Stable (Even If You Don’t Notice It Yet)    စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိခြင်း...
03/05/2026

🌟 7 Signs You’re Becoming Emotionally Stable (Even If You Don’t Notice It Yet)

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိခြင်းဟာ ဘယ်လောက်ခက်ခဲမှုတွေကြုံကြုံ မပြိုလဲအောင်, တောင့်ခံထားနိုင်ခြင်းမဟုတ်ဘဲ, ပြိုလဲမှုတွေဖြစ်ရင်တောင်မှ ကိုယ့်ကိုကိုယ် ကြင်နာတရားနှင့် ကောင်းမွန်စွာပြန်လည်ရပ်တည်နိုင်ခြင်းကို ဆိုလိုပါတယ် 🌱

ကိုယ်က Mental Resilience ကောင်းသလို Emotionally Stable ဖြစ်မဖြစ်ကို အောက်ပါ ယေဘုယျအချက်လေးတွေနဲ့ ကြည့်ကြည့်ရအောင်…✨

🌱 Effective Emotional Regulation: ဝမ်းနည်းမှု, ဒေါသ, နာကျင်မှု စတဲ့ ကိုယ့်အတွက် ခက်ခဲတဲ့ emotions တွေကို ခံစားရရင်တောင် ဒီခံစားချက်တွေက ကိုယ့်ကို အပြည့်အဝလွှမ်းမိုးသွားတာမျိုး မဖြစ်အောင်နေထိုင်တယ်။ စိတ်ခံစားချက်တွေကို ဖိနှိပ်ထားတာမလုပ်ဘဲ ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်တယ်။

🌱 Reframing Challenges: အခက်အခဲစိန်ခေါ်မှုတွေ ကြုံရတဲ့အခါမှာ “ ဘာလို့ ငါပဲ အဆိုးတွေဖြစ်နေတာလဲ ”ဆိုတဲ့အတွေးမထားဘဲ “ ဒီအခက်ခဲတွေကနေ ဘာတွေသင်ယူရမလဲ ? ဆိုတဲ့ အကောင်းမြင်တဲ့ပုံစံနဲ့ စဉ်းစားတွေးခေါ်တယ်။

🌱 Active Problem-Solving: ခက်ခဲမှုတွေကို တစ်ချိန်လုံးညည်းတွားပြီး မနေဘဲ လက်တွေ့ကျကျ ဖြေရှင်း ရင်ဆိုင်မယ့်နည်းလမ်း,အကူညီကို လည်းရှာဖွေတတ်တယ်။

🌱 Self-Compassion and Self-Care: ကိုယ့်ကိုကိုယ်အပြစ်တင် မကောင်းမြင်တာမျိုးမလုပ်သလို ကြင်နာမှုထားပြီး ကိုယ့်ရဲ့ စိတ်ပိုင်း,ကိုယ်ပိုင်းကို ကျန်းမာကောင်းမွန်အောင် ဂရုစိုက်ထိန်းသိမ်းတတ်တယ်။

🌱 Remaining Calm Under Pressure: ခက်ခဲတဲ့အခြေအနေတွေမှာပါ ကိုယ်ရောစိတ်ပါ ယိုင်လဲသွားတာမျိုးမဖြစ်အောင် အတတ်နိုင်ဆုံး တည်ငြိမ်မှုရ‌အောင် တည်ဆောက်လေ့ရှိတယ်။

🌱 Strong Sense of Purpose: ကိုယ့်ဆီမှာ ကိုယ်ပိုင်ခံယူတန်ဖိုးထားတဲ့ ဘဝအဓိပ္ပာယ်, ရည်မှန်းချက်တွေရှိသလို အဲ့ဒီအရာတွေကို ပြည့်ဝအောင်လည်း ကြိုးစားအားထုတ်နေထိုင်လေ့ရှိတယ်။

🌱 Accepting Uncertainty : မသေချာ မရေရာတဲ့ အခြေအနေတွေကို လက်ခံတတ်သလို အရာရာတိုင်းကို ထိန်းချုပ်နေဖို့မကြိုးစားဘဲ ဖြစ်သမျှအခြေအနေပေါ်မှာ အကောင်းမွန်ဆုံးနေထိုင်တတ်တယ်။

ကိုယ်က ဘယ်အချက် တွေနှင့် ကိုက်ညီလဲ ဆိုတာ comment မှာ မျှဝေပေးပါနော်...

💕 အခုချိန်ထိ ရှေ့ဆက်နိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် ဂုဏ်ယူပေးဖို့ မမေ့ပါနဲ့… အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့တဲ့ ကိုယ့်ကို ကျေးဇူးတင်စကားတစ်ခွန်း ပြောကြရအောင်…”

Follow & Stay Connected with Mental Playground

Website: https://mentalplaygroundmm.com
YouTube: https://youtube.com/-j23?si=YjR2mXOdMqhsseUo
Telegram Channel: https://t.me/mentalplaygroundmyanmar TikTok: https://www.tiktok.com/?_t=ZS-8yOvfYsGWk3&_r=1
LinkedIn: https://www.linkedin.com/company/mental-playground/

မနက်ဖြန် တနင်္ဂနွေ ည 7 နာရီမှာ The Growth Playground  Vol.13 “ Mind Like a Garden : Taking Care of Memory and Focus ” On...
02/05/2026

မနက်ဖြန် တနင်္ဂနွေ ည 7 နာရီမှာ The Growth Playground Vol.13 “ Mind Like a Garden : Taking Care of Memory and Focus ” Online Webinar ရှိတယ်နော်

မှတ်ဉာဏ် နှင့် အာရုံစူးစိုက်မှုအားကောင်းစေဖို့အတွက် အရေးပါတဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးနည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်လို့

စိတ်ဝင်စားသူတိုင်း အောက်ပါလင့်ကနေ ဝင်ရောက်ပြီး အခမဲ့ ပါဝင်နားထောင်နိုင်ပါတယ်
မနက်ဖြန်မှာ အတူဆုံတွေ့ကြမယ်နော်….

𝐙𝐨𝐨𝐦 𝐋𝐢𝐧𝐤 📌

https://us06web.zoom.us/j/9444840538?pwd=RVo4RkROTmFkalFlNFdWSW42TFBEQT09

𝐌𝐞𝐞𝐭𝐢𝐧𝐠 𝐈𝐃 : 944 484 0538
𝐏𝐚𝐬𝐬𝐜𝐨𝐝𝐞 : YjGge9

𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥 📌

📆𝐃𝐚𝐭𝐞 : 3rd 𝐌ay ( 𝐒𝐮𝐧𝐝𝐚𝐲 )
🕖𝐓𝐢𝐦𝐞 : 𝟕:𝟎𝟎- 𝟖:𝟑𝟎 𝐏𝐌
💻𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐙𝐨𝐨𝐦

𝐅𝐫𝐞𝐞 - 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐟𝐨𝐫 𝟑 𝐩𝐞𝐫𝐬𝐨𝐧𝐬 ( 𝐁𝐚𝐭𝐜𝐡 7 )ယခု လာမယ့် May - June အတွက် Free - coaching Batch 7 အနေနှင့် လူ 3 ဦ...
28/04/2026

𝐅𝐫𝐞𝐞 - 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐟𝐨𝐫 𝟑 𝐩𝐞𝐫𝐬𝐨𝐧𝐬 ( 𝐁𝐚𝐭𝐜𝐡 7 )

ယခု လာမယ့် May - June အတွက် Free - coaching Batch 7 အနေနှင့် လူ 3 ဦးကိုရွေးချယ်ပြီး တစ်ယောက်စီကို 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧 3 ကြိမ်စာ အခမဲ့ Online Coaching လုပ်‌ပေးသွားဖို့ရှိပါတယ်။

ဒီ 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧 လေးမှာတော့ 𝐒𝐞𝐥𝐟-𝐚𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬, 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐆𝐫𝐨𝐰𝐭𝐡 နှင့် 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐛𝐚𝐥𝐚𝐧𝐜𝐞 ကို အဓိက Focus လုပ်သွားမှာပါ

𝐖𝐡𝐨 𝐰𝐢𝐥𝐥 𝐛𝐞 𝐲𝐨𝐮𝐫 𝐠𝐮𝐢𝐝𝐞?

𝐌𝐞𝐧𝐭𝐚𝐥 𝐏𝐥𝐚𝐲𝐠𝐫𝐨𝐮𝐧𝐝 𝐅𝐨𝐮𝐧𝐝𝐞𝐫 - 𝐍𝐨𝐫𝐚 မှ Coach လုပ်ပေးမှာဖြစ်ပါတယ်။ 𝗖𝗣𝗣𝗖 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 𝗖𝗼𝗮𝗰𝗵 တစ်ဦးဖြစ်သလို 2021 ခုနှစ်မှစလို့ 𝐈𝐅𝐒 (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐅𝐚𝐦𝐢𝐥𝐲 𝐒𝐲𝐬𝐭𝐞𝐦𝐬) 𝐒𝐞𝐥𝐟-𝐭𝐡𝐞𝐫𝐚𝐩𝐲 ကို လေ့လာသင်ယူပြီး လက်တွေ့ကျင့်သုံးလာခဲ့သူလည်း ဖြစ်ပါတယ်။

𝐖𝐡𝐚𝐭 𝐭𝐨 𝐄𝐱𝐩𝐞𝐜𝐭?

Integrated approaches နှင့် သွားမှာဖြစ်သလို ကိုယ်သွားချင်တဲ့ Goals and Needs ပေါ်မှာ မူတည်ပြီး လိုအပ်သလို မတူညီတဲ့ tools တွေကို သုံးသွားမှာဖြစ်ပါတယ်။

𝐇𝐨𝐰 𝐭𝐨 𝐉𝐨𝐢𝐧?

Coaching ယူဖို့ စိတ်ဝင်စားတယ်ဆိုရင် အောက်က ပေးထားတဲ့ registration form မှာ အချက်အလက်လေးဖြည့်သွင်း ရုံပါပဲ။ ဖြည့်သွင်းထားတဲ့အချက်အလက်တွေပေါ်မူတည်ပြီး ရွေးချယ်သွားမှာပါ။

ရွေးချယ်ခံရသူတွေကို Mail ဖြင့် ပြန်အကြောင်းကြားပေးမှာဖြစ်သလို Process အကြောင်းကို ပိုနားလည်ဖို့ 1:1 Intro Session လေး အရင်ဆုံး လုပ်ပေးသွားဦးမှာဖြစ်ပါတယ်။

Registration Form ကို May 5 ရက်နေ့ထိပဲ လက်ခံသွားမှာပါ။

လျှောက်ထားမယ်ဆိုရင် " Interesting " လို့ Comment မှာ ရေးခဲ့ရုံနဲ့ လျှောက်ရမယ့် Registration Link လေးတွေကို ပို့ပေးသွားမှာပါ...

𝐋𝐞𝐭’𝐬 𝐛𝐞𝐠𝐢𝐧 𝐭𝐡𝐞 𝐣𝐨𝐮𝐫𝐧𝐞𝐲 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫 !!

Mental Playground နှင့် Wellington Pharmacy Myanmar တို့ အတူပူးပေါင်းဖန်တီးထားတဲ့ The Growth Playground Vol.13 “ Mind Li...
26/04/2026

Mental Playground နှင့် Wellington Pharmacy Myanmar တို့ အတူပူးပေါင်းဖန်တီးထားတဲ့ The Growth Playground Vol.13 “ Mind Like a Garden : Taking Care of Memory and Focus ” Online Webinar

အာရုံစူးစိုက်မှုအားနည်းတာ, အာရုံမရ, သတိမေ့လျော့လွယ်ခြင်းတွေက နေ့ဓဒူဝလုပ်ငန်းဆောင်ရွက်မှုအပေါ် သက်ရောက်မှုအနည်းအများရှိတတ်ကြပါတယ်။

ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် ကောင်းမွန်မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာဂရုစိုက်ခြင်းတွေက ဦးနှောက်လုပ်ဆောင်နိုင်စွမ်း, မှတ်ဥာဏ် နှင့် အာရုံစူးစိုက်မှုကောင်းမွန်စေဖို့ တစ်ထောင့်တစ်နေရာကနေ အထောက်ပံ့တစ်ခုဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ယခု Webinar လေးမှာ Psychiatrist - Dr. Nanda Kyaw Swar ကနေ မှတ်ဉာဏ် နှင့် အာရုံစူးစိုက်မှုအားကောင်းစေဖို့အတွက် အရေးပါတဲ့ စိတ်ဥယျာဥ်လေးကို အမြဲတမ်းလန်းဆန်းကောင်းမွန်နေဖို့ ကျင့်သုံးနိုင်မယ့် စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးနည်းလမ်းတွေကို မျှဝေပေးသွားမှာပါ။

ဒီ Webinar လေးကို အသက်အရွယ်မရွေးတက်ရောက်နိုင်ပြီး မိမိအတွက်သာမက မိမိတို့ရဲ့ မိသားစု, လူကြီးမိဘတွေကို စောင့်ရှောက်မှုပေးနေသူများ, စိတ်ဝင်စားသူ မည်သူမဆို “ အခမဲ့ ”ပါဝင်နားထောင်နိုင်မှာဖြစ်ပါတယ်။

ပါဝင်မယ်ဆိုရင် “ Mind like a Garden ” လို့ comment မှာ ရေးခဲ့ရုံနဲ့ Join ရမယ့် Telegram Link တွေကို ပို့ပေးသွားမှာပါ။

𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥 📌

📆 𝐃𝐚𝐭𝐞 : 𝟑𝐫𝐝 𝐌𝐚𝐲 ( 𝐒𝐮𝐧𝐝𝐚𝐲 )
🕖𝐓𝐢𝐦𝐞 : 𝟕:𝟎𝟎- 𝟖:𝟑𝟎 𝐏𝐌
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐙𝐨𝐨𝐦

ကိုယ့်ကို တံဆိပ်ကပ်ထားတဲ့ 𝐑𝐨𝐥𝐞𝐬, 𝐋𝐚𝐛𝐞𝐥𝐬 တွေကို ဖယ်လိုက်တဲ့အခါ ကျန်နေတဲ့ ကိုယ့်ရဲ့ တကယ့်ဖြစ်တည်မှုအစစ်မှန်ကို ကိုယ်တိုင်သ...
21/04/2026

ကိုယ့်ကို တံဆိပ်ကပ်ထားတဲ့ 𝐑𝐨𝐥𝐞𝐬, 𝐋𝐚𝐛𝐞𝐥𝐬 တွေကို ဖယ်လိုက်တဲ့အခါ ကျန်နေတဲ့ ကိုယ့်ရဲ့ တကယ့်ဖြစ်တည်မှုအစစ်မှန်ကို ကိုယ်တိုင်သိနေရဲ့လား ? 🧐

လူသားတစ်ဦးချင်းစီတိုင်းမှာ မွေးလာတဲ့အချိန်ကစပြီး ကိုယ့်အတွက် တံဆိပ် Roles လေးတွေ တစ်ခုပြီးတစ်ခု ရလာကြပါတယ်။ သား/သမီး, မောင်နှမ, မိဘ, မိသားစုရဲ့ အကြီးဆုံး / အငယ်ဆုံး စသဖြင့် Roles တွေရှိကြသလို, ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နှင့်ပတ်သတ်ပြီးလည်း တစ်ဦးဦးရဲ့ မိတ်ဆွေ, ဆရာ, တပည့်, လုပ်ဖော်ကိုင်ဖက်, တာဝန်ရှိသူ, အဖွဲ့အစည်းမှာပါဝင်သူ, ဦးဆောင်သူ စတဲ့ များစွာသော Roles တွေ ကိုယ်စီနဲ့ ရှင်သန်နေထိုင်တတ်ကြပါတယ်✨

ဒီ Roles တွေကြောင့် ကိုယ့်ရဲ့ ရှင်သန်နေထိုင်မှုကို ဖော်ပြတဲ့အခါပိုပြီး အဓိပ္ပာယ်ပြည့်စုံစေတာမှန်ပေမယ့် ကိုယ့်ရဲ့ ဖြစ်တည်မှုကို ခုလို မိသားစုအသိုင်းအဝိုင်း, အလုပ်အကိုင်, ဂုဏ်ပုဒ်စတဲ့ Rolesတွေ အပေါ်ပဲ အခြေခံပြီး ခံယူသတ်မှတ်တဲ့အခါ အဲဒီ Roles တွေ မရှိတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားတယ်လို့ ခံစားသွားရတဲ့အထိ ဖြစ်တတ်ကြပါတယ်။

ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကို Roles တွေနှင့်မဟုတ်ပဲ ကိုယ်တိုင်ရွေးချယ်ခံယူထားတဲ့ တန်ဖိုးထားရတဲ့ စွမ်းရည်, စိတ်အားထက်သန်မှု, ဖြတ်သန်းကြုံတွေ့ရမှုနှင့် သတ်မှတ်တည်ဆောက်ဖို့လိုပါတယ်။ ဒီလိုမှပဲ ကိုယ့်ရဲ့ စစ်မှန်တဲ့ Values နှင့် True Identity ကိုရှာတွေ့နိုင်သလို တစ်ချိန်ချိန် ကိုယ့်ဆီမှာ ဘယ်လို Roles မှ မရှိနေတော့ရင်တောင် ကိုယ်ရဲ့ Values တွေက ကိုယ့်ကို လမ်းပြသဖွယ် ဖြစ်စေမှာပါ။

ဒါဆိုရင် ကိုယ့်ရဲ့ True Self ကို ဘယ်လိုချိတ်ဆက်မလဲ ?

🌱𝐔𝐧𝐩𝐥𝐮𝐠 𝐚𝐧𝐝 𝐑𝐞𝐟𝐥𝐞𝐜𝐭 : ကိုယ့်ရဲ့ စိတ်နဲ့ကိုယ်ကို ပြင်ပအရာတွေဆီကနေ ခဏလောက်ဝေးကွာပြီး Meditation , Journaling လုပ်ခြင်းဖြင့် ကိုယ့်ရဲ့ အတွင်းထဲကို အရှိအတိုင်း ပြန်လည်ဆန်းစစ်နားထောင်ကြည့်ပါ။

🌱𝐒𝐭𝐨𝐩 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐢𝐧𝐠: တစ်ခြားသူတွေ ကိုယ့်ကို ကျေနပ်လက်ခံလာဖို့အတွက်ကို “ Role-play ” လုပ်နေမိတာလား…ကိုယ့်ရဲ့ စစ်မှန်တဲ့ပုံစံလေးအတိုင်းပဲ နေထိုင်ဖြစ်နေလားဆိုတာကို သတိထားကြည့်ပါ။

🌱𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐒𝐞𝐥𝐟-𝐂𝐨𝐦𝐩𝐚𝐬𝐬𝐢𝐨𝐧: ကိုယ့်ရဲ့ တန်ဖိုးကို အပြင်က အရာဝတ္ထု,ပစ္စည်း,ဂုဏ်ပုဒ်တွေနဲ့ မသတ်မှတ်ပဲ ကိုယ်ပိုင်ထူးခြားမှုစွမ်းရည်တွေရှိတဲ့ ကိုယ့်ကိုကိုယ် လက်ခံထွေးပွေ့နိုင်ဖို့ ကြိုးစားပါ။

🌱𝐈𝐝𝐞𝐧𝐭𝐢𝐟𝐲 𝐂𝐨𝐫𝐞 𝐕𝐚𝐥𝐮𝐞𝐬: အလုပ်, ဆက်ဆံရေး, မိသားစု စတဲ့အပိုင်းတွေမှာ ကိုယ့်အတွက် ဘယ်လို စွမ်းရည်,ကိုယ်ရည်ကိုယ်သွေးတွေက တန်ဖိုးထားရသလဲဆိုတာကို ရှာဖွေပါ။

🌱𝐑𝐞𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐂𝐡𝐢𝐥𝐝𝐡𝐨𝐨𝐝 𝐉𝐨𝐲: လူမှုအသိုင်းအဝိုင်းက ဖိအားစံနှုန်းတွေမရှိခင်က ကိုယ်သဘောကျခဲ့တဲ့ ငယ်ဘဝ အရာလေးတွေကို ပြန်ပြီးခံစားလုပ်ဆောင်ကြည့်ပါ။

***************************************************************************************
ကိုယ့်ရဲ့ စစ်မှန်တဲ့ဖြစ်တည်မှုလေးကို ပြန်လည်ရှာဖွေဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် Mental Health Counselor and Wellness Advocate - Ma Su ကနေ ဦးဆောင်ပေးသွားမယ့် “ 𝐌𝐞𝐞𝐭 𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 𝐖𝐢𝐭𝐡𝐢𝐧 - 𝐉𝐨𝐮𝐫𝐧𝐚𝐥𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ” လေးရှိပါတယ်..

𝐌𝐚 𝐒𝐮 ရဲ့ 𝗚𝘂𝗶𝗱𝗲𝗱 𝗝𝗼𝘂𝗿𝗻𝗮𝗹𝗶𝗻𝗴 ကနေ တစ်ဆင့် ကိုယ့်အတွက် စစ်မှန်တဲ့ဘဝအဓိပ္ပာယ် နှင့် ကိုယ်တန်ဖိုးထားရတဲ့ life values တွေကို ရှာဖွေရင်း ကိုယ့်ရဲ့ အတွင်းထဲက Inner Self လေးနှင့် အချိန်တခဏတာလောက် ဆုံတွေ့နိုင်မှာပါ။

Workshop လေးက လူဦးရေအကန့်သတ်လေးရှိတာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် အမြန်ဆုံး Page Messenger ကနေ စာရင်းသွင်းလိုက်နော်…✨

𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥 📌

📆 𝐃𝐚𝐭𝐞 : 𝟐𝟔𝐭𝐡 𝐀𝐩𝐫𝐢𝐥 𝟐𝟎𝟐𝟔 ( 𝐒𝐮𝐧𝐝𝐚𝐲 )
⏰ 𝐓𝐢𝐦𝐞 : 𝟕:𝟎𝟎 - 𝟗:𝟎𝟎 𝐏𝐌 ( 𝐌𝐌 𝐭𝐢𝐦𝐞𝐬 )
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐙𝐨𝐨𝐦
💸 𝐅𝐞𝐞𝐬 : 𝟐𝟓,𝟎𝟎𝟎 𝐦𝐦𝐤 𝐨𝐧𝐥𝐲

မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်မှစလို့ အားလုံး စိတ်ပျော်ရွှင်အေးချမ်းခြင်းများနှင့် ပြည့်စုံနိုင်စေဖို့ Mental Playground Team...
17/04/2026

မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်မှစလို့ အားလုံး စိတ်ပျော်ရွှင်အေးချမ်းခြင်းများနှင့် ပြည့်စုံနိုင်စေဖို့ Mental Playground Team မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်….

Address

Yangon

Alerts

Be the first to know and let us send you an email when Mental Playground posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mental Playground:

Share